Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ကော 4:13 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

13 ကျမ်းစာ​၌ “ငါ​ယုံကြည်​သောကြောင့် ငါ​ဟောပြော၏” ဟု ရေးသားထား၏။ ကျွန်ုပ်တို့​တွင်လည်း ထို​ယုံကြည်သည့်​စိတ် ရှိ​သဖြင့် ဟောပြောကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

13 ကျမ်း​စာ​တော်​တွင် ``ငါ​သည်​ယုံ​ကြည်​သော ကြောင့်​ဟော​ပြော​သည်'' ဟု​ပါ​ရှိ​သည်​အ​တိုင်း ငါ​တို့​လည်း​ထို​သို့​ယုံ​ကြည်​မှု​ရှိ​သ​ဖြင့် ဟော​ပြော​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

13-14 သို့ ရာ တွင် အ ရှင် ယေ ရှု ကို ရှင် ပြန် ထ မြောက် စေ တော် မူ သော ကိုယ် တော် သည် ငါ တို့ ကို လည်း ယေ ရှု အ လိုက် ထ မြောက် စေ လျက် သင် တို့ နှင့် တ ကွ ဆက် သွင်း တော် မူ မည့် အ ကြောင်း သိ ကြ သည့် အ လျောက် ယုံ ကြည် ပြီး ဖြစ်၍ ငါ ကြား ပြော ခဲ့ သည် ဟူ သော ကျမ်း ချက် အ ရ ငါ တို့ လည်း ထို သို့ သော ယုံ ကြည် ခြင်း စိတ် ရှိ သ ဖြင့် ယုံ ကြည်၍ ကြား ပြော ကြ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

13 ထို​သို့​သော ယုံ​ကြည်​ခြင်း​စိတ် ရှိ​သည်​ဖြစ်၍၊ ငါ​သည်​ယုံ​ကြည်​သော​ကြောင့် မြွက်​ဆို၏​ဟု ကျမ်း​စာ​လာ​သည်​နှင့်​အ​ညီ၊ ငါ​တို့​သည် ယုံ​ကြည်​ခြင်း​စိတ်​ရှိ​သော​ကြောင့် မြွက်​ဆို​ဟော​ပြော​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

13 “ငါ​ယုံကြည်​သောကြောင့် ငါ​ဟောပြော​၏”​ဟု ရေး​ထား​သည့်​အတိုင်း ထို​ယုံကြည်​ခြင်း​နှင့်ဆိုင်သော​ဝိညာဉ်​တော်​ကို ငါ​တို့​ရရှိ​ကြ​သည်​ဖြစ်၍ ငါ​တို့​သည်​လည်း ယုံကြည်​သောကြောင့် ဟောပြော​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ကော 4:13
9 ပူးပေါင်းရင်းမြစ်များ  

ကျွန်ုပ်တို့​သည် ထို​သူတို့​နည်းတူ သခင်​ယေရှု​၏​ကျေးဇူးတော်​အားဖြင့် ကယ်တင်ခြင်း​ခံရသည်​ဟု ယုံကြည်ကြ၏” ဟူ၍ ပြောဆိုလေ၏။


ထိုသို့ တွေ့ဆုံကြ​သောအခါ ကျွန်ုပ်​နှင့် သင်တို့​သည် နှစ်ဦး​နှစ်ဖက်လုံး​၌​ရှိသော ယုံကြည်ခြင်း​ကို ဝေမျှ​၍ အပြန်အလှန်​အားပေး​နိုင်မည်​ဖြစ်၏။


ထို​ဝိညာဉ်တော်​ကပင် အခြားသူ​တစ်ယောက်​အား ယုံကြည်ခြင်း​ကို ပေးတော်မူ၏။ ထို​ဝိညာဉ်တော်​ကပင် အခြားသူ​တစ်ယောက်​အား ရောဂါ​ပျောက်ကင်းစေနိုင်သော​ဆုကျေးဇူး​ကို ပေးတော်မူ၏။


ဤသို့သော​မျှော်လင့်ခြင်း​ရှိ​သဖြင့် ကျွန်ုပ်တို့​သည် အလွန်​ရဲရင့်ကြ၏။


ထိုသို့ ကျွန်ုပ်တို့​သည် သေဘေး​နှင့် ရင်ဆိုင်ရ​သော်လည်း ဤ​အရာ​သည် သင်တို့​အတွက် ထာဝရ​အသက်​ကို ရရှိ​စေ၏။


ကျွန်ုပ်​သည် ယေရှု​ခရစ်တော်​၏ အစေခံ​နှင့် တမန်တော် ရှိမုန်​ပေတရု​ဖြစ်၏။ ကျွန်ုပ်တို့​၏ ဘုရားသခင်​နှင့် ကယ်တင်ရှင်​ဖြစ်တော်မူသော ယေရှု​ခရစ်တော်​၏ ဖြောင့်မတ်ခြင်း​အားဖြင့် ကျွန်ုပ်တို့​၏​ယုံကြည်ခြင်း​ကဲ့သို့ တန်ဖိုး​ရှိသည့် ယုံကြည်ခြင်း​ကို လက်ခံရရှိသော​သူတို့​ထံသို့ ကျွန်ုပ်​စာရေးလိုက်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ