ကိုယ်တော်သည် ဂျေရုဆလင်မြို့သို့ ခရီးပြုရန် ထွက်ခွာတော်မူသောအခါ လူတစ်ဦးသည် ကိုယ်တော်ထံသို့ ပြေးလာ၍ ဒူးထောက်ပြီးလျှင် “ကောင်းမြတ်သောဆရာတော်… ထာဝရအသက်ကို ရရှိရန် အကျွန်ုပ်သည် မည်သို့ပြုရပါမည်နည်း” ဟု မေးလျှောက်လေ၏။
တမန်တော်ဝတ္ထု 20:32 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့ဖြစ်၍ ယခု ကျွန်ုပ်သည် သင်တို့အား ဘုရားသခင်ထံတော်သို့လည်းကောင်း၊ ကိုယ်တော်၏ ကျေးဇူးတော်နှင့်ဆိုင်သော တရားတော်သို့လည်းကောင်း အပ်နှံပါ၏။ ထိုတရားတော်သည် သင်တို့ကို ဆောက်တည်ပေးနိုင်စွမ်းနှင့် သန့်ရှင်းစေတော်မူခြင်းခံရသောလူအပေါင်းတို့နှင့်အတူ သင်တို့ကို အမွေပေးနိုင်စွမ်းရှိ၏။ Common Language Bible ``ယခုသင်တို့အားဘုရားသခင်၏လက် တော်သို့လည်းကောင်း၊ ကျေးဇူးတော်တရား သို့လည်းကောင်းငါအပ်နှံပါ၏။ ထိုကျေးဇူး တော်တရားသည်သင်တို့ကိုတည်ဆောက်၍ ကိုယ်တော်၏လူစုတော်ဝင်အပေါင်းတို့အတွက် လျာထားသည့်ကောင်းချီးမင်္ဂလာများကိုသင် တို့အားခံစားစေလိမ့်မည်။- Garrad Bible ယ ခု မှာ ငါ သည် သင် တို့ ကို ဘု ရား သ ခင် သို့လည်း ကောင်း၊ သီး သန့် ထား တော် မူ သ မျှ သော သူ တို့ ဘောင် တွင် အ ပိုင် ပေး ခွင့် နှင့် ဆောက် တည် ခွင့် တန် ခိုး ရှိ သော ကျေး ဇူး တော် ဆိုင် ရာ တ ရား တော် သို့လည်း ကောင်း အပ် လိုက် ၏။ Judson Bible ညီအစ်ကိုတို့၊ ယခုငါသည်သင်တို့ကို ဘုရားသခင်၌ အပ်နှံ၏။ သင်တို့ကို တည်ဆောက်ခြင်းငှာလည်းကောင်း၊ သန့်ရှင်းသောသူအပေါင်းတို့နှင့် အတူ သင်တို့အား အမွေပေးခြင်းငှာလည်းကောင်း၊ တတ်နိုင်သောဘုရားသခင်၏ ကျေးဇူးတော်တရား၌လည်း သင်တို့ကိုငါအပ်နှံ၏။- မြန်မာ့စံမီသမ္မာကျမ်း ယခု သင်တို့ကို ဘုရားသခင်၌လည်းကောင်း၊ ကိုယ်တော်၏ကျေးဇူးတော်နှင့်ဆိုင်သော နှုတ်ကပတ်တော်၌လည်းကောင်း ငါအပ်နှံ၏။ နှုတ်ကပတ်တော်သည် သင်တို့ကို တည်ဆောက်မြှင့်တင်လျက် သန့်ရှင်းစေခြင်းခံရသောသူအပေါင်းတို့နှင့်အတူ အမွေတော်ကိုရရှိစေနိုင်စွမ်းရှိ၏။ |
ကိုယ်တော်သည် ဂျေရုဆလင်မြို့သို့ ခရီးပြုရန် ထွက်ခွာတော်မူသောအခါ လူတစ်ဦးသည် ကိုယ်တော်ထံသို့ ပြေးလာ၍ ဒူးထောက်ပြီးလျှင် “ကောင်းမြတ်သောဆရာတော်… ထာဝရအသက်ကို ရရှိရန် အကျွန်ုပ်သည် မည်သို့ပြုရပါမည်နည်း” ဟု မေးလျှောက်လေ၏။
ကိုယ်တော်၏ သမ္မာတရားအားဖြင့် သူတို့ကို သန့်ရှင်းစေတော်မူပါ။ ကိုယ်တော်၏ နှုတ်ကပတ်တော်သည် သမ္မာတရားဖြစ်ပါ၏။
ဗာနဗရောက်လာပြီး ဘုရားသခင်၏ကျေးဇူးတော်ကို မြင်တွေ့ရသောအခါ ဝမ်းမြောက်ပျော်ရွှင်၍ ထိုသူတို့အားလုံးကို ခိုင်မြဲသောစိတ်နှလုံးဖြင့် ယေရှုခရစ်တော်အား ဆက်လက်ဆည်းကပ်ရန် တိုက်တွန်းလေ၏။
အသင်းတော်တိုင်းတွင် အကြီးအကဲများကိုခန့်ထားကြ၏။ ထို့နောက် အစာရှောင်ဆုတောင်း၍ ထိုအကြီးအကဲများကို သူတို့ယုံကြည်သော သခင်ဘုရားထံ အပ်နှံကြ၏။
ထိုအတ္တလိမြို့မှတစ်ဆင့် ရွက်လွှင့်၍ အန္တိအုတ်မြို့သို့ ပြန်သွားကြ၏။ ထိုအန္တိအုတ်မြို့သည် ယခုဆောင်ရွက်ပြီးစီးသွားသောအမှုအတွက် ဘုရားသခင်၏ကျေးဇူးတော်၌ အပ်နှံခဲ့သော မြို့ဖြစ်၏။
သူတို့သည် အချိန်ကြာမြင့်စွာနေ၍ သခင်ဘုရား၏အကြောင်းကို ရဲရင့်စွာဟောပြောကြ၏။ သခင်ဘုရားသည် နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်ဖြစ်ရပ်များကို သူတို့အား ပြုခွင့်ပေးခြင်းဖြင့် မိမိ၏ကျေးဇူးတော်နှင့်ဆိုင်သော နှုတ်ကပတ်တရားတော်မှန်ကန်ကြောင်း သက်သေပြတော်မူ၏။
ပေါလုသည်လည်း သိလကိုခေါ်၍ ထွက်ခွာစဉ် ယုံကြည်သူများသည် ပေါလုအား သခင်ဘုရား၏ကျေးဇူးတော်သို့ အပ်နှံကြ၏။
သို့ရာတွင် ဘုရားသခင်၏ကျေးဇူးတော်နှင့်ဆိုင်သည့် သတင်းကောင်းကို သက်သေခံရန်အတွက် သခင်ယေရှုထံမှ လက်ခံရရှိသည့် အလုပ်တာဝန်နှင့် အမှုတော်ကို ပြီးစီးနိုင်မည်ဆိုလျှင် ကျွန်ုပ်သည် မိမိအသက်ကိုပင် မနှမြောပါ။
သူတို့အားအမှောင်မှ အလင်းသို့လည်းကောင်း၊ စာတန်မာရ်နတ်၏လက်အောက်မှ ဘုရားသခင်ထံသို့လည်းကောင်း ပြောင်းလဲလာစေရန် သင်သည် ထိုသူတို့၏မျက်စိများကို ဖွင့်ပေးရမည်။ သို့မှသာ သူတို့သည် အပြစ်များအတွက်ခွင့်လွှတ်ခြင်းကို ခံစားရမည်။ ထို့ပြင် ငါ့ကိုယုံကြည်ကြသဖြင့် ဘုရားသခင်သန့်ရှင်းစေတော်မူသောလူစုထဲတွင် ပါဝင်ရလိမ့်မည်’ ဟု မိန့်တော်မူ၏။
ထို့နောက် ယုဒပြည်၊ ဂါလိလဲပြည်နှင့် ရှမာရိပြည်တစ်လျှောက်၌ အသင်းတော်သည် ငြိမ်းချမ်း၍ တည်တံ့ခိုင်မြဲလာ၏။ သခင်ဘုရားကို ကြောက်ရွံ့ခြင်းနှင့် သန့်ရှင်းသောဝိညာဉ်တော်၏နှစ်သိမ့်အားပေးခြင်းတို့ဖြင့် ရှင်သန်၍ အသင်းသားအရေအတွက်သည်လည်း တိုးပွားလာ၏။
ကျွန်ုပ်တို့သည် ဘုရားသခင်၏ သားသမီးများ ဖြစ်သောကြောင့် အမွေခံများလည်း ဖြစ်ကြ၏။ ထို့ကြောင့် ကျွန်ုပ်တို့သည် ခရစ်တော်နှင့်အတူ အမွေခံများ ဖြစ်ကြ၏။ ကိုယ်တော်နှင့်အတူ ဆင်းရဲဒုက္ခကို ခံရလျှင် ကိုယ်တော်နှင့်အတူ ဘုရားသခင်၏ ဘုန်းအသရေကိုလည်း ခံစားကြရမည် ဖြစ်၏။
ယုံကြည်သူများဖြစ်စေရန် ရွေးချယ်တော်မူခြင်းခံရသည့် ကောရိန္သု အသင်းတော်ဖြစ်သော သင်တို့ထံသို့ ပို့လိုက်သောစာဖြစ်၏။ ဘုရားသခင်သည် ကျွန်ုပ်တို့၏သခင် ယေရှုခရစ်တော်ကို ကိုးကွယ်ကြသည့် နေရာအနှံ့၌ရှိသောသူအပေါင်းတို့ကို ယေရှုခရစ်တော်အားဖြင့် သန့်ရှင်းစေတော်မူသကဲ့သို့ သင်တို့ကိုလည်း သန့်ရှင်းစေတော်မူ၏။ ထိုယေရှုခရစ်တော်သည် ကျွန်ုပ်တို့နှင့် နေရာအနှံ့၌ ရှိသော ထိုသူအပေါင်းတို့၏ သခင်ဖြစ်တော်မူ၏။
သူခိုးများ၊ လောဘကြီးသူများ၊ သောက်စားမူးရူးသူများ၊ ဆဲရေးတိုင်းထွာသူများ၊ လှည့်စားလိမ်ယူသူများသည် ဘုရားသခင်၏ နိုင်ငံတော်ကို အမွေခံရကြမည်မဟုတ်ပေ။
သင်တို့ထဲမှ တချို့သည် ယခင်က ထိုကဲ့သို့သောသူများ ဖြစ်ခဲ့ကြ၏။ သို့သော်လည်း ယခုတွင် သခင်ယေရှုခရစ်တော်နှင့် ကျွန်ုပ်တို့ဘုရားသခင်၏ ဝိညာဉ်တော်အားဖြင့် စင်ကြယ်ကြပြီ။ သန့်ရှင်းကြပြီ။ ဖြောင့်မတ်သောသူအဖြစ် သတ်မှတ်ခံရကြပြီ။
မတရားပြုသောသူတို့သည် ဘုရားသခင်၏နိုင်ငံတော်ကို အမွေမခံရကြောင်း သင်တို့မသိကြသလော။ ယူဆမှုမလွဲကြနှင့်။ တရားနှင့်မညီသော မေထုန်ကို ပြုသူများ၊ ရုပ်တုကိုးကွယ်သူများ၊ အိမ်ထောင်ရေးဖောက်ပြန်သူများ၊ ယောက်ျားချင်းဆက်ဆံသူများ၊
ထိုဝိညာဉ်တော်သည် ဘုရားသခင်၏လူများ ရွေးနုတ်တော်မူခြင်းခံရမည့်ကာလ မရောက်မချင်း ကျွန်ုပ်တို့၏ အမွေအတွက် အာမခံချက်ပေးလျက် စရန်အဖြစ် ရှိတော်မူ၏။ ဤသည်မှာ ကျွန်ုပ်တို့သည် ဘုရားသခင်၏ ဘုန်းတော်ကို ချီးမွမ်းကြရန် ဖြစ်၏။
ဘုရားသခင် ရွေးချယ်တော်မူသဖြင့် သင်တို့ မျှော်လင့်ရသောအရာသည် မည်သည့်အရာဖြစ်သည်ကိုလည်းကောင်း၊ ယုံကြည်သူတို့ ရရှိသော အမွေတော်၏ ဘုန်းအသရေသည် မည်မျှကြွယ်ဝသည်ကိုလည်းကောင်း၊ ယုံကြည်သော ကျွန်ုပ်တို့အတွက် လုပ်ဆောင်သော သာလွန်ထူးကဲသည့်တန်ခိုးတော်သည် မည်မျှကြီးမားသည်ကိုလည်းကောင်း သင်တို့သိစေရန် သင်တို့၏ ဉာဏ်မျက်စိကို ပွင့်စေတော်မူပါဟု ကျွန်ုပ်ဆုတောင်း၏။
သူတို့၏တာဝန်သည် ခရစ်တော်၏ ကိုယ်ခန္ဓာ ဟူသော အသင်းတော်ကို တည်ဆောက်နိုင်ရန်အတွက် ယုံကြည်သူတို့ကို အမှုတော်လုပ်ငန်းအတွက် ပြင်ဆင်ပေးခြင်း ဖြစ်၏။
ဦးခေါင်း ဖြစ်သော ကိုယ်တော်သည် ကိုယ်ခန္ဓာတစ်ခုလုံးကို အပိုအလိုမရှိ ဆက်စပ်စေတော်မူ၏။ ခန္ဓာအစိတ်အပိုင်းတစ်ခုစီတို့သည် ကိုယ်ပိုင် တာဝန်အသီးသီးကို လုပ်ဆောင်သည်နှင့်အမျှ ကိုယ်ခန္ဓာသည် ချစ်ခြင်းမေတ္တာဖြင့် တည်ဆောက်၍ ကြီးပွားတတ်၏။
တရားနှင့်မညီသော မေထုန်ကို ပြုသူ၊ ညစ်ညမ်းသောသူ၊ ရုပ်တုကိုးကွယ်ခြင်း ဖြစ်သည့် လောဘလွန်ကြူးသောသူ တစ်ယောက်မျှ ခရစ်တော်နှင့် ဘုရားသခင်၏ နိုင်ငံတော်ကို အမွေဆက်ခံရမည် မဟုတ်ကြောင်း သင်တို့ အသေအချာ သိကြ၏။
အလင်းနိုင်ငံတော်၌နေသော ယုံကြည်သူလူစုထဲတွင် ဝင်ရောက်ခွင့်ထိုက်သူ ဖြစ်စေတော်မူသော အဖဘုရားသခင်ကို ကျေးဇူးတင်ကြရန် ကျွန်ုပ်တို့ဆုတောင်းပေးကြ၏။
ကိုယ်တော်ထံ၌ အမြစ်တွယ်၍ တည်ဆောက်ကာ သင်တို့သင်ယူခဲ့ရသည့်အတိုင်း ခိုင်မြဲစွာ ယုံကြည်လျက် ကျေးဇူးတော်ကို အလွန်ချီးမွမ်းကြလော့။
သင်တို့သည် သခင်ခရစ်တော်ကို အစေခံကြသောကြောင့် ဆုလာဘ်အဖြစ် ကတိထားတော်မူသောအမွေတော်ကို သခင်ဘုရားထံမှ ရရှိမည်ကို သိမှတ်ကြလော့။
ကိုယ်တော်သည် စင်ကြယ်စေခြင်းခံရသောသူတို့အား တစ်ခုတည်းသော ပူဇော်စရာဖြင့် ထာဝရပြီးပြည့်စုံစေတော်မူ၏။
ထူးဆန်းသည့် အယူဝါဒအမျိုးမျိုး ဆွဲဆောင်ရာ နောက်သို့ မလိုက်ကြနှင့်။ စိတ်နှလုံးကို ခိုင်ခံ့မြဲမြံစေရာတွင် အစားအစာအားဖြင့် မဟုတ်ဘဲ ဘုရားသခင်၏ ကျေးဇူးတော်အားဖြင့် ခိုင်ခံ့မြဲမြံစေလျှင် အကျိုးရှိ၏။ အစားအစာနှင့် ပတ်သက်သောပညတ်များကို လိုက်နာသောသူတို့မှာမူ မည်သည့်အကျိုးကိုမျှ မရရှိ။
သန့်ရှင်းစေတော်မူသော ယေရှုခရစ်တော်နှင့် သန့်ရှင်းခြင်းခံရသူတို့သည် တစ်ပါးတည်းသောဖခင်ထံမှ ဖြစ်သောကြောင့် ယေရှုခရစ်တော်သည် ထိုသူတို့ကို ညီအစ်ကိုမောင်နှမများဟု ခေါ်ရန် ရှက်တော်မမူ။
ဤသို့ဖြင့် ရွေးချယ်ခြင်းခံရသူများသည် ဘုရားသခင် ကတိပြုတော်မူသော ထာဝရအမွေကို ရရှိနိုင်ရန် ခရစ်တော်သည် ပဋိညာဉ်သစ်၏ ကြားဝင်စေ့စပ်သူဖြစ်တော်မူ၏။ အကြောင်းမှာ ခရစ်တော်သည် ထိုပထမပဋိညာဉ်အောက်တွင် လူတို့ကျူးလွန်ခဲ့သော အပြစ်များကို လွတ်မြောက်စေရန် အသေခံတော်မူခဲ့သောကြောင့်ဖြစ်၏။
ယေရှုခရစ်တော်၏ကျွန်၊ ယာကုပ်၏ညီ ကျွန်ုပ်ယုဒသည် ခမည်းတော်ဘုရားသခင်၏ရွေးချယ်တော်မူခြင်းနှင့် ချစ်ခြင်းကို ခံရ၍ ယေရှုခရစ်တော်၏ စောင့်ရှောက်ခြင်းခံရသောသူတို့ထံသို့ စာရေးလိုက်၏။
သို့သော် ချစ်ရသောသူတို့… သင်တို့သည် မိမိတို့၏ အသန့်ရှင်းဆုံးသောယုံကြည်ခြင်း၌ မိမိကိုယ်ကိုယ် တည်ဆောက်၍ သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းညွှန်မှုဖြင့် ဆုတောင်းလော့။