Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ သက် 1:8 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

8 အဘယ်ကြောင့်ဆိုသော် သခင်ဘုရား​၏ သတင်းကောင်း​သည် သင်တို့​ထံမှ မာကေဒေါနိပြည်၊ အခါယပြည်​သို့ ပျံ့သွားသည်​သာမက ဘုရားသခင်​ကို သင်တို့​ယုံကြည်သည့်​အကြောင်း​သည်လည်း နေရာတိုင်း​သို့ ပျံ့နှံ့သွား​သောကြောင့် ဖြစ်၏။ ထို့ကြောင့် သင်တို့​ယုံကြည်သည့်​အကြောင်း​နှင့် ပတ်သက်၍ မည်သည့်​အရာမျှ ကျွန်ုပ်တို့​ပြောစရာ​မရှိ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

8 အ​ဘယ်​ကြောင့်​ဆို​သော်​သင်​တို့​၏​ပြု​မူ​ကျင့် ကြံ​မှု​ကြောင့်​သ​ခင်​ဘု​ရား​၏​တ​ရား​တော်​သည် မာ​ကေ​ဒေါ​နိ​ပြည်​နှင့်​အ​ခါ​ယ​ပြည်​တို့​တွင် ပျံ့​နှံ့​သွား​သည်​သာ​မ​က ဘု​ရား​သ​ခင်​အား သင်​တို့​ယုံ​ကြည်​ခြင်း​သ​တင်း​သည်​အ​ရပ် တ​ကာ​သို့​ရောက်​ရှိ​သွား​ပေ​သည်။ သို့​ဖြစ်​၍ ငါ​တို့​ပြော​ဆို​ရန်​မ​လို​တော့​ချေ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

8 အ ရှင် ဘု ရား၏ တ ရား တော် သည် သင် တို့ ထံ မှ ပဲ့ တင် ခတ် သည့် အ လျောက် မာ ကေ ဒေါ နိ ပြည်၊ အ ခါ ယ ပြည် များ သို့ သာ မ က အ ရပ် ရပ် သို့ ဘု ရား သ ခင် အား သင် တို့ ယုံ ကြည် ခြင်း သ တင်း ရောက် ရှိ သ ဖြင့် ငါ တို့ ပြော ဆို ရန် မ လို တော့ ချေ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

8 အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ သင်​တို့​ထံ​က၊ သ​ခင်​ဘု​ရား၏ နှုတ်​က​ပတ်​တ​ရား​တော်​အ​သံ​သည်၊ မာ​ကေ​ဒေါ​နိ​ပြည်၊ အ​ခါ​ယ​ပြည်၌ ကျော်​စော​သည်​သာ​မ​က၊ ဘု​ရား​သ​ခင်​ကို သင်​တို့ ယုံ​ကြည်​ခြင်း၏ သ​တင်း​သည် အ​ရပ်​ရပ်​တို့၌ နှံ့​ပြား​လေ၏။ သို့​ဖြစ်၍ ငါ​တို့​သည် တစ်​စုံ​တစ်​ခု​ကို​မျှ ပြော​စ​ရာ​အ​ကြောင်း​မ​ရှိ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

8 အဘယ်ကြောင့်​ဆိုသော် သခင်​ဘုရား​၏​နှုတ်ကပတ်​တရား​သည် သင်​တို့​ထံမှ မာကေဒေါနိ​ပြည်​နှင့်​အခါယ​ပြည်​သို့ ပဲ့တင်ထပ်​သွား​ခဲ့​သည်​သာမက ဘုရားသခင်​အပေါ်​၌​ရှိ​သော သင်​တို့​၏​ယုံကြည်​ခြင်း​အကြောင်း​သည်​လည်း နေရာ​အနှံ့​သို့ ပျံ့နှံ့​လေ​ပြီ​ဖြစ်​သောကြောင့် ငါ​တို့​၌​ပြော​စရာ​တစ်စုံတစ်ခု​မျှ​မ​ရှိ။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ သက် 1:8
20 ပူးပေါင်းရင်းမြစ်များ  

သို့သော် ဂါလျန်မင်း​သည် အခါယပြည်​၏​မြို့ဝန်မင်း​ဖြစ်​သောအခါ ဂျူးတို့​သည် ပေါလု​ကို ပူးပေါင်း​ဆန့်ကျင်​၍ တရားခွင်​သို့ ခေါ်ဆောင်သွားကြ၏။


သင်တို့​၏​ယုံကြည်ခြင်း​သတင်း​သည် ကမ္ဘာ​တစ်ဝန်းလုံး​သို့ ပျံ့နှံ့​လျက်​ရှိ​သဖြင့် ယေရှု​ခရစ်တော်​ပြုခဲ့သော​အမှု​ကို အကြောင်းပြု​၍ သင်တို့​အားလုံး​အတွက် ကျွန်ုပ်​၏​ဘုရားသခင်​ကို ဦးစွာ​ကျေးဇူးတင်ပါ၏။


အဘယ်ကြောင့်ဆိုသော် မာကေဒေါနိပြည်​နှင့် အခါယပြည်​ရှိ ယုံကြည်သောသူများ​က မိမိတို့​၏​ငွေများ​ကို ဂျေရုဆလင်မြို့​ရှိ ယုံကြည်သူများ​ထဲမှ ဆင်းရဲသော​သူတို့​အား စေတနာ​ထက်သန်​စွာ လှူဒါန်း​လို​သောကြောင့် ဖြစ်၏။


ဘုရားသခင်​ကို သင်တို့​နာခံကြောင်း လူတိုင်း​သိကြ​သဖြင့် ကျွန်ုပ်​ဝမ်းမြောက်၏။ သင်တို့​သည် ကောင်းမှု​နှင့်​ပတ်သက်​လျှင် ပညာသတိ​ရှိ​၍ မကောင်းမှု​နှင့်​ပတ်သက်​လျှင် အပြစ်ကင်းကြ​ရန် ကျွန်ုပ်​အလိုရှိ၏။


ဘုရားသခင်​၏ နှုတ်ကပတ်တော်​သည် သင်တို့​ထံမှ ထွက်လာ​သလော။ သင်တို့​အတွက်​သာ ပေးထား​သလော။


သို့သော် ဘုရားသခင်​ကို ကျေးဇူးတင်ပါ၏။ ကိုယ်တော်​သည် ကျွန်ုပ်တို့​ကို သုံ့ပန်းများ​အဖြစ် သတ်မှတ်​ပြီး ခရစ်တော်​၏​အောင်ပွဲခံ​အခမ်းအနား လှည့်လည်ရာ​တွင် လိုက်ပါစေတော်မူ၏။ ခရစ်တော်​ကို သိကျွမ်းခြင်း​၏ မွှေးရနံ့​ကိုလည်း ကျွန်ုပ်တို့​အားဖြင့် အရပ်ရပ်တို့​၌ ပျံ့နှံ့စေတော်မူ၏။


ကျွန်ုပ်တို့​သည် ခရစ်တော်​အားဖြင့် ဘုရားသခင်​ရှေ့တော်​၌ ထိုသို့သော​စိတ်ချ​ယုံကြည်မှု​ရှိကြ၏။


ခရစ်တော်​၏ တရားတော်​ကို သင်တို့​အထဲ​၌ ပြည့်ပြည့်ဝဝ​တည်စေကြလော့။ တစ်ဦး​ကို​တစ်ဦး ဉာဏ်ပညာ​အမျိုးမျိုး​ဖြင့် သွန်သင်​၍ သတိပေး​ဆုံးမကြလော့။ ကျေးဇူးတင်သော​စိတ်​နှင့် ဆာလံ​သီချင်းများ၊ ဓမ္မ​သီချင်းများ၊ ဝိညာဉ်​ရေးရာ​သီချင်းများ​ကို ဘုရားသခင်​ထံ လှိုက်လှိုက်လှဲလှဲ​သီဆိုကြလော့။


ထို့ကြောင့် သင်တို့​သည် ညှဉ်းပန်းနှိပ်စက်ခြင်း​နှင့် ဆင်းရဲဒုက္ခ​အားလုံး​ကြားက​ပင် သည်းခံ​၍ ယုံကြည်​သဖြင့် ဘုရားသခင်​၏ အသင်းတော်များ​အလယ်​၌ သင်တို့​အကြောင်း ကျွန်ုပ်တို့​ကိုယ်တိုင် ဂုဏ်ယူ​ဝင့်ကြွားကြ၏။


ညီအစ်ကို​မောင်နှမတို့… နိဂုံးချုပ်​အနေဖြင့် ကျွန်ုပ်​မှာကြားလို၏။ သခင်ဘုရား​၏ နှုတ်ကပတ်​တရားတော်​သည် အရပ်ရပ်​သို့ လျင်မြန်​စွာ ပြန့်ပွား​၍ သင်တို့​သည် ထို​နှုတ်ကပတ်​တရားတော်​ကို ရိုသေ​လက်ခံ​သကဲ့သို့ အခြားသူတို့​လည်း ရိုသေ​လက်ခံ​ရန် ဆုတောင်းပေးကြလော့။


ကိုးကွယ်သည့်​နေရာ​တိုင်း​၌ အမျိုးသားတို့​သည် အမျက်ထွက်ခြင်း၊ ငြင်းခုံခြင်း မရှိဘဲ သန့်ရှင်း​စွာ နေထိုင်​၍ မိမိတို့​၏ လက်​ကို မြှောက်​လျက် ဆုတောင်းကြ​ရန် ကျွန်ုပ်​အလိုရှိ၏။


ဤ​သတင်းကောင်း​ကြောင့် ကျွန်ုပ်​သည် ရာဇဝတ်သား​တစ်ယောက်​ကဲ့သို့​ပင် အကျဉ်းချ​ခံ​၍ ဆင်းရဲဒုက္ခ​ခံခဲ့ရ​သော်လည်း ဘုရားသခင်​၏​နှုတ်ကပတ်တော်​ကိုမူ အကျဉ်းချ​၍ မရ။


ဒေမေတရိ​၏ ကောင်းကြောင်း​ကို လူတိုင်း​သာမက သမ္မာတရား​ကိုယ်တိုင်​က သက်သေခံ၏။ ကျွန်ုပ်တို့​သည်လည်း သက်သေခံကြ၏။ ကျွန်ုပ်တို့​၏ သက်သေခံချက် မှန်ကန်ကြောင်း သင်​သိ၏။


ထို့နောက် ကောင်းကင်တမန်​တစ်ပါး​သည် ကမ္ဘာ​လောက​၌ နေထိုင်ကြသောသူများ​ဟူသော တိုင်းနိုင်ငံ​အသီးသီး၊ မျိုးနွယ်စု​အသီးသီး၊ ဘာသာစကား​အသီးသီး​ပြောသည့်​သူများ​နှင့် လူမျိုး​အသီးသီးတို့​အား ထာဝရ​သတင်းကောင်း​ကို ဟောပြော​ရန် ကောင်းကင်​အလယ်​၌ ပျံသန်း​နေသည်​ကို ကျွန်ုပ်​မြင်ရ၏။


ဝိညာဉ်တော်​နှင့် သတို့သမီးတို့​က “ကြွပါ” ဟု ဖိတ်ခေါ်ကြ၏။ ကြားသောသူ​တိုင်း​ကလည်း “ကြွပါ” ဟု ဖိတ်ခေါ်​ပါစေ။ ရေငတ်သောသူ​သည် လာပါစေ။ အလိုရှိသောသူ​သည် အသက်ရေ​ကို အခမဲ့ ယူပါစေ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ