ပရောဖက်များလည်းဖြစ်ကြသော ယုဒနှင့်သိလတို့သည် ယုံကြည်သူတို့အား အချိန်ကြာမြင့်စွာ တိုက်တွန်းနှိုးဆော်၍ ကြံ့ခိုင်စေကြ၏။
ယုဒနှင့်သိလတို့သည်လည်းပရောဖက်များ ဖြစ်ကြသည့်အလျောက် သူတို့အားအချိန်ကြာ မြင့်စွာတိုက်တွန်းအားပေးသဖြင့်သူတို့အား ကြံ့ခိုင်စေကြ၏။-
ပ ရော ဖက် ဖြစ် သော ယု ဒ နှင့် သိ လ တို့ လည်း ညီ အစ် ကို တို့ ကို များ စွာ နှိုး ဆော် လျက်၊ တည် ကြည် စေ လျက်၊
ယုဒနှင့် သိလတို့သည် ပရောဖက်ဖြစ်သောကြောင့် များစွာသောစကားနှင့် ညီအစ်ကိုတို့ကို ဆုံးမ၍ မြဲမြံခိုင်ခံ့စေကြ၏။-
ယုဒနှင့်သိလတို့ကိုယ်တိုင်သည်လည်း ပရောဖက်များဖြစ်ကြသောကြောင့် များစွာသောစကားတို့ဖြင့် ညီအစ်ကိုတို့ကို တိုက်တွန်းနှိုးဆော်လျက် ခိုင်ခံ့မြဲမြံစေကြ၏။
ထို့ကြောင့် ငါသည် ပရောဖက်များ၊ ပညာရှင်များနှင့် ကျမ်းတတ်ဆရာများကို သင်တို့ထံ စေလွှတ်မည်။ သို့သော် သင်တို့သည် တချို့ကို လက်ဝါးကပ်တိုင်တွင် သတ်ကြလိမ့်မည်။ တချို့ကို ဝတ်ပြုဆောင်များတွင် ရိုက်၍ တစ်မြို့ပြီးတစ်မြို့ လိုက်လံဖမ်းဆီးကြလိမ့်မည်။
သို့ဖြစ်၍ ဉာဏ်ပညာတော်နှင့် ပြည့်စုံသောဘုရားသခင် ဟောတော်မူသည်မှာ ‘ငါသည် ပရောဖက်များနှင့် တမန်တော်များကို သူတို့ထံသို့ စေလွှတ်မည်။ သို့သော် သူတို့သည် တချို့ကို သတ်၍ တချို့ကို ညှဉ်းဆဲကြလိမ့်မည်’ ဟူ၍ ဖြစ်၏။
ဗာနဗရောက်လာပြီး ဘုရားသခင်၏ကျေးဇူးတော်ကို မြင်တွေ့ရသောအခါ ဝမ်းမြောက်ပျော်ရွှင်၍ ထိုသူတို့အားလုံးကို ခိုင်မြဲသောစိတ်နှလုံးဖြင့် ယေရှုခရစ်တော်အား ဆက်လက်ဆည်းကပ်ရန် တိုက်တွန်းလေ၏။
ထိုအချိန်တွင် ပရောဖက်များသည် ဂျေရုဆလင်မြို့မှ အန္တိအုတ်မြို့သို့ ဆင်းလာကြ၏။
ဆီးရီးယားပြည် အန္တိအုတ်မြို့ရှိ အသင်းတော်တွင် ပရောဖက်များနှင့် ဆရာများ ရှိကြ၏။ ထိုသူတို့မှာ ဗာနဗ၊ လူမည်းဟု ခေါ်သောရှိမောင်၊ ကုရေနေမြို့သား လုကိ၊ နယ်စားဟေရုဒ်၏ငယ်ပေါင်း မာနင်နှင့် ရှောလုတို့ဖြစ်ကြ၏။
သူတို့က “ကျွန်ုပ်တို့သည် ဆင်းရဲဒုက္ခများစွာခံရခြင်းအားဖြင့် ဘုရားသခင်၏နိုင်ငံတော်သို့ ဝင်ရောက်ကြရမည်” ဟု ဆိုလျက် ထိုမြို့များရှိ တပည့်တော်တို့၏ စိတ်ကို ကြံ့ခိုင်စေကြ၏။ ယုံကြည်ခြင်းတွင်လည်း ဆက်လက်ရပ်တည်ရန် ခွန်အားပေးကြ၏။
ယုဒပြည်မှ ဆီးရီးယားပြည်ရှိ အန္တိအုတ်မြို့သို့ ဆင်းလာကြသောလူတချို့သည် ယုံကြည်သူတို့အား “သင်တို့သည် မောရှေ၏ပညတ်တရားနှင့်အညီ အရေပြားလှီးခြင်းမင်္ဂလာမခံယူပါက ကယ်တင်ခြင်းကို ခံစားခွင့်မရပါ” ဟု သွန်သင်ကြ၏။
ထို့နောက် တမန်တော်များ၊ အသင်းတော်အကြီးအကဲများနှင့် အသင်းတော်တစ်ခုလုံးသည် သူတို့အထဲမှ လူများကိုရွေးချယ်၍ ပေါလု၊ ဗာနဗတို့နှင့်အတူ ဆီးရီးယားပြည်ရှိအန္တိအုတ်မြို့သို့ စေလွှတ်ရန် ဆုံးဖြတ်ကြ၏။ ထိုသူတို့မှာ ယုံကြည်သူများထဲမှ ခေါင်းဆောင်ဖြစ်သောဗာရှဗခေါ် ယုဒနှင့် သိလတို့ဖြစ်ကြ၏။
ထို့ကြောင့် ဤစာတွင် ရေးသားဖော်ပြထားသည့်အကြောင်းအရာများကို သင်တို့အား ပြောပြရန် ယုဒနှင့်သိလကို ကျွန်ုပ်တို့စေလွှတ်ကြ၏။
ထို့နောက် အသင်းသားများသည် ထိုသူတို့ကို မြို့ပြင်ထိ လိုက်ပို့ကြ၏။ ပေါလုနှင့် ဗာနဗတို့သည် ဖိုနီးရှားပြည်နှင့် ရှမာရိပြည်ကို ဖြတ်သွားစဉ် လူမျိုးခြားများ၏ပြောင်းလဲခြင်းအကြောင်းကို ပြန်ပြောပြကြသဖြင့် ယုံကြည်သူများသည်လည်း အလွန်ဝမ်းမြောက်ကြ၏။
သူတို့သည် ထိုစာကို ဖတ်ရှုကြသောအခါ စာတွင်ပါရှိသောအားပေးစကားကြောင့် ဝမ်းမြောက်ကြ၏။
ပေါလုသည် ဆီးရီးယားပြည်နှင့် ဆီလီဆီးယားပြည်တို့ကို ဖြတ်သွား၍ အသင်းတော်များကို ကြံ့ခိုင်စေ၏။
ထိုမြို့တွင် အချိန်ကြာနေထိုင်ပြီးမှ ထွက်ခွာ၍ ဂလာတိပြည်၊ ဖြူဂိပြည်တစ်လျှောက် လှည့်လည်သွားလာလျက် ယုံကြည်သူများကို အားပေးကာ ကြံ့ခိုင်စေ၏။
ထို့နောက် ပေတရုသည် အခြားစကားများဖြင့် သက်သေခံဟောပြောပြီးနောက် “ပျက်စီးလျက်ရှိသောဤမျိုးဆက်မှ မိမိကိုယ်ကိုယ်ကယ်နုတ်ကြလော့” ဟု တိုက်တွန်းနိုးဆော်လေ၏။
ထိုဒေသများတစ်လျှောက် လှည့်ပတ်သွားလာကာ ယုံကြည်သူတို့အား အားပေးစကားများပြောကြားပြီးနောက် အခါယပြည်သို့သွား၏။
သို့ဖြစ်၍ ဘုရားသခင် ပေးတော်မူသော ကျေးဇူးတော်အတိုင်း ကျွန်ုပ်တို့သည် ကွဲပြားခြားနားသော ဆုကျေးဇူးအသီးသီးကို လက်ခံရရှိကြ၏။ ကျွန်ုပ်တို့လက်ခံရရှိသော ဆုကျေးဇူးသည် ပရောဖက်ပြုဟောပြောခြင်းဖြစ်လျှင် ယုံကြည်ခြင်း၏ ပမာဏအတိုင်း ဟောပြောကြရမည်။
နှစ်သိမ့်အားပေးခြင်းဖြစ်လျှင် နှစ်သိမ့်အားပေးကြရမည်။ ပေးကမ်းဝေမျှခြင်းဖြစ်လျှင် ရက်ရောစွာ ပေးကမ်းကြရမည်။ ဦးဆောင်ခြင်းဖြစ်လျှင် လုံ့လဝီရိယဖြင့် ဦးဆောင်ကြရမည်။ ကြင်နာမစခြင်းဖြစ်လျှင် စေတနာစိတ်နှင့် မစကြရမည်။
ကျွန်ုပ်တို့၏သခင် ယေရှုခရစ်တော် ပြန်လည်ကြွလာတော်မူမည့်နေ့တွင် သင်တို့၌ အပြစ်ကင်းနေစေရန်အတွက် ကိုယ်တော်သည် သင်တို့ကို အဆုံးတိုင်အောင် ခိုင်ခံ့မြဲမြံစေတော်မူလိမ့်မည်။
ပရောဖက်နှစ်ဦး သို့မဟုတ် သုံးဦးက ဟောပြော၍ ထိုဟောပြောသောအရာကို အခြားသောသူတို့သည် အကဲဖြတ်သုံးသပ်ကြစေ။
ပရောဖက်ပြုဟောပြောသောသူကမူ လူတို့အား ဆောက်တည်စရာစကား၊ အားပေးစကား၊ နှစ်သိမ့်စကားတို့ကို ဟောပြော၏။
ပရောဖက်တို့သည် မိမိတို့၏ စိတ်ဝိညာဉ်ကို ချုပ်ထိန်းနိုင်ကြ၏။
ဘုရားသခင်သည် ထိုလျှို့ဝှက်နက်နဲသောအရာကို ဝိညာဉ်တော်မှတစ်ဆင့် မိမိ၏ သန့်ရှင်းသောတမန်တော်များနှင့် ပရောဖက်များကို ယခုအခါ၌ ရှင်းလင်းစွာ ဖွင့်ပြတော်မူသကဲ့သို့ ယခင်ခေတ်ကာလ၌ ဖော်ပြတော်မမူခဲ့ပေ။
သင်တို့သိကြသည့်အတိုင်း ဖခင်သည် သားသမီးများအပေါ် ပြုမူဆက်ဆံသကဲ့သို့ ကျွန်ုပ်တို့သည် သင်တို့ တစ်ယောက်ချင်းစီတိုင်းအပေါ် ပြုမူဆက်ဆံကြ၏။
တိမောသေကို သင်တို့ထံသို့ စေလွှတ်လိုက်၏။ သူသည် ခရစ်တော်၏ သတင်းကောင်းကို ဟောပြောလျက် ဘုရားသခင်၏ အမှုတော်ကို ကျွန်ုပ်တို့နှင့် အတူဆောင်ရွက်သည့် လုပ်ဖော်ကိုင်ဖက် ညီအစ်ကိုဖြစ်၏။ သူ့ကိုစေလွှတ်ရခြင်းအကြောင်းအရင်းသည် သင်တို့၏ယုံကြည်ခြင်းကို ခိုင်မြဲစေ၍ သင်တို့ကို တိုက်တွန်းနှိုးဆော်ရန် ဖြစ်၏။
ညီအစ်ကိုမောင်နှမတို့… သင်တို့သည် ဘုရားသခင်နှစ်သက်တော်မူရန် မည်သို့ ပြုမူနေထိုင်ရမည်ကို ကျွန်ုပ်တို့သွန်သင်ခဲ့သည့်အတိုင်း ပြုမူနေထိုင်လျက်ရှိ၏။ ယခုတွင် ကျွန်ုပ်တို့သည် သခင်ယေရှုနှင့် တပေါင်းတစည်းတည်းဖြစ်သောကြောင့် ထိုသို့ ပို၍ပြုမူနေထိုင်ကြရန် တောင်းပန်လျက် တိုက်တွန်းနှိုးဆော်လို၏။
ထို့ပြင် ညီအစ်ကိုမောင်နှမတို့… ပျင်းရိသူများကို သတိပေးဆုံးမကြလော့။ စိတ်ပျက်အားလျော့သူများကို အားပေးကြလော့။ အားနည်းသူများကို ကူညီကြလော့။ လူတိုင်းအပေါ်တွင် စိတ်ရှည်ကြလော့။
ပရောဖက်ပြုဟောပြောခြင်းကို မထီမဲ့မြင်မပြုကြနှင့်။
ကျွန်ုပ်တို့သည် ထိုကဲ့သို့သောလူများကို မိမိဝမ်းစာအတွက် မိမိကိုယ်တိုင် အေးချမ်းစွာ ကြိုးစားရှာဖွေရန် သခင်ယေရှုခရစ်တော်၏ အခွင့်အာဏာဖြင့် ညွှန်ကြားကာ တိုက်တွန်းနှိုးဆော်ကြ၏။
သင်တို့သည် လူသားအားလုံးအတွက် အသနားခံခြင်း၊ ဆုတောင်းပေးခြင်း၊ ကိုယ်စားပြုတောင်းလျှောက်ပေးခြင်း၊ ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းခြင်းတို့ကို ဦးစားပေးဆောင်ရွက်ရန် ကျွန်ုပ်တိုက်တွန်းနှိုးဆော်၏။
အခွင့်အခါသင့်သည်ဖြစ်စေ၊ မသင့်သည်ဖြစ်စေ အဆင်သင့်ဖြစ်၍ နှုတ်ကပတ်တရားတော်ကို ဟောပြောလော့။ အလွန်စိတ်ရှည်စွာ သွန်သင်၍ အပြစ်ကို ဖော်ပြခြင်း၊ ဆုံးမခြင်း၊ အားပေးတိုက်တွန်းခြင်းတို့ကို ပြုလော့။
ထို့ကြောင့် ခရစ်တော်၏ဆင်းရဲဒုက္ခကို မြင်တွေ့သည့်သက်သေဖြစ်သူ၊ ထင်ရှားလာမည့် ကိုယ်တော်၏ ဘုန်းအသရေကို မျှဝေခံစားသူ ကျွန်ုပ်သည် အသင်းတော်အကြီးအကဲတစ်ဦးအနေဖြင့် သင်တို့ထဲမှ အသင်းတော်အကြီးအကဲများကို တိုက်တွန်းနှိုးဆော်လိုက်၏။
သို့သော် ဘုရားသခင်သည် သင်တို့ကို ခရစ်တော်နှင့် တပေါင်းတစည်းတည်းဖြစ်စေလျက် မိမိ၏ထာဝရတည်သောဘုန်းအသရေတော်ကို မျှဝေခံစားစေရန် ရွေးကောက်တော်မူ၏။ ထိုကျေးဇူးတော်အပေါင်း၏အရှင် ဘုရားသခင်ကိုယ်တော်တိုင်သည် ခဏတာ ဆင်းရဲဒုက္ခခံပြီးသော သင်တို့အား ပြီးပြည့်စုံစေ၍ ကြံ့ကြံ့ခိုင် ရပ်တည်မြဲမြံစေတော်မူလိမ့်မည်။
သစ္စာရှိသောညီအစ်ကိုဟု ကျွန်ုပ်မှတ်ယူသော သိလွာနု၏အကူအညီဖြင့် သင်တို့ထံ စာကို အကျဉ်းချုံး၍ ရေးလိုက်၏။ အကြောင်းအရာမှာ သင်တို့အား တိုက်တွန်းနှိုးဆော်ရန်နှင့် ကျွန်ုပ်ရေးလိုက်သောအရာတို့သည် ဘုရားသခင်၏ စစ်မှန်သောကျေးဇူးတော်ဖြစ်ကြောင်း သက်သေခံရန်ဖြစ်၏။ ထိုကျေးဇူးတော်တွင် ခိုင်မြဲစွာ ရပ်တည်ကြလော့။