ဗျာဒိတ် 16:10 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် ပဉ္စမကောင်းကင်တမန်သည် သူ၏ ဖလားကို သားရဲ၏ ရာဇပလ္လင်ပေါ်သို့ သွန်းလောင်းလိုက်သောအခါ သားရဲ၏ နိုင်ငံသည် မှောင်မိုက်သွား၏။ လူတို့သည် ပြင်းထန်သောဝေဒနာကြောင့် လျှာကို ကိုက်ထားကြရ၏။ Common Language Bible ထိုနောက်ပဉ္စမကောင်းကင်တမန်သည်မိမိ၏ ဖလားမှအမျက်တော်ကိုသားရဲ၏ပလ္လင်ပေါ် သို့သွန်းလောင်းလိုက်၏။ ထိုအခါသားရဲ၏နိုင်ငံ သည်မှောင်အတိဖြစ်လေ၏။ ထိုနိုင်ငံသားတို့ သည်ဝေဒနာခံရသည်နှင့်မိမိတို့၏လျှာ ကိုကိုက်ခဲကြ၏။- Garrad Bible ပ ဥ္စ မ စေ တ မန် တော် သည် ကိုယ့် ဖ လား ကို သား ရဲ၏ ရာ ဇ ပ လ္လင် ပေါ် သို့ သွန်း လောင်း သော် သား ရဲ၏ နိုင် ငံ လုံး မှောင် မိုက် သ ဖြင့် နိုင် ငံ သူ နိုင် ငံ သား တို့ သည် နာ ကျင် ခြင်း ဝေ ဒ နာ ကြောင့် လျှာ ကို ခဲ လျက် ကိုယ့် အ ကျင့် အ ကြံ များ အ တွက် နောင် တ မ ရ ဘဲ ထို ဝေ ဒ နာ နှင့် အ နာ ဆိုး များ ကြောင့် ကောင်း ကင် ဘုံ ရှင် ဘု ရား သ ခင် အား ပုတ် ခတ် ကြ ၏။ Judson Bible ပဥ္စမကောင်းကင်တမန်သည် မိမိဖလားကို သားရဲ၏ ပလ္လင်ပေါ်သို့ သွန်းလောင်းလျှင်၊ သူ၏နိုင်ငံသည် မှောင်မိုက်အတိ ဖြစ်လေ၏။ နိုင်ငံသားတို့သည် ပင်ပန်းအားကြီးသည်နှင့် မိမိတို့လျှာကို ကိုက်ခဲကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ပဉ္စမကောင်းကင်တမန်သည် သူ၏ဖလားကို သားရဲ၏ပလ္လင်ပေါ်သို့သွန်းလောင်းသောအခါ သားရဲ၏နိုင်ငံသည် မှောင်မိုက်အတိဖြစ်သွား၍ လူတို့သည် နာကျင်ခြင်းဝေဒနာကြောင့် မိမိတို့လျှာကိုကိုက်ခဲကြ၏။ |
ထို့နောက် ဆိုးသွမ်းသူများကို မီးဖိုထဲသို့ ပစ်ချကြသဖြင့် သူတို့သည် အံကြိတ်၍ ငိုကြွေးရလိမ့်မည်” ဟု မိန့်တော်မူ၏။
ထိုအခါ ဘုရင်က အခြွေအရံတို့အား ‘သူ၏ ခြေလက်တို့ကို ချည်၍ အပြင်ဘက်အမှောင်ထဲသို့ ပစ်လိုက်ကြလော့။ ထိုနေရာ၌ သူသည် အံကြိတ်၍ ငိုကြွေးရလိမ့်မည်’ ဟု ဆိုလေ၏။
ထိုအခါ သူ့အား ပြင်းထန်စွာ ပြစ်ဒဏ်ပေး၍ သူတော်ကောင်းယောင်ဆောင်သူများနှင့်အတူ နေရာချထားလိမ့်မည်။ ထိုနေရာ၌ သူသည် အံကြိတ်၍ ငိုကြွေးရလိမ့်မည်။
နိုင်ငံတော်သားများဖြစ်သော အစ္စရေးလူမျိုးတို့မှာမူ အပြင်ဘက်မှောင်မိုက်သောအရပ်သို့ နှင်ထုတ်ခံကြရလိမ့်မည်။ ထိုနေရာ၌ သူတို့သည် အံကြိတ်၍ ငိုကြွေးရလိမ့်မည်” ဟု မိန့်တော်မူ၏။
အာဗြဟံ၊ ဣဇာက်၊ ယာကုပ်နှင့် ပရောဖက် အားလုံးတို့သည် ဘုရားသခင်၏နိုင်ငံတော်ထဲ၌ ရှိနေသည်ကို မြင်ရသော်လည်း သင်တို့သည် အပြင်သို့ နှင်ထုတ်ခြင်းခံရကြမည်။ ထိုနေရာ၌ သင်တို့သည် အံကြိတ်၍ ငိုကြွေးရလိမ့်မည်။
လူတိုင်းကိုလေးစားကြလော့။ ယုံကြည်သူညီအစ်ကိုမောင်နှမတို့ကို ချစ်ကြလော့။ ဘုရားသခင်ကို ကြောက်ရွံ့ကြလော့။ ရှင်ဘုရင်ကို ရိုသေကြလော့။
ကမ္ဘာလောက၌ နေထိုင်ကြသောသူတို့သည် ထိုပရောဖက်နှစ်ပါး၏ အဖြစ်ကြောင့် ဝမ်းမြောက်၍ တစ်ဦးကိုတစ်ဦးလက်ဆောင်များ ပေးကြလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ထိုပရောဖက်နှစ်ပါးသည် ကမ္ဘာလောက၌ နေထိုင်သောသူတို့ကို ညှဉ်းဆဲသောကြောင့်ဖြစ်၏။
ဗိမာန်တော်၏ အပြင်ဘက်ရင်ပြင်ကို မတိုင်းနှင့်။ အဘယ်ကြောင့်ဆိုသော် ထိုနေရာကို လူမျိုးခြားတို့အား ပေးထားသောကြောင့်ဖြစ်၏။ သူတို့သည် သန့်ရှင်းသောမြို့ကို လေးဆယ့်နှစ်လတိုင်တိုင် နင်းခြေကြလိမ့်မည်။
လက်ဝါးကပ်တိုင်ပေါ်၌ သူတို့၏သခင်ဘုရား အသေခံတော်မူရာအရပ်ဖြစ်သည့် သောဒုံနှင့် အီဂျစ်ဟု ပုံဆောင်ခေါ်ဝေါ်သောမြို့ကြီး၏ လမ်းပေါ်၌ သူတို့၏ အလောင်းများ ရှိကြလိမ့်မည်။
မိမိအကြံအစည်တော်အတိုင်း လုပ်ဆောင်မည့်သဘောကို ဘုရားသခင်သည် ထိုသူတို့၏စိတ်ထဲသို့ ထည့်သွင်းတော်မူ၏။ ဤသည်မှာ သူတို့သည် ဘုရားသခင်မိန့်တော်မူသောအရာများ ဖြစ်ပျက်လာချိန်အထိ မိမိတို့၏နိုင်ငံအုပ်စိုးခွင့်ကို သားရဲအား သဘောတညီတညွတ်တည်းပေးအပ်ရန် ဖြစ်၏။
ဤကိစ္စနှင့်ပတ်သက်၍ ဉာဏ်နှင့် ယှဉ်သော အသိစိတ်ရှိရန် လိုအပ်၏။ ထိုအမျိုးသမီး ထိုင်နေသော သားရဲ၏ ခေါင်းခုနစ်လုံးမှာ တောင်ခုနစ်လုံးကို ကိုယ်စားပြုပြီး
ထိုကောင်းကင်တမန်က “ဘေဘီလုံမြို့ကြီး ပြိုပျက်ပြီ။ ပြိုပျက်ပြီ။ ဤမြို့သည် နတ်ဆိုးတို့ နေထိုင်ရာအရပ်၊ ညစ်ညမ်းသောနတ်တို့ ခိုအောင်းရာအရပ်၊ ညစ်ညမ်းသောငှက်တို့ ခိုအောင်းရာအရပ်၊ ညစ်ညမ်းမုန်းတီးဖွယ်တိရစ္ဆာန်တို့ ခိုအောင်းရာအရပ် ဖြစ်လေပြီ။
ထို့နောက် တန်ခိုးကြီးသောကောင်းကင်တမန်တစ်ပါးသည် ကြိတ်ဆုံကျောက်ကဲ့သို့သော ကျောက်တုံးကြီးတစ်တုံးကို ယူ၍ ပင်လယ်ထဲသို့ ပစ်ချလိုက်ပြီးလျှင် “ဘေဘီလုံမြို့ကြီးသည် ဤကဲ့သို့ပင် ပြင်းထန်စွာ ပစ်ချခံရပြီး မည်သည့်အခါမျှ တွေ့ရတော့မည် မဟုတ်။
ဆီမီးအလင်းသည်လည်း သင့်ထဲ၌ မည်သည့်အခါမျှ ထွန်းလင်းတော့မည် မဟုတ်။ သတို့သားနှင့် သတို့သမီးတို့၏ ပျော်ရွှင်သောအသံကိုလည်း သင့်ထဲ၌ မည်သည့်အခါမျှ ကြားရတော့မည် မဟုတ်။ သင်၏ ကုန်သည်ကြီးများသည် ဤကမ္ဘာလောကတွင် အရှိန်အဝါကြီးသူများ ဖြစ်ကြ၏။ လူမျိုးအပေါင်းတို့သည် သင်၏ ပြုစားခြင်းဖြင့် လှည့်ဖြားခံကြရပြီ။
စတုတ္ထကောင်းကင်တမန်သည် တံပိုးခရာမှုတ်သောအခါ နေ၊ လ၊ ကြယ်တို့၏ သုံးပုံတစ်ပုံသည် ထိခိုက်ပျက်စီးသွားသဖြင့် ၎င်းတို့၏အလင်းသည် သုံးပုံတစ်ပုံ လျော့နည်းသွား၏။ နေ့၏သုံးပုံတစ်ပုံနှင့် ည၏သုံးပုံတစ်ပုံသည် အလင်းရောင်မရကြ။
သူသည် တွင်းနက်ကြီးကို ဖွင့်လိုက်သောအခါ မီးခိုးသည် မီးဖိုကြီးမှ ထွက်သည့်အလား တွင်းထဲမှ ထွက်လာ၏။ ထိုမီးခိုးကြောင့် နေနှင့် အာကာသမိုးကောင်းကင်သည် မှောင်မိုက်သွားလေ၏။