ထို့ကြောင့် ထိုသူတို့အား ‘သင်တို့သည်လည်း စပျစ်ခြံသို့သွား၍ အလုပ်လုပ်ကြ။ ထိုက်သင့်ငွေကို ငါပေးမည်’ ဟု ဆိုသဖြင့် ထိုသူတို့သည် သွားကြ၏။
တိတု 3:8 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဤစကားသည် စိတ်ချယုံကြည်ရသော စကားဖြစ်၏။ သင်တို့သည် ထိုအရာများကို အထူးဂရုစိုက်၍ တိုက်တွန်းကြရန် ကျွန်ုပ်အလိုရှိ၏။ ဤနည်းဖြင့် ဘုရားသခင်ကို ယုံကြည်သောသူတို့သည် ကောင်းမှုပြုရန် ကြိုးစားနိုင်မည်။ အထက်ပါအရာတို့သည် ကောင်းမွန်၍ လူတိုင်းအတွက် အကျိုးပြုသောအရာများဖြစ်၏။ Common Language Bible ဤစကားသည်သစ္စာစကားဖြစ်၏။ ဘုရားသခင်ကိုယုံကြည်သူတို့သည်ကောင်း မြတ်သောအကျင့်၊ လူအပေါင်းတို့အားအကျိုး ပြုသောအကျင့်များ၌မွေ့လျော်ကြစေရန် အထက်တွင်ဖော်ပြခဲ့သည့်အမှုအရာများ ကိုအထူးဂရုပြု၍နှိုးဆော်တိုက်တွန်းလော့။- Garrad Bible ဘု ရား သ ခင် အား ယုံ ကြည် ပြီး သူ တို့ သည် ရိုး ဖြောင့် စွာ အ လုပ် အ ကိုင် ကို ဂ ရု ပြု ကြ စေ ရန် ဆို ခဲ့ သည့် အ ချက် များ နှင့် စပ်၍ နှိုး ဆော် တိုက် တွန်း စေ လို၏။ ထို အ ချက် များ သည် လူ တို့ အ ဖို့ သင့် လျော်၍ အ ကျိုး ရှိ၏။ Judson Bible ဤစကားသည် သစ္စာစကားဖြစ်၏။ ဘုရားသခင်ကို ယုံကြည်သောသူတို့သည် ကောင်းသောအကျင့် တို့ကို အမြဲကျင့်အံ့သောငှာ သတိပြုရကြမည်အကြောင်း၊ သင်သည် ဤအရာများကို ကြိုးစား၍ ဟောပြောစေခြင်းငှာ ငါအလိုရှိ၏။ ထိုအကျင့်တို့သည် ကောင်းသည်သာမက၊ လူတို့၏အကျိုးကို ပြုစုတတ်သော အကျင့်ဖြစ်ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ဤစကားသည် သစ္စာစကားဖြစ်၏။ ဘုရားသခင်ကိုယုံကြည်သောသူတို့သည် ကောင်းသောအမှုတို့ကိုပါဝင်လုပ်ဆောင်ရန် အမြဲဂရုစိုက်ကြမည့်အကြောင်း ငါသည် သင့်အား ဤအရာများအတွက် အခိုင်အမာရပ်တည်စေလို၏။ ဤအရာများသည် ကောင်းမြတ်၍ လူတို့အတွက်အကျိုးရှိ၏။ |
ထို့ကြောင့် ထိုသူတို့အား ‘သင်တို့သည်လည်း စပျစ်ခြံသို့သွား၍ အလုပ်လုပ်ကြ။ ထိုက်သင့်ငွေကို ငါပေးမည်’ ဟု ဆိုသဖြင့် ထိုသူတို့သည် သွားကြ၏။
ယေရှုက “ငါ့ကို ယုံကြည်သောသူသည် ငါ့ကိုသာ ယုံကြည်သည်မဟုတ်။ ငါ့ကိုစေလွှတ်တော်မူသောအရှင်ကိုလည်း ယုံကြည်၏။
သင်တို့အား ငါအမှန်ဆို၏။ ငါ့စကားကို နားထောင်၍ ငါ့ကို စေလွှတ်တော်မူသောဘုရားကို ယုံကြည်သောသူသည် ထာဝရအသက်ကို ရ၏။ ထိုသူသည် ပြစ်ဒဏ်စီရင်ခြင်းမခံရဘဲ သေခြင်းမှ အသက်ရှင်ခြင်းသို့ ကူးပြောင်းရသောသူဖြစ်၏။
ထိုသူတို့က “သင်သည်ရူးနေပေပြီ” ဟု ဆိုသော်လည်း ထိုအမျိုးသမီးငယ်က အမှန်ဖြစ်ကြောင်း အခိုင်အမာပြောလေ၏။ သူတို့က “ထိုသူသည် ပေတရု၏ကောင်းကင်တမန်ဖြစ်လိမ့်မည်” ဟု ဆိုကြ၏။
သို့သော် လူတို့အနေဖြင့် ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရခြင်းမှာ မိမိတို့၏ အကျင့်သီလကြောင့် မဟုတ်ဘဲ ဘုရားတရားမဲ့သူများကို ခွင့်လွှတ်တော်မူသည့် ဘုရားသခင်ကို ယုံကြည်သောကြောင့်ဖြစ်၏။
ကျမ်းစာ၌ “ငါယုံကြည်သောကြောင့် ငါဟောပြော၏” ဟု ရေးသားထား၏။ ကျွန်ုပ်တို့တွင်လည်း ထိုယုံကြည်သည့်စိတ် ရှိသဖြင့် ဟောပြောကြ၏။
ခိုးတတ်သောသူသည် နောက်ထပ် မခိုးတော့ဘဲ လိုအပ်သောသူတို့အား ပေးကမ်းဝေမျှနိုင်ရန် မိမိလက်ဖြင့် ကောင်းသောအလုပ်ကို ကြိုးစား လုပ်ဆောင်ရမည်။
“ယေရှုခရစ်တော်သည် အပြစ်သားများကို ကယ်တင်ရန် ဤလောကသို့ ဆင်းကြွလာသည်” ဟူသော စကားသည် လုံးဝမှန်ကန်ပြီး အပြည့်အဝလက်ခံထိုက်၏။ ထိုအပြစ်သားများအနက် ကျွန်ုပ်သည် အဆိုးဆုံးဖြစ်၏။
ကိုးကွယ်သည့်နေရာတိုင်း၌ အမျိုးသားတို့သည် အမျက်ထွက်ခြင်း၊ ငြင်းခုံခြင်း မရှိဘဲ သန့်ရှင်းစွာ နေထိုင်၍ မိမိတို့၏ လက်ကို မြှောက်လျက် ဆုတောင်းကြရန် ကျွန်ုပ်အလိုရှိ၏။
သူသည် မိမိသားသမီးများကို ပြုစုပျိုးထောင်ခြင်း၊ ဧည့်ဝတ်ကို ကျေပွန်စွာ ပြုခြင်း၊ ယုံကြည်သူများ၏ခြေကို ဆေးခြင်း၊ ဆင်းရဲဒုက္ခကြုံတွေ့နေသူများကို ကူညီခြင်း၊ အမျိုးမျိုးသောကောင်းမှုများကို အားထုတ်လုပ်ဆောင်ခြင်း စသည့် ကောင်းမှုကုသိုလ်များကြောင့် နာမည်ကောင်းရသူဖြစ်ရမည်။
ထိုအကြောင်းကြောင့် ဤဆင်းရဲဒုက္ခကို ခံစားနေရ၏။ သို့သော်လည်း ကျွန်ုပ်မရှက်ပါ။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်သည် မိမိယုံကြည်သောအရှင်ကို သိပြီး ကိုယ်တော်ထံ၌ မိမိအပ်ထားသောအရာကိုလည်း ထိုနေ့ရက်တိုင်အောင် ကိုယ်တော်စောင့်ထိန်းတော်မူမည်ဟု စိတ်ချသောကြောင့်ဖြစ်၏။
သူသည် မိမိလက်ခံထားသည့် စစ်မှန်သောတရားတော်ကို မြဲမြံစွာ စွဲကိုင်ထားရမည်။ သို့ဖြစ်လျှင် သူသည် အခြားသူများကို မှန်ကန်သောသွန်သင်မှုဖြင့် အားပေးနိုင်ပြီး ဆန့်ကျင်သူတို့၏ အမှားများကိုလည်း ချေပနိုင်မည်ဖြစ်၏။
သခင်ယေရှုသည် ကျွန်ုပ်တို့အား ဒုစရိုက်အမျိုးမျိုးမှ ရွေးနုတ်ရန်နှင့် ကျွန်ုပ်တို့အား မိမိအတွက် စင်ကြယ်စေရန် မိမိအသက်ကို ပေးတော်မူ၏။ ဤသည်မှာ ကျွန်ုပ်တို့သည် ကိုယ်တော်၏ လူများဖြစ်လာ၍ ကောင်းမှုပြုရာတွင် စိတ်အားထက်သန်ကြရန် ဖြစ်၏။
အရာရာ၌ ကောင်းမှုကို ပြု၍ သင်ကိုယ်တိုင်စံနမူနာဖြစ်စေလော့။ သွန်သင်ရာတွင် ရိုးသားပွင့်လင်းခြင်း၊ တည်ကြည်ခြင်း၊
အုပ်ချုပ်သူများနှင့် အာဏာပိုင်များကို နာခံကြရန် ကရေတေကျွန်း၌ နေထိုင်ကြသောယုံကြည်သူတို့အား သတိပေးလော့။ သူတို့သည် နာခံ၍ ကောင်းမှုအမျိုးမျိုးကို အချိန်မရွေးပြုနိုင်ရန် အဆင်သင့်ဖြစ်နေရမည်။
ကျွန်ုပ်တို့၏လူတို့သည် ကောင်းမှုပြုရန် လေ့လာသင်ယူကြရမည်။ သို့မှသာ သူတို့သည် အကျိုးရှိရှိ အသက်ရှင်နေထိုင်နိုင်ပြီး အခြားသူများ အရေးပေါ်လိုအပ်ချက်ရှိသောအချိန်၌ ကူညီပေးနိုင်ကြမည်။
သူသည် ယခင်က သင့်အတွက် အသုံးမဝင်သူဖြစ်ခဲ့သော်လည်း ယခုတွင်မူ သင့်အတွက်ရော ကျွန်ုပ်အတွက်ပါ အသုံးဝင်သူဖြစ်၏။
မေတ္တာထားရန်နှင့် ကောင်းမှုပြုရန် အချင်းချင်း မည်သို့နှိုးဆော်ရမည်ကို စဉ်းစားဆင်ခြင်ကြပါစို့။
ကိုယ်တော်ကို သေခြင်းမှ ထမြောက်စေ၍ ဘုန်းအသရေကို ပေးတော်မူသော ဘုရားသခင်ကို သင်တို့သည် ခရစ်တော်အားဖြင့်ယုံကြည်ကြ၏။ ထို့ကြောင့် သင်တို့သည် ဘုရားသခင်ကို ယုံကြည်၍ မျှော်လင့်ကြ၏။