ထိုသို့ အငှားသိုးထိန်း ထွက်ပြေးရခြင်းမှာ သူသည် အခကြေးငွေအတွက်သာ လုပ်ဆောင်တတ်ပြီး သိုးတို့ကို ဂရုမစိုက်သောကြောင့် ဖြစ်၏။
၁ ကော 7:34 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ကြောင့် သူသည် စိတ်နှစ်ခွဖြစ်နေတတ်၏။ ထိုနည်းတူ အိမ်ထောင်မရှိသောအမျိုးသမီး၊ သို့မဟုတ် အပျိုစင်သည် ခန္ဓာနှင့် စိတ်နှစ်ခုလုံး သန့်ရှင်းစေရန် သခင်ဘုရား၏ အမှုတော်ကို ဂရုစိုက်တတ်၏။ သို့သော် အိမ်ထောင်ရှိသောအမျိုးသမီးမှာမူ မိမိခင်ပွန်းအား မည်သို့ နှစ်သက်စေရမည်ကို တွေးတောလျက် လောကီဆိုင်ရာဝတ္တရားများကို ဂရုစိုက်တတ်၏။ Common Language Bible ထို့ကြောင့်သူသည်စိတ်နှစ်ခွဖြစ်၍နေ၏။ အိမ် ထောင်မဲ့အမျိုးသမီးသို့မဟုတ်အပျိုဖြစ်သူ သည်သခင်ဘုရားအား မိမိ၏ကိုယ်ခန္ဓာနှင့် စိတ်ဝိညာဉ်ကိုပါဆက်ကပ်လိုသဖြင့် သခင် ဘုရား၏အမှုတော်ကိုအလေးအနက်ထား တတ်၏။ သို့ရာတွင်အိမ်ထောင်ရှင်အမျိုးသမီး မူကား မိမိခင်ပွန်းနှစ်သက်စေရန်စိတ်ဆန္ဒ ရှိသဖြင့်လောကီမှုရေးကိုအလေးအနက် ထားတတ်၏။ Garrad Bible ထို နည်း တူ လင် မ ရှိ သော မိန်း မ နှင့် သ မီး က ညာ တို့ သည် ကိုယ် စိတ် နှစ် ပါး သန့် ရှင်း စေ ရန် အ ရှင် ဘု ရား ဆိုင် ရာ အ မှု အ ရေး များ ကို သာ ကြောင့် ကြ တတ်၏။ လင် ရှိ သော မိန်း မ မူ ကား လင့် စိတ် နှင့် တွေ့ စေ ရန် ဤ လော က ဆိုင် ရာ အ မှု အ ရေး များ ကို လည်း ကြောင့် ကြ တတ် ကြ ၏။ Judson Bible ထိုနည်းတူ၊ ခင်ပွန်းမရှိသောမိန်းမနှင့် ခင်ပွန်းရှိသော မိန်းမသည် ခြားနားခြင်းရှိ၏။ ခင်ပွန်းမရှိသော မိန်းမသည် ကိုယ်ခန္ဓာစိတ်ဝိညာဉ်နှစ်ပါးကို သန့်ရှင်းစေခြင်းငှာ သခင်ဘုရား၏အမှုကိုသာ သတိထားတတ်၏။ ခင်ပွန်းရှိသောမိန်းမမူကား၊ မိမိခင်ပွန်း၏စိတ်နှင့် တွေ့စေခြင်းငှာ လောကီအမှုကို သတိထားတတ်၏။- မြန်မာ့စံမီသမ္မာကျမ်း သူ၏စိတ်အာရုံသည် ထွေပြားတတ်၏။ အိမ်ထောင်မရှိသောအမျိုးသမီးနှင့်အပျိုကညာတို့သည် ကိုယ်ခန္ဓာနှင့်စိတ်ဝိညာဉ်နှစ်ဖြာစလုံးသန့်ရှင်းစေရန် သခင်ဘုရား၏အမှုတို့ကိုဂရုစိုက်တတ်၏။ အိမ်ထောင်ရှိသောအမျိုးသမီးမူကား မိမိလင်ယောက်ျားကို မည်ကဲ့သို့နှစ်သက်စေရမည်ဟူသော လောကီအမှုတို့ကိုဂရုစိုက်တတ်၏။ |
ထိုသို့ အငှားသိုးထိန်း ထွက်ပြေးရခြင်းမှာ သူသည် အခကြေးငွေအတွက်သာ လုပ်ဆောင်တတ်ပြီး သိုးတို့ကို ဂရုမစိုက်သောကြောင့် ဖြစ်၏။
သင်တို့၏ ကိုယ်ခန္ဓာအစိတ်အပိုင်းများကို ဒုစရိုက်လက်နက်အဖြစ် အပြစ်တရားအား မဆက်သကြနှင့်။ ထိုသို့ပြုမည့်အစား သင်တို့သည် သေရာမှ ပြန်ရှင်လာသောသူများဖြစ်ကြသောကြောင့် မိမိကိုယ်မိမိ ဘုရားသခင်ထံသို့ ဆက်သကြလော့။ သို့ဖြစ်၍ သင်တို့၏ ကိုယ်ခန္ဓာအစိတ်အပိုင်းများကို ဘုရားသခင်၏ ဘုန်းတော်အတွက် ဖြောင့်မတ်စွာ လုပ်ဆောင်နိုင်မည့်လက်နက်အဖြစ် ဆက်သကြလော့။
အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် သင်တို့ကို အဖိုးအခပေး၍ ရွေးနုတ်ဝယ်ယူတော်မူခဲ့သောကြောင့်ဖြစ်၏။ ထို့ကြောင့် သင်တို့၏ ကိုယ်ခန္ဓာအားဖြင့် ဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှားစေကြလော့။
သို့သော် အိမ်ထောင်ရှိသောယောက်ျားမှာမူ မိမိမယားကို မည်သို့ နှစ်သက်စေရမည်ကို တွေးတောလျက် လောကီဆိုင်ရာဝတ္တရားများကို ဂရုစိုက်တတ်၏။
ဤသို့ ကျွန်ုပ်ပြောရသည်မှာ သင်တို့၏အကျိုးအတွက် ဖြစ်၏။ သင်တို့ကို ချုပ်ချယ်လိုသောကြောင့် မဟုတ်ပါ။ မှန်ကန်လျောက်ပတ်စွာ နေထိုင်၍ သင်တို့သည် ဘုရားသခင်၏ အမှုတော်ကို အာရုံမပျံ့လွင့်ဘဲ ထမ်းဆောင်နိုင်ရန်အတွက် ဤသို့ကျွန်ုပ်ပြောရခြင်း ဖြစ်၏။
သင်တို့အား ကူညီရန် ကျွန်ုပ်၌စိတ်အားထက်သန်မှုရှိသကဲ့သို့ တိတု၌လည်း ရှိစေတော်မူသော ဘုရားသခင်ကို ကျေးဇူးတင်ပါ၏။
ကျွန်ုပ်သည် မည်သည့်အခါမျှ မရှက်ကြောက်ဘဲ ယခင်ကကဲ့သို့ ယခုအချိန်တွင်လည်း အစဉ်ရဲရင့်နိုင်မည်ဟု အပြည့်အဝယုံကြည်၍ မျှော်လင့်ပါ၏။ ကျွန်ုပ်အသက်ရှင်သည်ဖြစ်စေ၊ သေသည်ဖြစ်စေ ကျွန်ုပ်ပြောဆိုပြုမူသောအရာများကြောင့် ခရစ်တော်သည် ချီးမွမ်းခံရမည်ဖြစ်ကြောင်း ကျွန်ုပ်ယုံကြည်၏။
ငြိမ်းချမ်းခြင်း၏အရှင် ဘုရားသခင်ကိုယ်တိုင်သည် သင်တို့ကို အကြွင်းမဲ့သန့်ရှင်းစေတော်မူပါစေသော။ ကျွန်ုပ်တို့၏သခင် ယေရှုခရစ်တော် ပြန်လည်ကြွလာသည့်တိုင်အောင် သင်တို့၏ ကိုယ်ခန္ဓာ၊ စိတ်၊ ဝိညာဉ်ကို အပြစ်ဆိုဖွယ်မရှိစေရန် စောင့်ရှောက်ပါစေသော။
မိမိအိမ်ထောင်ကို ဦးမဆောင်မစီမံနိုင်လျှင် ဘုရားသခင်၏ အသင်းတော်ကို မည်သို့ ပြုစုစောင့်ရှောက်နိုင်မည်နည်း။
အမှန်တကယ်ခိုကိုးရာမဲ့ပြီး စောင့်ရှောက်သူမရှိသော မုဆိုးမသည် ဘုရားသခင်ကို မျှော်လင့်လျက် နေ့ညမပြတ် အသနားခံ၍ ဆုတောင်းတတ်၏။
ဤစကားသည် စိတ်ချယုံကြည်ရသော စကားဖြစ်၏။ သင်တို့သည် ထိုအရာများကို အထူးဂရုစိုက်၍ တိုက်တွန်းကြရန် ကျွန်ုပ်အလိုရှိ၏။ ဤနည်းဖြင့် ဘုရားသခင်ကို ယုံကြည်သောသူတို့သည် ကောင်းမှုပြုရန် ကြိုးစားနိုင်မည်။ အထက်ပါအရာတို့သည် ကောင်းမွန်၍ လူတိုင်းအတွက် အကျိုးပြုသောအရာများဖြစ်၏။