ဂလာတိ 3:17 - Common Language Bible17 ငါဆိုလိုသည်ကားဤသို့တည်း။ ဘုရား သခင်သည်အာဗြဟံနှင့်ပဋိညာဉ်ပြုတော် မူပြီးလျှင် ပဋိညာဉ်ကိုစောင့်ထိန်းရန်ကတိ ထားတော်မူ၏။ အနှစ်လေးရာ့သုံးဆယ်ကြာ မှပေါ်ပေါက်လာသည့်ပညတ်တရားသည် ထို ပဋိညာဉ်တော်ကိုမပယ်မဖျက်နိုင်။ ကတိ တော်ကိုလည်းမပယ်မဖျက်နိုင်။- အခန်းကိုကြည့်ပါ။Garrad Bible17 ငါ ဆို သည် ကား ဘု ရား သ ခင် တင် ရင် ချုပ် တော် မူ ပြီး သော ပ ဋိ ညာဉ် တော် ကို နောက် နှစ် ပေါင်း လေး ရာ သုံး ဆယ် ကြာ မှ ရောက် လာ သော ပ ညတ် တ ရား သည် မ ပယ် မ ဖျက်။ ထို က တိ တော် ကို အ ချည်း အ နှီး မ ဖြစ် စေ နိုင်။ အခန်းကိုကြည့်ပါ။Judson Bible17 ငါဆိုသည်ကား၊ ခရစ်တော်ကိုရည်မှတ်၍ ဘုရားသခင် တည်စေတော်မူနှင့်သော ပဋိညာဉ်တရားကို အနှစ်လေးရာသုံးဆယ်လွန်ပြီးမှ နောက်ဖြစ်သော ပညတ်တရားသည် မပယ်နိုင်။ ကတိတော်ကို အချည်းနှီးမဖြစ်စေနိုင်။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း17 ငါဆိုလိုသည်မှာ ဤသို့ဖြစ်၏။ နှစ်ပေါင်းလေးရာသုံးဆယ်လွန်ပြီးမှ ပေါ်လာသည့်ပညတ်တရားသည် ဘုရားသခင်ကြိုတင်ဖွဲ့ထားသောပဋိညာဉ်ကို မပယ်ဖျက်သကဲ့သို့ ကတိတော်ကိုလည်း မပျက်ပြယ်စေနိုင်ရာ။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း17 ကျွန်ုပ်ဆိုလိုသည်မှာ ဤသို့ဖြစ်၏။ ဘုရားသခင်သည် အာဗြဟံနှင့် ပဋိညာဉ်ဖွဲ့ပြီးလျှင် ၎င်းကို အကောင်အထည်ဖော်ရန် ကတိပြုတော်မူ၏။ နှစ်ပေါင်း လေးရာ့သုံးဆယ်ကြာပြီးမှ ပေါ်ပေါက်လာသော ပညတ်တရားသည် ထိုပဋိညာဉ်ကို မပယ်ဖျက်နိုင်သကဲ့သို့ ထိုကတိတော်ကိုလည်း မပျက်ပြယ်စေနိုင်ပေ။ အခန်းကိုကြည့်ပါ။ |
ခရစ်တော်အသေခံတော်မူခြင်းအားဖြင့် လူတို့သည်အပြစ်များမှပြေလွတ်နိုင်ကြ စေရန် ဘုရားသခင်သည်ထိုအရှင်ကိုပူဇော် သကာအဖြစ်သတ်မှတ်တော်မူ၏။ လူတို့သည် ခရစ်တော်ကိုယုံကြည်ခြင်းဖြင့်အပြစ်များ မှပြေလွတ်ခြင်းကိုခံစားရကြ၏။ ဘုရား သခင်သည်ခရစ်တော်ကိုပူဇော်သကာ အဖြစ်သတ်မှတ်တော်မူရခြင်းမှာ ကိုယ် တော်သည်ဖြောင့်မတ်တော်မူသောအရှင်ဖြစ် ကြောင်းကိုပြသရန်ဖြစ်၏။ ယခုခေတ် ကာလအထိဘုရားသခင်သည်စိတ်ရှည် သည်းခံတော်မူပြီးလျှင် လူတို့ကူးလွန်ခဲ့ သည့်အပြစ်များကိုအရေးယူတော်မမူ။ သို့ရာတွင်ယခုခေတ်ကာလ၌ကိုယ်တော် သည် မိမိ၏ဖြောင့်မတ်ခြင်းကိုပြသရန် လူတို့၏အပြစ်များကိုအရေးယူတော် မူ၏။ ဤနည်းအားဖြင့်ဘုရားသခင်သည် မိမိကိုယ်တိုင်ပင်ဖြောင့်မတ်တော်မူသော အရှင်ဖြစ်တော်မူကြောင်းကိုလည်းကောင်း၊ သခင်ယေရှုအားယုံကြည်သူအပေါင်းတို့ ကို မိမိနှင့်မှန်ကန်စွာဆက်ဆံစေတော်မူ ကြောင်းကိုလည်းကောင်းဖော်ပြတော်မူ၏။
ညီအစ်ကိုတို့၊ သင်တို့နေ့စဉ်တွေ့ကြုံနေ ကြအဖြစ်အပျက်များမှ ဥပမာတစ်ခု ကိုငါပေးအံ့။ လူတစ်ယောက်နှင့်တစ်ယောက် ကတိစာချုပ်ချုပ်ဆိုသောအခါ၌အချင်း ချင်းချုပ်ဆိုသောစာချုပ်မျှသာဖြစ်သော် လည်း ယင်းကိုသဘောတူချုပ်ဆိုပြီးသည် နှင့်တစ်ပြိုင်နက်စာချုပ်ပါကတိဝန်ခံ ချက်များကိုမည်သူမျှမပယ်ဖျက်၊ မဖြည့် စွက်နိုင်တော့ချေ။-
ဤသို့ဆိုရာ၌ပညတ်တရားနှင့်ဘုရား သခင်၏ကတိတော်တို့သည် ဆန့်ကျင်ဘက် ဖြစ်၍နေပါသလော။ အဘယ်နည်းနှင့်မျှ မဟုတ်။ အကယ်၍အသက်ရှင်စေနိုင်သည့် ပညတ်တရားကိုလူသားတို့ရရှိခဲ့ပါ လျှင် လူတိုင်းပင်ထိုပညတ်တရားကိုစောင့် ထိန်းခြင်းဖြင့်ဘုရားသခင်နှင့်မှန်ကန်စွာ ဆက်ဆံခွင့်ကိုရရှိနိုင်ကြမည်သာဖြစ်၏။-
ထိုစဉ်အခါကသင်တို့သည်ခရစ်တော်နှင့် ကင်းကွာလျက်နေခဲ့ကြ၏။ သင်တို့သည်လူမျိုး ခြားများဖြစ်၍ ဘုရားသခင်ရွေးချယ်တော်မူ သောလူစုတော်တွင်ပါဝင်ခွင့်မရကြ။ မိမိ၏ လူစုတော်အား ဘုရားသခင်ထားတော်မူသော ကတိတော်များပေါ်တွင်အခြေပြုသည့်ပဋိ ညာဉ်တရားနှင့်မသက်ဆိုင်ကြ။ ဤလောက တွင်မျှော်လင့်ရာမဲ့ဘုရားမဲ့ခဲ့ရ၏။-
ထိုသူအပေါင်းတို့သည်ယုံကြည်လျက် သေလွန်ကြကုန်၏။ သူတို့သည်ဘုရား သခင်ကတိထားတော်မူသောအရာ များကိုမခံစားကြရသော်လည်း အဝေး မှမြင်၍ကြိုဆိုကြ၏။ သူတို့သည်ကမ္ဘာ မြေကြီးပေါ်တွင်တစ်ကျွန်းတစ်နိုင်ငံသား၊ ဧည့်သည်အာဂန္တုများသာဖြစ်ကြောင်း ကိုပွင့်လင်းစွာဝန်ခံကြပေသည်။-