မိဇပါ ဟူ၍လည်းကောင်း ခေါ်၏။ အကြောင်းမူကား လာဗန်က “ငါတို့သည် တစ်ဦးနှင့်တစ်ဦးမတွေ့မမြင်နိုင်ကြသောအခါ သင်နှင့်ငါကြား၌ ထာဝရဘုရားစောင့်ကြည့်တော်မူပါစေ။
၁ ရာ 7:6 - မြန်မာ့စံမီသမ္မာကျမ်း အစ္စရေးအမျိုးသားတို့သည်လည်း မိဇပါမြို့၌စုဝေးကြ၏။ ရေကိုခပ်ပြီး ထာဝရဘုရားရှေ့တော်၌သွန်းလောင်းကြ၏။ ထိုနေ့၌ အစာရှောင်ကြပြီး သူတို့က “အကျွန်ုပ်တို့သည် ထာဝရဘုရားကိုပြစ်မှားခဲ့ကြပြီ”ဟု ဝန်ခံကြ၏။ ဤသို့ဖြင့် ရှမွေလသည် မိဇပါမြို့၌ အစ္စရေးအမျိုးသားတို့ကို စီရင်အုပ်ချုပ်လေ၏။ Common Language Bible သို့ဖြစ်၍သူတို့သည်မိဇပါမြို့တွင်စုဝေး ကြပြီးနောက် ရေအနည်းငယ်ခပ်၍ထာဝရ ဘုရားအား ပူဇော်သည့်အနေဖြင့်သွန်းလောင်း ကာထိုနေ့တစ်နေ့လုံးအစာရှောင်ကြ၏။ သူ တို့က``အကျွန်ုပ်တို့သည်ထာဝရဘုရားကို ပြစ်မှားပါပြီ'' ဟုဆိုကြ၏။ မိဇပါမြို့မှ နေ၍ရှမွေလသည်ဣသရေလအမျိုး သားတို့ကိုစီရင်အုပ်ချုပ်သတည်း။ Garrad Bible ၎င်း မြို့ ၌ စု ရုံး သော နေ့ တွင် ရေ ခပ်၍ ထာ ဝ ရ ဘု ရား ရှေ့ တော် မှာ သွန်း လောင်း ခြင်း၊ အ စာ ရှောင် ခြင်း များ ကို ပြု လျက် ထာ ဝ ရ ဘု ရား ကို အ ကျွန်ုပ် တို့ ပြစ် မှား မိ ခဲ့ ကြ ပြီ ဟု ဝန် ခံ ကြ လေ၏။ ရှ မွေ လ လည်း မိ ဇ ပါ မြို့၌ ဣ သ ရေ လ အ မျိုး သား တို့ ကို အုပ် စိုး စီ ရင် လျက် နေ လေ ၏။ Judson Bible သူတို့သည် မိဇပါမြို့၌ စည်းဝေးသဖြင့်၊ ရေကိုခပ်၍ ထာဝရဘုရားရှေ့တော်၌သွန်းလောင်းခြင်း၊ အစာရှောင်ခြင်း အကျင့်တို့ကိုကျင့်လျက်၊ အကျွန်ုပ်တို့သည် ထာဝရဘုရားကို ပြစ်မှားပါပြီဟု ဝန်ခံကြ၏။ ရှမွေလသည် မိဇပါမြို့၌ ဣသရေလအမျိုးသားတရားမှုတို့ကို စစ်ကြောစီရင်လေ၏။ |
မိဇပါ ဟူ၍လည်းကောင်း ခေါ်၏။ အကြောင်းမူကား လာဗန်က “ငါတို့သည် တစ်ဦးနှင့်တစ်ဦးမတွေ့မမြင်နိုင်ကြသောအခါ သင်နှင့်ငါကြား၌ ထာဝရဘုရားစောင့်ကြည့်တော်မူပါစေ။
စင်စစ် အကျွန်ုပ်တို့သည် သေတတ်သောအမျိုးဖြစ်ကြပါ၏။ မြေပေါ်သွန်ပြီးမှ ပြန်ယူ၍မရသောရေနှင့်တူကြပါ၏။ ဘုရားသခင်မူကား အသက်တစ်ချောင်းကိုပင် မသေစေလိုပါ။ ကိုယ်တော့်ထံမှ နှင်ထုတ်ခံရသောသူကို အပယ်ခံမဖြစ်စေလိုသဖြင့် နည်းလမ်းရှာဖွေတော်မူတတ်ပါ၏။
ဖမ်းခေါ်သွားခြင်းခံရသောပြည်၌ သူတို့ စိတ်နှလုံးပြောင်းလဲ၍ ‘အကျွန်ုပ်တို့ ပြစ်မှားမိပါပြီ။ ဒုစရိုက်ကို ပြုမိပါပြီ။ မကောင်းမှုများကို ပြုမိပါပြီ’ဟု ဆိုလျက် နောင်တရကာ ဖမ်းခေါ်သွားခြင်းခံရသည့်အရပ်၌ပင် ကိုယ်တော့်ထံ ဆုတောင်းအသနားခံလျှင်၊
ထိုသူရဲကောင်းသုံးဦးသည် ဖိလိတ္တိတပ်စခန်းကို ထိုးဖောက်ပြီး ဗက်လင်မြို့တံခါးအနီးရှိရေတွင်းမှ ရေကိုခပ်ယူကာ ဒါဝိဒ်မင်းကြီးထံ ယူဆောင်လာပေး၏။ သို့သော် ဒါဝိဒ်မင်းကြီးသည် ထိုရေကိုမသောက်ဘဲ ထာဝရဘုရားရှေ့တော်တွင် သွန်းလျက်
ယောရှဖတ်မင်းကြီးသည်ကြောက်ရွံ့၍ ထာဝရဘုရားကိုရှာရန် စိတ်ဆုံးဖြတ်ပြီး ယုဒပြည်တစ်ပြည်လုံးသို့ အစာရှောင်ရန် ကြေညာ၏။
ထို့ကြောင့် ကိုယ်တော်သည် သူတို့အား ရန်သူတို့လက်သို့အပ်သဖြင့် ရန်သူတို့သည် သူတို့ကိုညှဉ်းပန်းနှိပ်စက်လေ၏။ သူတို့သည် ဆင်းရဲဒုက္ခရောက်သောအခါ ကိုယ်တော့်ထံအော်ဟစ်သဖြင့် ကိုယ်တော်သည် ကောင်းကင်မှကြားတော်မူ၏။ ကိုယ်တော်သည် ကရုဏာတော်ကြီးမားသောကြောင့် ကယ်တင်မည့်သူများကို ပြင်ဆင်ပေးတော်မူ၍ သူတို့ကို ရန်သူတို့လက်မှကယ်တင်စေခဲ့၏။
ငါ့မိတ်ဆွေတို့သည် ငါ့ကို ပြက်ရယ်ပြုကြ၏။ ငါသည် ဘုရားသခင်ရှေ့တော်တွင် မျက်ရည်ကျရပါ၏။
ငါသည် စားသောက်ရမည့်အစား ငိုကြွေးနေရပါ၏။ ရေစီးဆင်းသကဲ့သို့ ညည်းတွားနေရပါ၏။
သူသည် လူတို့ကိုကြည့်ရှု၍ ‘ငါသည် ဖြောင့်မှန်သောလမ်းမှလွဲ၍ အပြစ်ပြုမိပြီ။ သို့သော် ငါခံထိုက်သောအပြစ်ကို ခံစေတော်မမူ။
“ကြည့်ရှုလော့။ အကျွန်ုပ်သည် ယုတ်ညံ့သောသူဖြစ်ပါ၏။ ကိုယ်တော်ကို မည်သို့ပြန်လျှောက်နိုင်ပါမည်နည်း။ အကျွန်ုပ်နှုတ်ကို လက်နှင့်ပိတ်ထားပါပြီ။
ထို့ကြောင့် ကိုယ့်ကိုယ်ကို ရွံရှာမိပါ၏။ နောင်တရလျက် မြေမှုန့်ထဲ၊ ပြာပုံထဲမှာ ထိုင်နေရပါ၏”ဟု လျှောက်လေ၏။
အကျွန်ုပ်တို့သည် အကျွန်ုပ်တို့၏ဘိုးဘေးများနှင့်အတူ အပြစ်ပြုကြပါပြီ။ ဒုစရိုက်ကိုပြုကြပါပြီ။ ဆိုးယုတ်သောအမှုကိုပြုကြပါပြီ။
လူတို့သည် ကိုယ်တော်၏တရားတော်ကို မစောင့်ထိန်းကြသောကြောင့် အကျွန်ုပ်၏မျက်စိတို့မှ မျက်ရည်ချောင်းများစီးဆင်းပါ၏။
လူတို့က “သင်၏ဘုရားသခင်သည် အဘယ်မှာရှိသနည်း”ဟု ငါ့ကို တစ်နေ့လုံးပြောဆိုကြသောအခါ ငါ၏မျက်ရည်သည် နေ့ညမပြတ် ငါ့အတွက်စားစရာဖြစ်ရ၏။
အကျွန်ုပ်သည် ညည်းတွားရသဖြင့်ပင်ပန်းလှပါ၏။ ညစဉ်ညတိုင်း အကျွန်ုပ်၏မျက်ရည်များဖြင့် အကျွန်ုပ်၏ညောင်စောင်းသည် အိုင်ထွန်း၍ အကျွန်ုပ်၏ခုတင်သည် စိုရွှဲလျက်ရှိပါ၏။
အို လူများတို့၊ ကိုယ်တော်ကို အစဉ်အမြဲယုံကြည်ကိုးစားကြလော့။ သင်တို့၏စိတ်နှလုံးကို ကိုယ်တော်၏ရှေ့တော်၌ ဖွင့်ဟကြလော့။ ဘုရားသခင်သည် ငါတို့၏ခိုလှုံရာဖြစ်တော်မူ၏။(စေလာ)
အကျွန်ုပ်လမ်းလွဲပြီးမှ အမှန်ပင် နောင်တရပါပြီ။ သွန်သင်ခြင်းခံရပြီးမှ အကျွန်ုပ်သည် ရင်ထုမနာဖြစ်ရပါ၏။ အကျွန်ုပ်သည် ငယ်ရွယ်စဉ်၌ ကဲ့ရဲ့ပြစ်တင်စရာဖြစ်သောကြောင့် အရှက်ကွဲရပါ၏။ အသရေပျက်ရပါ၏”ဟူ၍ မြည်တမ်းသည်ကို ငါသေချာစွာကြားရ၏။
ယောရှိမင်းကြီး၏သား ယုဒဘုရင်ယောယကိမ်မင်းကြီး နန်းစံငါးနှစ်၊ နဝမလတွင် ဂျေရုဆလင်မြို့သူမြို့သားအပေါင်းနှင့် ယုဒမြို့ရွာတို့မှ ဂျေရုဆလင်မြို့သို့ရောက်လာသောသူအပေါင်းတို့အား ထာဝရဘုရားရှေ့တော်၌ အစာရှောင်ကြရန် ကြေညာ၏။
မည်သူသည် ငါ့ခေါင်းကို ရေတွင်းဖြစ်စေမည်နည်း။ မည်သူသည် ငါ့မျက်စိကို မျက်ရည်ထွက်သောစမ်းဖြစ်စေမည်နည်း။ သို့ဖြစ်လျှင် အသတ်ခံရသောငါ့လူမျိုးသမီးပျိုအတွက် ငါသည် နေ့ညမပြတ်ငိုကြွေးနိုင်လိမ့်မည်။
ငါ့လူမျိုးသမီးပျိုတို့ ပျက်စီးသောကြောင့်၊ နို့စို့နို့ညှာကလေးငယ်တို့ မြို့လမ်းမများပေါ်၌ လဲကျသောကြောင့် ငိုရလွန်း၍ မျက်စိမှုန်ဝေကုန်ပြီ။ ငါ့အထဲ၌ ပွက်ပွက်ဆူနေပြီ။ ငါ့အသည်းနှလုံးလည်း မြေပေါ်ကြွေကျလေပြီ။
ကောင်းကင်ဘုံမှ ထာဝရဘုရား ငုံ့ကြည့်၍ မြင်တော်မမူမချင်း ငါ့မျက်ရည်သည် မပြတ်မစဲစီးဆင်းလေပြီ။
အကျွန်ုပ်တို့ခေါင်းပေါ်မှ သရဖူသည် ပြုတ်ကျလေပြီ။ အကျွန်ုပ်တို့ပြုမိသောအပြစ်ကြောင့် ယခုမှာ အမင်္ဂလာဖြစ်လေပြီ။
အချင်းလူသား၊ သင်စီရင်လော့။ သူတို့ကို သင်စီရင်လော့။ သူတို့ဘိုးဘေးတို့ပြုခဲ့သည့် စက်ဆုပ်ရွံရှာဖွယ်အမှုတို့ကို သူတို့အား ပြောပြလော့။
ယဇ်ပုရောဟိတ်တို့၊ နားထောင်ကြ။ အစ္စရေးအမျိုးအနွယ်တို့၊ အာရုံစိုက်ကြ။ နန်းတွင်းသားတို့၊ စူးစိုက်နားထောင်ကြ။ သင်တို့သည် တရားစီရင်ခြင်းကိုခံရကြမည်။ သင်တို့သည် မိဇပါမြို့မှ ထောင်ချောက်၊ တာဗော်တောင်ပေါ်မှ ဖြန့်ထားသောပိုက်ကွန် ဖြစ်၏။
ထာဝရဘုရားက “ယခုပင် ငါ့ထံသို့ စိတ်နှလုံးအကြွင်းမဲ့ ပြန်လာ၍ အစာရှောင်လျက် ငိုကြွေးမြည်တမ်းကြလော့”ဟု မိန့်တော်မူ၏။
သင်တို့ အစဉ်အမြဲလိုက်နာရမည့်ပြဋ္ဌာန်းချက်ကား ဤသို့ဖြစ်၏။ သင်တို့၏အမျိုးသားချင်းဖြစ်စေ၊ သင်တို့ထဲတွင် တည်းခိုနေထိုင်သောတိုင်းတစ်ပါးသားဖြစ်စေ သတ္တမလ၊ ဆယ်ရက်နေ့၌ မိမိတို့၏စိတ်ဆန္ဒကိုငြင်းပယ်ရမည်။ မည်သည့်အလုပ်ကိုမျှ မလုပ်ရ။
သို့သော် သူတို့၏အပြစ်၊ ဘိုးဘေးတို့၏အပြစ်ကို ဖော်ပြဝန်ခံမည်ဆိုလျှင်၊ သူတို့သည် ဖောက်ပြန်မှားယွင်း၍ ငါ့ကိုဆက်လက်ဆန့်ကျင်ကြသဖြင့်
ငါသည်ထ၍ ငါ့အဖေထံသို့သွားပြီး “အဖေ၊ အကျွန်ုပ်သည် ကောင်းကင်ကိုလည်းကောင်း၊ အဖေ့ကိုလည်းကောင်း ပြစ်မှားခဲ့ပါပြီ။
ထိုအခါ အစ္စရေးအမျိုးသားတို့က “အကျွန်ုပ်တို့သည် ကိုယ်တော့်ကိုပြစ်မှားကြပါပြီ။ အကျွန်ုပ်တို့၏ဘုရားသခင်ကို စွန့်ပယ်၍ ဗာလဘုရားကို ဝတ်ပြုမိပါပြီ”ဟု ထာဝရဘုရားထံ အော်ဟစ်လျှောက်ဆိုကြ၏။
သို့သော် အစ္စရေးအမျိုးသားတို့က ထာဝရဘုရားအား “အကျွန်ုပ်တို့ပြစ်မှားမိပါပြီ။ အလိုရှိသည်အတိုင်းပြုတော်မူပါ။ သို့သော် ယခုမှာ အကျွန်ုပ်တို့ကို ကယ်တင်တော်မူပါ”ဟု လျှောက်ဆိုကြ၏။
ထိုသို့ ထာဝရဘုရား၏ကောင်းကင်တမန် မိန့်ဆိုသောအခါ အစ္စရေးအမျိုးသားအပေါင်းတို့ အော်ဟစ်ငိုကြွေးကြလေ၏။
အစ္စရေးအမျိုးသားတို့သည် ထာဝရဘုရားရှေ့တော်သို့တက်သွား၍ နေဝင်ချိန်တိုင်အောင် ငိုကြွေးလျက် ထာဝရဘုရားအား “အကျွန်ုပ်တို့၏ညီအစ်ကိုဖြစ်သော ဗင်္ယာမိန်အမျိုးသားတို့ကို တစ်ဖန်သွားတိုက်ရမည်လော”ဟု မေးလျှောက်ကြလျှင် ထာဝရဘုရားက “တိုက်လော့”ဟု မိန့်တော်မူ၏။
အစ္စရေးအမျိုးသား လူအပေါင်းတို့သည်လည်း ဗေသလမြို့သို့ တက်သွားပြီး ထာဝရဘုရားရှေ့တော်တွင် ထိုင်၍ငိုကြွေးကြ၏။ ထိုနေ့ နေဝင်သည်အထိ အစာရှောင်လျက် ထာဝရဘုရားအား မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်များကို ပူဇော်ကြ၏။
ထာဝရဘုရား၏ဝိညာဉ်တော်သည် ဩသံယေလအပေါ် သက်ရောက်တော်မူသဖြင့် သူသည် အစ္စရေးလူမျိုးတို့ကို စီရင်အုပ်ချုပ်ရ၏။ စစ်ချီသောအခါ မက်ဆိုပိုတေးမီးယားဘုရင် ခုရှံရိရှသိမ်မင်းကြီးကို သူ့လက်သို့ ထာဝရဘုရားအပ်တော်မူသဖြင့် သူသည် ခုရှံရိရှသိမ်မင်းကြီးကို နိုင်လေ၏။
ဟန္နကလည်း “သခင်၊ ထိုသို့မဟုတ်ပါ။ အကျွန်ုပ်သည် စိတ်သောကရောက်နေသောမိန်းမ ဖြစ်ပါ၏။ စပျစ်ဝိုင် မသောက်ပါ။ သေရည်သေရက်ကိုလည်း မသောက်ပါ။ ထာဝရဘုရားရှေ့တော်၌ မိမိစိတ်ခံစားချက်ကို ဖွင့်ပြနေခြင်းသာဖြစ်ပါ၏။
ထို့နောက် ရှမွေလသည် မိဇပါမြို့တွင် လူတို့ကို ထာဝရဘုရားထံတော်သို့ ခေါ်ယူစုရုံးစေပြီး
ထိုအခါ သူတို့က ‘အကျွန်ုပ်တို့သည် ကိုယ်တော့်ကို ပြစ်မှားမိပါပြီ။ အကြောင်းမူကား အကျွန်ုပ်တို့သည် ထာဝရဘုရားကိုစွန့်ပယ်၍ ဗာလဘုရားများနှင့် အာရှတရက်ဘုရားများကိုဝတ်ပြုကြပါ၏။ သို့သော် ယခု အကျွန်ုပ်တို့ကို ရန်သူတို့လက်မှ ကယ်နုတ်တော်မူပါ။ အကျွန်ုပ်တို့သည် ကိုယ်တော့်ကိုဝတ်ပြုကြပါမည်’ဟု ထာဝရဘုရားထံ အော်ဟစ်ကြ၏။
ရှမွေလသည် အသက်ရှင်သမျှကာလပတ်လုံး အစ္စရေးလူမျိုးတို့ကို စီရင်အုပ်ချုပ်လေ၏။