ယာကုပ်၏သားသည် မာရိ၏ခင်ပွန်း ယောသပ်ဖြစ်၏။ မာရိသည် ခရစ်တော်ဟု ခေါ်သော ယေရှု၏ မယ်တော်ဖြစ်၏။
လုကာ 2:11 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ယနေ့တွင် ဒါဝိဒ်၏မြို့၌ သခင်ခရစ်တော်တည်းဟူသော ကယ်တင်ရှင်သည် သင်တို့အတွက် မွေးဖွားလာတော်မူပြီ။ Common Language Bible ဒါဝိဒ်မင်း၏မြို့တွင်သခင်ခရစ်တော်တည်း ဟူသောကယ်တင်ရှင်သည်သင်တို့အဖို့ယနေ့ ဖွားမြင်တော်မူပြီ။- Garrad Bible အ ရှင် ခ ရစ် တော် တည်း ဟူ သော ကယ် တင် ရှင် သည် ဒါ ဝိဒ် မင်း ဇာ တိ မြို့ တွင် ယ နေ့ သင် တို့ အ ဖို့ ဖွား မြင် တော် မူ ပြီ။ Judson Bible ယနေ့တွင် ဒါဝိဒ်၏မြို့၌ သခင်ခရစ်တော်တည်းဟူသော ကယ်တင်သောအရှင်သည် သင်တို့အဖို့အလိုငှာ ဖွားမြင်ခြင်းကို ခံတော်မူပြီ။- မြန်မာ့စံမီသမ္မာကျမ်း ယနေ့တွင် ဒါဝိဒ်၏မြို့၌ သခင်ခရစ်တော်တည်းဟူသောကယ်တင်ရှင်သည် သင်တို့အတွက် ဖွားမြင်တော်မူပြီ။ မြန်မာ ယနေ့တွင် ဒါဝိဒ်၏မြို့၌ သခင်ခရစ်တော်တည်းဟူသော ကယ်တင်သောအရှင်သည် သင်တို့အဖို့အလိုငှာ ဖွားမြင်ခြင်းကို ခံတော်မူပြီ။- |
ယာကုပ်၏သားသည် မာရိ၏ခင်ပွန်း ယောသပ်ဖြစ်၏။ မာရိသည် ခရစ်တော်ဟု ခေါ်သော ယေရှု၏ မယ်တော်ဖြစ်၏။
သူသည် သားယောက်ျားကို မွေးဖွားလိမ့်မည်။ ထိုသားသည် မိမိလူမျိုးတို့ကို သူတို့၏ အပြစ်များမှ ကယ်တင်မည့်သူ ဖြစ်သောကြောင့် သူ့ကို ယေရှုဟူ၍ မှည့်ခေါ်ရမည်” ဟု ဆိုလေ၏။
ရှိမုန်ပေတရုက “ကိုယ်တော်သည် အသက်ရှင်တော်မူသည့် ဘုရားသခင်၏သားတော်ဟူသော ခရစ်တော်ဖြစ်၏” ဟု လျှောက်လေ၏။
ထို့နောက် ယေရှုက မိမိသည် ခရစ်တော်ဖြစ်ကြောင်း မည်သူ့ကိုမျှ မပြောရန် တပည့်တော်တို့အား တင်းကျပ်စွာ မှာကြားတော်မူ၏။
ကျွန်မ သခင်၏မိခင် ကျွန်မထံသို့ ကြွရောက်လာသောအခွင့်ထူးကို အဘယ်ကြောင့် ကျွန်မခံစားရပါသနည်း။
ကိုယ်တော်သည် အကျွန်ုပ်တို့ကို ရန်သူတို့၏လက်မှလည်းကောင်း၊ အကျွန်ုပ်တို့ကို မုန်းသောသူအပေါင်းတို့၏လက်မှလည်းကောင်း ကယ်တင်တော်မူမည်ဟု ရှေးအခါက သူ၏သန့်ရှင်းသောပရောဖက်များအားဖြင့် မိန့်တော်မူခဲ့သည့်အတိုင်း သူ၏အစေခံ ဒါဝိဒ်မင်းအမျိုးအနွယ်ထဲမှ တန်ခိုးကြီးသောကယ်တင်ရှင်ကို ပေါ်ထွန်းစေတော်မူပြီ။
သူသည် ထာဝရဘုရား၏ခရစ်တော်ကို ကိုယ်တိုင်မတွေ့မမြင်ရဘဲ မသေရဟူ၍ သန့်ရှင်းသောဝိညာဉ်တော်၏ဖွင့်ပြထားခြင်းကို ခံရသူဖြစ်၏။
ယောသပ်သည်လည်း ဒါဝိဒ်မင်းအမျိုးအနွယ်မှ ဆင်းသက်လာသူဖြစ်သောကြောင့် ဂါလိလဲပြည်နာဇရက်မြို့မှ ယုဒပြည်ရှိ ဗက်လင်မြို့ဟု ခေါ်သော ဒါဝိဒ်၏မြို့သို့ သွားလေ၏။
သူသည် အစ်ကိုဖြစ်သူ ပေတရုကို ဦးစွာရှာ၍ “မေရှိယကို ငါတို့ တွေ့မြင်ပြီ” ဟု ဆို၏။ (မေရှိယ၏ အဓိပ္ပာယ်မှာ “ဘိသိက်ခံရသူ” ဖြစ်၏။)
ဖိလိပ္ပုသည် နာသနေလကို တွေ့လျှင် “မောရှေ၏ ပညတ်ကျမ်းနှင့် ပရောဖက်ကျမ်းများ၌ ရေးသားဖော်ပြထားသောသူကို ငါတို့တွေ့ပြီ။ ထိုသူသည် ယောသပ်၏သား၊ နာဇရက်မြို့တွင် နေထိုင်သောယေရှုဖြစ်၏” ဟု ပြော၏။
မာသကလည်း “ယုံကြည်ပါ၏ သခင်။ သခင်သည် ဘုရားသခင်ထံမှ ဤလောကသို့ ကြွလာတော်မူသော ဘုရားသခင်၏သားတော် ခရစ်တော်ဖြစ်ကြောင်း ကျွန်မယုံကြည်ပါ၏” ဟု လျှောက်လေ၏။
သို့သော် ယေရှုသည် ဘုရားသခင်၏ သားတော် ခရစ်တော်ဖြစ်ကြောင်း သင်တို့ယုံကြည်ကြစေရန်နှင့် ထိုသို့ ယုံကြည်၍ နာမတော်၏တန်ခိုးအားဖြင့် အသက်ကို ရရှိကြစေရန် ဤကျမ်းစာကို ရေးသားရခြင်းဖြစ်၏။
ထိုအခါ အမျိုးသမီးက “ခရစ်တော်ဟု ခေါ်သော မေရှိယကြွလာမည်ကို ကျွန်မသိပါ၏။ ထိုအရှင် ကြွလာသောအခါ ကျွန်မတို့အား အရာခပ်သိမ်းကို ရှင်းလင်းဖော်ပြတော်မူမည်” ဟု လျှောက်၏။
ထိုသူတို့က အမျိုးသမီးအား “ယခု ငါတို့ယုံကြည်ကြသည်မှာ သင့်စကားကြောင့်မဟုတ်တော့ဘဲ ငါတို့ကိုယ်တိုင် ကြားနာရသောကြောင့်ဖြစ်၏။ ဤအရှင်သည် ကမ္ဘာလောက၏ကယ်တင်ရှင် အမှန်ဖြစ်ကြောင်း ယခုငါတို့သိရပြီ” ဟု ဆိုကြ၏။
ကိုယ်တော်သည် ဘုရားသခင်၏သန့်ရှင်းတော်မူသောသူဖြစ်တော်မူကြောင်းကို အကျွန်ုပ်တို့ယုံကြည်သိမှတ်ကြပါ၏” ဟု ဖြေဆိုလေ၏။
အခြားသောသူများက “ဤသူသည် ခရစ်တော်ဖြစ်သည်” ဟု ဆိုကြ၏။ သို့သော် တချို့က “ခရစ်တော်သည် ဂါလိလဲပြည်မှ ပေါ်ထွန်းပါမည်လော။
ဘုရားသခင်သည် အရာခပ်သိမ်းတို့၏အရှင်သခင်ဖြစ်သော ယေရှုခရစ်တော်အားဖြင့် ငြိမ်းချမ်းခြင်းတရားကိုဟောပြော၍ အစ္စရေးလူမျိုးတို့အား ပေးပို့သည့်နှုတ်တော်ထွက်စကားကို သင်တို့သိကြ၏။
ဘုရားသခင်သည် ကတိပြုတော်မူသည့်အတိုင်း ဒါဝိဒ်မင်း၏မျိုးဆက်မှ အစ္စရေးလူမျိုးအတွက် ယေရှုဟူသောကယ်တင်ရှင်တစ်ပါးကို ပို့ဆောင်ပေးတော်မူ၏။
ခရစ်တော်သည် ဒုက္ခဝေဒနာကိုခံစားရပြီး သေခြင်းမှ ရှင်ပြန်ထမြောက်ရမည်ဖြစ်ကြောင်း အထောက်အထားများနှင့်တကွ ရှင်းလင်းဖော်ပြပြီးလျှင် “သင်တို့အား ကျွန်ုပ်ပြောပြသောယေရှုသည် ခရစ်တော်ပင်ဖြစ်သည်” ဟု ပြောလေ၏။
ထို့ကြောင့် အစ္စရေးလူမျိုးအပေါင်းတို့… လက်ဝါးကပ်တိုင်ပေါ်တွင် သင်တို့သတ်သော ထိုယေရှုကို ဘုရားသခင်သည် အရှင်သခင်နှင့်ခရစ်တော်အရာ၌ ခန့်ထားတော်မူသည်ကို သေချာစွာ သိမှတ်ကြလော့” ဟူ၍ ဖြစ်၏။
အစ္စရေးလူမျိုးများအား နောင်တရ၍ အပြစ်တရားမှလွှတ်စေရန် ဘုရားသခင်သည် ထိုအရှင်အား ခေါင်းဆောင်နှင့် ကယ်တင်ရှင်အဖြစ် မိမိ၏လက်ယာတော်ဘက်၌ ချီးမြောက်တော်မူပြီ။
ပထမဦးဆုံးလူသည် မြေကြီးက ဖြစ်လာသောကြောင့် မြေကြီးသားဖြစ်၏။ ဒုတိယလူမှာ ကောင်းကင်ဘုံမှ လာသောသူဖြစ်၏။
“ယေရှုခရစ်တော်သည် သခင်ဖြစ်တော်မူသည်” ဟု နှုတ်ဖြင့် ဝန်ခံလျက် ခမည်းတော်ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားကြစေရန် ဖြစ်၏။
ထိုမျှမက ကျွန်ုပ်၏ သခင်ယေရှုခရစ်တော်ကို ရင်းနှီးကျွမ်းဝင်ရခြင်း၏ ကြီးမားသည့်တန်ဖိုးနှင့်ယှဉ်လျှင် အရာအားလုံးကို အရှုံးဟူ၍ မှတ်ယူ၏။ ခရစ်တော်အတွက်ကြောင့် အရာအားလုံးကို အရှုံးခံ၍ ၎င်းတို့ကို မစင်ကဲ့သို့ မှတ်ယူ၏။ ဤအရာမှာ ခရစ်တော်ကို ရရှိရန်နှင့်
ထို့ကြောင့် သင်တို့သည် ယေရှုခရစ်တော်ကို သခင်အဖြစ် လက်ခံကြသည့်အားလျော်စွာ ခရစ်တော်နှင့် တပေါင်းတစည်းတည်း ဖြစ်သောသူများအနေဖြင့် ဆက်လက် ပြုမူနေထိုင်ကြလော့။
ခမည်းတော်သည် သားတော်ကို ဤလောက၏ကယ်တင်ရှင်ဖြစ်ရန် စေလွှတ်တော်မူခဲ့သည်ကို ကျွန်ုပ်တို့မြင်၍ သက်သေခံကြ၏။
ယေရှုသည် ခရစ်တော်ဖြစ်တော်မူကြောင်းကို ယုံကြည်သောသူတိုင်းသည် ဘုရားသခင်ထံမှ ဖြစ်ပွားလာသောသူဖြစ်ပြီး အဖဘုရားသခင်ကိုချစ်သောသူတိုင်းသည် အဖဘုရားသခင်၏သားသမီးများကိုလည်း ချစ်တတ်၏။