ယေရှုက “ယောန၏သားရှိမုန်… သင်သည်မင်္ဂလာရှိ၏။ သင်သည် ဤအရာကို လူ့အနေဖြင့်သိသည်မဟုတ်။ ကောင်းကင်ဘုံ၌ရှိတော်မူသော ငါ၏ ခမည်းတော်က ဖော်ပြတော်မူ၍ သိခြင်းဖြစ်၏။
ဂလာတိ 1:16 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် သားတော်၏ သတင်းကောင်းကို လူမျိုးခြားတို့ထံ ဟောပြောနိုင်ရန် အလိုတော်နှင့်အညီ ကျွန်ုပ်ကို သားတော်နှင့် သိကျွမ်းစေတော်မူ၏။ ထိုအခါ ကျွန်ုပ်သည် မည်သူ့ထံကမျှ အကြံဉာဏ်မတောင်းခဲ့။ Judson Bible သားတော်၏ ဧဝံဂေလိတရားကို တစ်ပါးအမျိုးသားတို့၌ ဟောပြောစေမည်အကြောင်း၊ မိမိအလိုတော် နှင့်အညီ သားတော်ကို ငါ့အား ပြတော်မူသောအခါ၊ ငါသည်အသွေးအသားနှင့် တိုင်ပင်ခြင်းကိုမပြု။- မြန်မာ့စံမီသမ္မာကျမ်း မိမိ၏သားတော်အကြောင်းကို လူမျိုးခြားတို့တွင်ဟောပြောစေရန်အတွက် ထိုသားတော်ကို ငါ့အားဖော်ပြရန် အလိုရှိတော်မူသောအခါ ငါသည် အသွေးအသားနှင့်တိုင်ပင်ခြင်းကိုမပြု။ |
ယေရှုက “ယောန၏သားရှိမုန်… သင်သည်မင်္ဂလာရှိ၏။ သင်သည် ဤအရာကို လူ့အနေဖြင့်သိသည်မဟုတ်။ ကောင်းကင်ဘုံ၌ရှိတော်မူသော ငါ၏ ခမည်းတော်က ဖော်ပြတော်မူ၍ သိခြင်းဖြစ်၏။
ဖြားယောင်းသွေးဆောင်ခြင်းထဲသို့ လိုက်ပါမသွားစေရန် သတိနှင့် စောင့်နေလျက် ဆုတောင်းကြလော့။ စိတ်ဝိညာဉ်သည် ဆန္ဒရှိသော်လည်း ကိုယ်ခန္ဓာမှာမူ အားနည်း၏” ဟု မိန့်တော်မူ၏။
ထိုအခါ သခင်ဘုရားက ‘သွားလော့။ ငါသည် သင့်ကို ရပ်ဝေးရှိလူမျိုးခြားတို့ထံသို့ စေလွှတ်မည်’ ဟူ၍ မိန့်တော်မူသည်” ဟု ပြောလေ၏။
ထို့နောက် ယေရှုသည် ခရစ်တော်ဖြစ်သည်ဟူသော သတင်းကောင်းကို ဗိမာန်တော်၌လည်းကောင်း၊ အိမ်များ၌လည်းကောင်း နေ့စဉ်မရပ်မနား ဟောပြောသွန်သင်ကြ၏။
သို့သော် သခင်ဘုရားက “သွားလော့။ ထိုသူသည် လူမျိုးခြားများ၊ ဘုရင်များနှင့် အစ္စရေးလူမျိုးတို့ရှေ့တွင် ငါ့အကြောင်းကို ပြောကြားရန် ငါရွေးကောက်ထားသော တန်ဆာပလာဖြစ်၏။
ထို့နောက် ချက်ချင်းပင် ရှောလုက “ယေရှုသည် ဘုရားသားတော်ဖြစ်ပေသည်” ဟူ၍ ဂျူးဝတ်ပြုဆောင်များတွင် ဟောပြောလေ၏။
ကျွန်ုပ်တို့သည် ထိုသားတော်အားဖြင့် တမန်တော်ဖြစ်ခြင်း အခွင့်ထူးကို ရရှိကြ၏။ ဤသည်မှာ ထိုသခင်၏ နာမတော်အတွက် ယုံကြည်ခြင်းကြောင့် ဖြစ်လာသော နာခံခြင်းအကြောင်းကို လူမျိုးခြားအပေါင်းတို့ထဲတွင် ဟောပြောရန် ဖြစ်၏။
လူမျိုးခြားဖြစ်သော သင်တို့ကို ကျွန်ုပ်ပြောမည်။ ကျွန်ုပ်သည် လူမျိုးခြားတို့၏ တမန်တော်ဖြစ်သည့်အလျောက် ထိုရာထူးကို ဂုဏ်ယူလျက်
ညီအစ်ကိုမောင်နှမတို့… ကျွန်ုပ်ဆိုလိုသည်မှာ အသွေးအသားဖြင့်ဖွဲ့စည်းထားသောလူ့ခန္ဓာသည် ဘုရားသခင်၏ နိုင်ငံတော်ကို အမွေမခံနိုင်ပေ။ ပုပ်ပျက်တတ်သောအရာသည် မပုပ်ပျက်နိုင်သောအဖြစ်ကို အမွေဆက်ခံနိုင်မည်မဟုတ်ပေ။
“အမှောင်ထဲမှ အလင်းထွန်းလင်းစေ” ဟု မိန့်တော်မူသော ဘုရားသခင်သည် ယေရှုခရစ်တော်၏ မျက်နှာတော်၌ ထွန်းလင်းသည့် မိမိဘုန်းတော်ကို သိနိုင်သောဉာဏ်အလင်းကို ကျွန်ုပ်တို့၏နှလုံးသားထဲ၌ ထွန်းလင်းစေတော်မူ၏။
ထို့ကြောင့် ယခုမှစ၍ ကျွန်ုပ်တို့သည် မည်သူ့ကိုမျှ လောကီရှုထောင့်မှ အကဲမဖြတ်ကြတော့ပေ။ တစ်ချိန်က ကျွန်ုပ်တို့သည် ခရစ်တော်ကို လောကီရှုထောင့်မှ အကဲဖြတ်ခဲ့ကြသော်လည်း ယခုတွင်မူ ထိုသို့အကဲမဖြတ်ကြတော့ပေ။
ထို့နောက် ဆယ့်လေးနှစ်ကြာသော် ကျွန်ုပ်သည် ဗာနဗနှင့်အတူ ဂျေရုဆလင်မြို့သို့ တစ်ဖန်သွား၏။ တိတုကိုလည်း ခေါ်သွား၏။
ဤအကြောင်းကြောင့် လူမျိုးခြား သင်တို့အတွက် ယေရှုခရစ်တော်၏ အကျဉ်းသား ဖြစ်သော ကျွန်ုပ်ပေါလုသည် ဘုရားသခင်ထံ ဆုတောင်း၏။
အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့သည် အသွေးအသား ရှိသောသူတို့နှင့် ရင်ဆိုင်တိုက်ခိုက်နေကြသည် မဟုတ်။ ကောင်းကင်အရပ်ရှိ ဝိညာဉ်ဆိုးများ၊ အမှောင်လောကကို အစိုးရသောမင်းများ၊ အုပ်ချုပ်သူများ၊ အာဏာရှိသူများနှင့် ရင်ဆိုင်တိုက်ခိုက်နေကြခြင်း ဖြစ်၏။
လူမျိုးခြားများ ကယ်တင်ခံရရန် ကျွန်ုပ်တို့ဟောပြောသည်ကို သူတို့တားမြစ်ကြ၏။ ဤသို့လုပ်ဆောင်ခြင်းဖြင့် သူတို့သည် မိမိတို့၏ အပြစ်များကို အစဉ်ပွားများစေကြ၏။ နောက်ဆုံးတွင် ဘုရားသခင်၏ အမျက်တော်သည် သူတို့အပေါ်သို့ သက်ရောက်လေ၏။
ထို့ကြောင့် လူမျိုးခြားတို့ကို ယုံကြည်ခြင်းနှင့် သမ္မာတရားအကြောင်း သင်ကြားရန် ကျွန်ုပ်သည် တရားဟောဆရာအဖြစ်လည်းကောင်း၊ တမန်တော်အဖြစ်လည်းကောင်း ခန့်အပ်ခံရ၏။ ထိုသို့ ဆိုသော် ကျွန်ုပ်သည် မလိမ်ညာဘဲ အမှန်အတိုင်းသာ ပြောဆိုခြင်းဖြစ်၏။
ဤသတင်းကောင်းအတွက် တရားဟောဆရာ၊ တမန်တော်နှင့် ဆရာအဖြစ် ကျွန်ုပ်ကို ခန့်ထားတော်မူပြီ။
ထိုသားသမီးတို့သည် အသွေးအသားရှိသဖြင့် ကိုယ်တော်သည် အသွေးအသားကို ခံယူတော်မူ၏။ ဤသို့ဖြင့် ကိုယ်တိုင်အသေခံ၍ သေခြင်းကို အစိုးရသော မာရ်နတ်၏တန်ခိုးကို ဖျက်ဆီးကာ