Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မြည်​တမ်း​စ​ကား 5:16 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

16 အကျွန်ုပ်​တို့​ခေါင်း​ပေါ်မှ သရဖူ​သည် ပြုတ်ကျ​လေ​ပြီ​။ အကျွန်ုပ်​တို့​ပြု​မိ​သော​အပြစ်​ကြောင့် ယခုမှာ အမင်္ဂလာ​ဖြစ်​လေ​ပြီ​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

16 ကျွန်​တော်​မျိုး​တို့​တွင်​ဂုဏ်​ယူ​ဝါ​ကြွား​စ​ရာ တစ်​ခု​မျှ​မ​ကျန်​ရှိ​တော့​ပါ။ ကျွန်​တော်​မျိုး​တို့​သည်​အ​ပြစ်​ကူး​ကြ​သ​ဖြင့် အ​မင်္ဂ​လာ​ရှိ​ကြ​ပါ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

16 အ​ကျွန်ုပ်​တို့​ဆောင်း​သော သ​ရ​ဖူ​သည် ကျ​ပါ​ပြီ။ အ​ကျွန်ုပ်​တို့​သည် ပြစ်​မှား​သော​ကြောင့် အ​မင်္ဂ​လာ​ရှိ​ကြ​ပါ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




မြည်​တမ်း​စ​ကား 5:16
25 ပူးပေါင်းရင်းမြစ်များ  

ငါ့​ဂုဏ်သိက္ခာ​ကို ဖယ်ရှား​တော်မူ​ပြီ​။ ငါ့​ဦးခေါင်း​မှ​သရဖူ​ကို ချွတ်ပစ်​တော်မူ​ပြီ​။


ကိုယ်တော်​၏​အစေအပါး​နှင့်​ဖွဲ့​တော်မူ​သော ပဋိညာဉ်​ကို​ပယ်ဖျက်​၍ သူ​၏​ဘုန်းသရဖူ​ကို မြေ​တိုင်အောင်​ရှုတ်ချ​တော်မူ​ပြီ​။


ဖြောင့်မတ်​ခြင်း​သည် တိုင်းပြည်​ကို​ချီးမြှောက်​တတ်​၏​။ အပြစ်​မူကား တိုင်းသူပြည်သား​တို့​ကို အရှက်ကွဲ​စေ​တတ်​၏​။


အကြောင်းမူကား စည်းစိမ်​သည် အစဉ်အမြဲ​တည်​သည်​မ​ဟုတ်​။ ရာဇသရဖူ​သည်​လည်း မျိုးဆက်​အစဉ်အဆက် တည်​သည်​မ​ဟုတ်​။


ဂျေရုဆလင်​မြို့ ခလုတ်တိုက်​ပြီ​။ ယုဒ​ပြည် လဲကျ​ပြီ​။ သူ​တို့​၏​စကား​၊ သူ​တို့​၏​အပြုအမူ​တို့​သည် ထာဝရဘုရား​ကို​ဆန့်ကျင်​ကြ​၏​။ ဘုန်းအသရေ​တော်​ရှေ့​တွင် ပုန်ကန်​ကြ​၏​။


ရှင်ဘုရင်​နှင့်​မယ်တော်​အား “​သင်​တို့​၏​ဘုန်း​သရဖူ​သည် သင်​တို့​၏​ခေါင်း​မှ ပြုတ်ကျ​ပြီ​ဖြစ်၍ နိမ့်ကျ​သော​နေရာ​၌ ထိုင်​လော့​”​ဟု ပြော​လော့​။


သင့်​ကို လမ်းခရီး​၌ ပို့ဆောင်​ခဲ့​စဉ်က သင်​၏​ဘုရားသခင်​ထာဝရဘုရား​ကို သင်​စွန့်ပယ်​သောကြောင့် သင်​၌ ဤသို့ ဖြစ်​ရ​သည်​မ​ဟုတ်​လော​။


သင်​၏​မကောင်းမှု​သည် သင့်​ကို​အပြစ်ဒဏ်​ပေး​လိမ့်မည်​။ သင်​၏​လမ်းလွဲဖောက်ပြန်မှု​သည် သင့်​ကို​ဆုံးမ​လိမ့်မည်​။ သင်​၏​ဘုရားသခင်​ထာဝရဘုရား​ကို​စွန့်ပယ်​ခြင်း​၊ ငါ့​ကို မ​ကြောက်ရွံ့​ခြင်း​သည် ဆိုး​သော​အမှု​၊ ခါးသီး​သော​အမှု​ဖြစ်​သည်​ကို သိ​မှတ်​လော့​”​ဟု ကောင်းကင်​ဗိုလ်ခြေ​အရှင်သခင်​ထာဝရဘုရား မိန့်​တော်မူ​၏​။


သူ​တို့​သည် ထို​ပြည်​ကို ဝင်ရောက်​သိမ်းပိုက်​ကြ​သော်လည်း စကား​တော်​ကို​နား​မ​ထောင်​ကြ​။ တရားတော်​အတိုင်း မ​လိုက်လျှောက်​ကြ​။ ကိုယ်တော်​မိန့်မှာ​သော​အမှု​တို့​ကို​လည်း တစ်စုံတစ်ခု​မျှ​မ​လုပ်ဆောင်​ကြ​။ သို့ဖြစ်၍ ကိုယ်တော်​သည် ဤ​ဘေးအန္တရာယ်​အပေါင်း​တို့​ကို သူ​တို့​အပေါ်​သို့ ကျရောက်​စေ​တော်မူ​ပြီ​။


သင်​၏​အပြုအမူ​၊ အကျင့်အကြံ​တို့​ကြောင့် ဤ​အမှု​တို့​သည် သင့်​အပေါ် ကျရောက်​လေ​ပြီ​။ ဤသည်ကား သင်​၏​ဆိုးညစ်မှု​ပေတည်း​။ မည်မျှ ခါးသီး​သနည်း​။ မည်မျှ စိတ်​နာကျင်ဖွယ်​ကောင်း​သနည်း​။


လူ​စည်ကား​ခဲ့​သော​မြို့​ကြီး အထီးကျန်​နေ​ပါ​ပြီ​တကား​။ တိုင်းနိုင်ငံ​တို့​၏ အထွတ်​ရောက်​ခဲ့​ဖူး​သော​မြို့​ကြီး မုဆိုးမ​ဘဝ​သို့​ရောက်​ရ​ပါ​ပြီ​တကား​။ ပြည်တကာ​တို့​၏​ဘုရင်မကြီး အစေခံ​ဘဝ​သို့​ရောက်​ရ​ပါ​ပြီ​တကား​။


ထာဝရဘုရား​သည် ဖြောင့်မတ်​တော်မူ​၏​။ ငါ​မူကား ထာဝရဘုရား​၏​အမိန့်​တော်​ကို ဖီဆန်​လေ​ပြီ​။ လူမျိုး​အပေါင်း​တို့​၊ နားထောင်​ကြ​လော့​။ ငါ​ခံရ​သော​ဒုက္ခဝေဒနာ​ကို ကြည့်ရှု​ကြ​လော့​။ ငါ​၏​အပျို​၊ လူပျို​တို့​သည် သုံ့ပန်း​အဖြစ် လိုက်ပါ​သွား​ရ​လေ​ပြီ​။


အို ထာဝရဘုရား​၊ ကြည့်ရှု​တော်မူ​ပါ​။ အကျွန်ုပ် ဆင်းရဲဒုက္ခ​ရောက်​ပါ​ပြီ​။ အကျွန်ုပ်​အထဲ​၌ ပွက်ပွက်ဆူ​နေ​ပြီ​။ အကျွန်ုပ်​သည် ဖီဆန်​ပုန်ကန်​မိ​ပါ​ပြီ​။ ထို့ကြောင့် အကျွန်ုပ်​၏​စိတ်နှလုံး​သည် အကျွန်ုပ်​အတွင်း​၌ မငြိမ်မသက်​ဖြစ်​လျက်​ရှိ​၏​။ အိမ်​ပြင်​၌ ဓားဘေး​ရှိ​၏​။ အိမ်​ထဲ၌​လည်း သေဘေး​ရှိ​၏​။


ဂျေရုဆလင်​မြို့​သည် အပြစ်​ကျူးလွန်​လေ​ပြီ​။ ထို့ကြောင့် ရွံရှာဖွယ်​ဖြစ်​လေ​ပြီ​။ သူ့​ကို​ဂုဏ်ပြုချီးမွမ်း​သော​သူ​ရှိသမျှ​တို့​သည် သူ​၌​အဝတ်မပါ​အချည်းစည်း​ဖြစ်​နေ​သည်​ကို​မြင်​သဖြင့် သူ့​ကို​စက်ဆုပ်ရွံရှာ​ကြ​လေ​ပြီ​။ သူ​သည်​လည်း ညည်းတွား​လျက် လှည့်ထွက်​သွား​လေ​ပြီ​။


ဘုရားရှင်​သည် ဇိအုန်​သမီးပျို​ကို အမျက်​တော်​မိုးတိမ်​ဖြင့် ဖုံးအုပ်​တော်မူ​ပြီ​တကား​။ မိုး​ထိ​မြင့်​သော​အစ္စရေး​လူမျိုး​၏​ဂုဏ်ကျက်သရေ​ကို မြေ​သို့​တိုင် ရှုတ်ချ​တော်မူ​ပြီ​။ အမျက်​တော်​ထွက်​ရာ​နေ့​၌ မိမိ​၏​ခြေတင်ခုံ​ကို မေ့ပစ်​တော်မူ​ပြီ​။


ဖြောင့်မတ်​သော​သူ​တို့​၏​သွေး​ကို မြို့​လယ်ခေါင်​၌ သွန်း​ခဲ့​သော ပရောဖက်​တို့​၏​အပြစ်​၊ ယဇ်ပုရောဟိတ်​တို့​၏​ဒုစရိုက်​များ​ကြောင့် ဤသို့​ဖြစ်​ရ​လေ​ပြီ​။


ဘုရားရှင်​ထာဝရဘုရား​က ‘ခေါင်းပေါင်း​ကို​ချွတ်​လော့​။ သရဖူ​ကို​ဖယ်ရှား​လော့​။ ဤအတိုင်း​မ​ရှိ​စေ​ရ​။ နိမ့်ကျ​သော​သူ​ကို​ချီးမြှောက်​၍ ကြီးမြတ်​သော​သူ​ကို နိမ့်ကျ​စေ​မည်​။


“သို့ဖြစ်၍ ငါ​သည် သင့်​ကို ဖျားနာ​ခြင်း​ဖြင့် ဒဏ်ခတ်​မည်​။ သင့်​အပြစ်​များ​ကြောင့် သင့်​ကို ဖျက်ဆီး​ပစ်​မည်​။


သင်​ခံစား​ရ​တော့မည့် ဒုက္ခ​ဝေဒနာ​များ​ကို မ​ကြောက်​နှင့်။ ကြည့်ရှု​လော့။ သင်​သည် စမ်းသပ်​စစ်ဆေး​ခြင်း​ကို​ခံရ​မည့်​အကြောင်း မာရ်နတ်​သည် သင်​တို့​အထဲမှ အချို့​တို့​ကို ထောင်​ထဲ၌​ထည့်​ထား​တော့မည်။ သင်​တို့​သည် ဆယ်​ရက်​ပတ်လုံး ဆင်းရဲ​ဒုက္ခ​ကို​ခံ​ကြ​ရ​လိမ့်မည်။ အသေခံ​ရ​သည့်​တိုင်အောင် သစ္စာ​စောင့်​လော့။ သို့ပြုလျှင် အသက်​သရဖူ​ကို သင့်​အား ငါ​ပေး​မည်။


ငါ​သည် အလျင်အမြန်​လာ​မည်။ သင်​၏​သရဖူ​ကို မည်သူမျှ​မ​လုယူ​စေရန် သင်​၌​ရှိ​သော​အရာ​ကို စွဲကိုင်​ထား​လော့။


အစ္စရေး​အမျိုးသား​တို့​သည်​လည်း မိဇပါ​မြို့​၌​စုဝေး​ကြ​၏​။ ရေ​ကို​ခပ်​ပြီး ထာဝရဘုရား​ရှေ့​တော်​၌​သွန်းလောင်း​ကြ​၏​။ ထို​နေ့​၌ အစာရှောင်​ကြ​ပြီး သူ​တို့​က “​အကျွန်ုပ်​တို့​သည် ထာဝရဘုရား​ကို​ပြစ်မှား​ခဲ့​ကြ​ပြီ​”​ဟု ဝန်ခံ​ကြ​၏​။ ဤသို့ဖြင့် ရှမွေလ​သည် မိဇပါ​မြို့​၌ အစ္စရေး​အမျိုးသား​တို့​ကို စီရင်အုပ်ချုပ်​လေ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ