သင်တို့အား ငါပေးသမျှသော ပညတ်တော်အားလုံးကို သူတို့အား သွန်သင်လော့။ ငါသည်လည်း ကမ္ဘာကုန်ဆုံးသည့်တိုင်အောင် သင်တို့နှင့်အတူ အစဉ်အမြဲရှိနေမည်” ဟု မိန့်တော်မူ၏။ ရှင်မဿဲခရစ်ဝင်ကျမ်းပြီးပါပြီ။
ဧဖက် 4:11 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ခရစ်တော်သည် တချို့ကို တမန်တော်အဖြစ်လည်းကောင်း၊ တချို့ကို ပရောဖက်အဖြစ်လည်းကောင်း တချို့ကို သတင်းကောင်းဟောပြောသူအဖြစ်လည်းကောင်း၊ တချို့ကို သင်းအုပ်ဆရာနှင့် ဆရာအဖြစ်လည်းကောင်း ခန့်ထားတော်မူ၏။ Common Language Bible လူသားတို့အားဆုကျေးဇူးများကိုချပေး တော်မူသောအရှင်သည်လည်း ကိုယ်တော်ပင်ဖြစ် ပေသည်။ ကိုယ်တော်သည်လူအချို့တို့ကိုတမန် တော်အရာ၌လည်းကောင်း၊ အချို့တို့ကိုပရော ဖက်အရာ၌လည်းကောင်း၊ အချို့တို့ကိုဧဝံ ဂေလိတရားဟောဆရာအရာ၌လည်းကောင်း၊ အချို့တို့ကိုသင်းအုပ်ဆရာနှင့်ဋ္ဌမ္မပညာဆရာ အရာ၌လည်းကောင်းခန့်ထားတော်မူ၏။- Garrad Bible ဘု ရား သ ခင့် သား တော် ကို ယုံ ကြည် သိ ကျွမ်း ခြင်း ကြောင့် တစ် ဝ တည်း အ ဖြစ်၊ အ ရွယ် ရောက် သူ အ ဖြစ်၊ ခ ရစ် တော်၏ ပြည် စုံ ခြင်း လုံး ရပ် အ ဖြစ် သို့ ငါ တို့ ရှိ သ မျှ ရောက် သည့် တိုင် အောင် သီး သန့် ထား တော် မူ သူ တို့ ကို စုံ လင် ကြ စေ ရန် အ မှု တော် ဆောင် ရွက် ခြင်း၊ ခ ရစ် တော်၏ ကိုယ် ခ န္ဓာ တော် တည် ဆောက် ခြင်း အ လို့ ငှါ တ မန် တော် များ၊ ပ ရော ဖက် များ၊ ဓ မ္မ က ထိ က များ၊ အုပ် ထိန်း သူ ဆ ရာ များ ကို ချ ပေး တော် မူ၏။ Judson Bible ခရစ်တော်၏ကိုယ်တော်ကို တည်ဆောက်၍ ဓမ္မဆရာ၏အမှုကို ပြုတတ်မည်အကြောင်း၊- မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ကိုယ်တော်သည် အချို့တို့ကို တမန်တော်အရာ၌လည်းကောင်း၊ အချို့တို့ကို ပရောဖက်အရာ၌လည်းကောင်း၊ အချို့တို့ကို ကောင်းမြတ်သောသတင်းဟောပြောသူအရာ၌လည်းကောင်း၊ အချို့တို့ကို သင်းအုပ်အရာနှင့်ဆရာအရာ၌လည်းကောင်း ခန့်ထားတော်မူ၏။ |
သင်တို့အား ငါပေးသမျှသော ပညတ်တော်အားလုံးကို သူတို့အား သွန်သင်လော့။ ငါသည်လည်း ကမ္ဘာကုန်ဆုံးသည့်တိုင်အောင် သင်တို့နှင့်အတူ အစဉ်အမြဲရှိနေမည်” ဟု မိန့်တော်မူ၏။ ရှင်မဿဲခရစ်ဝင်ကျမ်းပြီးပါပြီ။
ဆီးရီးယားပြည် အန္တိအုတ်မြို့ရှိ အသင်းတော်တွင် ပရောဖက်များနှင့် ဆရာများ ရှိကြ၏။ ထိုသူတို့မှာ ဗာနဗ၊ လူမည်းဟု ခေါ်သောရှိမောင်၊ ကုရေနေမြို့သား လုကိ၊ နယ်စားဟေရုဒ်၏ငယ်ပေါင်း မာနင်နှင့် ရှောလုတို့ဖြစ်ကြ၏။
ထို့ကြောင့် သင်တို့သည် မိမိကိုယ်ကိုယ်လည်းကောင်း၊ သိုးစုအားလုံးကိုလည်းကောင်း ကြည့်ရှုပြုစုကြလော့။ သားတော်၏အသွေးတော်နှင့် ရွေးဝယ်ထားသောဘုရားသခင်၏အသင်းတော်ကို ထိန်းသိမ်းစောင့်ရှောက်ရန် ထိုသိုးစုများကို ကြည့်ရှုပြုစုသူများအဖြစ် သန့်ရှင်းသောဝိညာဉ်တော်သည် သင်တို့အား ခန့်ထားတော်မူ၏။
နောက်တစ်နေ့တွင် ကျွန်ုပ်တို့သည် ထိုမြို့မှ ထွက်ခွာ၍ ဆီဇာရီးယားမြို့သို့ ရောက်ကြ၏။ ကျွေးမွေးခြင်းအမှုကို ဆောင်ရွက်ရန် ရွေးချယ်ခြင်းခံရသောလူခုနှစ်ဦးအနက် တစ်ဦးဖြစ်သော၊ သတင်းကောင်းဟောပြောသူ ဖိလိပ္ပု၏အိမ်သို့ ဝင်၍ တည်းခိုကြ၏။
အမှုတော်ဆောင်ရွက်ခြင်းဖြစ်လျှင် အမှုတော်ကို ကောင်းစွာ ဆောင်ရွက်ကြရမည်။ သွန်သင်ခြင်းဖြစ်လျှင် ကောင်းစွာ သွန်သင်ကြရမည်။
သင်တို့သည် တမန်တော်များနှင့် ပရောဖက်များ၏ အုတ်မြစ်ပေါ်တွင် တည်ဆောက်သော အဆောက်အအုံကဲ့သို့ ဖြစ်ကြပြီး ယေရှုခရစ်တော်ကိုယ်တိုင်သည် ထောင့်ချုပ်ကျောက် ဖြစ်တော်မူ၏။
ဘုရားသခင်သည် ထိုလျှို့ဝှက်နက်နဲသောအရာကို ဝိညာဉ်တော်မှတစ်ဆင့် မိမိ၏ သန့်ရှင်းသောတမန်တော်များနှင့် ပရောဖက်များကို ယခုအခါ၌ ရှင်းလင်းစွာ ဖွင့်ပြတော်မူသကဲ့သို့ ယခင်ခေတ်ကာလ၌ ဖော်ပြတော်မမူခဲ့ပေ။
ထို့ကြောင့် ကျမ်းစာ၌ “ကိုယ်တော်သည် မြင့်ရာအရပ်သို့ တက်ကြွတော်မူသောအခါ သုံ့ပန်းများစွာကို ခေါ်ဆောင်သွား၍ မိမိ၏ လူတို့အား လက်ဆောင်များကို ပေးတော်မူ၏” ဟု ဖော်ပြထား၏။
သို့သော်လည်း သင်သည် အရာရာ၌ သတိရှိလော့။ ဆင်းရဲဒုက္ခကို သည်းခံ၍ သတင်းကောင်းဟောပြောသူတစ်ဦး ဆောင်ရွက်ရမည့် အမှုကို ပြုလျက် အမှုတော်ကို အပြည့်အဝဆောင်ရွက်လော့။
သင်တို့သည် လေ့လာဆည်းပူးခဲ့သောကာလအရ ဆရာများဖြစ်သင့်သော်လည်း ဘုရားသခင်၏နှုတ်ကပတ်တော်နှင့်ဆိုင်သောအခြေခံအကြောင်းအရာများကို အခြားသူထံမှ ထပ်မံသင်ယူရန် လိုအပ်နေသေး၏။ သင်တို့သည် မာသောအစာကို မစားနိုင်ဘဲ နို့ကိုသာ သောက်နိုင်ကြသေး၏။
ချစ်ရသောသူတို့… ကျွန်ုပ်တို့၏သခင် ယေရှုခရစ်တော်၏ တမန်တော်များ ကြိုတင်ဟောပြောခဲ့သောစကားများကို သတိရကြလော့။
အို ကောင်းကင်ဘုံသားတို့… ထိုမြို့၏ပျက်စီးခြင်းအတွက် ဝမ်းမြောက်ကြလော့။ အို သန့်ရှင်းသောသူတို့၊ တမန်တော်တို့နှင့် ပရောဖက်တို့… ဝမ်းမြောက်ကြလော့။ သင်တို့အပေါ် ပြုခဲ့သည့်အမှုအတွက် ဘုရားသခင်သည် ထိုမြို့ကို တရားစီရင်တော်မူပြီ။
မြို့ရိုးသည် အုတ်မြစ်ဆယ့်နှစ်ခုရှိ၍ ၎င်းတို့အသီးသီးပေါ်တွင် သိုးသငယ်၏ တမန်တော်ဆယ့်နှစ်ပါးတို့၏ အမည်အသီးသီးကို ရေးထား၏။