Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ကော 7:39 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

39 ဇနီး​သည် မိမိ​ခင်ပွန်း အသက်ရှင်နေ​သမျှ​ကာလပတ်လုံး ထို​ခင်ပွန်း​နှင့် နှောင်ဖွဲ့ထား၏။ ခင်ပွန်း​ကွယ်လွန်​လျှင် မိမိ​နှစ်သက်သော​သူ​နှင့် လက်ထပ်ခွင့်​ရှိ၏။ သို့သော်လည်း ထို​သူ​သည် သခင်ဘုရား​ကို ယုံကြည်သောသူ​ဖြစ်ရမည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

39 ဇ​နီး​ဖြစ်​သူ​သည်​မိ​မိ​၏​ခင်​ပွန်း​အ​သက်​ရှင် သ​မျှ​ကာ​လ​ပတ်​လုံး​ချည်​နှောင်​မှု​ရှိ​၏။ ခင်​ပွန်း သေ​ဆုံး​သွား​သော​အ​ခါ​၌​မူ မိ​မိ​နှစ်​သက်​သူ မည်​သူ​နှင့်​မ​ဆို​ထိမ်း​မြား​လက်​ထပ်​နိုင်​၏။ သို့ ရာ​တွင်​ထို​ထိမ်း​မြား​လက်​ထပ်​မှု​သည်​ယုံ​ကြည် သူ​အ​ချင်း​ချင်း​ထိမ်း​မြား​လက်​ထပ်​မှု​သာ လျှင်​ဖြစ်​ရ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

39 မ ယား ဖြစ် သူ သည် လင် အ သက် ရှင် သ မျှ ကာ လ အ တွင်း ချည် နှောင် လျက် ရှိ၏။ လင် သေ လျှင် မူ ကား အ ရှင် ဘု ရား၌ ဖြစ် က အ လို ရှိ သူ နှင့် အိမ် ထောင် ပြု ရန် လွတ် လေ ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

39 မိန်း​မ​သည် မိ​မိ​ခင်​ပွန်း​မ​သေ​မီ ကာ​လ​ပတ်​လုံး တ​ရား​အား​ဖြင့် ချည်​နှောင်​လျက်​ရှိ၏။ ခင်​ပွန်း​သေ​လျှင်​မူ​ကား၊ မိ​မိ​အ​လို​အ​တိုင်း သ​ခင်​ဘု​ရား၌​သာ အ​ခြား​သော​သူ၏ မ​ယား​ဖြစ်​ခြင်း​ငှာ အ​ခွင့်​ရှိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

39 မယား​သည် မိမိ​လင်​ယောက်ျား​အသက်ရှင်​နေ​သရွေ့​ကာလ​ပတ်လုံး အနှောင်အဖွဲ့​ရှိ​၏။ လင်​ယောက်ျား​သေဆုံး​ခဲ့​လျှင်​မူကား မိမိ​နှစ်သက်​သော​သူ​နှင့် သခင်​ဘုရား​၌​သာ အိမ်ထောင်ပြု​ခွင့်​ရှိ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကော 7:39
8 ပူးပေါင်းရင်းမြစ်များ  

အိမ်ထောင်ရှိသော​သူများ​အတွက် ကျွန်ုပ်​ထံမှ မဟုတ်ဘဲ သခင်ဘုရား​ထံမှ လာသော ပညတ်ချက်​ရှိ၏။ ဇနီး​သည် မိမိ​ခင်ပွန်း​နှင့် ခွဲမနေရ။


သို့သော် မယုံကြည်သော​ခင်ပွန်း၊ သို့မဟုတ် ဇနီး​က ကွာရှင်း​လို​လျှင် ကွာရှင်းပါစေ။ ထို​အခြေအနေ​မျိုး​တွင် ယုံကြည်သော​ခင်ပွန်း​ဖြစ်စေ၊ ဇနီး​ဖြစ်စေ ထို​သူ​နှင့် မသက်ဆိုင်တော့ပေ။ ဘုရားသခင်​သည် သင်တို့​အား ငြိမ်းချမ်း​စွာ နေထိုင်​ရန် ရွေးကောက်တော်မူ၏။


ထို့ကြောင့် မိမိ​နှင့် စေ့စပ်ထားသော​မိန်းမပျို​ကို လက်ထပ်သောသူ​သည် ကောင်းမွန်​စွာ​ပြု၏။ လက်မထပ်သောသူ​မှာမူ ပို၍ ကောင်းမွန်​စွာ​ပြု၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ