Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ကော 7:35 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

35 ဤ​သို့ ကျွန်ုပ်​ပြောရသည်​မှာ သင်တို့​၏​အကျိုး​အတွက် ဖြစ်၏။ သင်တို့​ကို ချုပ်ချယ်​လို​သောကြောင့် မဟုတ်ပါ။ မှန်ကန်​လျောက်ပတ်​စွာ နေထိုင်​၍ သင်တို့​သည် ဘုရားသခင်​၏ အမှုတော်​ကို အာရုံ​မပျံ့လွင့်ဘဲ ထမ်းဆောင်​နိုင်ရန်​အတွက် ဤသို့​ကျွန်ုပ်​ပြောရခြင်း ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

35 ဤ​သို့​ငါ​ပြော​ရ​ခြင်း​မှာ​သင်​တို့​၏​အ​ကျိုး​ကို လို​လား​၍​ပြော​ခြင်း​ဖြစ်​၏။ သင်​တို့​အား​ချုပ် ချယ်​လို​သော​ကြောင့်​မ​ဟုတ်။ သင်​တို့​အား​မှန် ကန်​လျောက်​ပတ်​စွာ​ပြု​ကျင့်​ကြ​စေ​ရန်​နှင့် သ​ခင်​ဘု​ရား​၏​အ​မှု​တော်​ကို​ဦး​လည်​မ​သုန် အ​ကြွင်း​မဲ့​ဆက်​ကပ်​လျက်​ထမ်း​ဆောင်​ကြ စေ​ရန်​လို​လား​သော​ကြောင့်​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

35 ထို သို့ ဆို သော် သင် တို့ ကို ထောင် ဖမ်း ရန် မ ဟုတ်။ သင့် လျော် စွာ ပြု ကျင့်၍ အ နှောင့် အ ရှက် မ ရှိ ဘဲ အ ရှင် ဘု ရား ကို ခ စား ခွင့် ရ ကြ စေ ရန် သင် တို့ အ ကျိုး ငှာ ငါ ဆို ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

35 ထို​သို့​ငါ​ဆို​သော်၊ သင်​တို့​အ​ကျိုး​ကို​သာ ထောက်၍​ဆို၏။ သင်​တို့​ကို နှောင့်​ယှက်​ချင်​သော​စိတ်​နှင့် ဆို​သည်​မ​ဟုတ်။ သင်​တို့​သည် လျောက်​ပတ်​စွာ​ကျင့်၍ စိတ်​ရှုပ်​ထွေး​ခြင်း​မ​ရှိ​ဘဲ၊ သ​ခင်​ဘု​ရား၏​ဝတ်​ကို အ​မြဲ​ပြု​စေ​ခြင်း​ငှာ​သာ ဤ​သို့​ဆို၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

35 ဤသို့ ငါ​ဆို​သည်​မှာ သင်​တို့​၏​အကျိုး​အတွက်​ဖြစ်၍ သင်​တို့​ကို​ချုပ်ချယ်​ရန်​မ​ဟုတ်။ သင်​တို့​သည် လျောက်ပတ်​စွာ​ကျင့်​၍ အာရုံ​ထွေပြား​ခြင်း​မ​ရှိ​ဘဲ သခင်​ဘုရား​၏​အမှု​ကို အစဉ်မပြတ်​ဆောင်ရွက်​နိုင်​ရန်​အတွက်​သာ​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကော 7:35
14 ပူးပေါင်းရင်းမြစ်များ  

တချို့​မှာ မိခင်​ဝမ်းတွင်း​ကပင် အိမ်ထောင်ပြုနိုင်စွမ်း​မရှိဘဲ မွေးလာကြ၏။ တချို့​မှာ အခြားသူများ​ကြောင့် အိမ်ထောင်​ပြုနိုင်စွမ်း​ကို စွန့်လွှတ်ကြရ၏။ တချို့​မှာ ကောင်းကင်​နိုင်ငံတော်​အတွက် အိမ်ထောင်​မပြုဘဲ​နေကြ၏။ ဤ​အရာ​ကို လက်ခံနိုင်သော​သူ​သည် လက်ခံပါစေ” ဟု မိန့်တော်မူ၏။


ထိုအခါ ဖာရိရှဲတို့​သည် စုဝေး​လျက် ယေရှု​မိန့်တော်မူ​မည့် စကားတော်​ထဲမှ အမှား​ကို ရှာ​၍ ဖမ်းဆီး​ရန် တိုင်ပင်ကြ၏။


အပျော်အပါး​လိုက်စား​၍ သောက်စား​မူးယစ်ခြင်း၊ လောကီ​ဘဝ​အတွက် စိုးရိမ်ပူပန်ခြင်းတို့​ဖြင့် စိတ်နှလုံး မလေးလံမထိုင်းမှိုင်း​စေရန် သတိပြုကြလော့။ ထိုသို့​မဟုတ်​ပါက ထို​နေ့ရက်​သည် ထောင်ချောက်​ကဲ့သို့ သင်တို့​အပေါ် ရုတ်တရက်​ကျရောက်လာ​လိမ့်မည်။


ဆူးပင်​ကြား​တွင် ကျသော​မျိုးစေ့​မှာ တရားစကား​ကို ကြား​သော်လည်း သူတို့​၏​စိုးရိမ်​ပူပန်ခြင်း၊ ချမ်းသာ​ကြွယ်ဝခြင်း၊ အပျော်အပါး​လိုက်စားခြင်းတို့​သည် ကြီးထွားခြင်း​ကို ပိတ်ဆို့ထား​သဖြင့် အသီး​မသီးနိုင်သော​သူတို့​ကို ဆိုလို၏။


သို့သော် တရား​နှင့်​မညီသော မေထုန်​ကို​ပြုခြင်းတို့​ကြောင့် အမျိုးသား​တိုင်း​၌ ဇနီး​ရှိ​သင့်ပြီး အမျိုးသမီး​တိုင်း​၌လည်း ခင်ပွန်း ရှိ​သင့်၏။


သို့သော် အိမ်ထောင်ပြု​လျှင်လည်း ၎င်း​သည် အပြစ်​မဟုတ်ပါ။ အပျိုစင်​တစ်ယောက်​အိမ်ထောင်ပြု​လျှင်လည်း အပြစ်​မဟုတ်ပါ။ သို့ရာတွင် ဤ​ကာလ​၌ အိမ်ထောင်ပြုသူတို့​သည် ဆင်းရဲဒုက္ခ​နှင့် ကြုံရမည်​ဖြစ်​၍ ကျွန်ုပ်​သည် သင်တို့​ကို ထို​ဒုက္ခများ​မှ ကင်းလွတ်​ရန် ပြောရခြင်း​ဖြစ်၏။


တစ်စုံတစ်ယောက်​သည် သူ​နှင့် စေ့စပ်ထားသော​မိန်းမပျို​ကို အရွယ်​လွန်​စေလျှင် မသင့်တော်​ဟု ထင်မှတ်​၍ သူ​၏​ဆန္ဒ​ကို မထိန်းချုပ်နိုင်​လျှင် ဆန္ဒ​ရှိသည့်​အတိုင်း အိမ်ထောင်ပြု​သင့်၏။ ထို​အရာ​သည် အပြစ်​မဟုတ်ပါ။


တရား​နှင့် မညီသော မေထုန်​ကို ပြုခြင်း၊ အမျိုးမျိုးသော စက်ဆုပ်​ညစ်ညမ်းမှု​ပြုခြင်း၊ လောဘ​လွန်ကြူးခြင်း​တို့​သည် ယုံကြည်သူများ​အတွက် မသင့်လျော်သည့် ဒုစရိုက်​အမှုများ ဖြစ်​သောကြောင့် သင်တို့​ထဲ၌ အရိပ်အယောင်​မျှပင် မရှိစေနှင့်။


ထို့ပြင် ညီအစ်ကို​မောင်နှမတို့… မှန်ကန်သော​အရာ၊ ဂုဏ်သရေ​ရှိသော​အရာ၊ ဖြောင့်မတ်သော​အရာ၊ ဖြူစင်သော​အရာ၊ နှစ်သက်ဖွယ်သော​အရာ၊ ကောင်းမြတ်​၍ ချီးမွမ်းဖွယ်​ဖြစ်သည့် နှစ်လိုဖွယ်​ကောင်းသော​အရာ ဟူသမျှတို့​ကို နှလုံးသွင်းကြလော့။


တရား​နှင့်​မညီသော မေထုန်​ကို ပြုသူများ၊ လိင်တူချင်း​ဆက်ဆံသူများ၊ လူကုန်ကူးသူများ၊ လိမ်လည်သူများ၊ မမှန်သော​သက်သေခံသူများ​နှင့် မှန်ကန်သော​အယူဝါဒ​ကို ဆန့်ကျင်​သမျှသော​အရာများ​တို့​အတွက် ချမှတ်ထားကြောင်း ကျွန်ုပ်တို့ သိကြ​သောကြောင့် ဖြစ်၏။


ထိုနည်းတူ အသက်ကြီးသော​အမျိုးသမီးတို့​အား ဘုရားတရား​ကြည်ညို​၍ အတင်းအဖျင်း​မပြောသူ၊ သေရည်သေရက်​သောက်ကြူးသူ မဖြစ်ဘဲ ကောင်းသော​အရာများ​ကို သင်ပေးတတ်သူ ဖြစ်​ရန် အကြံပေးလော့။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ