Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ပေ 2:17 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

17 လူတိုင်း​ကို​လေးစားကြလော့။ ယုံကြည်သူ​ညီအစ်ကို​မောင်နှမတို့​ကို ချစ်ကြလော့။ ဘုရားသခင်​ကို ကြောက်ရွံ့ကြလော့။ ရှင်ဘုရင်​ကို ရိုသေကြလော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

17 ခပ်​သိမ်း​သော​သူ​တို့​ကို​လေး​စား​ကြ​လော့။ ယုံ​ကြည် သူ​တို့​ကို​ချစ်​ကြ​လော့။ ဘု​ရား​သ​ခင်​ကို​ကြောက်​ရွံ့ ကြ​လော့။ ဘု​ရင်​ဧ​က​ရာဇ်​မင်း​အား​ရို​သေ​ကြ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

17 သူ ခပ် သိမ်း တို့ ကို ထောက် ထား လျက် ညီ အစ် ကို တို့ ကို ချစ် လျက် ဘု ရား သ ခင် ကို ခန့် ညား လျက် ဘု ရင် မင်း ကို ရို သေ လျက် နေ ကြ လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

17 ခပ်​သိမ်း​သော​သူ​တို့​ကို ရို​သေ​ကြ​လော့။ ညီ​အစ်​ကို​များ​ကို ချစ်​ကြ​လော့။ ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​ခြင်း၊ ရှင်​ဘု​ရင်​ကို ရို​သေ​ခြင်း ရှိ​ကြ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

17 လူ​အပေါင်း​တို့​ကို ရိုသေ​ကြ​လော့။ ညီအစ်ကို​အချင်းချင်း​ချစ်​ကြ​လော့။ ဘုရားသခင်​ကို ကြောက်ရွံ့​ကြ​လော့။ ရှင်ဘုရင်​ကို ရိုသေ​ကြ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ပေ 2:17
25 ပူးပေါင်းရင်းမြစ်များ  

သူတို့​က “ဆီဇာဘုရင်​၏ ပုံ​နှင့်​အမည် ပါရှိသည်” ဟု လျှောက်ကြ၏။ ထိုအခါ ယေရှု​က “သို့ဖြစ်လျှင် ဆီဇာဘုရင်​နှင့်​ဆိုင်သော​အရာများ​ကို ဆီဇာဘုရင်​အား ပေးဆောင်ကြလော့။ ဘုရားသခင်​နှင့်​ဆိုင်သော​အရာများ​ကို ဘုရားသခင်​အား ပေးဆောင်ကြလော့” ဟု ထို​သူတို့​အား မိန့်တော်မူ၏။


သင်တို့​အချင်းချင်း​ချစ်ကြ​လျှင် လူအပေါင်းတို့​က ထို​ချစ်ခြင်းမေတ္တာ​ကို ထောက်​၍ သင်တို့​သည် ငါ့​တပည့်​ဖြစ်ကြောင်း​ကို သိကြ​လိမ့်မည်” ဟု မိန့်တော်မူ၏။


တစ်ဦး​ကို တစ်ဦး ညီအစ်ကို​မောင်နှမ​မေတ္တာ​ဖြင့် ချစ်ကြလော့။ တစ်ဦး​ကို​တစ်ဦး ဦးစားပေး​၍ ချီးမြှောက်ကြလော့။


ပေးဆောင်​ထိုက်သည်​ကို ပေးဆောင်ကြလော့။ အခွန်​ဆောင်စရာ​ရှိလျှင် ပေးဆောင်ကြလော့။ အကောက်​ဆောင်စရာ​ရှိလျှင် ပေးဆောင်ကြလော့။ ကြောက်ရွံ့ထိုက်သူ​ကို ကြောက်ရွံ့​၍ ရိုသေထိုက်သူ​ကို ရိုသေကြလော့။


ချစ်ရသော​သူတို့… ကျွန်ုပ်တို့​၌ ဘုရားသခင်​ပေးတော်မူသော အထက်ပါ​ကတိတော်များ​ရှိ​သောကြောင့် ကိုယ်ခန္ဓာ​နှင့် စိတ်ဝိညာဉ်​ကို ညစ်ညမ်းစေသော​အရာတို့​မှ မိမိကိုယ်ကိုယ် စင်ကြယ်စေ​၍ ဘုရားသခင်​ကို ရိုသေသော​အားဖြင့် လုံးဝ​သန့်ရှင်းစေကြစို့။


ခရစ်တော်​ကို ရိုသေသော​စိတ်​ဖြင့် တစ်ဦး​ကို တစ်ဦး နာခံကြလော့။


တစ်ကိုယ်ကောင်းဆန်သော​စိတ်၊ ကိုယ့်ကိုယ်ကိုယ်​အထင်ကြီးသော​စိတ်​ဖြင့် မည်သည့်​အမှု​ကို​မျှ မပြုကြနှင့်။ တစ်ပါးသူတို့​သည် မိမိ​ထက် သာလွန်သည်​ဟု နှိမ့်ချသော​စိတ်​ဖြင့် မှတ်ယူကြလော့။


ကျွန်များ​သည် မိမိတို့​၏ သခင်များ​ကို ရိုသေ​ထိုက်သူများ​ဟု မှတ်ယူ​သင့်၏။ သို့မှသာ အခြား​သူတို့​သည် ဘုရားသခင်​၏ နာမတော်​နှင့် ကျွန်ုပ်တို့​၏​သွန်သင်ချက်များ​ကို စော်ကား​ပြောဆိုကြမည် မဟုတ်ပေ။


ညီအစ်ကို​မောင်နှမ​ကဲ့သို့ အချင်းချင်း ဆက်​၍ ချစ်ကြလော့။


သင်တို့​သည် သမ္မာတရား​ကို နာခံခြင်း​ဖြင့် မိမိ​ကိုယ်​မိမိ သန့်ရှင်း​စင်ကြယ်စေပြီ​ဖြစ်​၍ သင်တို့​၏​ညီအစ်ကို​မောင်နှမများ​ကို စိတ်ရင်း​အမှန်​ဖြင့် ချစ်နိုင်ကြ၏။ ဖြူစင်သော​စိတ်နှလုံး​ဖြင့် အချင်းချင်း​အကြွင်းမဲ့​ချစ်ကြလော့။


သခင်ဘုရား​၏ မျက်နှာတော်​ကို ထောက်​၍ လူတို့​၏​အုပ်ချုပ်မှု​ကို နာခံကြလော့။ အကြီးဆုံးသော​အာဏာပိုင်​ရှင်ဘုရင်​၏ အုပ်ချုပ်မှု​ကို ဖြစ်စေ၊


ထိုနည်းတူ ငယ်ရွယ်သော​သူတို့… အသင်းတော်​အကြီးအကဲတို့​ကို နာခံကြလော့။ တစ်ဦး​ကို​တစ်ဦး အချင်းချင်း ဆက်ဆံရာ​၌ နှိမ့်ချသော​စိတ်​ကို တန်ဆာ​ဆင်ကြလော့။ အဘယ်ကြောင့်ဆိုသော် ကျမ်းစာ​၌ “မာန​ထောင်လွှားသော​သူတို့​ကို ဘုရားသခင်​သည် ဆန့်ကျင်​၍ နှိမ့်ချသော​သူတို့​ကို ကျေးဇူးပြုတော်မူ၏” ဟု ဆိုထား​သောကြောင့်​ဖြစ်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ