အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် ပညတ်တရားကို မောရှေအားဖြင့် ပေးတော်မူသောကြောင့်ဖြစ်၏။ သို့သော် ကျေးဇူးတရားနှင့် သစ္စာတရားကို ယေရှုခရစ်တော်အားဖြင့် ပေးတော်မူ၏။
ဂလာတိ 3:17 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်ဆိုလိုသည်မှာ ဤသို့ဖြစ်၏။ ဘုရားသခင်သည် အာဗြဟံနှင့် ပဋိညာဉ်ဖွဲ့ပြီးလျှင် ၎င်းကို အကောင်အထည်ဖော်ရန် ကတိပြုတော်မူ၏။ နှစ်ပေါင်း လေးရာ့သုံးဆယ်ကြာပြီးမှ ပေါ်ပေါက်လာသော ပညတ်တရားသည် ထိုပဋိညာဉ်ကို မပယ်ဖျက်နိုင်သကဲ့သို့ ထိုကတိတော်ကိုလည်း မပျက်ပြယ်စေနိုင်ပေ။ Common Language Bible ငါဆိုလိုသည်ကားဤသို့တည်း။ ဘုရား သခင်သည်အာဗြဟံနှင့်ပဋိညာဉ်ပြုတော် မူပြီးလျှင် ပဋိညာဉ်ကိုစောင့်ထိန်းရန်ကတိ ထားတော်မူ၏။ အနှစ်လေးရာ့သုံးဆယ်ကြာ မှပေါ်ပေါက်လာသည့်ပညတ်တရားသည် ထို ပဋိညာဉ်တော်ကိုမပယ်မဖျက်နိုင်။ ကတိ တော်ကိုလည်းမပယ်မဖျက်နိုင်။- Garrad Bible ငါ ဆို သည် ကား ဘု ရား သ ခင် တင် ရင် ချုပ် တော် မူ ပြီး သော ပ ဋိ ညာဉ် တော် ကို နောက် နှစ် ပေါင်း လေး ရာ သုံး ဆယ် ကြာ မှ ရောက် လာ သော ပ ညတ် တ ရား သည် မ ပယ် မ ဖျက်။ ထို က တိ တော် ကို အ ချည်း အ နှီး မ ဖြစ် စေ နိုင်။ Judson Bible ငါဆိုသည်ကား၊ ခရစ်တော်ကိုရည်မှတ်၍ ဘုရားသခင် တည်စေတော်မူနှင့်သော ပဋိညာဉ်တရားကို အနှစ်လေးရာသုံးဆယ်လွန်ပြီးမှ နောက်ဖြစ်သော ပညတ်တရားသည် မပယ်နိုင်။ ကတိတော်ကို အချည်းနှီးမဖြစ်စေနိုင်။- မြန်မာ့စံမီသမ္မာကျမ်း ငါဆိုလိုသည်မှာ ဤသို့ဖြစ်၏။ နှစ်ပေါင်းလေးရာသုံးဆယ်လွန်ပြီးမှ ပေါ်လာသည့်ပညတ်တရားသည် ဘုရားသခင်ကြိုတင်ဖွဲ့ထားသောပဋိညာဉ်ကို မပယ်ဖျက်သကဲ့သို့ ကတိတော်ကိုလည်း မပျက်ပြယ်စေနိုင်ရာ။ |
အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် ပညတ်တရားကို မောရှေအားဖြင့် ပေးတော်မူသောကြောင့်ဖြစ်၏။ သို့သော် ကျေးဇူးတရားနှင့် သစ္စာတရားကို ယေရှုခရစ်တော်အားဖြင့် ပေးတော်မူ၏။
ဘုရားသခင်က အာဗြဟံ၏သားစဉ်မြေးဆက်တို့သည် အခြားပြည်တွင် ဧည့်သည်အဖြစ် နှစ်ပေါင်းလေးရာ ကျွန်ခံရ၍ ညှဉ်းပန်းနှိပ်စက်ခြင်းခံရလိမ့်မည်ဖြစ်ကြောင်းကိုလည်း မိန့်တော်မူ၏။
ဘုရားသခင်သည် ယေရှုခရစ်တော်အား အပြစ်ဖြေရာယဇ်အဖြစ် သတ်မှတ်တော်မူ၏။ ယေရှုအသွေးသွန်း၍ အသေခံတော်မူခြင်းကို ယုံကြည်သောသူတို့သည် ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရကြ၏။ ဘုရားသခင်သည် ခရစ်တော်ကို ယဇ်အဖြစ် သတ်မှတ်တော်မူရခြင်းမှာ မိမိ၏ဖြောင့်မတ်ခြင်းကို ပြသရန်ဖြစ်၏။ ထိုသို့ ဘုရားသခင်သည် သည်းခံတော်မူ၍ လူတို့ကျူးလွန်ခဲ့သောအပြစ်များကို ပြစ်ဒဏ်မပေးဘဲနေတော်မူ၏။
အကယ်၍ သူတို့ထဲမှ တချို့သည် မယုံကြည်လျှင် မည်သို့ဆိုမည်နည်း။ သူတို့၏ မယုံကြည်ခြင်းသည် ဘုရားသခင်၏ သစ္စာတော်ကို ပျက်ပြယ်စေနိုင်သလော။
သင်တို့ထဲမှ တချို့က “ငါသည် ပေါလု၏တပည့်ဖြစ်၏၊” တချို့က “ငါသည် အာပေါလု၏တပည့်ဖြစ်၏၊” တချို့က “ငါသည် ပေတရု၏တပည့်ဖြစ်၏၊” တချို့က “ငါသည် ခရစ်တော်၏တပည့်ဖြစ်၏” ဟူ၍ အသီးသီးက ပြောဆိုနေကြသောကြောင့် ဤစကားကို ကျွန်ုပ်ပြောရခြင်းဖြစ်၏။
ခရစ်တော်သည် ကျွန်ုပ်ကို စေလွှတ်တော်မူသည်မှာ နှစ်ခြင်းမင်္ဂလာပေးရန်အတွက် မဟုတ်ပါ။ သတင်းကောင်းကို ဟောပြောရန်အတွက်ဖြစ်၏။ ဟောပြောရာတွင်လည်း နှုတ်အတတ်ပညာဖြင့် ဟောပြောရန်မဟုတ်ပါ။ ဤသည်မှာ ခရစ်တော်၏ လက်ဝါးကပ်တိုင်တန်ခိုးကို အချည်းနှီးမဖြစ်စေရန်ဖြစ်၏။
သို့ဖြစ်လျှင် မည်သည့်အရာကို ကျွန်ုပ် ဆိုလိုသနည်း။ ရုပ်တုအား ပူဇော်ထားသောအစားအစာသည် အရေးပါသည်ဟု ဆိုလိုသလော။ ထိုရုပ်တုများသည် အရေးပါသည်ဟု ဆိုလိုသလော။
ညီအစ်ကိုမောင်နှမတို့… ကျွန်ုပ်ဆိုလိုသည်မှာ ကျန်ရှိသောအချိန်သည် အလွန်တိုတောင်း၏။ ထို့ကြောင့် ယခုမှစ၍ ဇနီးရှိသောသူတို့သည် ဇနီးမရှိသောသူကဲ့သို့လည်းကောင်း၊
ဘုရားသခင်၏ ကတိတော်ရှိသမျှတို့သည် ထိုအရှင်၌ “ဟုတ်၏” ဟူ၍ ဖြစ်ကြ၏။ ထို့ကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှားစေရန် ခရစ်တော်အားဖြင့် “အာမင်” ဟူ၍ ဆိုကြ၏။
မျိုးစေ့အနည်းငယ်သာ ကြဲသောသူသည် အနည်းငယ်သာ ရိတ်သိမ်းရလိမ့်မည်။ များစွာကြဲသောသူသည် များစွာ ရိတ်သိမ်းရလိမ့်မည် ဟူသောအချက်ကို သတိပြုလော့။
ညီအစ်ကိုမောင်နှမတို့… နေ့စဉ်ဘဝထဲမှ ဥပမာတစ်ခုကို ကျွန်ုပ်ပေးမည်။ လူတို့ချုပ်ဆိုသော စာချုပ်ပင်လျှင် အတည်ပြုပြီးသောအခါ မည်သူကမျှ ပယ်ဖျက်ခြင်း၊ သို့မဟုတ် ဖြည့်စွက်ခြင်း မပြုရတော့ပေ။
သို့ဖြစ်လျှင် ပညတ်တရားသည် ဘုရားသခင်၏ ကတိတော်နှင့် ဆန့်ကျင်နေသလော။ လုံးဝမဆန့်ကျင်ပေ။ အကယ်၍ ပညတ်တရားသည် အသက်ကို ရှင်စေနိုင်လျှင် ထိုပညတ်တရားကို လိုက်နာခြင်းအားဖြင့် ဖြောင့်မတ်သည်ဟု သတ်မှတ်ခြင်းခံရမည်မှာ အသေအချာပင် ဖြစ်၏။
ဝိညာဉ်တော်လမ်းညွှန်မှုအတိုင်း ပြုမူနေထိုင်ကြရန် သင်တို့အား ကျွန်ုပ်ပြောလို၏။ ထိုသို့ပြုမူနေထိုင်လျှင် သင်တို့သည် လူ့ဗီဇစိတ်အလိုကို မလိုက်ဘဲ နေကြလိမ့်မည်။
ပညတ်တရားကို လိုက်နာကျင့်သုံးခြင်းအားဖြင့် ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သည်ဟု သတ်မှတ်ခံလိုသော သင်တို့သည် ခရစ်တော်နှင့် အဆက်ပြတ်၍ ဘုရားသခင်၏ ကျေးဇူးတော်လက်အောက်တွင် မရှိကြတော့ပေ။
တစ်ချိန်က သင်တို့သည် ခရစ်တော်နှင့် ကင်းကွာခဲ့ကြ၍ အစ္စရေးလူမျိုးတွင် ပါဝင်ခွင့် မရ၊ ကတိတော်နှင့်ဆိုင်သော ပဋိညာဉ်များနှင့် သက်ဆိုင်ခွင့် မရှိ၊ မျှော်လင့်ချက် မရှိ၊ ဤလောကတွင် ဘုရားသခင်ကို မသိဘဲ နေခဲ့ကြသည်ကို သတိရကြလော့။
ထို့ကြောင့် ဘုရားသခင်ကို မသိသောလူမျိုးခြားများကဲ့သို့ မနေထိုင်ကြရန် သခင်ဘုရား၏ အခွင့်အာဏာဖြင့် သင်တို့ကို ကျွန်ုပ် သတိပေးလို၏။ ထိုသူတို့၏ တွေးခေါ်ကြံဆမှုသည် အကျိုးမရှိပေ။
ဤအကြောင်းကို သင်တို့အား ပြောရခြင်းမှာ မည်သူမျှ သင်တို့ကို ဖြားယောင်းသောစကားဖြင့် မလှည့်ဖြားစေရန် ဖြစ်၏။
ဤလူအပေါင်းတို့သည် ယုံကြည်လျက် သေလွန်ကြ၏။ သူတို့သည် ဘုရားသခင်ကတိပြုတော်မူသည့်အရာများကို မရရှိခဲ့သော်လည်း အဝေးကပင် မြင်၍ ကြိုဆိုခဲ့ကြ၏။ သူတို့သည် ဤလောကတွင် ခေတ္တတည်းခိုသူများ၊ ဧည့်သည်များသာဖြစ်ကြောင်း ဝန်ခံခဲ့ကြ၏။
ယခင်ပညတ်တရား၏ စည်းမျဉ်းသည် အားနည်း၍ ကောင်းကျိုးမပေးနိုင်သောကြောင့် ဖျက်သိမ်းခြင်းခံရ၏။
ခရစ်တော်သည် ဤကမ္ဘာမတည်ရှိမီကပင် ခန့်ထားတော်မူခြင်းခံရသော်လည်း ဤနောက်ဆုံးသောကာလတွင် သင်တို့အတွက် ပေါ်ထွန်းတော်မူ၏။