၁ ရာ 2:30 - မြန်မာ့စံမီသမ္မာကျမ်း
ထို့ကြောင့် အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားက ‘သင့်အမျိုးအနွယ်နှင့်သင့်ဘိုးဘေး၏အမျိုးအနွယ်သည် ငါ့ရှေ့၌ အစဉ်ဝင်ထွက်သွားလာရမည်’ဟူ၍ ငါအမှန်ဆိုခဲ့၏။ ယခုမှာ ထာဝရဘုရားက ‘ထိုမိန့်ဆိုချက်သည် ငါနှင့်ဝေးပါစေ။ ငါ့ကိုဂုဏ်ပြုချီးမြှောက်သောသူကို ငါဂုဏ်ပြုချီးမြှောက်မည်။ ငါ့ကိုမထီမဲ့မြင်ပြုသောသူတို့သည် မထီမဲ့မြင်ပြုခြင်းခံရမည်။
အခန်းကိုကြည့်ပါ။
ဣသရေလအမျိုးသားတို့၏အရှင်ဖြစ် တော်မူသောငါထာဝရဘုရားသည် သင့် အိမ်ထောင်စုနှင့်သားချင်းစုတို့အားကာလ အစဉ်အဆက်ယဇ်ပုရောဟိတ်ဖြစ်စေမည် ဟု အတိတ်ကာလကကတိပြုခဲ့၏။ သို့ ရာတွင်ယခုထိုကတိကိုတည်စေတော့ မည်မဟုတ်ဟုငါဆို၏။ ငါ့အားဂုဏ်ပြု ချီးမြှင့်သူတို့ကိုငါဂုဏ်ပြုချီးမြှင့်မည်။ ငါ့အားမထီမဲ့မြင်ပြုသူတို့အားရွံရှာ စက်ဆုပ်မည်။-
အခန်းကိုကြည့်ပါ။
သို့ ဖြစ်၍ သင့် ဘိုး ဘေး မှ စ သော သား စဉ် မြေး ဆက် တို့ သည် ငါ ရှေ့ တွင် အ မြဲ သွား လာ ရ မည် ဟု မိန့် ခဲ့ သော် လည်း ငါ့ ကို ရို သေ သော သူ တို့ အ ပေါ် တွင် ဂုဏ် ရှိ စေ မည်။ ငါ့ ကို မ ထီ မဲ့ မြင် ပြု သူ တို့ ကား အ သ ရေ ကင်း လိမ့် မည် ဖြစ် သော ကြောင့် မိန့် ခဲ့ ရင်း အ ချက် ငါ နှင့် ကင်း ဝေး စေ သ တည်း ဟု ဣ သ ရေ လ လူ မျိုး၏ ဘု ရား သ ခင် ငါ ထာ ဝ ရ ဘု ရား မိန့် ဆို ပြန် ၏။
အခန်းကိုကြည့်ပါ။
ထိုသို့ပြုသောကြောင့်၊ ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင့်အမျိုး၊ သင့်အဘ၏အမျိုးသည် ငါ့ရှေ့မှာအစဉ် သွားလာရလိမ့်မည်ဟု ငါဆိုမိသော်လည်း၊ တစ်ဖန် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိုကတိသည် ငါနှင့်ဝေးပါစေ။ ငါ့ကို ချီးမြှောက်သော သူတို့ကို ငါချီးမြှောက်မည်။ ငါ့ကို မထီမဲ့မြင်ပြုသော သူတို့သည် ဂုဏ်အသရေပျက်ရကြလိမ့်မည်။
အခန်းကိုကြည့်ပါ။