ဗျာဒိတ် 13:7 - ခေတ်သစ်မြန်မာ သမ္မာကျမ်း7 ထိုသားရဲသည် ဘုရားသခင်၏ သန့်ရှင်းသူတို့ကို တိုက်၍ အောင်နိုင်ခွင့်ရ၏။ မျိုးနွယ်စုအသီးသီး၊ လူမျိုးအသီးသီး၊ ဘာသာစကားအသီးသီးပြောသည့်သူများနှင့် တိုင်းနိုင်ငံအသီးသီးတို့ကို အုပ်စိုးခွင့်လည်း ရ၏။ အခန်းကိုကြည့်ပါ။Common Language Bible7 သူသည်ဘုရားသခင်၏လူစုတော်အားတိုက် ခိုက်၍ အနိုင်ရခွင့်နှင့်တိုင်းနိုင်ငံအသီးသီးရှိ ဘာသာစကားအမျိုးမျိုးကို ပြောဆိုသောလူ အမျိုးအနွယ်ခပ်သိမ်းအား အုပ်စိုးပိုင်ခွင့်ကို လည်းရရှိပေသည်။- အခန်းကိုကြည့်ပါ။Garrad Bible7 သီး သန့် ထား သူ တို့ နှင့် လည်း စစ် ပြိုင် အောင် မြင် ခွင့်၊ ဘာ သာ စ ကား အ ပုံ ပုံ ပြော ဆို သော လူ အ မျိုး မျိုး အ နွယ် နွယ် တို့ အ ပေါ် တွင် အာ ဏာ ဆောင် ခွင့် ကို ခံ ရ သ ဖြင့်၊ အခန်းကိုကြည့်ပါ။Judson Bible7 သန့်ရှင်းသူတို့ကို စစ်တိုက်၍ နိုင်ရသောအခွင့် ကိုရ၏။ အသီးအသီး ဘာသာစကားကို ပြောသော လူအမျိုးအနွယ်ခပ်သိမ်းတို့ကို အုပ်စိုးရသော အခွင့်ကိုလည်းရ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း7 သူသည် သန့်ရှင်းသူတို့ကိုစစ်တိုက်၍ အောင်နိုင်သောအခွင့်ကိုရရှိပြီး မျိုးနွယ်စု၊ လူမျိုး၊ ဘာသာစကားနှင့် တိုင်းနိုင်ငံအသီးသီးတို့မှလူတို့အား အုပ်စိုးရသောအခွင့်ကိုလည်းရရှိ၏။ အခန်းကိုကြည့်ပါ။ |
လူမျိုးတို့သည် အမျက်ထွက်ကြ၏။ သို့သော် ယခု ကိုယ်တော်၏အမျက်ထွက်ချိန် ရောက်လာပြီ။ သေလွန်သောသူတို့ကို တရားစီရင်ရသောအချိန် ရောက်လာပြီ။ ကိုယ်တော်၏အစေခံဖြစ်သော ပရောဖက်များ၊ သန့်ရှင်းသူများနှင့် ကိုယ်တော်ကို ကြောက်ရွံ့သည့် လူတန်းစားအနိမ့်အမြင့်လူအပေါင်းတို့အား ဆုလာဘ်ကို ပေးလိမ့်မည်။ ကိုယ်တော်သည် ကမ္ဘာလောကကို ဖျက်ဆီးသောသူတို့ကို ဖျက်ဆီးတော်မူလိမ့်မည်” ဟု ဆိုကြ၏။
သူတို့သည် သီချင်းသစ်တစ်ပုဒ်ကို သီဆိုကြ၏။ ထိုသီချင်းမှာ “ကိုယ်တော်သည် စာလိပ်ကိုယူ၍ တံဆိပ်ကိုခွာ၍ ဖွင့်ရန် ထိုက်တန်သောအရှင်ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ကိုယ်တော်သည် အသေသတ်ခံရ၍ မျိုးနွယ်စုအသီးသီး၊ ဘာသာစကားအသီးသီးပြောသည့်သူများ၊ လူမျိုးအသီးသီးနှင့် တိုင်းနိုင်ငံအသီးသီးတို့ကို ကိုယ်တော်၏အသွေးတော်ဖြင့် ဘုရားသခင်အတွက် ရွေးနုတ်ကယ်တင်သောကြောင့်ဖြစ်၏။