Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဗျာ​ဒိတ် 19:19 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

19 ထိုအခါ သားရဲ​မှစ၍ လောကီ​ရှင်ဘုရင်များ​နှင့် သူတို့​၏​တပ်များ​သည် မြင်းစီးတော်မူသောသူ​နှင့် သူ​၏​တပ်​ကို စစ်တိုက်​ရန် စုဝေးကြသည်​ကို ကျွန်ုပ်​မြင်ရ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

19 ထို​နောက်​သား​ရဲ​နှင့်​တ​ကွ​ကမ္ဘာ​ပေါ်​ရှိ​ရှင်​ဘု​ရင် များ​နှင့်​သူ​တို့​၏​စစ်​သည်​ဗိုလ်​ပါ​တို့​သည်​မြင်း​ဖြူ ကို​စီး​တော်​မူ​သော​အ​ရှင်​နှင့်​သူ​၏​စစ်​သည်​တော် များ​ကို​တိုက်​ခိုက်​ရန်​စု​ရုံး​ကြ​သည်​ကို​ငါ​မြင် ရ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

19 ထို အ ခါ သား ရဲ မှ စ၍ မြေ ကြီး ဘု ရင် မင်း တို့ နှင့် နောက် ပါ ဗိုလ် ခြေ များ သည် မြင်း စီး သော အ ရှင် မှ စ၍ နောက် တော် ပါ ဗိုလ် ခြေ များ ကို စစ် တိုက် ရန် ခင်း ကျင်း ကြ စ ဥ်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

19 သား​ရဲ​မှ​စ၍ လော​ကီ​ရှင်​ဘု​ရင်​တို့​နှင့် သူ​တို့၏ ဗိုလ်​ခြေ​များ​တို့​သည်၊ မြင်း​စီး​တော်​မူ​သော​သူ​နှင့် ဗိုလ်​ခြေ​တော်​ကို စစ်​တိုက်​ခြင်း​ငှာ စည်း​ဝေး​ကြ​သည်​ကို ငါ​မြင်၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

19 ထိုအခါ သားရဲ​မှစ၍ ကမ္ဘာ​မြေကြီး​၏​ရှင်ဘုရင်​များ​နှင့် ၎င်း​တို့​၏​ဗိုလ်ခြေ​များ​သည် မြင်း​စီး​သော​သူ​နှင့်​သူ​၏​ဗိုလ်ခြေ​ကို​စစ်​တိုက်​ရန် စုဝေး​ကြ​သည်​ကို ငါ​မြင်​ရ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဗျာ​ဒိတ် 19:19
14 ပူးပေါင်းရင်းမြစ်များ  

သူတို့​သက်သေခံ​ပြီး​သောအခါ တွင်းနက်ကြီး​ထဲမှ တက်လာသော သားရဲ​သည် သူတို့​ကို တိုက်ခိုက်​အောင်နိုင်​၍ သတ်ဖြတ်​လိမ့်မည်။


ထို့နောက် တတိယ​ကောင်းကင်တမန်​သည် သူတို့​နောက်သို့ လိုက်​၍ “တစ်စုံတစ်ယောက်​သည် သားရဲ​နှင့် သားရဲ​၏ ရုပ်တု​ကို ကိုးကွယ်​ပြီး နဖူး၊ သို့မဟုတ် လက်​၌ သားရဲ​၏ အမှတ်တံဆိပ်​ကို ရိုက်နှိပ်​ထား​လျှင်


သူတို့​သည် နိမိတ်​လက္ခဏာများ​ကို ပြနိုင်သော နတ်ဆိုးတို့​၏​ဝိညာဉ်များ​ဖြစ်ကြ၏။ ၎င်းတို့​သည် အနန္တ​တန်ခိုးရှင် ဘုရားသခင်​၏ တရားစီရင်ရာ​နေ့ရက်ကြီး​တွင် ဆင်နွှဲမည့်​စစ်ပွဲ​အတွက် ကမ္ဘာတစ်ဝန်းလုံး​ရှိ ရှင်ဘုရင်များ​ကို စုဝေး​ရန် ထွက်ခွာသွားကြ၏။


ထို​နတ်ဆိုးတို့​သည် ရှင်ဘုရင်များ​အားလုံး​ကို ဟေဗြဲ​ဘာသာစကား​ဖြင့် “အာမဂေဒုန်” ဟု ခေါ်သော​အရပ်​တွင် စုဝေးစေ၏။


သူ​နှင့်အတူ တရား​နှင့်​မညီသော မေထုန်​ကို​ပြု​၍ စည်းစိမ်​ခံစားခဲ့သော လောကီ​ဘုရင်တို့​သည် သူ့​အား လောင်ကျွမ်းသည့်​မီး​မှ မီးခိုး​ကို မြင်​သောအခါ ငိုကြွေး​မြည်တမ်းကြ​လိမ့်မည်။


ကြွင်းကျန်သော​သူတို့​သည် မြင်းစီးတော်မူသောသူ​၏ ခံတွင်း​မှ ထွက်သော​သန်လျက်​နှင့် သတ်ဖြတ်​ခံရပြီး ငှက်​အပေါင်းတို့​သည် ထို​သူတို့​၏​အသား​ကို ဝလင်​စွာ စားကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ