Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မဿဲ 16:20 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

20 ထို့နောက် ယေရှု​က မိမိ​သည် ခရစ်တော်​ဖြစ်ကြောင်း မည်သူ့​ကိုမျှ မပြော​ရန် တပည့်တော်တို့​အား တင်းကျပ်​စွာ မှာကြားတော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

20 ထို​နောက်​ကိုယ်​တော်​သည်​မိ​မိ​ခ​ရစ်​တော်​ဖြစ်​တော် မူ​ကြောင်း​ကို​အ​ဘယ်​သူ​အား​မျှ​မ​ပြော​ရန်​တပည့် တော်​တို့​အား​ပ​ညတ်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

20 ထို နောက် ခ ရစ် တော် ဖြစ် ကြောင်း ကို မည် သူ့ အား မျှ မ ကြား မ ပြော ကြ စေ ရန် တ ပည့် တော် တို့ ကို မြစ် တား တော် မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

20 ကိုယ်​တော်​သည် ခ​ရစ်​တော်​ဖြစ်​ကြောင်း​ကို အ​ဘယ်​သူ​အား​မျှ မ​ပြော​စိမ့်​သော​ငှာ တ​ပည့်​တော်​တို့​ကို ပ​ညတ်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

20 ထို့နောက် ကိုယ်တော်​က မိမိ​သည်​ခရစ်တော်​ဖြစ်​ကြောင်း မည်သူ့​ကို​မျှ​မ​ပြော​ရန် တပည့်​တော်​တို့​အား မိန့်မှာ​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

20 ကိုယ်​တော်​သည် ခ​ရစ်​တော်​ဖြစ်​ကြောင်း​ကို အ​ဘယ်​သူ​အား​မျှ မ​ပြော​စိမ့်​သော​ငှာ တ​ပည့်​တော်​တို့​ကို ပ​ညတ်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 16:20
16 ပူးပေါင်းရင်းမြစ်များ  

ယာကုပ်​၏​သား​သည် မာရိ​၏​ခင်ပွန်း ယောသပ်​ဖြစ်၏။ မာရိ​သည် ခရစ်တော်​ဟု ခေါ်သော ယေရှု​၏ မယ်တော်​ဖြစ်၏။


ရှိမုန်​ပေတရု​က “ကိုယ်တော်​သည် အသက်ရှင်တော်မူသည့် ဘုရားသခင်​၏​သားတော်​ဟူသော ခရစ်တော်​ဖြစ်၏” ဟု လျှောက်လေ၏။


တောင်ပေါ်​မှ ဆင်းလာကြ​စဉ် ယေရှု​က “လူသား​သည် သေခြင်း​မှ မထမြောက်​မီ​အထိ သင်တို့​မြင်တွေ့ခဲ့ရသော ရူပါရုံ​ကို မည်သူ့​ကိုမျှ မပြောကြနှင့်” ဟု သူတို့​အား မှာကြားတော်မူ၏။


ထို့နောက် ယေရှု​က ထို​သူ​အား “ဤ​အကြောင်း​ကို မည်သူ့​ကို​မျှ မပြောနှင့်။ ယဇ်ပုရောဟိတ်​ထံသို့ သွား​၍ သူ့​အား​ကြည့်ရှုစစ်ဆေးစေလော့။ သင့်​ရောဂါ​ပျောက်ကင်းကြောင်း လူတို့​ရှေ့​၌ သက်သေပြ​ရန် မောရှေ​၏​ပညတ်ကျမ်း​အတိုင်း ပူဇော်စရာများ​ကို ဆက်သလော့” ဟု မိန့်တော်မူ၏။


ထိုအခါ ယေရှု​က မိမိ​အကြောင်း​ကို မည်သူ့​ကို​မျှ မပြော​ရန် တပည့်တော်တို့​အား သတိပေးတော်မူ၏။


တောင်ပေါ်​မှ ဆင်းလာကြ​စဉ် ယေရှု​က “လူသား​သည် သေခြင်း​မှ မထမြောက်​မီ​အထိ ယခု သင်တို့​မြင်တွေ့ခဲ့ရသော အရာ​ကို မည်သူ့​ကိုမျှ မပြောကြနှင့်” ဟု မှာကြားတော်မူ၏။


ယနေ့တွင် ဒါဝိဒ်​၏​မြို့​၌ သခင်​ခရစ်တော်​တည်းဟူသော ကယ်တင်ရှင်​သည် သင်တို့​အတွက် မွေးဖွားလာတော်မူပြီ။


ယေရှု​သည် ဤ​အကြောင်း​ကို မည်သူ့​ကို​မျှ မပြော​ရန် တပည့်တော်တို့​အား တင်းကျပ်​စွာ သတိပေးတော်မူ​လျက်


ထို​အသံတော် ထွက်ပေါ်​ပြီးနောက် ယေရှု​ကိုသာ တွေ့မြင်ကြရ၏။ တပည့်တော်တို့​သည် တွေ့မြင်​သမျှတို့​ကို ထို​ကာလပတ်လုံး မည်သူ့​ကို​မျှ ပြန်မပြောဘဲ လျှို့ဝှက်ထားကြ၏။


သူ​သည် အစ်ကို​ဖြစ်သူ ပေတရု​ကို ဦးစွာ​ရှာ​၍ “မေရှိယ​ကို ငါ​တို့ တွေ့မြင်ပြီ” ဟု ဆို၏။ (မေရှိယ​၏ အဓိပ္ပာယ်​မှာ “ဘိသိက်ခံရသူ” ဖြစ်၏။)


ဖိလိပ္ပု​သည် နာသနေလ​ကို တွေ့​လျှင် “မောရှေ​၏ ပညတ်ကျမ်း​နှင့် ပရောဖက်ကျမ်းများ​၌ ရေးသား​ဖော်ပြထားသော​သူ​ကို ငါတို့​တွေ့ပြီ။ ထို​သူ​သည် ယောသပ်​၏​သား၊ နာဇရက်မြို့​တွင် နေထိုင်သော​ယေရှု​ဖြစ်၏” ဟု ပြော၏။


မာသ​ကလည်း “ယုံကြည်ပါ၏ သခင်။ သခင်​သည် ဘုရားသခင်​ထံမှ ဤ​လောက​သို့ ကြွလာတော်မူသော ဘုရားသခင်​၏​သားတော် ခရစ်တော်​ဖြစ်ကြောင်း ကျွန်မ​ယုံကြည်ပါ၏” ဟု လျှောက်လေ၏။


သို့သော် ယေရှု​သည် ဘုရားသခင်​၏ သားတော် ခရစ်တော်​ဖြစ်ကြောင်း သင်တို့​ယုံကြည်ကြ​စေရန်​နှင့် ထိုသို့ ယုံကြည်​၍ နာမတော်​၏​တန်ခိုး​အားဖြင့် အသက်​ကို ရရှိကြ​စေရန် ဤ​ကျမ်းစာ​ကို ရေးသားရခြင်း​ဖြစ်၏။


ထို့ကြောင့် အစ္စရေးလူမျိုး​အပေါင်းတို့… လက်ဝါးကပ်တိုင်​ပေါ်တွင် သင်တို့​သတ်သော ထို​ယေရှု​ကို ဘုရားသခင်​သည် အရှင်သခင်​နှင့်​ခရစ်တော်​အရာ​၌ ခန့်ထားတော်မူသည်​ကို သေချာ​စွာ သိမှတ်ကြလော့” ဟူ၍ ဖြစ်၏။


မည်သူ​သည် လိမ်လည်သူ​ဖြစ်သနည်း။ ယေရှု​သည် ခရစ်တော်​ဖြစ်ကြောင်း ငြင်းပယ်သူ​သည် လိမ်လည်သူ​ဖြစ်၏။ ထိုသို့သော​သူ​သည် ခမည်းတော်​နှင့်​သားတော်​ကို ငြင်းပယ်သူ​ဖြစ်​၍ ခရစ်တော်​၏​ရန်သူ​ဖြစ်၏။


ယေရှု​သည် ခရစ်တော်​ဖြစ်တော်မူကြောင်း​ကို ယုံကြည်သောသူ​တိုင်း​သည် ဘုရားသခင်​ထံမှ ဖြစ်ပွားလာသော​သူ​ဖြစ်ပြီး အဖ​ဘုရားသခင်​ကို​ချစ်သောသူ​တိုင်း​သည် အဖ​ဘုရားသခင်​၏​သားသမီးများ​ကိုလည်း ချစ်တတ်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ