Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ကော 6:20 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

20 အဘယ်ကြောင့်ဆိုသော် ဘုရားသခင်​သည် သင်တို့​ကို အဖိုးအခ​ပေး​၍ ရွေးနုတ်​ဝယ်ယူတော်မူခဲ့​သောကြောင့်​ဖြစ်၏။ ထို့ကြောင့် သင်တို့​၏ ကိုယ်ခန္ဓာ​အားဖြင့် ဘုရားသခင်​၏ ဘုန်းတော်​ကို ထင်ရှားစေကြလော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

20 ကိုယ်​တော်​သည်​သင်​တို့​အား​အ​ဖိုး​အ​ခ​ပေး ၍​ဝယ်​ယူ​ထား​တော်​မူ​သ​ဖြင့် သင်​တို့​၏​ကိုယ် ခန္ဓာ​ကို​ဘု​ရား​သ​ခင်​၏​ဘုန်း​အ​သ​ရေ​တော် ထွန်း​တောက်​စေ​ရန်​အ​တွက်​အ​သုံး​ပြု​ကြ လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

20 သင် တို့ ကို အ ဖိုး နှင့် ဝယ် ယူ တော် မူ၍ ကိုယ် ကို သင် တို့ မ ပိုင် သော ကြောင့် ဘု ရား သ ခင်၏ ဘုန်း တော် ကို သင် တို့ ကိုယ် ခ န္ဓာ၌ ထင် ရှား စေ ကြ လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

20 သင်​တို့​သည် အ​ဖိုး​နှင့် ဝယ်​တော်​မူ​သော​သူ ဖြစ်​သော​ကြောင့်၊ ဘု​ရား​သ​ခင်​ပိုင်​တော်​မူ​သော သင်​တို့၏ ကိုယ်​ခ​န္ဓာ​နှင့် စိတ်​ဝိ​ညာဉ်​အား​ဖြင့် ဘု​ရား​သ​ခင်၏ ဂုဏ်​တော်​ကို ထင်​ရှား​စေ​ကြ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

20 သင်​တို့​ကို အဖိုးအခ​ပေး​၍ ဝယ်ယူ​ထား​တော်မူ​၏။ ထို့ကြောင့် သင်​တို့​၏​ကိုယ်ခန္ဓာ​အားဖြင့် ဘုရားသခင်​၏​ဘုန်း​တော်​ကို ထင်ရှား​စေ​ကြ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကော 6:20
14 ပူးပေါင်းရင်းမြစ်များ  

ထိုနည်းတူ​ပင် ကောင်းမှုများ​ပြုခြင်း​ဖြင့် သင်တို့​၏ အလင်း​ကို သူတစ်ပါး​ရှေ့​၌ ထွန်းလင်းစေကြလော့။ လူတို့​သည် သင်တို့​၏ ကောင်းသော​အကျင့်​ကို မြင်​၍ ကောင်းကင်ဘုံ​၌ ရှိတော်မူသော သင်တို့​အဖ​၏​ဘုန်းတော်​ကို ချီးမွမ်းကြ​လိမ့်မည်။


ထို့ကြောင့် သင်တို့​သည် မိမိကိုယ်ကိုယ်​လည်းကောင်း၊ သိုးစု​အားလုံး​ကို​လည်းကောင်း ကြည့်ရှုပြုစုကြလော့။ သားတော်​၏​အသွေးတော်​နှင့် ရွေးဝယ်ထားသော​ဘုရားသခင်​၏​အသင်းတော်​ကို ထိန်းသိမ်းစောင့်ရှောက်​ရန် ထို​သိုးစုများ​ကို ကြည့်ရှုပြုစုသူများ​အဖြစ် သန့်ရှင်းသော​ဝိညာဉ်တော်​သည် သင်တို့​အား ခန့်ထားတော်မူ၏။


ထို့ကြောင့် ချစ်သော​ညီအစ်ကို​မောင်နှမတို့… ဘုရားသခင် ထားတော်မူသော ကရုဏာတော်တို့​ကို ထောက်ရှု​၍ သင်တို့​ကို ကျွန်ုပ်​တိုက်တွန်း​နှိုးဆော်​လို၏။ သင်တို့​၏ ကိုယ်ခန္ဓာ​ကို ဘုရားသခင်​လက်ခံနိုင်ဖွယ်​ဖြစ်မည့် သန့်ရှင်းသည့် အသက်ရှင်သော​ယဇ်​အဖြစ် ဆက်ကပ်ကြလော့။ ထိုသို့​ဆက်ကပ်ခြင်း​သည် ဘုရားသခင်​ကို စစ်မှန်​စွာ ကိုးကွယ်ခြင်း​ဖြစ်၏။


သင်တို့​၏ လူ့သဘာဝ​အားနည်းချက်​ကြောင့် ဤ​အကြောင်းအရာ​ကို သင်တို့​နားလည်​စေရန် ကျွန်ခံခြင်း​ဥပမာ​ကို ကျွန်ုပ်​အသုံးပြုရခြင်း​ဖြစ်၏။ ယခင်က သင်တို့​သည် စက်ဆုပ်​ညစ်ညမ်းခြင်း​နှင့် တရားမဲ့ခြင်းတို့​၏​ကျွန်​အဖြစ် မိမိတို့​၏ ကိုယ်ခန္ဓာ​အစိတ်အပိုင်းများ​ကို ဆက်သ​၍ ပိုမို​ကြီးလေးသော​အပြစ်​ကို ကျူးလွန်ကြ၏။ ယခု​တွင်မူ သင်တို့​သည် သန့်ရှင်းသောသူများ​ဖြစ်လာကြ​စေရန် ဖြောင့်မတ်ခြင်းတရား​၏​ကျွန်​အဖြစ် အပ်နှံကြလော့။


ထို့ကြောင့် သင်တို့​သည် စားသည်​ဖြစ်စေ၊ သောက်သည်​ဖြစ်စေ၊ တစ်စုံတစ်ရာ​ကို ပြုလုပ်သည်​ဖြစ်စေ အရာ​အားလုံး​ကို ဘုရားသခင်​၏ ဘုန်းတော်​အတွက် ပြုကြလော့။


ဘုရားသခင်​သည် သင်တို့​ကို အဖိုးအခ​ပေး​၍ ရွေးနုတ်​ဝယ်ယူထားတော်မူသည်​ဖြစ်​သောကြောင့် လူတို့​ထံ ကျွန်​မခံကြနှင့်။


“သစ်တိုင်​ပေါ်တွင် ဆွဲထားခြင်း​ခံရသောသူ​တိုင်း ကျိန်စာသင့်သူ​ဖြစ်၏” ဟု ကျမ်းစာ​၌ ရေးသားထားသည့်​အတိုင်း ခရစ်တော်​သည် ကျွန်ုပ်တို့​ကိုယ်စား ကျိန်စာသင့်သူ​အဖြစ် ခံယူတော်မူပြီး ကျွန်ုပ်တို့​ကို ပညတ်တရား​၏ ကျိန်စာသင့်ခြင်း​ထဲမှ လွတ်မြောက်စေတော်မူ၏။


ကျွန်ုပ်​သည် မည်သည့်​အခါ​မျှ မရှက်ကြောက်ဘဲ ယခင်က​ကဲ့သို့ ယခု​အချိန်​တွင်​လည်း အစဉ်​ရဲရင့်​နိုင်မည်​ဟု အပြည့်အဝ​ယုံကြည်​၍ မျှော်လင့်ပါ၏။ ကျွန်ုပ်​အသက်​ရှင်သည်​ဖြစ်စေ၊ သေသည်​ဖြစ်စေ ကျွန်ုပ်​ပြောဆို​ပြုမူသော​အရာများ​ကြောင့် ခရစ်တော်​သည် ချီးမွမ်းခံရမည်​ဖြစ်ကြောင်း ကျွန်ုပ်​ယုံကြည်၏။


ထို​အသန့်ရှင်းဆုံး​ဌာနတော်​သို့ ဝင်ရာ​တွင် ကိုယ်တော်​သည် ဆိတ်​နှင့် နွားသငယ်တို့​၏ အသွေး​ဖြင့် မဟုတ်ဘဲ မိမိ​ကိုယ်တိုင်​၏ အသွေးတော်​ဖြင့် တစ်ကြိမ်တည်း​နှင့် အပြီး​ပူဇော်​၍ ကျွန်ုပ်တို့​အား ထာဝရ​ရွေးနုတ်ခြင်း​အကျိုး​ကို ခံစားစေခဲ့၏။


ဘိုးဘေးများ​ထံမှ ဆက်ခံ​ရရှိသော အချည်းနှီး​ပြုမူနေထိုင်ခြင်း​ထဲမှ သင်တို့​ကို ဘုရားသခင်​ရွေးနုတ်တော်မူကြောင်း သင်တို့​သိကြ၏။ ထိုသို့​ရွေးနုတ်တော်မူ​ရာတွင် ရွှေ၊ ငွေ​ကဲ့သို့ ပျက်စီးတတ်သည့်​အရာများ​ဖြင့် ရွေးနုတ်တော်မူသည်​မဟုတ်။


သို့သော် သင်တို့​မှာမူ ရွေးကောက်ခံရသော​အမျိုး၊ တော်ဝင်​ယဇ်ပုရောဟိတ်​အမျိုး၊ သန့်ရှင်းသော​လူမျိုး၊ ဘုရားသခင်​ပိုင်ဆိုင်သော​လူမျိုး​ဖြစ်ကြ၏။ ဤသည်​မှာ သင်တို့​ကို အမှောင်​ထဲမှ အံ့ဖွယ်​အလင်း​ထဲသို့ ခေါ်တော်မူသော​ဘုရားသခင်​ပြုသည့် အံ့ဩဖွယ်​အမှုများ​ကို ကြွေးကြော်​ရန်​ဖြစ်၏။


ယခင်က ပရောဖက်​အတုအယောင်များ​သည် အစ္စရေး​လူမျိုး​ထဲတွင် ပေါ်ပေါက်ခဲ့ကြ​သကဲ့သို့ သင်တို့​ထဲတွင်​လည်း ဆရာ​အတုအယောင်များ ပေါ်ပေါက်လာကြ​လိမ့်မည်။ သူတို့​သည် ပျက်စီးစေမည့် အယူဝါဒ​အမှားများ​ကို လျှို့ဝှက်​စွာ ရိုက်သွင်းပေး​၍ မိမိတို့​ကို ရွေးနုတ်​ဝယ်ယူသော​အရှင်​ကိုပင် ငြင်းပယ်​လျက် မိမိတို့​အပေါ် ပျက်စီးခြင်း​ဘေး​ကို မကြာမီ​ကျရောက်စေ​လိမ့်မည်။


သူတို့​သည် သီချင်းသစ်​တစ်ပုဒ်​ကို သီဆိုကြ၏။ ထို​သီချင်း​မှာ “ကိုယ်တော်​သည် စာလိပ်​ကို​ယူ​၍ တံဆိပ်​ကို​ခွာ​၍ ဖွင့်​ရန် ထိုက်တန်သော​အရှင်​ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ကိုယ်တော်​သည် အသေ​သတ်ခံရ​၍ မျိုးနွယ်စု​အသီးသီး၊ ဘာသာစကား​အသီးသီး​ပြောသည့်​သူများ၊ လူမျိုး​အသီးသီး​နှင့် တိုင်းနိုင်ငံ​အသီးသီးတို့​ကို ကိုယ်တော်​၏​အသွေးတော်​ဖြင့် ဘုရားသခင်​အတွက် ရွေးနုတ်​ကယ်တင်​သောကြောင့်​ဖြစ်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ