ဗျာဒိတ် 11:3 - ခေတ်သစ်မြန်မာ သမ္မာကျမ်း3 ငါသည် ငါ၏သက်သေခံနှစ်ပါးကို အခွင့်အာဏာပေးမည်။ သူတို့သည် လျှော်ထည်ကြမ်းကိုဝတ်၍ ရက်ပေါင်းတစ်ထောင့်နှစ်ရာခြောက်ဆယ် ပရောဖက်ပြုဟောပြောကြလိမ့်မည်” ဟုဆို၏။ အခန်းကိုကြည့်ပါ။Common Language Bible3 ငါ၏သက်သေခံနှစ်ပါးအားငါစေလွှတ် မည်။ သူတို့သည်လျှော်တေအဝတ်ကိုဝတ်၍ ရက်ပေါင်းတစ်ထောင်နှစ်ရာခြောက်ဆယ်တိုင် တိုင် ဗျာဒိတ်တော်ကိုဟောကြားကြလိမ့် မည်'' ဟုဆို၏။ အခန်းကိုကြည့်ပါ။Garrad Bible3-4 မြေ ကြီး ပိုင် ရှင် ရှေ့ တော် တွင် ခ စား ရ သူ သံ လွင် နှစ် ပင်၊ မီး ခုံ နှစ် ခုံ ဖြစ် သော ငါ့ သက် သေ နှစ် ရပ် တို့ သည် ငါ အ ခွင့် ပြု သ ဖြင့် လျှော် တေ ဝတ် လျက် ရက် ပေါင်း တစ် ထောင့် နှစ် ရာ့ ခြောက် ဆယ် တိုင် တိုင် ဟော ပြော ကြ လိမ့် မည်။ အခန်းကိုကြည့်ပါ။Judson Bible3 ငါ၏သက်သေခံနှစ်ပါးကို ငါအခွင့်ပေးမည်။ သူတို့သည် လျှော်တေအဝတ်ကို ဝတ်လျက်၊ အရက် တစ်ထောင်နှစ်ရာခြောက်ဆယ်ပတ်လုံး ပရောဖက်ပြုကြလိမ့်မည်။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း3 ထိုအခါ ငါသည် ငါ၏သက်သေနှစ်ပါးတို့အား အခွင့်ပေးသဖြင့် သူတို့သည် လျှော်တေအဝတ်ကိုဝတ်လျက် ရက်ပေါင်းတစ်ထောင့်နှစ်ရာခြောက်ဆယ်တိုင်တိုင် ပရောဖက်ပြုဟောပြောကြလိမ့်မည်”ဟု ဆို၏။ အခန်းကိုကြည့်ပါ။ |
ထိုအခါ ကျွန်ုပ်သည် ထိုကောင်းကင်တမန်ကို ရှိခိုးရန် သူ၏ခြေရင်း၌ ဝပ်တွား၏။ သို့သော် သူက “ထိုသို့မပြုနှင့်။ ငါသည် သင်မှစ၍ ယေရှုအကြောင်း သက်သေခံချက်ကို သစ္စာရှိစွာ ထိန်းသိမ်းသော သင့်ညီအစ်ကိုမောင်နှမများ၏ အစေခံချင်းလည်း ဖြစ်၏။ ဘုရားသခင်ကိုသာ ရှိခိုးလော့။ ပရောဖက်ပြုချက်၏အနှစ်သာရသည် ယေရှုအကြောင်း သက်သေခံချက်ပင် ဖြစ်၏” ဟု ဆို၏။
ယေရှုခရစ်တော်ထံမှလည်းကောင်း ကျေးဇူးတော်နှင့် ငြိမ်းချမ်းခြင်းသည် သင်တို့အပေါ် သက်ရောက်ပါစေသော။ ယေရှုခရစ်တော်သည် သစ္စာရှိသောသက်သေခံ၊ သေခြင်းမှ အဦးဆုံးထမြောက်သောသူ၊ လောကီဘုရင်တို့၏မင်း ဖြစ်တော်မူ၏။ ကိုယ်တော်သည် ကျွန်ုပ်တို့ကို ချစ်၍ အသေခံတော်မူခြင်းအားဖြင့် ကျွန်ုပ်တို့ကို အပြစ်များမှ လွတ်မြောက်စေတော်မူ၏။
ထို့နောက် ပလ္လင်များနှင့် ၎င်းတို့ပေါ်တွင် ထိုင်နေသောသူတို့ကို ကျွန်ုပ်မြင်ရ၏။ ထိုသူတို့သည် တရားစီရင်ရန် အခွင့်အာဏာအပ်နှင်းခံကြရ၏။ သခင်ယေရှုအကြောင်းကို သက်သေခံပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဟောပြောသောကြောင့် ခေါင်းဖြတ်ခံရသောသူတို့၏ ဝိညာဉ်များကိုလည်း ကျွန်ုပ်မြင်ရ၏။ သူတို့သည် သားရဲနှင့် ထိုသားရဲ၏ရုပ်တုကို မကိုးကွယ်ကြ။ သူတို့၏နဖူးနှင့် လက်များတွင် သားရဲ၏အမှတ်တံဆိပ်ကို မခံယူကြ။ သူတို့သည် အသက်ပြန်ရှင်၍ ခရစ်တော်နှင့်အတူ နှစ်ပေါင်းတစ်ထောင် အုပ်စိုးကြရ၏။
အသင်းတော်အတွက် ဘုရားသခင် ခန့်ထားသော အစိတ်အပိုင်းများမှာ ပထမအနေဖြင့် တမန်တော်များ၊ ဒုတိယအနေဖြင့် ပရောဖက်များ၊ တတိယအနေဖြင့် ဆရာများ၊ ထို့နောက် အံ့ဖွယ်တန်ခိုးကို ပြသူများ၊ ရောဂါပျောက်ကင်းစေနိုင်သော ဆုကျေးဇူးကို ရရှိထားသူများ၊ အများကို ကူညီဖေးမသူများ၊ ဦးဆောင်လမ်းပြနိုင်သူများ၊ ဘာသာစကားအမျိုးမျိုးကို ပြောနိုင်သူများ စသည်တို့ဖြစ်ကြ၏။
ယေရှုက “အို ခေါရာဇိန်မြို့… သင်သည် အမင်္ဂလာရှိ၏။ အို ဗက်ဇဲဒမြို့… သင်သည် အမင်္ဂလာရှိ၏။ ငါသည် သင်တို့တွင် ပြခဲ့သော အံ့ဖွယ်တန်ခိုးတို့ကို တိုင်ရာမြို့နှင့် ဆီဒုန်မြို့တွင် ပြခဲ့လျှင် ထိုမြို့တို့၌ ရှိသောသူတို့သည် လျှော်ထည်ကြမ်းကို ဝတ်၍ ပြာထဲတွင် ထိုင်လျက် ယခင်ကတည်းကပင် မိမိတို့၏ အပြစ်များအတွက် နောင်တရခဲ့ပြီးဖြစ်လိမ့်မည်။
အို ခေါရာဇိန်မြို့… သင်သည် အမင်္ဂလာရှိ၏။ အို ဗက်ဇဲဒမြို့… သင်သည် အမင်္ဂလာရှိ၏။ ငါသည် သင်တို့တွင် ပြခဲ့သော အံ့ဖွယ်တန်ခိုးတို့ကို တိုင်ရာမြို့နှင့် ဆီဒုန်မြို့တွင် ပြခဲ့လျှင် ထိုမြို့တို့၌ ရှိသောသူတို့သည် လျှော်ထည်ကြမ်းကို ဝတ်၍ ပြာထဲတွင် ထိုင်လျက် ယခင်ကတည်းကပင် မိမိတို့၏အပြစ်များအတွက် နောင်တရခဲ့ပြီးဖြစ်လိမ့်မည်။
ထိုသူတို့၌ ပရောဖက်ပြုဟောပြောသည့်အချိန်ကာလအတွင်း မိုးမရွာစေရန် ကောင်းကင်ကို ပိတ်ထားနိုင်သော အခွင့်အာဏာရှိ၏။ ထိုသူတို့၌ ရေကို သွေးအဖြစ်သို့ ပြောင်းလဲစေနိုင်သော အခွင့်အာဏာနှင့် မိမိတို့အလိုရှိသည့်အချိန်တိုင်း ကမ္ဘာလောကကို ဘေးဒဏ်အမျိုးမျိုးဖြင့် ဒဏ်ခတ်နိုင်သောအခွင့်အာဏာလည်းရှိ၏။