မြို့တစ်မြို့တွင် သင်တို့ကို ညှဉ်းပန်းနှိပ်စက်သောအခါ အခြားတစ်မြို့သို့ ပြေးကြလော့။ သင်တို့အား ငါအမှန်ဆို၏။ အစ္စရေးမြို့များကို သင်တို့နှံ့စပ်အောင်မရောက်မီ လူသားသည် ကြွလာလိမ့်မည်။
ဗျာဒိတ် 2:13 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်သည် စာတန်အုပ်စိုးသည့်နေရာ၌ နေကြောင်းကို ငါသိ၏။ သို့သော် သင်သည် ငါ၏နာမကို စွဲကိုင်နေလျက်ရှိသေး၏။ ငါ၏သစ္စာရှိသောသက်သေခံ အန္တိပသည် ဤစာတန်အုပ်စိုးသည့်နေရာ၌ အသတ်ခံရချိန်၌ပင် သင်သည် ငါ့အပေါ် ထားရှိသော သင်၏ယုံကြည်ခြင်းကို မစွန့်ပယ်ခဲ့ပေ။ Common Language Bible အဘယ်အရပ်တွင်သင်နေထိုင်သည်ကိုငါသိ ၏။ သင်သည်စာတန်၏ပလ္လင်ရှိရာအရပ်တွင်နေ ထိုင်၏။ ငါ၏ဘက်မှာသစ္စာရှိစွာသက်သေခံသူ အန္တိပသည် စာတန်နေထိုင်ရာတွင်အသတ်ခံရ ချိန်၌ပင် သင်သည်ငါ၏သစ္စာကိုစောင့်၍ ငါ့ကို ယုံကြည်ကိုးစားမှုမစွန့်။- Garrad Bible သင် သည် စာ တန်၏ ပ လ္လင် စိုက် ရာ တွင် နေ ထိုင် ရ သည် ကို လည်း ကောင်း၊ စာ တန် နေ ထိုင် ရာ သင် တို့ မြို့ တွင် သေ ဒဏ် ခံ ရ သော၊ သ စ္စာ စောင့်၍ ငါ့ သက် သေ ခံ အ န္တိ ပ၏ လက် ထက်၌ ပင် ငါ့ အား ယုံ ကြည် ခြင်း ကို မ ငြင်း ဆို ဘဲ ငါ့ နာ မ စွဲ မြဲ သည် ကို လည်း ကောင်း ငါ သိ ၏။ Judson Bible သင်အကျင့်ကျင့်ခြင်းကိုလည်းကောင်း၊ စာတန်၏ ရာဇပလ္လင်ရှိရာ အရပ်တည်းဟူသော သင်၏နေရာအရပ်ကိုလည်းကောင်း ငါသိ၏။ စာတန်၏ နေရာအရပ်၌ သင်တို့တွင် အသေသတ်ခြင်းကိုခံရသော အန္တိပသည် သစ္စာရှိ၍ ငါ့ဘက်၌သက်သေခံရသော နေ့ရက်ကာလတွင်ပင်၊ သင်သည် ငါ၏နာမကို စွဲကိုင်၏။ ငါ၏ယုံကြည်ခြင်းတရားကို မစွန့်မပယ်။- မြန်မာ့စံမီသမ္မာကျမ်း သင်သည် မည်သည့်အရပ်၌နေထိုင်သည်ကို ငါသိ၏။ ထိုအရပ်၌ စာတန်၏ပလ္လင်ရှိ၏။ ငါ၌သစ္စာရှိသော ငါ၏သက်သေအန္တိပသည် စာတန်နေထိုင်ရာအရပ်ဖြစ်သောသင်တို့ထံ၌ အသတ်ခံရသည့်အချိန်၌ပင် သင်သည် ငါ၏နာမကိုစွဲကိုင်လျက် ငါ့အပေါ်ထားသောယုံကြည်ခြင်းကို မစွန့်ပယ်ခဲ့ချေ။ |
မြို့တစ်မြို့တွင် သင်တို့ကို ညှဉ်းပန်းနှိပ်စက်သောအခါ အခြားတစ်မြို့သို့ ပြေးကြလော့။ သင်တို့အား ငါအမှန်ဆို၏။ အစ္စရေးမြို့များကို သင်တို့နှံ့စပ်အောင်မရောက်မီ လူသားသည် ကြွလာလိမ့်မည်။
ထို့နောက် သင်တို့သည် ငါ၏ နောက်လိုက်များဖြစ်သောကြောင့် ကမ္ဘာတစ်ဝန်းတွင် ညှဉ်းပန်းနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းနှင့် မုန်းတီးခြင်းကို ခံကြရလိမ့်မည်။
ယေရှုက “အို စာတန်မာရ်နတ်… ငါ့ထံမှ ထွက်သွားလော့။ ကျမ်းစာ၌ ရေးသားထားသည်မှာ ‘သင်၏ဘုရားသခင် ထာဝရဘုရားကိုသာ ကိုးကွယ်ရမည်။ ထိုအရှင်တစ်ပါးတည်းကိုသာ ဝတ်ပြုရမည်’ ဟူ၍ ဖြစ်သည်” ဟု မိန့်တော်မူ၏။
ငါ၏နောက်လိုက်များဖြစ်သောကြောင့် လူအပေါင်းတို့သည် သင်တို့ကို မုန်းတီးကြလိမ့်မည်။
အရှင်၏သက်သေခံဖြစ်သော သတေဖန်အသတ်ခံရစဉ်က အကျွန်ုပ်သည်လည်း အနီးတွင်ရပ်၍ အလိုတူအလိုပါဖြစ်ကာ သူ့ကိုသတ်သောသူတို့၏အဝတ်များကို စောင့်ကြည့်ခဲ့ပါ၏’ ဟု ပြန်လျှောက်၏။
ဤဒေသတွင်လည်း သူသည် သခင်ဘုရား၏အမည်နာမတော်ကို အမှီပြုဆုတောင်းသောသူရှိသမျှတို့ကို ဖမ်းဆီးချုပ်နှောင်ရန် ယဇ်ပုရောဟိတ်ခေါင်းဆောင်များထံမှ အခွင့်အာဏာရရှိထားပါ၏” ဟု လျှောက်လေ၏။
သို့သော် အရာအားလုံးကို မှန်မမှန် စစ်ဆေးပြီး ကောင်းမွန်သည့် အရာတို့ကို လက်ခံကြလော့။
မိမိဆွေမျိုးသားချင်း၊ အထူးသဖြင့် မိမိအိမ်သူအိမ်သားများကို မစောင့်ရှောက်သူသည် ယုံကြည်ခြင်းတရားကို ငြင်းပယ်သဖြင့် မယုံကြည်သူများထက် ပို၍ ဆိုး၏။
ကျွန်ုပ်ထံမှ ကြားရသည့် မှန်ကန်သောတရားစကားကို စံနမူနာအဖြစ် ခံယူ၍ ခရစ်တော်ကို ဆက်လက်ယုံကြည်လျက် လူတို့ကို ချစ်လော့။ ဤသို့ သင်လုပ်ဆောင်နိုင်သည်မှာ ယေရှုခရစ်တော်နှင့် တပေါင်းတစည်းတည်းရှိသောကြောင့်ဖြစ်၏။
ဆင်းရဲဒုက္ခကို ခံနိုင်လျှင် ကိုယ်တော်နှင့်အတူ စိုးစံရလိမ့်မည်။ ကိုယ်တော်ကို ငြင်းပယ်လျှင် ကိုယ်တော်သည်လည်း ကျွန်ုပ်တို့ကို ငြင်းပယ်လိမ့်မည်။
ကတိပေးတော်မူသောအရှင်သည် သစ္စာရှိတော်မူသောကြောင့် ကျွန်ုပ်တို့ဝန်ခံသောမျှော်လင့်ချက်ကို မယိမ်းယိုင်ဘဲ စွဲကိုင်ကြပါစို့။
သို့သော် ခရစ်တော်သည် သားတော်တစ်ပါးအဖြစ် ဘုရားသခင်၏ အိမ်တော်ကို အုပ်စိုးရာတွင် သစ္စာရှိတော်မူ၏။ ကျွန်ုပ်တို့၏ စိတ်ချယုံကြည်မှုနှင့်ဂုဏ်ယူဝင့်ကြွားစရာ မျှော်လင့်ခြင်းကို ခိုင်မြဲစွာစွဲကိုင်ထားလျှင် ကျွန်ုပ်တို့သည် ကိုယ်တော်၏အိမ်တော်ဖြစ်ကြ၏။
သူတို့သည် သင်တို့ခံယူရရှိသည့် ကောင်းမြတ်သောနာမတော်ကို ရှုတ်ချသူများဖြစ်သည် မဟုတ်လော။
ယေရှုခရစ်တော်ထံမှလည်းကောင်း ကျေးဇူးတော်နှင့် ငြိမ်းချမ်းခြင်းသည် သင်တို့အပေါ် သက်ရောက်ပါစေသော။ ယေရှုခရစ်တော်သည် သစ္စာရှိသောသက်သေခံ၊ သေခြင်းမှ အဦးဆုံးထမြောက်သောသူ၊ လောကီဘုရင်တို့၏မင်း ဖြစ်တော်မူ၏။ ကိုယ်တော်သည် ကျွန်ုပ်တို့ကို ချစ်၍ အသေခံတော်မူခြင်းအားဖြင့် ကျွန်ုပ်တို့ကို အပြစ်များမှ လွတ်မြောက်စေတော်မူ၏။
ငါသည် ငါ၏သက်သေခံနှစ်ပါးကို အခွင့်အာဏာပေးမည်။ သူတို့သည် လျှော်ထည်ကြမ်းကိုဝတ်၍ ရက်ပေါင်းတစ်ထောင့်နှစ်ရာခြောက်ဆယ် ပရောဖက်ပြုဟောပြောကြလိမ့်မည်” ဟုဆို၏။
ညီအစ်ကိုမောင်နှမတို့သည် ထိုသူကို သိုးသငယ်၏ အသွေးတော်ဖြင့်လည်းကောင်း၊ မိမိတို့သက်သေခံဟောပြောသောနှုတ်ကပတ်တော်ဖြင့်လည်းကောင်း အောင်နိုင်ခဲ့ကြ၏။ သူတို့သည် အသေခံရမည်ဆိုလျှင်ပင် မိမိတို့၏အသက်ကို မနှမြောကြ။
ကျွန်ုပ်မြင်ရသည့် ထိုသားရဲသည် ကျားသစ်နှင့် တူ၏။ သို့သော် သူ၏ ခြေသည် ဝက်ဝံ၏ ခြေနှင့် တူပြီး သူ၏ ပါးစပ်သည် ခြင်္သေ့၏ ပါးစပ်နှင့် တူ၏။ နဂါးသည် ထိုသားရဲအား မိမိ၏ တန်ခိုး၊ မိမိ၏ ရာဇပလ္လင်နှင့် ကြီးမားသောအခွင့်အာဏာတို့ကို ပေးအပ်၏။
ဤအကြောင်းကြောင့် ဘုရားသခင်၏ပညတ်တော်တို့ကို လိုက်နာ၍ ယေရှုကို စွဲမြဲစွာ ယုံကြည်သည့် သန့်ရှင်းသူတို့သည် သည်းခံရန် လို၏။
သူတို့သည် သိုးသငယ်တော်ကို တိုက်ကြလိမ့်မည်။ သို့ရာတွင် သိုးသငယ်တော်သည် ဘုရင်တကာတို့၏ ဘုရင်၊ သခင်တကာတို့၏ သခင်ဖြစ်တော်မူသောကြောင့် သူတို့ကို အောင်နိုင်လိမ့်မည်။ သိုးသငယ်တော်နှင့်အတူ ရှိသောသူတို့သည် ခေါ်ဖိတ်ခံရသူများ၊ ရွေးကောက်ခံရသူများ၊ သစ္စာရှိသူများဖြစ်ကြ၏” ဟု ကျွန်ုပ်အား ပြော၏။
ထိုအမျိုးသမီးသည် ယေရှုအကြောင်း သက်သေခံသောသန့်ရှင်းသူတို့၏သွေးကို သောက်၍ ယစ်မူးနေသည်ကို ကျွန်ုပ်မြင်ရ၏။ သူ့ကို မြင်ရသောအခါ ကျွန်ုပ်သည် အလွန်အံ့ဩလျက်နေ၏။
သင်၏လုပ်ဆောင်မှု၊ သင်၏ကြိုးပမ်းအားထုတ်မှုနှင့် သင်၏သည်းခံမှုတို့ကို ငါသိ၏။ သင်သည် ဆိုးညစ်သူများကို လက်မခံကြောင်းကိုလည်း ငါသိ၏။ တမန်တော်မဟုတ်ဘဲ တမန်တော်ဖြစ်ယောင်ဆောင်သောသူတို့ကို ပိုင်းခြားစစ်ဆေး၍ အတုအယောင်များဖြစ်သည်ဟု ဖော်ထုတ်နိုင်ကြောင်းကိုလည်း ငါသိ၏။
ငါသည် မကြာမီလာမည်။ သင်၏သရဖူကို မည်သူမျှ မလုယူစေရန် သင်၌ရှိသောယုံကြည်ခြင်းကို စွဲကိုင်ထားလော့။
ထို့ကြောင့် သင်သည် ကြားနာ၍ ခံယူပြီးသောအရာကို သတိရလျက် လိုက်နာလော့။ နောင်တရလော့။ သင်မနိုးထလျှင် သူခိုးကဲ့သို့ ငါလာမည်။ မည်သည့်အချိန်၌ လာမည်ကို သင်သိရမည်မဟုတ်။