Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ကော 7:36 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

36 တစ်စုံတစ်ယောက်​သည် သူ​နှင့် စေ့စပ်ထားသော​မိန်းမပျို​ကို အရွယ်​လွန်​စေလျှင် မသင့်တော်​ဟု ထင်မှတ်​၍ သူ​၏​ဆန္ဒ​ကို မထိန်းချုပ်နိုင်​လျှင် ဆန္ဒ​ရှိသည့်​အတိုင်း အိမ်ထောင်ပြု​သင့်၏။ ထို​အရာ​သည် အပြစ်​မဟုတ်ပါ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

36 စေ့​စပ်​ကြောင်း​လမ်း​ပြီး​နောက်​ထိမ်း​မြား​မင်္ဂ​လာ မ​ပြု​ရန် သ​ဘော​တူ​စိတ်​ပိုင်း​ဖြတ်​ထား​သူ​နှစ်​ဦး နှင့်​ပတ်​သက်​၍​ပြော​ရ​သော် အ​မျိုး​သား​သည် အ​မျိုး​သ​မီး​အ​ပေါ်​တွင် မိ​မိ​ပြု​မူ​ပုံ​မ​လျောက် ပတ်​သည်​ကို​သိ​သော​အ​ခါ​၌​သော်​လည်း​ကောင်း၊ မိ​မိ​စိတ်​ကို​မ​ထိန်း​ချုပ်​နိုင်​သော​အ​ခါ​၌​သော် လည်း​ကောင်း​ထိမ်း​မြား​မင်္ဂ​လာ​ပြု​ရာ​၏။ ဤ​သို့ ပြု​ခြင်း​၌​အ​ဘယ်​အ​ပြစ်​မျှ​မ​ရှိ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

36 သို့ ရာ တွင် အ ဘ ဖြစ် သူ သည် အ ရွယ် ဟိုင်း လျက် စိုး ရိမ် မ ကင်း သော သ မီး က ညာ နှင့် စပ်၍ အ လွန် အ ကျူး ကန့် ကွက် မိ သည် ဟု ထင် မှတ် လျှင် ကိုယ့် သ ဘော အ တိုင်း စီ ရင် စေ။ ပြစ် မှား သည် မ ဟုတ်။ အိမ် ထောင် ပြု ခွင့် ပေး စေ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

36 အ​ပျို​က​ညာ​သည် ခင်​ပွန်း​မ​ရှိ​ဘဲ အ​သက်​အ​ရွယ်​လွန်​လျှင် မ​လျောက်​ပတ်​ဟု ထို​အ​ပျို​က​ညာ​ကို ပိုင်​သော​သူ​သည် ထင်​မှတ်၍ ထိမ်း​မြား​စ​ရာ​အ​ကြောင်း​လည်း​ရှိ​လျှင်၊ ထို​သူ​သည် အ​လို​အ​လျောက်​ပြု​စေ။ အ​ပြစ်​မ​ရှိ ထိမ်း​မြား​ကြ​စေ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

36 တစ်စုံတစ်ယောက်​သည် မိမိ​နှင့်ဆိုင်သော​အပျို​ကညာ​ကို အခါလင့်​စေ​လျှင် မ​လျောက်ပတ်​ဟု​ထင်မှတ်​၍ ထိုသို့​ပြု​စရာ​လည်း​ရှိ​လျှင် သူ​၏​ဆန္ဒ​အတိုင်း​ပြု​ပါစေ။ သူ​သည် အပြစ်​ပြု​သည်​မ​ဟုတ်။ သူ​တို့​အိမ်ထောင်ပြု​ပါစေ။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကော 7:36
7 ပူးပေါင်းရင်းမြစ်များ  

ယေရှု​ခရစ်တော် မွေးဖွားလာတော်မူပုံ​မှာ ဤသို့​ဖြစ်၏။ မယ်တော်​မာရိ​နှင့် ယောသပ်​တို့​သည် လက်ထပ်​ရန် စေ့စပ်ထား၏။ သို့သော်လည်း လက်ထပ်​ပေါင်းသင်းခြင်း​မပြုမီ မာရိ​သည် သန့်ရှင်းသော​ဝိညာဉ်တော်​၏​တန်ခိုး​အားဖြင့် ကိုယ်ဝန်ဆောင်လေ၏။


သင့်​ကို တရားစွဲ​၍ သင်​၏​အတွင်း​အင်္ကျီ​ကို ရယူ​လိုသောသူ​အား ဝတ်ရုံ​ကိုပါ ပေးလော့။


ဤ​သို့ ကျွန်ုပ်​ပြောရသည်​မှာ သင်တို့​၏​အကျိုး​အတွက် ဖြစ်၏။ သင်တို့​ကို ချုပ်ချယ်​လို​သောကြောင့် မဟုတ်ပါ။ မှန်ကန်​လျောက်ပတ်​စွာ နေထိုင်​၍ သင်တို့​သည် ဘုရားသခင်​၏ အမှုတော်​ကို အာရုံ​မပျံ့လွင့်ဘဲ ထမ်းဆောင်​နိုင်ရန်​အတွက် ဤသို့​ကျွန်ုပ်​ပြောရခြင်း ဖြစ်၏။


သို့သော် သူ​သည် အိမ်ထောင်​မပြု​ရန် စိတ်​ပိုင်းဖြတ်ထား​၍ မပြု​မနေရ​သဘော​မျိုး​လည်း​မဟုတ်ဘဲ မိမိ​စိတ်ကို ထိန်းချုပ်​နိုင်​လျှင် ထိုသို့ အိမ်ထောင်​မပြုဘဲ​နေရန် ဆုံးဖြတ်ခြင်း​သည် ကောင်း၏။


သို့သော် သူတို့​သည် မိမိ​ကိုယ်ကိုယ် မထိန်းချုပ်​နိုင်လျှင် အိမ်ထောင်ပြု​သင့်၏။ တဏှာမီး​တောက်လောင်နေခြင်း​ထက် အိမ်ထောင်ပြုလိုက်ခြင်း​က ပို၍ ကောင်း၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ