Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဗျာ​ဒိတ် 2:13 - Common Language Bible

13 အ​ဘယ်​အ​ရပ်​တွင်​သင်​နေ​ထိုင်​သည်​ကို​ငါ​သိ ၏။ သင်​သည်​စာ​တန်​၏​ပလ္လင်​ရှိ​ရာ​အ​ရပ်​တွင်​နေ ထိုင်​၏။ ငါ​၏​ဘက်​မှာ​သစ္စာ​ရှိ​စွာ​သက်​သေ​ခံ​သူ အန္တိပ​သည် စာ​တန်​နေ​ထိုင်​ရာ​တွင်​အ​သတ်​ခံ​ရ ချိန်​၌​ပင် သင်​သည်​ငါ​၏​သစ္စာ​ကို​စောင့်​၍ ငါ့​ကို ယုံ​ကြည်​ကိုး​စား​မှု​မ​စွန့်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

13 သင် သည် စာ တန်၏ ပ လ္လင် စိုက် ရာ တွင် နေ ထိုင် ရ သည် ကို လည်း ကောင်း၊ စာ တန် နေ ထိုင် ရာ သင် တို့ မြို့ တွင် သေ ဒဏ် ခံ ရ သော၊ သ စ္စာ စောင့်၍ ငါ့ သက် သေ ခံ အ န္တိ ပ၏ လက် ထက်၌ ပင် ငါ့ အား ယုံ ကြည် ခြင်း ကို မ ငြင်း ဆို ဘဲ ငါ့ နာ မ စွဲ မြဲ သည် ကို လည်း ကောင်း ငါ သိ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

13 သင်​အ​ကျင့်​ကျင့်​ခြင်း​ကို​လည်း​ကောင်း၊ စာ​တန်၏ ရာ​ဇ​ပ​လ္လင်​ရှိ​ရာ အ​ရပ်​တည်း​ဟူ​သော သင်၏​နေ​ရာ​အ​ရပ်​ကို​လည်း​ကောင်း ငါ​သိ၏။ စာ​တန်၏ နေ​ရာ​အ​ရပ်၌ သင်​တို့​တွင် အ​သေ​သတ်​ခြင်း​ကို​ခံ​ရ​သော အ​န္တိ​ပ​သည် သ​စ္စာ​ရှိ၍ ငါ့​ဘက်၌​သက်​သေ​ခံ​ရ​သော နေ့​ရက်​ကာ​လ​တွင်​ပင်၊ သင်​သည် ငါ၏​နာ​မ​ကို စွဲ​ကိုင်၏။ ငါ၏​ယုံ​ကြည်​ခြင်း​တ​ရား​ကို မ​စွန့်​မ​ပယ်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

13 သင်​သည် မည်သည့်​အရပ်​၌​နေထိုင်​သည်​ကို ငါ​သိ​၏။ ထို​အရပ်​၌ စာတန်​၏​ပလ္လင်​ရှိ​၏။ ငါ​၌​သစ္စာ​ရှိ​သော ငါ​၏​သက်သေ​အန္တိပ​သည် စာတန်​နေထိုင်​ရာ​အရပ်​ဖြစ်​သော​သင်​တို့​ထံ၌ အသတ်​ခံရ​သည့်​အချိန်​၌​ပင် သင်​သည် ငါ​၏​နာမ​ကို​စွဲကိုင်​လျက် ငါ့​အပေါ်​ထား​သော​ယုံကြည်​ခြင်း​ကို မ​စွန့်ပယ်​ခဲ့​ချေ။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

13 သင်​သည် စာတန်​အုပ်စိုးသည့်​နေရာ​၌ နေကြောင်း​ကို ငါ​သိ၏။ သို့သော် သင်​သည် ငါ​၏​နာမ​ကို စွဲကိုင်​နေလျက်​ရှိသေး၏။ ငါ​၏​သစ္စာရှိသော​သက်သေခံ အန္တိပ​သည် ဤ​စာတန်​အုပ်စိုး​သည့်​နေရာ​၌ အသတ်ခံရ​ချိန်​၌ပင် သင်​သည် ငါ့​အပေါ် ထားရှိသော သင်​၏​ယုံကြည်ခြင်း​ကို မစွန့်ပယ်ခဲ့ပေ။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဗျာ​ဒိတ် 2:13
27 ပူးပေါင်းရင်းမြစ်များ  

သင်​တို့​ကို​မြို့​တစ်​မြို့​က​ညှဉ်း​ဆဲ​နှိပ်​စက်​လျှင် အ​ခြား​တစ်​မြို့​သို့​ထွက်​ပြေး​ကြ​လော့။ အ​မှန် အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား သင်​တို့ သည်​ဣသ​ရေ​လ​မြို့​ရှိ​သ​မျှ​တို့​တွင်​လုပ်​ဆောင် စ​ရာ​မ​ပြီး​စီး​မီ​လူ​သား​သည်​ကြွ​လာ​တော် မူ​လတ္တံ့။


``ထို​နောက်​လူ​တို့​သည်​သင်​တို့​အား​အ​ပြစ်​ဒဏ် ခံ​ရ​ကြ​စေ​ရန်​နှင့်​အ​သတ်​ခံ​ရ​ကြ​စေ​ရန် အာ​ဏာ​ပိုင်​တို့​ထံ​သို့​ပေး​အပ်​ကြ​လိမ့်​မည်။ လူ​ခပ်​သိမ်း​တို့​သည်​ငါ​၏​နာ​မ​ကြောင့်​သင် တို့​ကို​မုန်း​ကြ​လိမ့်​မည်။-


ထို​အ​ခါ​သ​ခင်​ယေ​ရှု​က ``အ​ချင်း​မာရ်​နတ်၊ ငါ့​ထံ​မှ​ထွက်​ခွာ​သွား​လော့။ သင်​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို​သာ​လျှင်​ဝတ်​ပြု​ရှိ​ခိုး​ရ​မည်။ ထို​အ​ရှင်​၏​အ​စေ​ကို​သာ​လျှင်​ခံ​ရ​မည်​ဟု ကျမ်း​စာ​လာ​သည်'' ဟု​မိန့်​တော်​မူ​၏။


ငါ​၏​နာ​မ​ကြောင့်​သင်​တို့​ကို​လူ​အ​ပေါင်း​တို့ မုန်း​ကြ​လိမ့်​မည်။-


အ​ရှင်​၏​အ​ကြောင်း​သက်​သေ​ခံ​သူ​သ​တေ​ဖန် ကို​သတ်​ကြ​သော​အ​ခါ​၌​လည်း အ​ကျွန်ုပ်​သည် အ​နီး​တွင်​ရပ်​လျက်​အ​လို​တူ​အ​လို​ပါ​ပြု ခဲ့​ပါ​၏။ သူ့​ကို​သတ်​ကြ​သော​သူ​တို့​၏​အ​ဝတ် များ​ကို​စောင့်​ထိန်း​ပေး​ခဲ့​ပါ​၏' ဟု​ပြန်​လျှောက် သော်၊-


ထို့​ပြင်​ကိုယ်​တော်​အား​ပတ္ထနာ​ပြု​သူ​မှန်​သ​မျှ ကို​လည်း ဖမ်း​ဆီး​ရန်​ယဇ်​ပု​ရော​ဟိတ်​ကြီး​တို့ ထံ​မှ​အ​ခွင့်​အာ​ဏာ​ရ​ရှိ​ထား​သူ​ဖြစ်​ပါ​၏'' ဟု​လျှောက်​၏။


အ​ရာ​ခပ်​သိမ်း​တို့​ကို​စစ်​ဆေး​ပြီး​လျှင် ကောင်း သည့်​အ​ရာ​တို့​ကို​ခံ​ယူ​၍၊-


မိ​မိ​၏​ဆွေ​မျိုး​သား​ချင်း၊ အ​ထူး​သ​ဖြင့် မိ​မိ အိမ်​ထောင်​စု​သား​တို့​အား​မ​ပြု​စု​ဘဲ​နေ​သော သူ​သည် ယုံ​ကြည်​ခြင်း​တ​ရား​တော်​ကို​ပစ်​ပယ် သူ​ဖြစ်​၍ မ​ယုံ​ကြည်​သူ​ထက်​ပို​၍​ပင်​ဆိုး​ရွား ပေ​သည်။


ငါ​သွန်​သင်​သည့်​မှန်​ကန်​သော​သြ​ဝါ​ဒ​ကို သင်​လိုက်​နာ​ရန်​စံ​န​မူ​နာ​အ​ဖြစ်​စွဲ​မြဲ​စွာ ခံ​ယူ​၍ ခ​ရစ်​တော်​ယေ​ရှု​နှင့်​ငါ​တို့​တစ်​လုံး တစ်​ဝ​တည်း​ဖြစ်​ခြင်း​အား​ဖြင့်​ရ​ရှိ​သည့် ယုံ​ကြည်​ခြင်း​တ​ရား​နှင့်​မေတ္တာ​တ​ရား​ကို စွဲ​လမ်း​လော့။-


ခံ​နိုင်​ရည်​ရှိ​လျှင်​ကိုယ်​တော်​နှင့်​အ​တူ​စိုး​စံ​ရ လိမ့်​မည်။ ကိုယ်​တော်​အား​စွန့်​ပယ်​လျှင်​ကိုယ်​တော်​သည် ငါ​တို့​အား​စွန့်​ပယ်​တော်​မူ​လိမ့်​မည်။


ငါ​တို့​သည်​ဘု​ရား​သ​ခင်​၏​က​တိ​တော်​ကို စိတ်​ချ​ယုံ​ကြည်​နိုင်​သည်​ဖြစ်​၍ မိ​မိ​တို့​ဝန်​ခံ သော​မျှော်​လင့်​ခြင်း​ကို​စွဲ​မြဲ​စွာ​ဆုပ်​ကိုင်​ထား ကြ​ကုန်​အံ့။-


ခ​ရစ်​တော်​မူ​ကား​ဘု​ရား​သ​ခင်​၏​အိမ်​တော် ကို​အ​စိုး​ရ​သော​သား​တော်​အ​နေ​ဖြင့် သစ္စာ စောင့်​တော်​မူ​သ​တည်း။ ငါ​တို့​သည်​ရဲ​စွမ်း သတ္တိ​ရှိ​၍​မိ​မိ​တို့​မျှော်​လင့်​သည့်​အ​ရာ​ကို ယုံ​ကြည်​စိတ်​ချ​မှု​ရှိ​ပါ​လျှင်​ငါ​တို့​သည် ကိုယ်​တော်​၏​အိမ်​တော်​ဖြစ်​ကြ​၏။


သင်​တို့​ခံ​ယူ​ရ​ရှိ​သည့်​နာ​မ​တော်​မြတ်​ကို ကဲ့​ရဲ့​ကြ​သည်​မ​ဟုတ်​လော။


သစ္စာ​ရှိ​စွာ​သက်​သေ​ခံ​တော်​မူ​ထ​သော၊ သေ ခြင်း​မှ​ဦး​စွာ​ပ​ထ​မ​ရှင်​ပြန်​ထ​မြောက်​တော် မူ​ထ​သော၊ လော​ကီ​ဘု​ရင်​တို့​ကို​အ​စိုး​ရ တော်​မူ​ထ​သော​ယေ​ရှု​ခ​ရစ်​ထံ​တော်​မှ​လည်း ကောင်း ကျေး​ဇူး​တော်​နှင့်​ငြိမ်​သက်​ခြင်း​ကို သင်​တို့​ခံ​စား​ရ​ကြ​ပါ​စေ​သ​တည်း။ ငါ​တို့​ကို​ချစ်​တော်​မူ​၍​အ​သက်​တော်​ကို​စွန့် တော်​မူ​ခြင်း​အား​ဖြင့် ငါ​တို့​အား​အ​ပြစ်​၏ အ​နှောင်​အ​ဖွဲ့​မှ​လွတ်​မြောက်​စေ​တော်​မူ​ပြီး လျှင်၊-


ငါ​၏​သက်​သေ​ခံ​နှစ်​ပါး​အား​ငါ​စေ​လွှတ် မည်။ သူ​တို့​သည်​လျှော်​တေ​အ​ဝတ်​ကို​ဝတ်​၍ ရက်​ပေါင်း​တစ်​ထောင်​နှစ်​ရာ​ခြောက်​ဆယ်​တိုင် တိုင် ဗျာ​ဒိတ်​တော်​ကို​ဟော​ကြား​ကြ​လိမ့် မည်'' ဟု​ဆို​၏။


ငါ​တို့​၏​ညီ​အစ်​ကို​များ​သည်​သိုး​သူ​ငယ် တော်​၏​သွေး​တော်​အား​ဖြင့်​လည်း​ကောင်း၊ မိ​မိ တို့​ဟော​ပြော​ကြေ​ညာ​သည့်​နှုတ်​က​ပတ် တ​ရား​တော်​အား​ဖြင့်​လည်း​ကောင်း​စာ​တန် ကို​အောင်​မြင်​ခဲ့​ကြ​၏။ သူ​တို့​သည်​အ​သေ ခံ​သည်​တိုင်​အောင်​မိ​မိ​တို့​အ​သက်​ကို မ​နှ​မြော​ကြ။-


ငါ​မြင်​ရ​သည့်​သား​ရဲ​သည်​ကျား​သစ်​နှင့်​တူ ၏။ သူ​၏​ခြေ​တို့​သည်​ဝက်​ဝံ​ခြေ​များ​နှင့်​တူ​၍ သူ​၏​နှုတ်​သည်​ခြင်္သေ့​၏​နှုတ်​နှင့်​တူ​၏။ န​ဂါး သည်​မိ​မိ​၏​တန်​ခိုး​နှင့်​မိ​မိ​၏​ပလ္လင်​ကို​လည်း ကောင်း၊ ကြီး​မား​သော​အာ​ဏာ​စက်​ကို​လည်း ကောင်း​ထို​သား​ရဲ​အား​ပေး​အပ်​၏။-


ဘု​ရား​သ​ခင်​၏​ပ​ညတ်​တော်​ကို​စောင့်​ထိန်း​၍ ခ​ရစ်​တော်​ကို​သစ္စာ​ရှိ​ကြ​သော​ဘု​ရား​သ​ခင် ၏​လူ​စု​တော်​သည် ဤ​အ​ခြေ​အ​နေ​မျိုး​၌​ခံ နိုင်​ရည်​ရှိ​ရန်​လို​ပေ​သည်။


သူ​တို့​သည်​သိုး​သူငယ်​တော်​ကို​စစ်​တိုက်​ကြ​လိမ့် မည်။ သိုး​သူ​ငယ်​တော်​သည်​အ​ရှင်​တ​ကာ​တို့​၏ အ​ရှင်၊ ဘု​ရင်​တ​ကာ​တို့​၏​ဘု​ရင်​ဖြစ်​တော်​မူ သော​ကြောင့်​သူ​တို့​ကို​နှိမ်​နင်း​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​ခေါ်​ယူ​ရွေး​ကောက်​တော်​မူ​သော​သူ၊ ကိုယ်​တော်​အား​သစ္စာ​ရှိ​သော​သူ​တို့​သည်​ကိုယ် တော်​နှင့်​အ​တူ​အောင်​ပွဲ​ဝင်​ခွင့်​ရ​ကြ​လိမ့် မည်'' ဟု​ဆို​၏။


ထို​အ​မျိုး​သ​မီး​သည်​ဘု​ရား​သ​ခင်​လူ​စု​တော် ၏​သွေး​ကို​လည်း​ကောင်း၊ သ​ခင်​ယေ​ရှု​ကို​သစ္စာ ရှိ​သ​ဖြင့် အ​သတ်​ခံ​ရ​သူ​တို့​၏​သွေး​ကို​လည်း ကောင်း​သောက်​၍​ယစ်​မူး​လျက်​ရှိ​သည်​ကို​ငါ တွေ့​မြင်​ရ​၏။ သူ့​ကို​မြင်​ရ​သော​အ​ခါ​ငါ​သည်​လွန်​စွာ အံ့​သြ​၍​နေ​၏။-


သင်​ပြု​သော​အ​မှု​ကို​ငါ​သိ​၏။ သင်​မည်​မျှ ကြိုး​ပမ်း​လုပ်​ဆောင်​သည်၊ မည်​မျှ​ရဲ​ရင့်​သည်၊ မည် မျှ​ခံ​နိုင်​ရည်​ရှိ​သည်​ကို​ငါ​သိ​၏။ သင်​သည်​ဆိုး ညစ်​သူ​တို့​ကို​သည်း​မ​ခံ​နိုင်​ကြောင်း၊ တ​မန် တော်​မ​ဟုတ်​ဘဲ​လျက် မိ​မိ​တို့​ကိုယ်​ကို​တ​မန် တော်​ဟု​ခေါ်​ဆို​ကြ​သူ​တို့​အား​စစ်​ဆေး​၍ လူ​လိမ်​များ​ဖြစ်​သည်​ကို​သိ​ရှိ​ကြောင်း​ငါ သိ​၏။-


ငါ​သည်​မ​ကြာ​မီ​ကြွ​လာ​မည်။ သင်​၏​ဆု သ​ရ​ဖူ​ကို​အ​ဘယ်​သူ​မျှ​မ​လု​မ​ယူ​နိုင်​စေ​ရန် သင်​ရ​ရှိ​ထား​သော​အ​ရာ​ကို​လုံ​ခြုံ​စွာ​ထိန်း သိမ်း​၍​ထား​လော့။-


ထို့​ကြောင့်​သင်​သည်​ကြား​နာ​ခံ​ယူ​ခဲ့​သည့် တ​ရား​ကို​အောက်​မေ့​သ​တိ​ရ​လျက်​လိုက် လျှောက်​ကျင့်​သုံး​လော့။ နောင်​တ​ရ​လော့။ သင် သည်​မ​နိုး​မ​ထ​ပါ​မူ​သူ​ခိုး​လာ​သ​ကဲ့​သို့ သင့်​ထံ​သို့​ငါ​လာ​မည်။ ငါ​လာ​မည့်​အ​ချိန် ကို​သင်​သိ​ရ​လိမ့်​မည်​မ​ဟုတ်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ