Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ရ​မိ 29:32 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

32 ထာဝရဘုရား​က နဟေလံ​အမျိုး ရှေမာယ​သည် ငါ့​ကို ပုန်ကန်​ပြောဆို​သောကြောင့် ကြည့်ရှု​လော့​။ ငါ​သည် သူ​နှင့်​သူ​၏​သားစဉ်မြေးဆက်​တို့​ကို ဒဏ်ခတ်​မည်​။ ဤ​လူမျိုး​ထဲ​တွင် သူ​၏​သားစဉ်မြေးဆက်​တစ်​ယောက်​မျှ အသက်ရှင်​နေထိုင်​ရ​မည်​မ​ဟုတ်​ဟု မိန့်​တော်မူ​၏​။ တစ်ဖန် ထာဝရဘုရား​က ငါ့​လူမျိုး​တော်​အတွက် ငါ​ပြု​ပေး​သော​ကောင်းကျိုးချမ်းသာ​ကို သူ​တို့​ခံစား​ရ​မည်​မ​ဟုတ်”​ဟု မိန့်ဆို​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ရ​မိ 29:32
24 ပူးပေါင်းရင်းမြစ်များ  

ပရောဖက်​က “​ငါ​သည်​လည်း သင်​ကဲ့သို့ ပရောဖက်​တစ်​ပါး​ပင်​ဖြစ်​ပါ​၏​။ ‘​သူ့​ကို သင့်​အိမ်​သို့ ပြန်ခေါ်​သွား​ပါ​။ အစာ​လည်း ကျွေး​ပါ​၊ ရေ​လည်း တိုက်​ပါ​’​ဟူသည့် ထာဝရဘုရား​၏​စကား​တော်​ကို ကောင်းကင်တမန်​တစ်​ပါး​က ငါ့​အား မိန့်​တော်မူ​ပြီ​”​ဟု လိမ်ညာ​ပြောဆို​လေ​၏​။


သို့ဖြစ်၍ နေမန်​၌​စွဲ​သော​အနာကြီးရောဂါ​သည် သင်​နှင့် သင့်​သားစဉ်မြေးဆက်​တို့​၌ အမြဲ​စွဲကပ်​နေ​လိမ့်မည်​”​ဟု ဆို​၏​။ ဂေဟာဇိ​လည်း အနာကြီးရောဂါစွဲကပ်​ပြီး နှင်းပွင့်​ကဲ့သို့​ဖြစ်​၍ ဧလိရှဲ​ထံမှ ထွက်သွား​လေ​၏​။


ထိုအခါ ဘုရင့်​လက်ရုံး​ဖြစ်​သူ တပ်မှူး​က ဘုရားသခင်​၏​လူ​အား “​ထာဝရဘုရား​က မိုးကောင်းကင်​ပြတင်းပေါက်​များ​ကို ဖွင့်ပေး​မည်​ဆို​လျှင်ပင် ဤသို့​ဖြစ်​နိုင်​မည်လော​”​ဟု ဆို​လျှင် ဧလိရှဲ​က သူ့​အား “​သင်​သည် ထို​အရာ​တို့​ကို ကိုယ့်​မျက်စိ​နှင့်​မြင်ရုံမျှသာ​မြင်​ရ​မည်​။ စား​ရ​မည်​မ​ဟုတ်​”​ဟု ပြန်ပြော​လေ​၏​။


ထို​အရာ​တို့​ကို မ​ပျပ်ဝပ်​မ​ကိုးကွယ်​ရ​။ အကြောင်းမူကား သင်​၏​ဘုရားသခင် ငါ​ထာဝရဘုရား​သည် သဝန်တို​တတ်​သော​ဘုရား​၊ ငါ့​ကို​မုန်း​သော​သူ​တို့​၏​မျိုးဆက် တတိယ​အဆက်​၊ စတုတ္ထ​အဆက်​တိုင်အောင် ဖခင်​တို့​၏​အပြစ်​အတွက် သားမြေး​တို့​ကို ဒဏ်ခတ်​သော​ဘုရား​၊


သင်​သည် မိမိ​ပြည်​ကို​ဖျက်ဆီး​၍ မိမိ​လူမျိုး​ကို​သတ်ဖြတ်​သောကြောင့် သူ​တို့​နှင့်အတူ​ရော​၍​သင်္ဂြိုဟ်​ခြင်း​မ​ခံရ​။ ဆိုးညစ်​သော​သူ​တို့​၏​သားစဉ်မြေးဆက်​အကြောင်း​ကို မည်သည့်​အခါ​မျှ ထုတ်ဖော်​ပြောဆို​ကြ​မည်​မ​ဟုတ်​။


ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က “​ငါ​သည် သူ​တို့​ကို ထ​၍​ဆန့်ကျင်​မည်​။ ဘေဘီလုံ​ဟူသော​အမည်နာမ​မှစ၍ ကြွင်းကျန်​သော​သူ​များ​၊ သားသမီး​နှင့် သားမြေးအစဉ်အဆက်​တို့​ကို ငါ​ပယ်ရှား​မည်​”​ဟု မိန့်​တော်မူ​၏​။


ထို​သူ​သည် သဲကန္တာရ​ရှိ​ချုံပုတ်​ကဲ့သို့​ဖြစ်​မည်​။ ကောင်းကျိုးချမ်းသာ​ကို ခံစား​ရ​မည်​မ​ဟုတ်​။ ခြောက်သွေ့​သော​တောကန္တာရ​ရှိ မည်သူ​မျှ​မ​နေထိုင်​သော​ဆား​မြေ​၌ နေ​ရ​လိမ့်မည်​။


အို ပါရှုရ​၊ သင်​နှင့် သင်​၏​အိမ်သူအိမ်သား​အားလုံး ဖမ်းခေါ်​သွား​ခြင်း​ခံရ​မည်​။ သင်​နှင့် သင်​မုသား​သုံး​၍​ပရောဖက်ပြု​သည်​ကို နာယူ​ခဲ့​သော သင့်​အပေါင်းအဖော်​တို့​သည် ဘေဘီလုံ​မြို့​သို့​ရောက်သွား​၍ ထို​အရပ်​၌​သေဆုံး​ကြ​လိမ့်မည်​။ ထို​အရပ်​၌ သင်္ဂြိုဟ်​ခြင်း​ခံရ​ကြ​လိမ့်မည်​’​ဟူ၍ မိန့်​တော်မူ​သည်​”​ဟု ဆင့်ဆို​လေ​၏​။


‘​ဤ​လူ​ကို သားသမီး​မ​ထွန်းကား​သော​သူ​၊ တစ်သက်လုံး အောင်မြင်မှု​မ​ရ​သော​သူ​’​ဟု မှတ်တမ်းတင်​ကြ​လော့​။ သူ​၏​အမျိုးအနွယ်​တစ်စုံတစ်ယောက်​မျှ ဒါဝိဒ်​မင်းကြီး​၏​ရာဇပလ္လင်​ပေါ်၌ စံမြန်း​ခွင့်​၊ ယုဒ​ပြည်​ကို အုပ်စိုးခွင့် ရ​တော့​မည်​မ​ဟုတ်​”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။


ထို့ကြောင့် ထာဝရဘုရား​က ‘​ကြည့်ရှု​လော့​။ သင်​သည် ထာဝရဘုရား​အား ပုန်ကန်​ပြောဆို​သည်​ဖြစ်၍ သင့်​ကို ကမ္ဘာမြေ​ပေါ်မှ ထွက်သွား​စေ​မည်​။ ဤ​နှစ်​တွင် သင်​သေ​ရ​မည်​’​ဟူ၍ မိန့်​တော်မူ​သည်​”​ဟု ဆို​လေ​၏​။


သင်​သည် နဟေလံ​အမျိုး ရှေမာယ​အား


ယေရမိ​ထံသို့​ရောက်လာ​သော ထာဝရဘုရား​၏​နှုတ်ကပတ်တော်​မှာ ဤသို့​ဖြစ်​၏​။


ထို့ကြောင့် အစ္စရေး​လူမျိုး​၏​ဘုရားသခင် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က ‘​ရေခပ်​၏​သား​ယောနဒပ်​အမျိုးသား​တို့​သည် ငါ့​ရှေ့မှောက်​၌ အစဉ်မပြတ် အမှုထမ်း​ရ​လိမ့်မည်​’​ဟူ၍ မိန့်​တော်မူ​သည်​”​ဟု ဆင့်ဆို​လေ​၏​။


သူ​နှင့် သူ​၏​သားစဉ်မြေးဆက်​၊ သူ​၏​အစေအပါး​တို့​ပြု​သော​ဒုစရိုက်​ကြောင့် သူ​တို့​ကို ငါ​ဒဏ်ခတ်​မည်​။ သူ​တို့​နှင့်တကွ ဂျေရုဆလင်​မြို့သား​၊ ယုဒ​အမျိုးသား​တို့​အပေါ် ငါ​မိန့်ဆို​ထား​သည့်​ဘေးအန္တရာယ်​အလုံးစုံ​ကို ကျရောက်​စေ​မည်​ဖြစ်​သော်လည်း သူ​တို့​ဂရု​မ​စိုက်​ကြ​”​ဟု မိန့်​တော်မူ​၏​။


ငါ့​ကို ပုန်ကန်​သော​သူ​၊ ပြစ်မှား​သော​သူ​တို့​ကို ငါ​သုတ်သင်​ပစ်​မည်​။ သူ​တို့​ကို တည်းခိုနေထိုင်​ရ​သော​ပြည်​မှ​ထုတ်ဆောင်​လာ​မည်​ဖြစ်​သော်လည်း အစ္စရေး​ပြည်​ထဲသို့ သူ​တို့​ဝင်​ရ​မည်​မ​ဟုတ်​။ သို့မှ ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း သင်​တို့​သိ​ရ​မည်’​ဟု မိန့်​တော်မူ​၏​။


သို့သော် ထာဝရဘုရား​က ‘​သင့်​မယား​သည် မြို့​ထဲတွင် ပြည့်တန်ဆာမ ဖြစ်​မည်​။ သင့်​သား​သမီး​တို့​သည် ဓား​ဖြင့်​လဲကျ​သေဆုံး​ရ​လိမ့်မည်​။ သင်​၏​မြေ​ကို​လည်း ကြိုး​ဖြင့်​တိုင်းတာ​ခွဲဝေ​ယူ​ကြ​လိမ့်မည်​။ သင်​သည်​လည်း မစင်ကြယ်​သော​ပြည်​တွင် သေ​ရ​လိမ့်မည်​။ အစ္စရေး​လူမျိုး​သည်​လည်း နေရင်းပြည်​မှ သုံ့ပန်း​အဖြစ် မုချ​ဖမ်းခေါ်​သွား​ခြင်း​ခံရ​လိမ့်မည်’​ဟူ၍ မိန့်​တော်မူ​သည်”​ဟု ပြန်ပြော​လေ​၏​။


‘ငါ​တို့​ထံ ဘေးအန္တရာယ် ရောက်လာ​မည်​မ​ဟုတ်​။ ငါ​တို့​သည် ဘေးအန္တရာယ်​နှင့် ကြုံ​ရ​မည်​မ​ဟုတ်​’​ဟု ဆို​သော ငါ့​လူမျိုး​တော်​အပြစ်သား​အားလုံး​တို့​သည် ဓား​ဖြင့် သေ​ကြ​ရ​လိမ့်မည်​။


ထို​ပရောဖက်​ဖြစ်စေ​၊ အိပ်မက်အနက်​ဖတ်​တတ်​သူ​ဖြစ်စေ အီဂျစ်​ပြည်​မှ​သင်​တို့​ကို​ထုတ်ဆောင်​တော်မူ​သော​၊ ကျွန်ခံရာ​အိမ်​မှ​သင်​တို့​ကို​ရွေးနုတ်​တော်မူ​သော သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို ဆန့်ကျင်​ပုန်ကန်​ပြောဆို​၍ သင်​တို့​လိုက်လျှောက်​ရန် သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​မိန့်မှာ​တော်မူ​သည့်​လမ်း​မှ သင်​တို့​ကို​လွဲသွား​စေ​သောကြောင့် သူ​သည် အသတ်​ခံရ​မည်​။ ဤသို့ဖြင့် မကောင်းမှု​ကို သင်​တို့​ထဲ​မှ​ဖယ်ရှား​ပစ်​ရ​မည်​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ