Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ကော 7:38 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

38 ထို့ကြောင့် မိမိ​နှင့် စေ့စပ်ထားသော​မိန်းမပျို​ကို လက်ထပ်သောသူ​သည် ကောင်းမွန်​စွာ​ပြု၏။ လက်မထပ်သောသူ​မှာမူ ပို၍ ကောင်းမွန်​စွာ​ပြု၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

38 ထို​ကြောင့်​မိ​မိ​နှင့်​စေ့​စပ်​ကြောင်း​လမ်း​ထား​သူ အ​မျိုး​သ​မီး​ပျို​နှင့် ထိမ်း​မြား​မင်္ဂ​လာ​ပြု​သူ​၏ အ​ပြု​အ​မူ​သည်​လျောက်​ပတ်​ပေ​၏။ သို့​ရာ​တွင် ထိမ်း​မြား​မင်္ဂ​လာ​မ​ပြု​သူ​၏​အ​ပြု​အ​မူ​သည် ကား​သာ​၍​ပင်​လျောက်​ပတ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

38 သို့ ဖြစ်၍ သ မီး က ညာ ကို ပေး စား သူ သည် သင့် လျော် စွာ ပြု၏။ မ ပေး စား သူ မူ ကား သာ၍ ပြု သ တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

38 သို့​ရာ​တွင် မင်္ဂ​လာ​ဆောင်​သော​သူ​သည် ကောင်း​စွာ​ပြု၏။ မ​ဆောင်​သော​သူ​မူ​ကား၊ သာ၍ ကောင်း​စွာ​ပြု၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

38 ထို့ကြောင့် မိမိ​နှင့်ဆိုင်သော​အပျို​ကညာ​ကို ပေးစား​ဆောင်နှင်း​သော​သူ​သည် ကောင်းစွာ​ပြု​၏။ ပေးစား​ဆောင်နှင်း​ခြင်း​မ​ပြု​သော​သူ​မူကား သာ၍​ကောင်း​စွာ​ပြု​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကော 7:38
8 ပူးပေါင်းရင်းမြစ်များ  

သင်တို့​အား ငါ​ပြောဆိုသည်​မှာ ဇနီးဖြစ်သူ​သည် အိမ်ထောင်ရေး​ဖောက်ပြန်မှု​မရှိ​သော်လည်း ခင်ပွန်းဖြစ်သူ​က ထို​ဇနီး​ကို ကွာရှင်း​လျှင် သူ​သည် မိမိ​ဇနီး​ကို အိမ်ထောင်ရေး​ဖောက်ပြန်မှု ကျူးလွန်စေရာ​ရောက်၏။ ကွာရှင်းထားသော​အမျိုးသမီး​ကို လက်ထပ်သော​သူ​သည်​လည်း အိမ်ထောင်ရေး​ဖောက်ပြန်မှု​ကို ကျူးလွန်၏။


လက်ရှိ အကျပ်အတည်း​ကြောင့် ဤ​အတိုင်း နေ​လျှင် အကောင်းဆုံး​ဖြစ်မည်​ဟု ကျွန်ုပ်​ယူဆပါ၏။


သို့သော် သူ​သည် အိမ်ထောင်​မပြု​ရန် စိတ်​ပိုင်းဖြတ်ထား​၍ မပြု​မနေရ​သဘော​မျိုး​လည်း​မဟုတ်ဘဲ မိမိ​စိတ်ကို ထိန်းချုပ်​နိုင်​လျှင် ထိုသို့ အိမ်ထောင်​မပြုဘဲ​နေရန် ဆုံးဖြတ်ခြင်း​သည် ကောင်း၏။


ဇနီး​သည် မိမိ​ခင်ပွန်း အသက်ရှင်နေ​သမျှ​ကာလပတ်လုံး ထို​ခင်ပွန်း​နှင့် နှောင်ဖွဲ့ထား၏။ ခင်ပွန်း​ကွယ်လွန်​လျှင် မိမိ​နှစ်သက်သော​သူ​နှင့် လက်ထပ်ခွင့်​ရှိ၏။ သို့သော်လည်း ထို​သူ​သည် သခင်ဘုရား​ကို ယုံကြည်သောသူ​ဖြစ်ရမည်။


ထို့ကြောင့် အိမ်ထောင်​မရှိသောသူများ​နှင့် မုဆိုးမများ​ကို ကျွန်ုပ်​ပြောလိုသည်​မှာ ထို​သူတို့​သည် ကျွန်ုပ်​ကဲ့သို့ အိမ်ထောင်​မပြုဘဲ နေ​လျှင် ပို၍​ကောင်း​လိမ့်မည်။


ထိမ်းမြား​လက်ထပ်ခြင်း​ကို လူတိုင်း​တန်ဖိုးထား​လေးစားရမည်။ အိမ်ထောင်ရေး​တွင် တစ်ဦး​ကို​တစ်ဦး သစ္စာရှိ​ရမည်။ ဘုရားသခင်​သည် တရား​နှင့်​မညီသော မေထုန်​ကို ပြုသူတို့​နှင့် အိမ်ထောင်ရေး​ဖောက်ပြန်သော​သူတို့​ကို စီရင်တော်မူ​လိမ့်မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ