ထိုအခါ သူဌေးသည် မရိုးသားသောစီမံခန့်ခွဲသူ၏ပါးနပ်သည့်လုပ်ရပ်များကို ချီးမွမ်းလေ၏။ အဘယ်ကြောင့်ဆိုသော် လောကီသားတို့သည် မိမိတို့၏လောကီရေးရာကို လုပ်ဆောင်ရာတွင် အလင်း၏သားသမီးများထက် ပါးနပ်ကြသောကြောင့်ဖြစ်၏။
ယာကုပ် 3:15 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသို့သော ဉာဏ်ပညာသည် ကောင်းကင်မှ လာသည်မဟုတ်။ လောက၊ လူ့ဗီဇနှင့် နတ်ဆိုးတို့ထံမှ လာ၏။ Common Language Bible ထိုကဲ့သို့သောပညာသည်အထက်မှသက် ရောက်သည့်ပညာမဟုတ်။ လောကီဆန်သော၊ အသွေးအသားနှင့်ဆိုင်သော၊ နတ်မိစ္ဆာတို့နှင့် ပတ်သက်သောပညာသာလျှင်ဖြစ်ပေသည်။- Garrad Bible ထို သို့ သော ဉာဏ် ပ ညာ သည် အ ထက် မှ ဆင်း သက် သည် မ ဟုတ်။ လော က၊ ရုပ် ခ န္ဓာ၊ နတ် ဆိုး များ မှ တည်း။ Judson Bible ထိုသို့သောပညာသည် အထက်မှ သက်ရောက်သောပညာမဟုတ်။ မြေကြီးပညာ၊ ဇာတိပကတိပညာ၊ နတ်ဆိုးပညာဖြစ်၏။- မြန်မာ့စံမီသမ္မာကျမ်း ထိုသို့သောဉာဏ်ပညာသည် အထက်အရပ်မှလာသည်မဟုတ်ဘဲ လောကနှင့်လည်းကောင်း၊ ဇာတိနှင့်လည်းကောင်း၊ နတ်ဆိုးတို့နှင့်လည်းကောင်း စပ်ဆိုင်၏။ |
ထိုအခါ သူဌေးသည် မရိုးသားသောစီမံခန့်ခွဲသူ၏ပါးနပ်သည့်လုပ်ရပ်များကို ချီးမွမ်းလေ၏။ အဘယ်ကြောင့်ဆိုသော် လောကီသားတို့သည် မိမိတို့၏လောကီရေးရာကို လုပ်ဆောင်ရာတွင် အလင်း၏သားသမီးများထက် ပါးနပ်ကြသောကြောင့်ဖြစ်၏။
ဘုရားသခင်သည် မိမိ၏ သားတော်ကို လောကသို့ စေလွှတ်တော်မူသည်မှာ လောကီသားတို့ကို အပြစ်စီရင်ရန် မဟုတ်။ လောကီသားတို့ကို သားတော်အားဖြင့် ကယ်တင်ရန်ဖြစ်၏။
သင်တို့၏ဖခင်သည် မာရ်နတ်ဖြစ်၏။ ထို့ကြောင့် သင်တို့သည် သင်တို့ဖခင်၏အလိုသို့ လိုက်တတ်ကြ၏။ မာရ်နတ်သည် အစဦးကပင် လူသတ်သမားဖြစ်၏။ သူ့အထဲတွင် သမ္မာတရားမရှိသောကြောင့် သမ္မာတရားကိုလည်း သူမုန်း၏။ သူသည် လိမ်လည်သောသူဖြစ်ပြီး လိမ်လည်ခြင်း၏ဖခင်လည်း ဖြစ်၏။ ထို့ကြောင့် သူလိမ်လည်ပြောဆိုခြင်းမှာ မိမိပင်ကိုစရိုက်အတိုင်း ပြောဆိုခြင်းဖြစ်၏။
“အို လှည့်စားမှုအပေါင်း၊ ဆိုးသွမ်းမှုအပေါင်းနှင့် ပြည့်သောမာရ်နတ်၏သား… ဖြောင့်မတ်ခြင်းအပေါင်းတို့၏ရန်သူ… သင်သည် ထာဝရဘုရား၏ဖြောင့်ဖြူးသောလမ်းတော်တို့ကို ကောက်ကွေ့အောင် ပြုလုပ်နေခြင်းမှ မရပ်တန့်ဘဲမနေနိုင်သလော။
သို့သော် ဘုရားသခင်သည် ပညာရှင်တို့ကို အရှက်ရစေရန် လောကတွင် ပညာမဲ့သောသူတို့ကို ရွေးချယ်တော်မူ၏။ ခွန်အားကြီးသောသူတို့ကို အရှက်ရစေရန် အားနည်းသောသူတို့ကို ရွေးချယ်တော်မူ၏။
သို့သော် ဝိညာဉ်တော်ကို မရရှိထားသောသူသည် ဘုရားသခင်၏ဝိညာဉ်တော်ထံမှ အမှန်တရားကို မခံယူနိုင်ပေ။ ထိုအရာတို့သည် သူ့အတွက် မိုက်မဲသောအရာများဖြစ်၏။ ထိုအရာတို့ကို ဝိညာဉ်တော်အားဖြင့်သာ ပိုင်းခြားသိမြင်နိုင်သောကြောင့် သူသည် နားမလည်နိုင်ပေ။
အဘယ်ကြောင့်ဆိုသော် ဤလောကီပညာသည် ဘုရားသခင်ရှေ့တော်၌ မိုက်မဲသောအရာ ဖြစ်သောကြောင့်ပင်။ ကျမ်းစာ၌ “ဘုရားသခင်သည် ပညာရှင်တို့ကို သူတို့သုံးသောပရိယာယ်အားဖြင့် ထောင်ချောက်ဆင်၍ဖမ်းတော်မူ၏” ဟု ဖော်ပြထား၏။
အဘယ်ကြောင့်ဆိုသော် သင်တို့သည် လူ့ဗီဇစိတ်၏ ထိန်းချုပ်မှုအောက်၌ ရှိနေကြသေးသောကြောင့်ဖြစ်၏။ သင်တို့သည် အချင်းချင်း မနာလိုလျက်၊ ရန်ဖြစ်လျက် ရှိနေကြသည်မှာ သင်တို့၏ လူ့ဗီဇစိတ်က သင်တို့ကို ထိန်းချုပ်ထားကြောင်း သက်သေပြနေခြင်းပင် မဟုတ်လော။ သင်တို့သည် လောကီသားကဲ့သို့ပင် ပြုမူနေထိုင်ကြသည်မဟုတ်လော။
ကျွန်ုပ်တို့ လိပ်ပြာသန့်စွာ သက်သေခံသည့် ကြွားဝါစရာအကြောင်းမှာ ကျွန်ုပ်တို့သည် ဤလောက၌ အထူးသဖြင့် သင်တို့ရှေ့၌ လူ့ဉာဏ်ကို အမှီမပြုဘဲ ဘုရားသခင်၏ ကျေးဇူးတော်ကို အမှီပြု၍ ဘုရားသခင်ထံမှလာသော ရိုးသားဖြူစင်ခြင်းတို့ဖြင့် နေထိုင်ခဲ့ကြောင်းဖြစ်၏။
သို့သော် ဧဝသည် မြွေ၏ ပရိယာယ်ဖြင့် လှည့်ဖြားခံရသကဲ့သို့ သင်တို့၏စိတ်နှလုံးသည်လည်း ခရစ်တော်အား ရိုးသားဖြူစင်စွာ ကိုးကွယ်ရာမှ သွေဖည်စေခြင်းခံရမည်ကို ကျွန်ုပ်စိုးရိမ်၏။
ထိုသူတို့၏ နိဂုံးသည် ပျက်စီးခြင်း ဖြစ်၏။ သူတို့၏ ဘုရားသည် သူတို့၏ ဝမ်းဗိုက် ဖြစ်၏။ မိမိတို့ပြုသော ရှက်ဖွယ်အရာကို ဂုဏ်ယူဝင့်ကြွားကြ၏။ သူတို့သည် လောကီရေးရာကိုသာ စွဲလမ်းကြ၏။
ထိုတရားမဲ့သူသည် စာတန်ထံက တန်ခိုးကို ရ၍ စာတန်၏ အလုပ်ကို လုပ်ဆောင်ရန် ရောက်လာသောအခါ အတုအယောင်တန်ခိုး၊ အံ့ဖွယ်ဖြစ်ရပ်နှင့် နိမိတ်လက္ခဏာများကို ပြလိမ့်မည်။
နောက်ဆုံးသောနေ့ရက်များ၌ လူတချို့သည် မိမိတို့၏ ယုံကြည်ခြင်းတရားကို စွန့်၍ လူကို လှည့်စားသောဝိညာဉ်ဆိုးများနှင့် နတ်ဆိုးများ၏ သွန်သင်မှုကို ခံယူကြလိမ့်မည်ဟု ဝိညာဉ်တော်သည် ရှင်းလင်းစွာ မိန့်တော်မူ၏။
ကောင်းမြတ်သောဆုကျေးဇူးနှင့် ပြီးပြည့်စုံသောလက်ဆောင်များ အားလုံးသည် ကောင်းကင်အလင်များကို ဖန်ဆင်းသော အဖဘုရားသခင်ထံမှ ရောက်လာသည်ဖြစ်၍ အထက်အရပ်မှ ဖြစ်ကြ၏။ ကိုယ်တော်သည် ရွေ့လျားတတ်သောအရိပ်များကဲ့သို့ ပြောင်းလဲတော်မမူ။
သင်တို့တွင် တစ်စုံတစ်ယောက်သည် ဉာဏ်ပညာကို လိုအပ်လျှင် ဘုရားသခင်ထံ တောင်းစေ။ ကဲ့ရဲ့ပြစ်တင်တော်မမူဘဲ ရက်ရောစွာ ပေးတော်မူသော ဘုရားသခင်သည် ထိုသူအား ဉာဏ်ပညာကို ပေးတော်မူလိမ့်မည်။
ကောင်းကင်ဘုံမှ ဆင်းသက်လာသော ဉာဏ်ပညာသည် ပထမဦးစွာ စင်ကြယ်၏။ ငြိမ်းချမ်းမှုကို မြတ်နိုး၏။ ထောက်ထားညှာတာတတ်၏။ သဟဇာတဖြစ်တတ်၏။ ကရုဏာတရားနှင့် ကောင်းကျိုးတို့ဖြင့် ပြည့်စုံ၏။ မျက်နှာမလိုက်တတ်။ ဟန်ဆောင်မှုကင်း၏။
ဤသူတို့သည် စိတ်ဝမ်းကွဲစေသောသူ၊ ဝိညာဉ်တော်ကို မရရှိသည့် လူ့ဗီဇစိတ်အလိုတိုင်းလိုက်သောသူများဖြစ်ကြ၏။
ထိုနဂါးသည် တစ်ကမ္ဘာလုံးကို လှည့်ဖြားသည့် မာရ်နတ်၊ သို့မဟုတ် စာတန် ဟုခေါ်သော ရှေးမြွေဟောင်းဖြစ်ပြီး သူ၏ တမန်များနှင့်အတူ ကမ္ဘာမြေပေါ်သို့ ပစ်ချခံခဲ့ရ၏။
ယခု ကျွန်ုပ်သည် ကျန်ရှိသော သွာတိရအသင်းသား သင်တို့အား ပြောလို၏။ သူ၏မှားယွင်းသည့် သွန်သင်ချက်ကို နားမထောင်၊ စာတန်၏လျှို့ဝှက်ချက်များကို မခံယူသည့် သင်တို့အပေါ်သို့ အခြားဝန်ထုပ်ဝန်ပိုးကို ငါတင်မည်မဟုတ်။
သူတို့၏ရှင်ဘုရင်မှာ တွင်းနက်ကြီး၏ကောင်းကင်တမန်ဖြစ်၏။ သူ၏ အမည်မှာ ဟေဗြဲဘာသာဖြင့် အာဗဒ္ဒုန်၊ ဂရိဘာသာဖြင့် အပေါလျုန် ဖြစ်၏။