Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ကော 7:37 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

37 သို့သော် သူ​သည် အိမ်ထောင်​မပြု​ရန် စိတ်​ပိုင်းဖြတ်ထား​၍ မပြု​မနေရ​သဘော​မျိုး​လည်း​မဟုတ်ဘဲ မိမိ​စိတ်ကို ထိန်းချုပ်​နိုင်​လျှင် ထိုသို့ အိမ်ထောင်​မပြုဘဲ​နေရန် ဆုံးဖြတ်ခြင်း​သည် ကောင်း၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

37 သို့​ရာ​တွင်​အ​မျိုး​သား​သည်​မိ​မိ​အ​လို​အ​လျောက် အိမ်​ထောင်​မ​ပြု​ဘဲ​နေ​ရန်​စိတ်​ပိုင်း​ဖြတ်​၍ မိ​မိ​၏ စိတ်​ကို​လည်း​လုံး​ဝ​ချုပ်​ထိန်း​နိုင်​သ​ဖြင့်​ထိမ်း မြား​မင်္ဂ​လာ​မ​ပြု​ဘဲ​နေ​ပါ​လျှင်​ကောင်း​လေ​စွ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

37 စိုး ရိမ် ရန် ကင်း လျက် ကိုယ့် သ ဘော အ တိုင်း ပြု နိုင် ခွင့် ရှိ သည့် အ လျောက် စိတ် တည် တံ့ မြဲ မြံ လျက် သ မီး က ညာ ကို ထား မည် ဟု ပြ ဌာန်း လျှင် မူ ကား သင့် လျော် စွာ ပြု ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

37 သို့​သော်​လည်း မိ​မိ​စိတ်​နှ​လုံး​တည်​ကြည်​ခြင်း​ရှိ၍၊ ပြု​လို​သည်​အ​တိုင်း ပြု​နိုင်​သော​အ​ခွင့်​နှင့် ကိုယ်​စိတ်​အ​လို​ကို ချုပ်​တည်း​နိုင်​သော​အ​ခွင့် ရှိ​သော​ကြောင့်၊ မ​ထိမ်း​မြား​ဘဲ​နေ​မည်​ဟု ကိုယ်​စိတ်​နှ​လုံး​ထဲ​မှာ စီ​ရင်​ဆုံး​ဖြတ်​သော​သူ​သည် ကောင်း​စွာ​ပြု၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

37 သို့သော် သူ​သည် မိမိ​စိတ်နှလုံး​ထဲ၌ အခိုင်အမာ​စိတ်ပိုင်းဖြတ်​ထား​၍ မလွှဲမရှောင်သာ​၍​လုပ်​ရ​ခြင်း​မျိုး​မ​ဟုတ်​ဘဲ မိမိ​အလိုဆန္ဒ​ကို​ထိန်းချုပ်​နိုင်​ပြီး မိမိ​နှင့်ဆိုင်သော​အပျို​ကညာ​ကို​ထိန်းသိမ်း​ထား​ရန် မိမိ​စိတ်​ထဲ၌ ဆုံးဖြတ်​ထား​ပါက သူ​သည် ကောင်းစွာ​ပြု​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကော 7:37
6 ပူးပေါင်းရင်းမြစ်များ  

ယခု​တွင် သင်တို့​ရေးပို့သော​စာ​၌ မေးထားသည့်​မေးခွန်း​နှင့် ပတ်သက်၍ ဖြေရ​ပါက ယောက်ျား​သည် မိန်းမ​နှင့် မထိတွေ့​လျှင် ကောင်း၏။


တစ်စုံတစ်ယောက်​သည် သူ​နှင့် စေ့စပ်ထားသော​မိန်းမပျို​ကို အရွယ်​လွန်​စေလျှင် မသင့်တော်​ဟု ထင်မှတ်​၍ သူ​၏​ဆန္ဒ​ကို မထိန်းချုပ်နိုင်​လျှင် ဆန္ဒ​ရှိသည့်​အတိုင်း အိမ်ထောင်ပြု​သင့်၏။ ထို​အရာ​သည် အပြစ်​မဟုတ်ပါ။


ထို့ကြောင့် မိမိ​နှင့် စေ့စပ်ထားသော​မိန်းမပျို​ကို လက်ထပ်သောသူ​သည် ကောင်းမွန်​စွာ​ပြု၏။ လက်မထပ်သောသူ​မှာမူ ပို၍ ကောင်းမွန်​စွာ​ပြု၏။


လူတိုင်း မိမိ​စိတ်​ထဲ၌ လှူဒါန်း​ရန် ဆုံးဖြတ်ထားသည့်​အတိုင်း လှူဒါန်း​သင့်၏။ နှမြောသော​စိတ်​ဖြင့် သော်လည်းကောင်း၊ ဝတ္တရား​အရ​ဟူသော​စိတ်​ဖြင့်​သော်လည်းကောင်း မလှူဒါန်းရ။ ဘုရားသခင်​သည် စေတနာစိတ်​ဖြင့် ရက်ရော​စွာ လှူဒါန်းသော​သူ​ကို နှစ်သက်တော်မူ၏။


သင်တို့​အား ဘုရားသခင်​အပ်ထားတော်မူသည့် သိုးစု​ကဲ့သို့သော လူတို့​ကို အုပ်ထိန်းလော့။ မဖြစ်မနေ​အုပ်ထိန်းရခြင်း​ကြောင့် မဟုတ်ဘဲ ဘုရားသခင်​အလိုတော်​နှင့်အညီ စိတ်ပါလက်ပါ အုပ်ထိန်းလော့။ အကျိုးစီးပွား​အတွက် မဟုတ်ဘဲ စိတ်အားထက်သန်​စွာ အုပ်ထိန်းလော့။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ