Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ကော 1:11 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

11 သင်တို့​သည်လည်း ကျွန်ုပ်တို့​ကို ဆုတောင်းခြင်း​ဖြင့် ကူညီနေကြသည် ဖြစ်​၍ လူများစွာတို့​၏ ဆုတောင်းခြင်း​ကို ဘုရားသခင် အဖြေ​ပေးတော်မူ​လိမ့်မည်။ ထို့ကြောင့် လူများစွာတို့​သည် ကျွန်ုပ်တို့ ခံစားရသော​ဆုကျေးဇူးများ​ကို ထောက်​၍ ကျွန်ုပ်တို့​အတွက် ဘုရားသခင်​ကို ကျေးဇူးတင်ကြ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

11 သင်​တို့​သည်​ကူ​ညီ၍ ငါ​တို့​အ​ဖို့ ဆု​တောင်း​လျှင်၊ နောက်၌​လည်း ကယ်​လွှတ်​တော်​မူ​လ​တ္တံ့​ဟု ငါ​တို့​သည် ယုံ​ကြည်​မျှော်​လင့်​ခြင်း​ရှိ၏၊ ထို​သို့​ဖြစ်​လျှင် အ​များ​သော​သူ​တို့​သည် ကူ​ညီ​သော​အား​ဖြင့် ငါ​တို့၌ ရောက်​သော ကျေး​ဇူး​ကို အ​များ​သော​သူ​တို့​သည်​ထောက်၍ ငါ​တို့​အ​တွက် ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ကြ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

11 သင်​တို့​သည်​လည်း ဆုတောင်း​ခြင်း​အားဖြင့် ငါ​တို့​ကို​ကူညီ​ဆောင်ရွက်​ပေး​ကြ​သည်​ဖြစ်၍ များစွာ​သော​သူ​တို့​၏​ဆုတောင်း​ခြင်း​အားဖြင့် ငါ​တို့​ခံစား​ရ​သော​ဆု​ကျေးဇူး​အတွက် များစွာ​သော​သူ​တို့​သည် ငါ​တို့​ကိုယ်စား ကျေးဇူး​တော်​ချီးမွမ်း​ကြ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ကော 1:11
15 ပူးပေါင်းရင်းမြစ်များ  

ထိုသို့ ပေတရု​သည် ထောင်​ထဲတွင်​ရှိ​နေစဉ် အသင်းတော်​သည် သူ့​အတွက် ဘုရားသခင်​ထံ စိတ်အားပြင်းပြ​စွာ ဆုတောင်းလေ၏။


ဤ​အခြင်းအရာ​အားလုံး​သည် သင်တို့​အကျိုး​အတွက်​ဖြစ်၏။ ဤသည်​မှာ ဘုရားသခင်​၏ ကျေးဇူးတော်​ကို ခံစားရသောသူ ပို၍​များလာသည်​နှင့်အမျှ ဘုရားသခင်​၏ ဘုန်းတော်​ထင်ရှား​ရန် ကျေးဇူးတော်​ချီးမွမ်းခြင်း​သည်လည်း ပို၍ များလာ​ရန်​ဖြစ်၏။


သင်တို့​အား ဘုရားသခင် ပေးသနားတော်မူသည့် သာလွန်ထူးကဲသော​ကျေးဇူးတော်​ကြောင့် သူတို့​သည် သင်တို့​ကို ချစ်ခင်​လျက် သင်တို့​အတွက် ဆုတောင်းပေးကြ​လိမ့်မည်။


အဘယ်ကြောင့်ဆိုသော် သင်တို့​၏ ဆုတောင်းခြင်း​နှင့် ယေရှု​ခရစ်တော်​၏ ဝိညာဉ်တော်​ကူညီမစခြင်းတို့​ဖြင့် ဤ​အခြေအနေ​မှ ကျွန်ုပ်​လွတ်မြောက်မည်​ကို သိ​သောကြောင့် ဖြစ်၏။


ကျွန်ုပ်တို့​အတွက်​လည်း ဆုတောင်းပေးကြလော့။ သို့မှသာ ခရစ်တော်​၏ လျှို့ဝှက်နက်နဲသော တရားတော်​ကို ကျွန်ုပ်တို့​ဟောပြော​နိုင်ရန် ဘုရားသခင်​သည် အခွင့်အလမ်း ပေးတော်မူ​လိမ့်မည်။ ထို​တရားတော်​ကို ဟော​သောကြောင့် ယခု ကျွန်ုပ်​အကျဉ်းချခံရ၏။


ညီအစ်ကို​မောင်နှမတို့… ကျွန်ုပ်တို့​အတွက် ဆုတောင်းပေးကြလော့။


ညီအစ်ကို​မောင်နှမတို့… နိဂုံးချုပ်​အနေဖြင့် ကျွန်ုပ်​မှာကြားလို၏။ သခင်ဘုရား​၏ နှုတ်ကပတ်​တရားတော်​သည် အရပ်ရပ်​သို့ လျင်မြန်​စွာ ပြန့်ပွား​၍ သင်တို့​သည် ထို​နှုတ်ကပတ်​တရားတော်​ကို ရိုသေ​လက်ခံ​သကဲ့သို့ အခြားသူတို့​လည်း ရိုသေ​လက်ခံ​ရန် ဆုတောင်းပေးကြလော့။


ထို့ပြင် ကျွန်ုပ်​အတွက် တည်းခိုစရာ​နေရာ​ကိုလည်း ပြင်ဆင်ထားလော့။ အဘယ်ကြောင့်ဆိုသော် သင်​၏ ဆုတောင်းခြင်း​အားဖြင့် ဘုရားသခင်​သည် ကျွန်ုပ်​ကို သင်တို့​ထံ ပြန်လည်​ရောက်ရှိ​စေတော်မူမည်​ဟု ကျွန်ုပ်​မျှော်လင့်​သောကြောင့်​ဖြစ်၏။


ကျွန်ုပ်တို့​အတွက် ဆုတောင်းပေးကြလော့။ ကျွန်ုပ်တို့​သည် မိမိကိုယ်ကိုယ်​လိပ်ပြာသန့်​ကြောင်း စိတ်ချ​ပြီး အရာရာ​တိုင်း​တွင် ကောင်းမွန်​စွာ ပြုမူ​နေထိုင်​လိုစိတ်​ရှိကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ