Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ကော 8:16 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

16 သင်တို့​အား ကူညီ​ရန် ကျွန်ုပ်​၌​စိတ်အားထက်သန်မှု​ရှိ​သကဲ့သို့ တိတု​၌လည်း ရှိစေတော်မူသော ဘုရားသခင်​ကို ကျေးဇူးတင်ပါ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

16 သင်​တို့​အား​ကူ​ညီ​မ​စ​ရန်​ငါ​တို့​၌​စိတ် အား​ထက်​သန်​မှု​ရှိ​သ​ကဲ့​သို့ တိ​တု​၌​လည်း ရှိ​စေ​တော်​မူ​သော​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး တော်​ကို​ချီး​မွမ်း​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

16 သင် တို့ နှင့် စပ်၍ ငါ စိတ် အား ကြီး ခြင်း နှင့် အ မျှ တိ တု အား ပေး သ နား တော် မူ သော ဘု ရား သ ခင် ကျေး ဇူး တော် သည် ကြီး လှ ပေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

16 ထို​သို့​သင်​တို့၏ အ​ကျိုး​ကို​ပြု​စု​ချင်​သော စေ​တ​နာ​စိတ်​ကို ဘု​ရား​သ​ခင်​သည် တိ​တု​အား​လည်း ပေး​တော်​မူ​သော ကျေး​ဇူး​တော် ကြီး​လှ​ပေ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

16 သင်​တို့​အပေါ် ငါ​ထားရှိ​သော စိတ်အား​ထက်သန်​မှု​မျိုး​ကို တိတု​၏​စိတ်နှလုံး​ထဲ၌ ထည့်သွင်း​ပေး​တော်မူ​သော ဘုရားသခင်​၏​ကျေးဇူး​တော်​ကို​ငါ​ချီးမွမ်း​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ကော 8:16
13 ပူးပေါင်းရင်းမြစ်များ  

ထို့ကြောင့် သင်တို့​ထံသို့ ကျွန်ုပ်​စာရေးလိုက်​သော်လည်း ထိုသို့​ရေးရခြင်း​မှာ ပြစ်မှားသောသူ​အတွက်ကြောင့် မဟုတ်​သကဲ့သို့ နစ်နာသောသူ​အတွက်ကြောင့်​လည်း မဟုတ်။ သင်တို့​သည် ဘုရားသခင်​ရှေ့တော်​တွင် ကျွန်ုပ်တို့​ကို မည်မျှ ချစ်ခင်​ရိုသေကြကြောင်း မိမိကိုယ်ကိုယ် မြင်​နိုင်ရန်​သာ​ဖြစ်၏။


တိတု​ရောက်လာသည့်​အတွက်​ကြောင့်​သာမက သင်တို့​ထံမှ နှစ်သိမ့်​အားပေးမှု​ကို တိတု​ခံစားရကြောင်း​ကို ကြားရသည့်​အတွက်​ကြောင့်လည်း ကျွန်ုပ်တို့​သည် အားရကြ၏။ တိတု​က သင်တို့​သည် ကျွန်ုပ်​ကို အလွန်​တွေ့လိုကြောင်း၊ အလွန်​ဝမ်းနည်းကြောင်း၊ ကျွန်ုပ်​အတွက် စိတ်အားထက်သန်ကြောင်း​စသည်တို့​ကို ပြောပြ​သောကြောင့် ကျွန်ုပ်​သည် ပို၍​ပင် ဝမ်းမြောက်ရ၏။


တိတု​အကြောင်း​နှင့် ပတ်သက်၍ ပြောရ​လျှင် သူ​သည် သင်တို့​ကို ကူညီ​ရန် ကျွန်ုပ်​နှင့်အတူ လုပ်ဆောင်သော ကျွန်ုပ်​၏ လုပ်ဖော်ကိုင်ဖက်​တစ်ဦး​ဖြစ်သည်​ဟု ဆိုရပေမည်။ သူ​နှင့်အတူ​ပါရှိသော အခြား​ညီအစ်ကိုများ​မှာ ခရစ်တော်​၏ ဘုန်းတော်​ဖြစ်သော အသင်းတော်တို့​၏ ကိုယ်စားလှယ်များ​ဖြစ်ကြ၏။


ထို့ကြောင့် တိတု​သည် သင်တို့​အထဲ​၌ ဤ​လှူဒါန်းခြင်း​ကို စတင်​ဆောင်ရွက်ခဲ့သည့်​အားလျော်စွာ ပြီးမြောက်​အောင် ဆောင်ရွက်​နိုင်ရန် သူ့​အား ကျွန်ုပ်တို့​တိုက်တွန်းခဲ့၏။


သင်တို့​အကျိုး​အတွက် အမှန်တကယ်​အလေးထားမည့် တိမောသေ​ကဲ့သို့သော​သူ အခြား​တစ်စုံတစ်ယောက်​မျှ ကျွန်ုပ်​၌ မရှိပါ။


အပြောအဆို​အားဖြင့်​ဖြစ်စေ၊ အပြုအမူ​အားဖြင့်​ဖြစ်စေ ပြုလေသမျှတို့​တွင် သခင်​ယေရှု​၏ နာမတော်​ကို ထောက်​၍ ပြုကြလော့။ ထို​သခင်​ကို အကြောင်းပြု​၍ အဖ​ဘုရားသခင်​ကို ကျေးဇူးတင်ကြလော့။


မိမိ​အကြံအစည်တော်​အတိုင်း လုပ်ဆောင်မည့်​သဘော​ကို ဘုရားသခင်​သည် ထို​သူတို့​၏​စိတ်​ထဲသို့ ထည့်သွင်းတော်မူ၏။ ဤ​သည်​မှာ သူတို့​သည် ဘုရားသခင်​မိန့်တော်မူသော​အရာများ ဖြစ်ပျက်လာ​ချိန်​အထိ မိမိတို့​၏​နိုင်ငံ​အုပ်စိုးခွင့်​ကို သားရဲ​အား သဘော​တညီတညွတ်တည်း​ပေးအပ်​ရန် ဖြစ်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ