၁ သက် 2:1 - ခေတ်သစ်မြန်မာ သမ္မာကျမ်း1 ညီအစ်ကိုမောင်နှမတို့… သင်တို့ထံ ကျွန်ုပ်တို့ရောက်လာခဲ့ခြင်းသည် အချည်းနှီးမဖြစ်ခဲ့ကြောင်း သင်တို့ကိုယ်တိုင်သိကြ၏။ အခန်းကိုကြည့်ပါ။Common Language Bible1 ညီအစ်ကိုတို့၊ သင်တို့ထံသို့ငါလာခဲ့ခြင်း သည်အချည်းနှီးမဖြစ်ကြောင်း သင်တို့ကိုယ် တိုင်သိကြ၏။- အခန်းကိုကြည့်ပါ။Garrad Bible1 ညီ အစ် ကို တို့၊ သင် တို့ အ တွင်း ငါ တို့ ဝင် ရောက် ကြ သည် မှာ လွယ် လင့် တ ကူ မ ဟုတ်။ သင် တို့ သိ ကြ သည့် အ တိုင်း၊ အခန်းကိုကြည့်ပါ။Judson Bible1 ညီအစ်ကိုတို့၊ ငါတို့သည် သင်တို့အထဲသို့ ဝင်ခြင်းအမှုသည် အချည်းနှီးမဖြစ်ကြောင်းကို သင်တို့သည် ကိုယ်တိုင်သိကြ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း1 ညီအစ်ကိုတို့၊ သင်တို့ထံသို့ ငါတို့ရောက်ရှိလာခြင်းသည် အချည်းနှီးမဖြစ်ကြောင်း သင်တို့ကိုယ်တိုင်သိကြ၏။ အခန်းကိုကြည့်ပါ။ |
သင်တို့သည် ကျွန်ုပ်တို့ထံမှ ကြားနာသော ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို လူ့စကားအဖြစ် မဟုတ်ဘဲ ဘုရားသခင်၏ နှုတ်ကပတ်တော်အဖြစ် လက်ခံသောကြောင့် ဘုရားသခင်ကို ကျွန်ုပ်တို့ အစဉ်အမြဲကျေးဇူးတင်ကြ၏။ ထိုနှုတ်ကပတ်တော်သည် အမှန်ပင်လည်း ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြစ်၍ ခရစ်တော်ကို ယုံကြည်သောသင်တို့အထဲတွင် သက်ဝင်လှုပ်ရှားတော်မူ၏။
ထိုအကြောင်းကြောင့် ကျွန်ုပ်တို့သည် ဆက်လက်သည်းမခံနိုင်တော့ဘဲ သင်တို့၏ ယုံကြည်ခြင်း ခိုင်မြဲဆဲရှိသည် မရှိသည်ကို သိရန် တိမောသေကို စေလွှတ်ခြင်းဖြစ်၏။ ဖြားယောင်းသွေးဆောင်သူသည် သင်တို့ကို တစ်နည်းတစ်ဖုံ သွေးဆောင်သဖြင့် ကျွန်ုပ်တို့ လုပ်ဆောင်ခဲ့ခြင်းသည် အချည်းနှီးဖြစ်သွားမည်ကို ကျွန်ုပ်စိတ်ပူ၏။
ဤသို့သွားသည်မှာ ဘုရားသခင်၏ ဗျာဒိတ်တော်အရ သွားခြင်းဖြစ်၏။ ထိုမြို့၌ ရှိစဉ် ခေါင်းဆောင်ဖြစ်သူများနှင့် သီးသန့်တွေ့ဆုံစည်းဝေးကာ လူမျိုးခြားတို့အား ဟောပြောခဲ့သောသတင်းကောင်းနှင့် ပတ်သက်၍ သူတို့ထံ တင်ပြခဲ့၏။ ဤသို့ တင်ပြရခြင်းမှာ ကျွန်ုပ်ကြိုးစားအားထုတ်ခဲ့ရသောအရာနှင့် ကြိုးစားအားထုတ်နေသောအရာတို့ကို အချည်းနှီး မဖြစ်စေလိုသောကြောင့် ဖြစ်၏။
သို့ရာတွင် ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ကျွန်ုပ်သည် တမန်တော်ဖြစ်လာခဲ့၏။ ကျွန်ုပ်အပေါ် ထားရှိသော ကိုယ်တော်၏ ကျေးဇူးတော်သည်လည်း အချည်းနှီးမဖြစ်ဘဲ ကျွန်ုပ်သည် အခြားတမန်တော်များထက် သာ၍ လုပ်ဆောင်ရ၏။ ထိုသို့ လုပ်ဆောင်နိုင်ခြင်းမှာ ကျွန်ုပ်ကြောင့်မဟုတ်ဘဲ ကျွန်ုပ်နှင့်အတူ လုပ်ဆောင်သောဘုရားသခင်၏ ကျေးဇူးတော်ကြောင့်သာဖြစ်၏။