၂ ရာချုပ် 26:18 - မြန်မာ့စံမီသမ္မာကျမ်း18 ဩဇိမင်းကြီးနှင့်မျက်နှာချင်းဆိုင်လျက် “အရှင်ဩဇိမင်းကြီး၊ ထာဝရဘုရားထံ နံ့သာပေါင်းမီးရှို့ပူဇော်ခြင်းအမှုသည် အရှင်မင်းကြီးနှင့်မဆိုင်ပါ။ နံ့သာပေါင်းမီးရှို့ပူဇော်ရန် ခန့်အပ်ခြင်းခံရသောအာရုန်နှင့်သူ၏သားစဉ်မြေးဆက်တို့နှင့်သာဆိုင်ပါ၏။ သန့်ရှင်းရာဌာနထဲမှထွက်သွားပါ။ မင်းကြီးသည် သစ္စာမဲ့စွာပြုမိပြီဖြစ်၍ မင်းကြီး၌ ဘုရားသခင်ထာဝရဘုရားထံမှ ဘုန်းအသရေမရှိတော့ပေ”ဟု ဆိုလျှင် အခန်းကိုကြည့်ပါ။Common Language Bible18 တားဆီးရန်လိုက်သွားပြီးလျှင်``အို သြဇိမင်း၊ ဘုရင်မင်းသည်ထာဝရဘုရားအားနံ့သာပေါင်း ကိုမီးရှို့ပူဇော်ခွင့်ရှိသူမဟုတ်ပါ။ ဤအမှု ကိုပြုရန်ဆက်ကပ်ပူဇော်ထားသူများမှာ အာရုန် မှဆင်းသက်လာသူယဇ်ပုရောဟိတ်များသာ လျှင်ဖြစ်ပါ၏။ ဤသန့်ရှင်းရာဌာနတော်မှ ထွက်ခွာသွားပါလော့။ ဘုရင်မင်းသည်ထာဝရ အရှင်ဘုရားသခင်အားပြစ်မှားလေပြီ။ ထို ကြောင့်ကိုယ်တော်သည်ထာဝရအရှင်ဘုရားသခင်၏ကောင်းချီးကိုမခံရတော့ပါ'' ဟု ဆို၏။ အခန်းကိုကြည့်ပါ။Garrad Bible18 အို ဩ ဇိ မင်း၊ ထာ ဝ ရ ဘု ရား အား နံ့ သာ ပေါင်း တင် ရှို့ ခြင်း အ မှု သည်၊ ဘုရင် မင်း နှင့် မ ဆိုင် ပါ။ တင် ရှို့ ရန် သီး သန့် ထား သော အာ ရုန့် အ နွယ် ပ ရော ဟိတ် တို့ နှင့် သာ ဆိုင် ပါ ၏။ သန့် ရှင်း ရာ ဌာ န မှ ထွက် တော် မူ ပါ။ သ စ္စာ တော် ကို ဖျက် လေ ပြီ။ ထာ ဝ ရ ဘု ရား အ ထံ တော် မှ ဂုဏ် အ သ ရေ ရ ရှိ တော့ မည် မ ဟုတ် ပါ ဟု မြစ် တား သည့် အ တွက်၊ အခန်းကိုကြည့်ပါ။Judson Bible18 ဆီးတားသဖြင့်၊ အိုဩဇိမင်း၊ ကိုယ်တော်သည် ထာဝရဘုရားအား နံ့သာပေါင်းကို မီးရှို့ခြင်းအမှုနှင့် မဆိုင်ပါ။ နံ့သာပေါင်းကို မီးရှို့စေခြင်းငှာ၊ ခန့်ထားသော အာရုန်သားယဇ်ပုရောဟိတ်တို့သာ ထိုအမှုနှင့် ဆိုင်ကြပါ၏။ သန့်ရှင်းရာဌာနထဲက ထွက်သွားလော့။ ကိုယ်တော်သည် ပြစ်မှားပြီ။ ထာဝရအရှင် ဘုရားသခင့် ရှေ့တော်၌ ကိုယ်တော်အသရေပျက်လိမ့်မည်ဟု ဆိုကြလျှင်၊ အခန်းကိုကြည့်ပါ။ |
ယခုတွင် ငါနေဗုခဒ်နေဇာမင်းကြီးသည် ကောင်းကင်ဘုံရှင်ဘုရင်ကို ချီးမွမ်းထောမနာပြုပါ၏၊ ချီးမြှောက်ပါ၏။ ကိုယ်တော်ပြုတော်မူသောအမှုသည် သစ္စာတော်နှင့်ပြည့်စုံတော်မူပါ၏။ ကိုယ်တော်၏နည်းလမ်းတော်တို့သည် တရားမျှတတော်မူ၏။ ကိုယ်တော်သည် မာနထောင်လွှားသောသူတို့ကို နှိမ့်ချနိုင်စွမ်းရှိတော်မူပါ၏။
ထို့ကြောင့် အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားက ‘သင့်အမျိုးအနွယ်နှင့်သင့်ဘိုးဘေး၏အမျိုးအနွယ်သည် ငါ့ရှေ့၌ အစဉ်ဝင်ထွက်သွားလာရမည်’ဟူ၍ ငါအမှန်ဆိုခဲ့၏။ ယခုမှာ ထာဝရဘုရားက ‘ထိုမိန့်ဆိုချက်သည် ငါနှင့်ဝေးပါစေ။ ငါ့ကိုဂုဏ်ပြုချီးမြှောက်သောသူကို ငါဂုဏ်ပြုချီးမြှောက်မည်။ ငါ့ကိုမထီမဲ့မြင်ပြုသောသူတို့သည် မထီမဲ့မြင်ပြုခြင်းခံရမည်။