Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ရာ 14:14 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

14 စင်စစ် အကျွန်ုပ်​တို့​သည် သေ​တတ်​သော​အမျိုး​ဖြစ်​ကြ​ပါ​၏​။ မြေ​ပေါ်​သွန်​ပြီးမှ ပြန်ယူ​၍​မ​ရ​သော​ရေ​နှင့်​တူ​ကြ​ပါ​၏​။ ဘုရားသခင်​မူကား အသက်​တစ်​ချောင်း​ကို​ပင် မ​သေ​စေ​လို​ပါ​။ ကိုယ်တော့်​ထံမှ နှင်ထုတ်​ခံရ​သော​သူ​ကို အပယ်ခံ​မ​ဖြစ်​စေ​လို​သဖြင့် နည်းလမ်း​ရှာဖွေ​တော်မူ​တတ်​ပါ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

14 ကျွန်​တော်​မ​တို့​အား​လုံး​ပင်​သေ​ရ​ကြ​မည့် သူ​များ​ဖြစ်​ပါ​၏။ ကျွန်​တော်​မ​တို့​သည်​မြေ ပေါ်​သို့​ဖိတ်​ကျ​သွား​သော​ရေ​နှင့်​တူ​ပါ​၏။ ယင်း​ရေ​ကို​နောက်​တစ်​ဖန်​ကျုံး​၍​မ​ယူ​နိုင် တော့​ပါ။ ဘု​ရား​သ​ခင်​ပင်​လျှင်​သေ​သူ​ကို ပြန်​၍​ရှင်​စေ​တော်​မ​မူ​ပါ။ သို့​ရာ​တွင်​ဘု​ရင် သည်​ပြည်​နှင်​ဒဏ်​သင့်​သူ​တစ်​ဦး​ကို​ပြန် လည်​ခေါ်​ယူ​နိုင်​ပါ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

14 အ ကျွန်ုပ် တို့ သည် သေ တတ် သူ ဖြစ် ကြ ပါ၏။ မြေ ပေါ် တွင် ပက် ပြီး မှ ပြန် ခပ်၍ မ ရ နိုင် သော ရေ နှင့် တူ ကြ ပါ ၏။ ဘု ရား သ ခင် လည်း၊ နှင် ထုတ် ခံ ရ သော သူ ၏ အ သက် ကို ရုပ် သိမ်း တော် မ မူ ဘဲ ကိုယ် တော် နှင့် ကင်း ဝေး လျက် မ နေ ရ စေ ခြင်း ငှါ ကြံ ရွယ် တော် မူ ပါ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

14 ငါ​တို့​သည် သေ​အံ့​သော​သူ ဖြစ်​ကြ၏။ မြေ​ပေါ်​မှာ​သွန်​ပြီး​လျှင် နောက်​တစ်​ဖန်​ကျုံး၍ မ​ယူ​နိုင်​သော​ရေ​နှင့် တူ​ကြ​ပါ၏။ ဘု​ရား​သ​ခင်​သည် လူ​မျက်​နှာ​ကို မ​ထောက်​သော်​လည်း၊ နှင်​ထုတ်​ခြင်း​ကို​ခံ​ရ​သော​သူ​သည် အ​စဉ်​နှင်​ထုတ်​ခြင်း​ကို​ခံ၍ မ​နေ​ရ​မည်​အ​ကြောင်း ကြံ​စည်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ရာ 14:14
31 ပူးပေါင်းရင်းမြစ်များ  

ထိုအခါ ဒါဝိဒ်​မင်းကြီး​က တမန်​အား “​သင်​သည် ယွာဘ​အား ‘​ဤ​အမှု​ကား ဆိုး​လှ​သည်​ဟု သင်​မ​မြင်​နှင့်​။ ဓား​သည် တစ်ယောက်​မ​ဟုတ်​တစ်ယောက် ဝါးမျို​တတ်​၏​။ မြို့​ကို​သာ ဖိတိုက်​ပြီး ဖျက်ဆီး​ပစ်​ပါ​’​ဟု ပြန်ပြော​လော့​။ သူ့​ကို​လည်း အားပေး​လော့​”​ဟု ဆို​၏​။


လူ​တို့​သည် အကျွန်ုပ်​ကို​ခြိမ်းခြောက်​ကြ​သောကြောင့် ယခု​အကျွန်ုပ်​သည် အကျွန်ုပ်​၏​သခင်​အရှင်မင်းကြီး​ထံ​လာ​၍ ဤ​အမှု​ကို လျှောက်တင်​ရ​ခြင်း​ဖြစ်​ပါ​၏​။ အရှင့်​ကျွန်မ​က ‘​ရှင်ဘုရင်​ကို ငါ​လျှောက်တင်​လျှင် ရှင်ဘုရင်​သည် သူ့​ကျွန်မ​၏​တောင်းဆိုချက်​ကို ပြု​ကောင်း​ပြု​ပေး​ပါ​လိမ့်မည်​။


ဤ​အတွက်ကြောင့် ဒါဝိဒ်​မင်းကြီး​၏​သားစဉ်မြေးဆက်​ကို ငါ​ချိုးနှိမ်​မည်​ဖြစ်​သော်လည်း အစဉ်အမြဲ​ပြု​မည်​မ​ဟုတ်​’​ဟူ၍ မိန့်​တော်မူ​ပြီ​”​ဟု ဆင့်ဆို​လေ​၏​။


လူ​သည် သေ​ပြီးလျှင် ပြန်ရှင်​နိုင်​ပါ​ဦး​မည်လော​။ ပင်ပန်း​ခြင်း​ဝန်​ကို​ထမ်း​နေ​ရ​သော​ကာလ​ပတ်လုံး သက်သာ​ရာ​ရ​မည့်​အချိန်​ကို အကျွန်ုပ်​စောင့်ဆိုင်း​လျက်​နေ​ပါ​မည်​။


အကြောင်းမူကား ကိုယ်တော်​သည် အကျွန်ုပ်​ကို သေ​ခြင်း​သို့​လည်းကောင်း​၊ သက်ရှိသတ္တဝါ​အားလုံး​စုတေ့​ရာ​သို့​လည်းကောင်း အရောက်ပို့​မည်​ကို အကျွန်ုပ်​သိ​ပါ​၏​။


လူသား​အားလုံး တစ်ပြိုင်တည်း​သေ​သွား​ရ​လိမ့်မည်​။ လူ​သည် မြေမှုန့်​ဘဝ​သို့ ပြန်သွား​ရ​လိမ့်မည်​။


ကိုယ်တော်​သည် အကြီးအကဲ​တို့​ကို မျက်နှာလိုက်​သည်​မ​ဟုတ်​။ သူဌေး​ကို ဆင်းရဲသား​ထက် ပို၍​အသိအမှတ်ပြု​သည်​မ​ဟုတ်​။ အကြောင်းမူကား လူ​အားလုံး​သည် ဖန်ဆင်းခံလက်ရာ​တော်​များ ဖြစ်​ကြ​၏​။


အကျွန်ုပ်​သည် ရေ​ကဲ့သို့​သွန်ချ​ခြင်း​ခံရ​၍ အကျွန်ုပ်​၏​အရိုးအဆစ်​ရှိသမျှ​တို့​သည် ပြုတ်​ကုန်​ပါ​၏​။ အကျွန်ုပ်​၏​နှလုံး​သည် ဖယောင်း​ကဲ့သို့​ဖြစ်၍ အကျွန်ုပ်​ရင်​ထဲ​၌ အရည်ပျော်​သွား​ပါ​၏​။


အကျွန်ုပ်​၏​ခွန်အား​သည် အိုးခြမ်းပဲ့​ကဲ့သို့​ခန်းခြောက်​၍ အကျွန်ုပ်​၏​လျှာ​သည် အာခေါင်​၌​ကပ်​နေ​ပါ​၏​။ ကိုယ်တော်​သည် အကျွန်ုပ်​ကို သေ​ခြင်း​မြေမှုန့်​ထဲ၌​ထား​တော်မူ​၏​။


သူ​တို့​သည် စီးသွား​သော​ရေ​ကဲ့သို့ ပျောက်ကွယ်​သွား​ကြ​ပါစေ​။ လေး​ကို​တင်​သောအခါ မြား​တို့​သည် မြားဦးကျိုး​သကဲ့သို့​ဖြစ်​ကြ​ပါစေ​။


ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​သည် ထာဝရ​ကုန်ခန်း​သွား​ပြီ​လော​။ ကိုယ်တော်​၏​ကတိ​တော်​များ​သည် မျိုးဆက်​အစဉ်အဆက် ပျက်ပြား​သွား​ပြီ​လော​။


ထို​သူ​တို့​၏​သွေး​ကို​လည်း ဂျေရုဆလင်​မြို့​ပတ်လည်​တွင် ရေ​ကဲ့သို့​သွန်း​ကြ​ပါ​ပြီ​။ သူ​တို့​ကို​သင်္ဂြိုဟ်​မည့်​သူ​လည်း မ​ရှိ​ပါ​။


အကျွန်ုပ်​တို့​၏​အသက်တာ​နှစ်ကာလ​သည် အနှစ်​ခုနစ်ဆယ်​ဖြစ်​ပါ​၏​။ ကျန်းမာသန်စွမ်း​လျှင် အနှစ်​ရှစ်ဆယ်​ဖြစ်နိုင်​ပါ​၏​။ သို့သော် ထို​နှစ်ကာလ​တို့​၏​အကောင်းဆုံး​အချိန်​မှာပင် အခက်အခဲ​ပြဿနာ​နှင့် ဆင်းရဲဒုက္ခ​မျှသာ​ဖြစ်​ပါ​၏​။ အကယ်စင်စစ် အချိန်​တို့​သည် လျင်မြန်​စွာ​ကုန်လွန်​၍ အကျွန်ုပ်​တို့​သည် အဝေး​သို့​ပျံသန်း​သွား​ကြ​ပါ​၏​။


ကိုယ်တော်​က “​အချင်း​လူသား​တို့​၊ ပြန်သွား​ကြ​လော့​”​ဟု မိန့်​တော်မူ​လျက် လူ​ကို မြေမှုန့်​သို့ ပြန်သွား​စေ​တော်မူ​၏​။


သို့ရာတွင် သူ​သည် မ​ရည်ရွယ်​ဘဲ သူ့​လက်​၌​ဘုရားသခင်​အပ်​သဖြင့် လူ​ကို​သတ်​မိ​လျှင် ထို​သူ​ထွက်ပြေး​ရ​မည့်​နေရာ​ကို ငါ​သတ်မှတ်​ပေး​မည်​။


အကြောင်းမူကား အသက်ရှင်​သော​သူ​တို့​သည် မိမိ​တို့​သေ​ရ​မည်​ကို သိ​ကြ​၏​။ သေ​သော​သူ​တို့​မူကား မည်သည့်​အရာ​ကို​မျှ​မ​သိ​ကြ​။ သူ​တို့​နှင့်ဆိုင်သော​အောက်မေ့စရာ​များ​ပင်လျှင် မေ့လျော့​ခြင်း​ခံရ​သည်​ဖြစ်၍ သူ​တို့​အတွက် ဆုလာဘ်​လည်း နောက်ထပ်​မ​ရှိ​တော့​ပေ​။


အကြောင်းမူကား ဘုရားရှင်​သည် အစဉ်​စွန့်ပစ်​တော်မူ​မည်​မ​ဟုတ်​။


ဆိုးယုတ်​သော​သူ​သေ​သွား​သည်​ကို ငါ​ဝမ်းသာအားရ​မည်​ဟု သင်​တို့​ထင်​သလော​။ သူ​တို့​လျှောက်​သော​လမ်း​မှ ပြန်လှည့်​၍ အသက်ချမ်းသာ​ရာ​ရ​သည်​ကို ငါ​အလိုရှိ​သည်​မ​ဟုတ်​လော’​ဟု ဘုရားရှင်​ထာဝရဘုရား မိန့်​တော်မူ​၏​။


သို့သော် သူ​တို့​၏​အပြစ်​၊ ဘိုးဘေး​တို့​၏​အပြစ်​ကို ဖော်ပြဝန်ခံ​မည်​ဆိုလျှင်​၊ သူ​တို့​သည် ဖောက်ပြန်မှားယွင်း​၍ ငါ့​ကို​ဆက်လက်​ဆန့်ကျင်​ကြ​သဖြင့်


ထို​မြို့​ခြောက်​မြို့​သည် အစ္စရေး​အမျိုးသား​ဖြစ်စေ​၊ တိုင်းတစ်ပါးသား​ဖြစ်စေ​၊ သူ​တို့​၏​ဧည့်သည်​ဖြစ်စေ မရည်ရွယ်​ဘဲ​လူ​သတ်​မိ​သော​သူ​မည်သူမဆို ထွက်ပြေး​ပြီး သွားရောက်​ခိုလှုံ​နိုင်​သော​မြို့​ဖြစ်​ရ​မည်​။


လူသတ်​မိ​သော​သူ​ကို သွေးကြွေး​အတွက်​လက်စားချေ​ပေး​သော​သူ​လက်​မှ​ကယ်နုတ်​ရ​မည်​။ သူ​ထွက်ပြေး​ပြီး သွားရောက်​ခိုလှုံ​ခဲ့​သော​မြို့​သို့ သူ့​ကို​ပြန်ပို့​ရ​မည်​။ သန့်ရှင်း​သော​ဆီ​ဖြင့်​ဘိသိက်ခံ​ယဇ်ပုရောဟိတ်​မင်း ကွယ်လွန်​သည့်​တိုင်အောင် သူ​သည် ထို​မြို့​၌​နေ​ရ​မည်​။


သူ​သည် ယဇ်ပုရောဟိတ်​မင်း​ကွယ်လွန်​သည့်​တိုင်အောင် ခိုလှုံ​ရာ​မြို့​၌ နေထိုင်​ရ​မည်​။ ယဇ်ပုရောဟိတ်​မင်း​ကွယ်လွန်​ပြီးမှ မိမိ​ပိုင်ဆိုင်​ရာ​မြေ​သို့​ပြန်လာ​ခွင့်​ရှိ​၏​။


ထို့နောက် သူ​တို့​၏​တပည့်​များ​ကို ဟေရုဒ်​၏​လူ​များ​နှင့်အတူ အထံ​တော်​သို့​စေလွှတ်​ကာ “ဆရာ၊ ဆရာ​သည် ဖြောင့်မှန်​သော​သူ​ဖြစ်​ပြီး ဘုရားသခင်​၏​တရား​လမ်း​ကို သမ္မာတရား​နှင့်အညီ သွန်သင်​ကြောင်း​ကို​လည်းကောင်း၊ လူ့​မျက်နှာ​ကို​မ​ထောက်​သောကြောင့် မည်သူ့​ကို​မျှ အား​မ​နာ​ကြောင်း​ကို​လည်းကောင်း အကျွန်ုပ်​တို့​သိ​ကြ​ပါ​၏။


ထိုအခါ ပေတရု​သည် နှုတ်​ကို​ဖွင့်​၍ “ဘုရားသခင်​သည် မျက်နှာလိုက်​ခြင်း​မ​ရှိ​ဘဲ


အကြောင်းမူကား ဘုရားသခင်​၌ မျက်နှာလိုက်​ခြင်း​မ​ရှိ။


သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် ဘုရား​တကာ​တို့​၏​ဘုရား​၊ သခင်​တကာ​တို့​၏​သခင်​၊ ကြီးမြတ်​၍​တန်ခိုး​နှင့်​ပြည့်စုံ​သော​ဘုရား​၊ အံ့ဩဖွယ်​ကောင်း​သော​ဘုရား ဖြစ်​တော်မူ​၏​။ မျက်နှာ​မ​လိုက်​၊ တံစိုးလက်ဆောင်​ကို​လက်​မ​ခံ​၊


လူ​တို့​သည် တစ်ကြိမ်တည်း​သေ​၍ သေ​ပြီး​သည့်​နောက် တရား​စီရင်​ခြင်း​ကို​ခံရ​သကဲ့သို့


သင်​တို့​သည် လူ​တို့​အား မျက်နှာလိုက်​ခြင်း​မ​ရှိ​ဘဲ တစ်ဦးစီ​တို့​ပြု​သော​အမှု​အတိုင်း တရား​စီရင်​တော်မူ​သော​အရှင်​ကို အဖ​ဟု​ခေါ်​ကြ​လျှင် ဤ​လောက​တွင် ဧည့်သည်​အဖြစ်​နေထိုင်​စဉ်​ကာလ​တစ်လျှောက်လုံး ကြောက်ရွံ့​ရိုသေ​သော​စိတ်​ဖြင့် အသက်ရှင်​နေထိုင်​ကြ​လော့။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ