Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မဿဲ 13:42 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

42 မီးဖို​ထဲသို့ ပစ်ချကြ​သဖြင့် ထို​သူတို့​သည် အံကြိတ်​၍ ငိုကြွေးရ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

42 တောက်​လောင်​သော​မီး​ဖို​ထဲ​သို့​ပစ်​ချ​စေ​တော်​မူ မည်။ ထို​သူ​အ​ပေါင်း​တို့​သည်​ငို​ကြွေး​မြည်​တမ်း ၍​အံ​သွား​ခဲ​ကြိတ်​ကြ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

42 မီး ဖို ထဲ သို့ ပစ် ချ တော် မူ သ ဖြင့် ငို ကြွေး ခြင်း၊ အံ့ ကြိတ် ခြင်း ရှိ ရ ကြ လ တ္တံ့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

42 ငို​ကြွေး​ခြင်း၊ အံ​သွား​ခဲ​ကြိတ်​ခြင်း​ရှိ​ရာ မီး​ဖို၌​ချ​ကြ​လ​တ္တံ့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

42 မီးပြင်းဖို​ထဲသို့ ပစ်ချ​ကြ​လိမ့်မည်။ ထို​နေရာ​၌ ငိုကြွေး​ခြင်း​နှင့် အံကြိတ်​ခြင်း​ရှိ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

42 ငို​ကြွေး​ခြင်း၊ အံ​သွား​ခဲ​ကြိတ်​ခြင်း​ရှိ​ရာ မီး​ဖို၌​ချ​ကြ​လ​တ္တံ့။-

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 13:42
19 ပူးပေါင်းရင်းမြစ်များ  

ထို့နောက် ဆိုးသွမ်းသူများ​ကို မီးဖို​ထဲသို့ ပစ်ချကြ​သဖြင့် သူတို့​သည် အံကြိတ်​၍ ငိုကြွေးရ​လိမ့်မည်” ဟု မိန့်တော်မူ၏။


ထိုအခါ ဘုရင်​က အခြွေအရံတို့​အား ‘သူ​၏ ခြေလက်တို့​ကို ချည်​၍ အပြင်ဘက်​အမှောင်​ထဲသို့ ပစ်လိုက်ကြလော့။ ထို​နေရာ​၌ သူသည် အံကြိတ်​၍ ငိုကြွေးရ​လိမ့်မည်’ ဟု ဆိုလေ၏။


ထို့နောက် ရှင်ဘုရင်​က လက်ဝဲတော်ဘက်​၌ ရှိသော​သူတို့​အား ‘ကျိန်ဆဲခြင်း​ခံရသော​သူတို့… ငါ့​ထံမှ ထွက်သွားကြလော့။ မာရ်နတ်​နှင့် သူ​၏ နတ်ဆိုးများ​အတွက် ပြင်ဆင်ထားသော​ထာဝရ​မီး​ထဲသို့ သွားကြလော့။


ထို​အရှင်​သည် မိမိ​၏​ဆန်ကော​ဖြင့် ဂျုံစပါး​ထဲမှ​အဖျင်း​ကို လှေ့​ရန် အသင့်ရှိတော်မူပြီ။ ထို့နောက် ကောက်နယ်တလင်း​ကို ရှင်းလင်း​၍ ဂျုံစပါး​ကို ကျီ​တွင် စုသိမ်း​ကာ အဖျင်း​ကိုမူ မငြိမ်းနိုင်သော​မီး​နှင့် ရှို့တော်မူ​လိမ့်မည်” ဟု ဆိုလေ၏။


နိုင်ငံတော်သားများ​ဖြစ်သော အစ္စရေးလူမျိုးတို့​မှာမူ အပြင်ဘက်​မှောင်မိုက်သော​အရပ်​သို့ နှင်ထုတ်ခံကြရ​လိမ့်မည်။ ထို​နေရာ​၌ သူတို့​သည် အံကြိတ်​၍ ငိုကြွေးရ​လိမ့်မည်” ဟု မိန့်တော်မူ၏။


အာဗြဟံ၊ ဣဇာက်၊ ယာကုပ်​နှင့် ပရောဖက် အားလုံးတို့​သည် ဘုရားသခင်​၏​နိုင်ငံတော်​ထဲ၌ ရှိနေသည်​ကို မြင်ရ​သော်လည်း သင်တို့​သည် အပြင်​သို့ နှင်ထုတ်ခြင်း​ခံရကြမည်။ ထို​နေရာ​၌ သင်တို့​သည် အံကြိတ်​၍ ငိုကြွေးရ​လိမ့်မည်။


ဘုရားသခင်​၏​အမျက်တော်​ဖလား ထဲ​၌ ပြည့်လျှံ​စွာ လောင်းထည့်​ထားသည့် အမျက်တော်​စပျစ်ဝိုင်​ကို သောက်ရမည်။ ထို​သူတို့​သည် သန့်ရှင်းသော​ကောင်းကင်တမန်များ​နှင့် သိုးသငယ်တော်​ရှေ့တွင် ကန့်​နှင့်​ရောသော​မီး​ထဲ၌ ညှဉ်းဆဲခြင်း​ကို ခံရ​လိမ့်မည်။


သို့ရာတွင် သားရဲ​သည် မိမိ​ကိုယ်စား နိမိတ်​လက္ခဏာများ​ပြသော ပရောဖက်​အတုအယောင်​နှင့်အတူ ဖမ်းဆီးခံရ၏။ ထို​ပရောဖက်​မှာ သားရဲ​၏​အမှတ်တံဆိပ်​ကို ခံယူကြ​လျက် သားရဲ​၏​ရုပ်တု​ကို ကိုးကွယ်ကြသော​သူတို့​အား ထို​နိမိတ်​လက္ခဏာများ​ဖြင့် လှည့်ဖြားသူ​ဖြစ်၏။ သူတို့​နှစ်ဦး​သည် ကန့်​နှင့် လောင်သော​မီးအိုင်​ထဲသို့ အရှင်​လတ်လတ် ပစ်ချခံကြရ၏။


သူတို့​ကို လှည့်ဖြားသော​မာရ်နတ်​သည်လည်း သားရဲ​နှင့် ပရောဖက်​အတုအယောင်တို့ ပစ်ချခံရသည့် ကန့်​နှင့် လောင်သော​မီးအိုင်​ထဲသို့ ပစ်ချခံရ၏။ သူတို့​သည် နေ့ည​မပြတ် အစဉ်​ထာဝရ ညှဉ်းဆဲခြင်း​ကို ခံကြရ​လိမ့်မည်။


သို့ရာတွင် ကြောက်တတ်သူများ၊ မယုံကြည်သူများ၊ စက်ဆုပ်ရွံ့ရှာဖွယ်​ကောင်းသူများ၊ လူသတ်သမားများ၊ တရား​နှင့်​မညီသော မေထုန်​ကို ပြုသူများ၊ ပြုစားတတ်သူများ၊ ရုပ်တု​ကိုးကွယ်သူများ​နှင့် လိမ်လည်သူများ​အားလုံးတို့​သည် ကန့်​နှင့် လောင်သော​မီးအိုင်​ထဲသို့ ပစ်ချခြင်း​ခံကြရမည်။ မီးအိုင်​သည် ဒုတိယ​သေခြင်း​ဖြစ်၏” ဟု​မိန့်တော်မူ၏။


သူ​သည် တွင်းနက်ကြီး​ကို ဖွင့်လိုက်​သောအခါ မီးခိုး​သည် မီးဖိုကြီး​မှ ထွက်သည့်​အလား တွင်း​ထဲမှ ထွက်လာ၏။ ထို​မီးခိုး​ကြောင့် နေ​နှင့် အာကာသ​မိုးကောင်းကင်​သည် မှောင်မိုက်​သွားလေ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ