သင်တို့အား ငါပေးသမျှသော ပညတ်တော်အားလုံးကို သူတို့အား သွန်သင်လော့။ ငါသည်လည်း ကမ္ဘာကုန်ဆုံးသည့်တိုင်အောင် သင်တို့နှင့်အတူ အစဉ်အမြဲရှိနေမည်” ဟု မိန့်တော်မူ၏။ ရှင်မဿဲခရစ်ဝင်ကျမ်းပြီးပါပြီ။
ဗျာဒိတ် 12:17 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ နဂါးသည် အမျိုးသမီးအပေါ် ဒေါသထွက်သဖြင့် ကျန်ရှိနေသေးသော ထိုအမျိုးသမီး၏ မျိုးဆက်များကို တိုက်ရန် ထွက်ခွာသွား၏။ ထိုမျိုးဆက်များသည် ဘုရားသခင်၏ ပညတ်တော်တို့ကို လိုက်နာသူများ၊ ယေရှုအကြောင်းသက်သေခံချက်တို့ကို သစ္စာရှိစွာ ထိန်းသိမ်းသူများဖြစ်ကြ၏။ Common Language Bible ထိုအခါနဂါးသည်အမျက်ထွက်သဖြင့် အမျိုးသမီး၏ကျန်ကြွင်းနေသေးသော သားမြေးများတည်းဟူသော ဘုရားသခင် ၏ပညတ်တော်တို့ကိုစောင့်ရှောက်၍သခင် ယေရှုဖော်ပြတော်မူသော သမ္မာတရားတော် ကိုသစ္စာရှိစွာထိန်းသိမ်းသူများအားတိုက် ခိုက်ရန်ထွက်ခွာသွား၏။- Garrad Bible န ဂါး သည် ထို မိန်း မ ကို အ မျက် ထွက် သ ဖြင့် ဘု ရား သ ခင့် ပ ညတ် တော် များ ကို စောင့် ရှောက်၍ ယေ ရှု အ ကြောင်း သက် သေ ခံ မြဲ ခံ ရ သူ၊ ထို မိန်း မ အ မျိုး အ နွယ် အ ကြွင်း အ ကျန် တို့ နှင့် စစ် ပြိုင် ရန် ထွက် သွား လျက် သ မု ဒ္ဒ ရာ သောင် ပေါ် မှာ စွဲ ရပ် လေ ၏။ Judson Bible နဂါးသည် မိန်းမကို အငြိုးထား၏။ ဘုရားသခင်၏ ပညတ်တော်တို့ကို ကျင့်၍ ယေရှု၏ သက်သေခံတော်မူချက်ကို စွဲလမ်းသောသူတည်းဟူသော ထိုမိန်းမ၌ ကြွင်းသော အမျိုးအနွယ်ကို စစ်တိုက်ခြင်းငှာ သွား၏။- မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ နဂါးသည် ထိုအမျိုးသမီးအပေါ်အမျက်ထွက်၍ ဘုရားသခင်၏ပညတ်တော်တို့ကို စောင့်ထိန်းသောသူများနှင့် ယေရှုနှင့်ဆိုင်သည့်သက်သေခံချက်ကိုရရှိထားသောသူများဖြစ်ကြသည့် ထိုအမျိုးသမီး၏အမျိုးအနွယ်ထဲမှ ကျန်ရှိသောသူတို့နှင့်စစ်တိုက်ရန် ထွက်သွားပြီး |
သင်တို့အား ငါပေးသမျှသော ပညတ်တော်အားလုံးကို သူတို့အား သွန်သင်လော့။ ငါသည်လည်း ကမ္ဘာကုန်ဆုံးသည့်တိုင်အောင် သင်တို့နှင့်အတူ အစဉ်အမြဲရှိနေမည်” ဟု မိန့်တော်မူ၏။ ရှင်မဿဲခရစ်ဝင်ကျမ်းပြီးပါပြီ။
သင်တို့၏ဖခင်သည် မာရ်နတ်ဖြစ်၏။ ထို့ကြောင့် သင်တို့သည် သင်တို့ဖခင်၏အလိုသို့ လိုက်တတ်ကြ၏။ မာရ်နတ်သည် အစဦးကပင် လူသတ်သမားဖြစ်၏။ သူ့အထဲတွင် သမ္မာတရားမရှိသောကြောင့် သမ္မာတရားကိုလည်း သူမုန်း၏။ သူသည် လိမ်လည်သောသူဖြစ်ပြီး လိမ်လည်ခြင်း၏ဖခင်လည်း ဖြစ်၏။ ထို့ကြောင့် သူလိမ်လည်ပြောဆိုခြင်းမှာ မိမိပင်ကိုစရိုက်အတိုင်း ပြောဆိုခြင်းဖြစ်၏။
ချစ်သော ညီအစ်ကိုမောင်နှမတို့… ကျွန်ုပ်သည် သင်တို့ထံ ရောက်လာစဉ်က ဘုရားသခင်၏ လျှို့ဝှက်နက်နဲသောအကြံအစည်ကို ထူးမြတ်သောစကားလုံးများ၊ သာလွန်သောပညာများဖြင့် ဟောပြောခဲ့သည်မဟုတ်။
မိမိတို့စိတ်ကို ချုပ်တည်းလျက် သတိနှင့် စောင့်ကြလော့။ သင်တို့၏ ရန်သူဖြစ်သော မာရ်နတ်သည် ဟိန်းဟောက်သောခြင်္သေ့ကဲ့သို့ ဝါးမျိုရမည့်သူကို လှည့်လည်ရှာဖွေလျက်ရှိ၏။
ကျွန်ုပ်တို့သည် ပညတ်တော်တို့ကို လိုက်နာလျှင် ဘုရားသခင်ကို သိကျွမ်းသောသူများဖြစ်ကြောင်း သိရ၏။
ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူတိုင်းသည် ဤသက်သေခံချက် မှန်ကန်ကြောင်းကို လက်ခံ၏။ ဘုရားသခင်ကို မယုံကြည်သောသူမှာမူ ဘုရားသခင်အား “လိမ်လည်သောအရှင်” ဟု စွပ်စွဲရာရောက်၏။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် မိမိသားတော်အကြောင်း သက်သေခံတော်မူသည်ကို ထိုသူသည် မယုံကြည်သောကြောင့်ဖြစ်၏။
ကျွန်ုပ်တို့သည် ဘုရားသခင်ကို ချစ်၍ ပညတ်တော်တို့ကို လိုက်နာခြင်းအားဖြင့် ဘုရားသခင်၏သားသမီးများကို ချစ်ကြောင်း ကျွန်ုပ်တို့သိကြ၏။
ယောဟန်သည် မိမိမြင်သမျှအရာတို့ကို သက်သေခံ၏။ ထိုအရာတို့မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် ယေရှုခရစ်တော်၏ သက်သေခံတော်မူချက်တို့ဖြစ်၏။
သင်တို့၏ညီအစ်ကိုဖြစ်သော ကျွန်ုပ်ယောဟန်သည် သင်တို့နည်းတူ ယေရှု၏နောက်လိုက်ဖြစ်သည်နှင့်အညီ ဆင်းရဲဒုက္ခကိုလည်းကောင်း၊ ဘုရားသခင်၏နိုင်ငံတော်သားဖြစ်ခွင့်ကိုလည်းကောင်း၊ စိတ်ရှည်သည်းခံရခြင်းကိုလည်းကောင်း မျှဝေခံစားသည့် သင်တို့၏လုပ်ဖော်ကိုင်ဖက်ဖြစ်၏။ ကျွန်ုပ်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဟောပြောပြီး သခင်ယေရှုအကြောင်းကို သက်သေခံသောကြောင့် ပတ်မုကျွန်းသို့ ရောက်နေ၏။
သူတို့သက်သေခံပြီးသောအခါ တွင်းနက်ကြီးထဲမှ တက်လာသော သားရဲသည် သူတို့ကို တိုက်ခိုက်အောင်နိုင်၍ သတ်ဖြတ်လိမ့်မည်။
သို့သော် မြေကြီးသည် ထိုအမျိုးသမီးကို ကူညီ၍ မိမိခံတွင်းကို ဖွင့်လျက် နဂါး၏ခံတွင်းမှ မှုတ်ထုတ်သောမြစ်ရေကို မျိုလိုက်၏။
ထိုသားရဲသည် ဘုရားသခင်၏ သန့်ရှင်းသူတို့ကို တိုက်၍ အောင်နိုင်ခွင့်ရ၏။ မျိုးနွယ်စုအသီးသီး၊ လူမျိုးအသီးသီး၊ ဘာသာစကားအသီးသီးပြောသည့်သူများနှင့် တိုင်းနိုင်ငံအသီးသီးတို့ကို အုပ်စိုးခွင့်လည်း ရ၏။
ဤအကြောင်းကြောင့် ဘုရားသခင်၏ပညတ်တော်တို့ကို လိုက်နာ၍ ယေရှုကို စွဲမြဲစွာ ယုံကြည်သည့် သန့်ရှင်းသူတို့သည် သည်းခံရန် လို၏။
သူတို့သည် သိုးသငယ်တော်ကို တိုက်ကြလိမ့်မည်။ သို့ရာတွင် သိုးသငယ်တော်သည် ဘုရင်တကာတို့၏ ဘုရင်၊ သခင်တကာတို့၏ သခင်ဖြစ်တော်မူသောကြောင့် သူတို့ကို အောင်နိုင်လိမ့်မည်။ သိုးသငယ်တော်နှင့်အတူ ရှိသောသူတို့သည် ခေါ်ဖိတ်ခံရသူများ၊ ရွေးကောက်ခံရသူများ၊ သစ္စာရှိသူများဖြစ်ကြ၏” ဟု ကျွန်ုပ်အား ပြော၏။
ထိုအမျိုးသမီးသည် ယေရှုအကြောင်း သက်သေခံသောသန့်ရှင်းသူတို့၏သွေးကို သောက်၍ ယစ်မူးနေသည်ကို ကျွန်ုပ်မြင်ရ၏။ သူ့ကို မြင်ရသောအခါ ကျွန်ုပ်သည် အလွန်အံ့ဩလျက်နေ၏။
အို ကောင်းကင်ဘုံသားတို့… ထိုမြို့၏ပျက်စီးခြင်းအတွက် ဝမ်းမြောက်ကြလော့။ အို သန့်ရှင်းသောသူတို့၊ တမန်တော်တို့နှင့် ပရောဖက်တို့… ဝမ်းမြောက်ကြလော့။ သင်တို့အပေါ် ပြုခဲ့သည့်အမှုအတွက် ဘုရားသခင်သည် ထိုမြို့ကို တရားစီရင်တော်မူပြီ။
ထိုအခါ ကျွန်ုပ်သည် ထိုကောင်းကင်တမန်ကို ရှိခိုးရန် သူ၏ခြေရင်း၌ ဝပ်တွား၏။ သို့သော် သူက “ထိုသို့မပြုနှင့်။ ငါသည် သင်မှစ၍ ယေရှုအကြောင်း သက်သေခံချက်ကို သစ္စာရှိစွာ ထိန်းသိမ်းသော သင့်ညီအစ်ကိုမောင်နှမများ၏ အစေခံချင်းလည်း ဖြစ်၏။ ဘုရားသခင်ကိုသာ ရှိခိုးလော့။ ပရောဖက်ပြုချက်၏အနှစ်သာရသည် ယေရှုအကြောင်း သက်သေခံချက်ပင် ဖြစ်၏” ဟု ဆို၏။
ထိုအခါ သားရဲမှစ၍ လောကီရှင်ဘုရင်များနှင့် သူတို့၏တပ်များသည် မြင်းစီးတော်မူသောသူနှင့် သူ၏တပ်ကို စစ်တိုက်ရန် စုဝေးကြသည်ကို ကျွန်ုပ်မြင်ရ၏။
ထို့နောက် ပလ္လင်များနှင့် ၎င်းတို့ပေါ်တွင် ထိုင်နေသောသူတို့ကို ကျွန်ုပ်မြင်ရ၏။ ထိုသူတို့သည် တရားစီရင်ရန် အခွင့်အာဏာအပ်နှင်းခံကြရ၏။ သခင်ယေရှုအကြောင်းကို သက်သေခံပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဟောပြောသောကြောင့် ခေါင်းဖြတ်ခံရသောသူတို့၏ ဝိညာဉ်များကိုလည်း ကျွန်ုပ်မြင်ရ၏။ သူတို့သည် သားရဲနှင့် ထိုသားရဲ၏ရုပ်တုကို မကိုးကွယ်ကြ။ သူတို့၏နဖူးနှင့် လက်များတွင် သားရဲ၏အမှတ်တံဆိပ်ကို မခံယူကြ။ သူတို့သည် အသက်ပြန်ရှင်၍ ခရစ်တော်နှင့်အတူ နှစ်ပေါင်းတစ်ထောင် အုပ်စိုးကြရ၏။
မိမိတို့၏ ဝတ်ရုံများကို လျှော်ဖွပ်သောသူတို့သည် မင်္ဂလာရှိကြ၏။ ထိုသူတို့သည် မြို့တံခါးများမှ မြို့ထဲသို့ ဝင်၍ အသက်ပင်၏ အသီးကို စားခွင့်ရလိမ့်မည်။
သိုးသငယ်တော်သည် ပဉ္စမတံဆိပ်ကိုဖွင့်သောအခါ ယဇ်ပလ္လင်အောက်တွင် ဝိညာဉ်များစွာကို ကျွန်ုပ်မြင်ရ၏။ ထိုဝိညာဉ်များသည် ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် ခရစ်တော်အကြောင်းသက်သေခံချက်တို့ကို သစ္စာရှိစွာ ထိန်းသိမ်းသောကြောင့် အသတ်ခံရသည့် ဝိညာဉ်များဖြစ်ကြ၏။