ဧဖက် 4:11 - Common Language Bible11 လူသားတို့အားဆုကျေးဇူးများကိုချပေး တော်မူသောအရှင်သည်လည်း ကိုယ်တော်ပင်ဖြစ် ပေသည်။ ကိုယ်တော်သည်လူအချို့တို့ကိုတမန် တော်အရာ၌လည်းကောင်း၊ အချို့တို့ကိုပရော ဖက်အရာ၌လည်းကောင်း၊ အချို့တို့ကိုဧဝံ ဂေလိတရားဟောဆရာအရာ၌လည်းကောင်း၊ အချို့တို့ကိုသင်းအုပ်ဆရာနှင့်ဋ္ဌမ္မပညာဆရာ အရာ၌လည်းကောင်းခန့်ထားတော်မူ၏။- အခန်းကိုကြည့်ပါ။Garrad Bible11-13 ဘု ရား သ ခင့် သား တော် ကို ယုံ ကြည် သိ ကျွမ်း ခြင်း ကြောင့် တစ် ဝ တည်း အ ဖြစ်၊ အ ရွယ် ရောက် သူ အ ဖြစ်၊ ခ ရစ် တော်၏ ပြည် စုံ ခြင်း လုံး ရပ် အ ဖြစ် သို့ ငါ တို့ ရှိ သ မျှ ရောက် သည့် တိုင် အောင် သီး သန့် ထား တော် မူ သူ တို့ ကို စုံ လင် ကြ စေ ရန် အ မှု တော် ဆောင် ရွက် ခြင်း၊ ခ ရစ် တော်၏ ကိုယ် ခ န္ဓာ တော် တည် ဆောက် ခြင်း အ လို့ ငှါ တ မန် တော် များ၊ ပ ရော ဖက် များ၊ ဓ မ္မ က ထိ က များ၊ အုပ် ထိန်း သူ ဆ ရာ များ ကို ချ ပေး တော် မူ၏။ အခန်းကိုကြည့်ပါ။Judson Bible11 ခရစ်တော်၏ကိုယ်တော်ကို တည်ဆောက်၍ ဓမ္မဆရာ၏အမှုကို ပြုတတ်မည်အကြောင်း၊- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း11 ထို့နောက် ကိုယ်တော်သည် အချို့တို့ကို တမန်တော်အရာ၌လည်းကောင်း၊ အချို့တို့ကို ပရောဖက်အရာ၌လည်းကောင်း၊ အချို့တို့ကို ကောင်းမြတ်သောသတင်းဟောပြောသူအရာ၌လည်းကောင်း၊ အချို့တို့ကို သင်းအုပ်အရာနှင့်ဆရာအရာ၌လည်းကောင်း ခန့်ထားတော်မူ၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း11 ခရစ်တော်သည် တချို့ကို တမန်တော်အဖြစ်လည်းကောင်း၊ တချို့ကို ပရောဖက်အဖြစ်လည်းကောင်း တချို့ကို သတင်းကောင်းဟောပြောသူအဖြစ်လည်းကောင်း၊ တချို့ကို သင်းအုပ်ဆရာနှင့် ဆရာအဖြစ်လည်းကောင်း ခန့်ထားတော်မူ၏။ အခန်းကိုကြည့်ပါ။ |
သို့ဖြစ်၍သင်တို့သည်မိမိတို့ကိုကိုယ်လည်း ကောင်း၊ သင်တို့လက်သို့ သန့်ရှင်းသောဝိညာဉ်တော် ပေးအပ်ထားသည့်သိုးစုကိုလည်းကောင်းစောင့် ရှောက်ကြည့်ရှုကြလော့။ ဘုရားသခင်၏အသင်း တော်ကိုသိုးထိန်းသဖွယ်စောင့်ထိန်းကြည့်ရှုကြ လော့။ ကိုယ်တော်သည်မိမိသားတော်အသေခံ သောအားဖြင့် ထိုအသင်းတော်ကိုမိမိပိုင်ဆိုင် ရာဖြစ်စေတော်မူသည်။-
သင်တို့သည်ယခုအချိန်အခါလောက်ဆိုလျှင် ဋ္ဌမ္မပညာပို့ချသူများဖြစ်သင့်ကြလေပြီ။ သို့ ရာတွင်သင်တို့အားဘုရားသခင်၏တရား တော်အခြေခံကို တစ်စုံတစ်ယောက်ကသင်ကြား ပေးရန်လိုနေသေးပါသည်တကား။ သင်တို့သည် မာသောအစားအစာကိုစားမည့်အစားနို့ ကိုသာလျှင်သောက်နေကြသေး၏။-