ထို့ကြောင့် ရိတ်သိမ်းသူများကို လယ်သို့ စေလွှတ်ပေးရန် လယ်ရှင်ထံ တောင်းလျှောက်ကြလော့” ဟု မိန့်တော်မူ၏။
၂ သက် 3:1 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ညီအစ်ကိုမောင်နှမတို့… နိဂုံးချုပ်အနေဖြင့် ကျွန်ုပ်မှာကြားလို၏။ သခင်ဘုရား၏ နှုတ်ကပတ်တရားတော်သည် အရပ်ရပ်သို့ လျင်မြန်စွာ ပြန့်ပွား၍ သင်တို့သည် ထိုနှုတ်ကပတ်တရားတော်ကို ရိုသေလက်ခံသကဲ့သို့ အခြားသူတို့လည်း ရိုသေလက်ခံရန် ဆုတောင်းပေးကြလော့။ Common Language Bible ညီအစ်ကိုတို့၊ နောက်ဆုံးအနေဖြင့်မှာကြား လို၏။ သခင်ဘုရား၏တရားတော်သည်သင် တို့ထံမှာကဲ့သို့အရပ်တကာတွင်လျင်မြန် စွာပျံ့နှံ့၍ ဘုန်းအသရေတော်ထွန်းတောက် နိုင်စေရန်ငါတို့အတွက်ဆုတောင်းကြလော့။- Garrad Bible အ ဆုံး စ ကား မှာ ညီ အစ် ကို တို့၊ အ ရှင် ဘု ရား၏ တ ရား တော် သည် သင် တို့၌ ကဲ့ သို့ တိုး ပွား၍ ဘုန်း ပွင့် စေ တော် မူ ပါ မည့် အ ကြောင်း၊ Judson Bible ကြွင်းသေးသော စကားဟူမူကား၊ ညီအစ်ကိုတို့၊ သခင်ဘုရား၏ နှုတ်ကပတ်တရားသည် သင်တို့တွင် နှံ့ပြား၍ ဘုန်းထင်ရှားခြင်းရှိသကဲ့သို့၊ အရပ်ရပ်တို့၌ ထင်ရှားမည်အကြောင်းနှင့်၊- မြန်မာ့စံမီသမ္မာကျမ်း နောက်ဆုံးအနေဖြင့်ဆိုရလျှင် ညီအစ်ကိုတို့၊ သခင်ဘုရား၏နှုတ်ကပတ်တော်သည် သင်တို့၌ဖြစ်သကဲ့သို့ လျင်မြန်စွာပျံ့နှံ့၍ ဘုန်းတော်ထင်ရှားမည့်အကြောင်းနှင့် |
ထို့ကြောင့် ရိတ်သိမ်းသူများကို လယ်သို့ စေလွှတ်ပေးရန် လယ်ရှင်ထံ တောင်းလျှောက်ကြလော့” ဟု မိန့်တော်မူ၏။
ထိုသူတို့အား ညွှန်ကြားတော်မူသည်မှာ “ရိတ်သိမ်းရန် စပါးများစွာ ရှိသော်လည်း ရိတ်သိမ်းသူတို့သည် နည်းလှ၏။ ထို့ကြောင့် ရိတ်သိမ်းသူများကို လယ်သို့ စေလွှတ်ပေးရန် လယ်ရှင်ထံ တောင်းလျှောက်ကြလော့။
ထိုသို့ဖြင့် သခင်ဘုရား၏နှုတ်ကပတ်တရားတော်သည် တန်ခိုးအာဏာတော်နှင့်ကြီးထွား၍ ပျံ့နှံ့လွှမ်းမိုးလေ၏။
ဘုရားသခင်၏နှုတ်ကပတ်တရားတော်သည် ဆက်လက်ပြန့်ပွားသဖြင့် တပည့်တော်တို့၏အရေအတွက်သည် ဂျေရုဆလင်မြို့၌ အလွန်တိုးပွား၍ ယဇ်ပုရောဟိတ်အများအပြားသည်လည်း ယုံကြည်သက်ဝင်ကြ၏။
ညီအစ်ကိုမောင်နှမတို့… သန့်ရှင်းသောဝိညာဉ်တော်၏ မေတ္တာတော်နှင့် သခင်ယေရှုခရစ်တော်အားဖြင့် ဘုရားသခင်ထံ ကျွန်ုပ်အတွက် ကျွန်ုပ်နှင့်အတူ ဆုတောင်းကြရန် သင်တို့အား တိုက်တွန်းနှိုးဆော်ပါ၏။
ဤမြို့တွင် ထိရောက်စွာ အမှုတော်ဆောင်နိုင်ရန်အတွက် အခွင့်အရေးတံခါးကြီးသည် ပွင့်လျက်ရှိ၏။ ကျွန်ုပ်ကို ဆန့်ကျင်သောသူများလည်း ရှိကြ၏။
သင်တို့သည်လည်း ကျွန်ုပ်တို့ကို ဆုတောင်းခြင်းဖြင့် ကူညီနေကြသည် ဖြစ်၍ လူများစွာတို့၏ ဆုတောင်းခြင်းကို ဘုရားသခင် အဖြေပေးတော်မူလိမ့်မည်။ ထို့ကြောင့် လူများစွာတို့သည် ကျွန်ုပ်တို့ ခံစားရသောဆုကျေးဇူးများကို ထောက်၍ ကျွန်ုပ်တို့အတွက် ဘုရားသခင်ကို ကျေးဇူးတင်ကြလိမ့်မည်။
နိဂုံးချုပ်စကားဆိုရလျှင် ညီအစ်ကိုမောင်နှမတို့… ဝမ်းမြောက်ကြလော့။ သင်တို့၌ အပြစ်ဆိုဖွယ်မရှိသည်အထိ ဘုရားသခင်က ပြုပြင်ပေးတော်မူရန် အခွင့်ပေးကြလော့။ ကျွန်ုပ်၏ နှိုးဆော်ချက်ကို နားထောင်ကြလော့။ တစ်စိတ်တစ်ဝမ်းတည်းရှိလျက် သင့်မြတ်စွာနေကြလော့။ မေတ္တာတရားနှင့် ငြိမ်းချမ်းခြင်းတို့၏ အရှင်ဖြစ်တော်မူသော ဘုရားသခင်သည် သင်တို့နှင့်အတူ ရှိတော်မူလိမ့်မည်။
ကျွန်ုပ်တို့အတွက်လည်း ဆုတောင်းပေးကြလော့။ သို့မှသာ ခရစ်တော်၏ လျှို့ဝှက်နက်နဲသော တရားတော်ကို ကျွန်ုပ်တို့ဟောပြောနိုင်ရန် ဘုရားသခင်သည် အခွင့်အလမ်း ပေးတော်မူလိမ့်မည်။ ထိုတရားတော်ကို ဟောသောကြောင့် ယခု ကျွန်ုပ်အကျဉ်းချခံရ၏။
ကျွန်ုပ်တို့သည် သတင်းကောင်းကို စကားသက်သက်ဖြင့် မဟောပြောဘဲ သန့်ရှင်းသောဝိညာဉ်တော်၏ တန်ခိုးတော်ဖြင့်လည်းကောင်း၊ ယုံကြည်စိတ်ချမှုအပြည့်ဖြင့်လည်းကောင်း သင်တို့ထံ ဟောပြောကြ၏။ ကျွန်ုပ်သည် သင်တို့နှင့်အတူ ရှိစဉ်အခါက သင်တို့အကျိုးကို ထောက်၍ မည်သို့ နေထိုင်ခဲ့ကြောင်း သင်တို့အသိပင် ဖြစ်၏။
အဘယ်ကြောင့်ဆိုသော် သခင်ဘုရား၏ သတင်းကောင်းသည် သင်တို့ထံမှ မာကေဒေါနိပြည်၊ အခါယပြည်သို့ ပျံ့သွားသည်သာမက ဘုရားသခင်ကို သင်တို့ယုံကြည်သည့်အကြောင်းသည်လည်း နေရာတိုင်းသို့ ပျံ့နှံ့သွားသောကြောင့် ဖြစ်၏။ ထို့ကြောင့် သင်တို့ယုံကြည်သည့်အကြောင်းနှင့် ပတ်သက်၍ မည်သည့်အရာမျှ ကျွန်ုပ်တို့ပြောစရာမရှိ။
ညီအစ်ကိုမောင်နှမတို့… သင်တို့ထံ ကျွန်ုပ်တို့ရောက်လာခဲ့ခြင်းသည် အချည်းနှီးမဖြစ်ခဲ့ကြောင်း သင်တို့ကိုယ်တိုင်သိကြ၏။
သင်တို့သည် ကျွန်ုပ်တို့ထံမှ ကြားနာသော ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို လူ့စကားအဖြစ် မဟုတ်ဘဲ ဘုရားသခင်၏ နှုတ်ကပတ်တော်အဖြစ် လက်ခံသောကြောင့် ဘုရားသခင်ကို ကျွန်ုပ်တို့ အစဉ်အမြဲကျေးဇူးတင်ကြ၏။ ထိုနှုတ်ကပတ်တော်သည် အမှန်ပင်လည်း ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြစ်၍ ခရစ်တော်ကို ယုံကြည်သောသင်တို့အထဲတွင် သက်ဝင်လှုပ်ရှားတော်မူ၏။
ညီအစ်ကိုမောင်နှမတို့… သင်တို့သည် ဘုရားသခင်နှစ်သက်တော်မူရန် မည်သို့ ပြုမူနေထိုင်ရမည်ကို ကျွန်ုပ်တို့သွန်သင်ခဲ့သည့်အတိုင်း ပြုမူနေထိုင်လျက်ရှိ၏။ ယခုတွင် ကျွန်ုပ်တို့သည် သခင်ယေရှုနှင့် တပေါင်းတစည်းတည်းဖြစ်သောကြောင့် ထိုသို့ ပို၍ပြုမူနေထိုင်ကြရန် တောင်းပန်လျက် တိုက်တွန်းနှိုးဆော်လို၏။
ဤသတင်းကောင်းကြောင့် ကျွန်ုပ်သည် ရာဇဝတ်သားတစ်ယောက်ကဲ့သို့ပင် အကျဉ်းချခံ၍ ဆင်းရဲဒုက္ခခံခဲ့ရသော်လည်း ဘုရားသခင်၏နှုတ်ကပတ်တော်ကိုမူ အကျဉ်းချ၍ မရ။