၁ ရာ 1:15 - မြန်မာ့စံမီသမ္မာကျမ်း15 ဟန္နကလည်း “သခင်၊ ထိုသို့မဟုတ်ပါ။ အကျွန်ုပ်သည် စိတ်သောကရောက်နေသောမိန်းမ ဖြစ်ပါ၏။ စပျစ်ဝိုင် မသောက်ပါ။ သေရည်သေရက်ကိုလည်း မသောက်ပါ။ ထာဝရဘုရားရှေ့တော်၌ မိမိစိတ်ခံစားချက်ကို ဖွင့်ပြနေခြင်းသာဖြစ်ပါ၏။ အခန်းကိုကြည့်ပါ။Common Language Bible15 ဟန္နက``အရှင်၊ ကျွန်မသည်အရက်မမူးပါ။ အရက်မသောက်ပါ။ ကျွန်မသည်အလွန်ပင် စိတ်ပျက်၍ မိမိ၏ဆင်းရဲဒုက္ခကိုရင်ဖွင့်ကာ ထာဝရဘုရားထံတွင်ဆုတောင်းပတ္ထနာ ပြုလျက်နေခဲ့ပါ၏။- အခန်းကိုကြည့်ပါ။Garrad Bible15 ဟ န္န က၊ ထို သို့ မ ဟုတ် ပါ အ ရှင်၊ ကျွန် မ သည် စိတ် ပျက် သော မိန်း မ ဖြစ် ပါ၍ စ ပျစ် ရည် နှင့် သေရည် သေ ရက် ကို မ သောက် ပါ။ ထာ ဝ ရ ဘု ရား ရှေ့ တော် တွင် စိတ် နှ လုံး ကို သွန် ပြ ခဲ့ လေ ပြီ။ အခန်းကိုကြည့်ပါ။Judson Bible15 ဟန္နကလည်း၊ မဟုတ်ပါအရှင်။ ကျွန်မသည် စိတ်ညှိုးငယ်သော မိန်းမဖြစ်ပါ၏။ စပျစ်ရည်ကို မသောက်ပါ၊ သေရည်သေရက်ကို မသောက်ပါ၊ ထာဝရဘုရားရှေ့တော်၌ စိတ်နှလုံးကို သွန်းလောင်းလျက် နေပါ၏။ အခန်းကိုကြည့်ပါ။ |
ဤအရာတို့ကိုငါအောက်မေ့သောအခါ ငါ၏စိတ်ဝိညာဉ်သည် ငါ့အထဲ၌ယိုဖိတ်လျက်ရှိ၏။ အကြောင်းမူကား ငါသည် လူအုပ်ကြီးနှင့်အတူလျှောက်သွား၍ ပွဲတော်ကျင်းပနေသည့်ထိုလူအုပ်နှင့်အတူ ကျေးဇူးတော်ချီးမွမ်းခြင်းအသံနှင့် ရွှင်လန်းစွာကြွေးကြော်ခြင်းအသံဖြင့် ဘုရားသခင်၏အိမ်တော်သို့ တရွေ့ရွေ့သွားလေ့ရှိ၏။
အစ္စရေးအမျိုးသားတို့သည်လည်း မိဇပါမြို့၌စုဝေးကြ၏။ ရေကိုခပ်ပြီး ထာဝရဘုရားရှေ့တော်၌သွန်းလောင်းကြ၏။ ထိုနေ့၌ အစာရှောင်ကြပြီး သူတို့က “အကျွန်ုပ်တို့သည် ထာဝရဘုရားကိုပြစ်မှားခဲ့ကြပြီ”ဟု ဝန်ခံကြ၏။ ဤသို့ဖြင့် ရှမွေလသည် မိဇပါမြို့၌ အစ္စရေးအမျိုးသားတို့ကို စီရင်အုပ်ချုပ်လေ၏။