Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဟေ​ရှာ​ယ 29:13 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

13 ဘုရားရှင်​က​လည်း “​ဤ​လူမျိုး​သည် နှုတ်​ဖြင့် ချဉ်းကပ်​၍ နှုတ်ခမ်း​ဖြင့် ငါ့​ကို​ဂုဏ်ပြုချီးမွမ်း​ကြ​၏​။ သူ​တို့​၏​စိတ်နှလုံး​မူကား ငါ​နှင့်​ဝေး​လှ​၏​။ သူ​တို့​သည် လူ​တို့​သွန်သင်​သော​ပညတ်ချက်​အရ ငါ့​ကို ကြောက်ရွံ့​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

13 ထာ​ဝ​ရ​ဘု​ရား​က``ဤ​သူ​တို့​သည်​ငါ့​အား နှုတ်​ဖြင့် ဝတ်​ပြု​ကိုး​ကွယ်​ပါ​သည်​ဟု​ဆို​သော် လည်း​သူ​တို့​၏​စ​ကား​များ​သည်​အ​ဋ္ဌိ​ပ္ပါယ် မ​ရှိ။ သူ​တို့​၏​စိတ်​သည်​လည်း​အ​ရပ်​တစ်​ပါး သို့​ရောက်​၍​နေ​၏။ သူ​တို့​၏​ဘာ​သာ​တ​ရား သည် မိ​မိ​တို့​အ​လွတ်​ကျက်​မှတ်​ထား​သည့်​လူ့ ထုံး​တမ်း​စဉ်​လာ​နှင့်​နည်း​ဥ​ပ​ဒေ​များ​သာ လျှင်​ဖြစ်​ပေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

13 အ ရှင် ဘု ရား မိန့် တော် မူ သည် မှာ ဤ လူ မျိုး သည် စိတ် နှ လုံး ကို ငါ နှင့် ခွာ၍၊ နှုတ် အား ဖြင့် သာ ငါ့ ထံ ချဉ်း ကပ် ခြင်း၊ နှုတ် ခမ်း ဖြင့် သာ ရို သေ ခြင်း များ ကို ပြု လျက်၊ ငါ့ ကို ခန့် ညား သော သ ဘော အ စား၊ လူ တို့ ပ ညတ် ချက် များ ကို အာ ဂုံ ဆောင် ခြင်း ပြု လေ့ ရှိ သော ကြောင့်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

13 ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ဤ​လူ​မျိုး​သည် နှုတ်​နှင့် ငါ့​ထံ​သို့ ချဉ်း​ကပ်၍၊ နှုတ်​ခမ်း​နှင့် ငါ့​ကို​ရို​သေ​ကြ၏။ စိတ်​နှ​လုံး​မူ​ကား ငါ​နှင့် ဝေး​လှ၏။ လူ​တို့​စီ​ရင်​သော ပ​ညတ်​တို့​ကို အ​မှီ​ပြု၍ ငါ့​ကို​ကြောက်​ရွံ့​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟေ​ရှာ​ယ 29:13
25 ပူးပေါင်းရင်းမြစ်များ  

အို ထာဝရဘုရား​၊ ဖြောင့်မတ်​သော​လျှောက်လဲချက်​ကို​နားညောင်း​၍ အကျွန်ုပ်​၏​ဟစ်ကြော်သံ​ကို အာရုံစိုက်​နားထောင်​တော်မူ​ပါ​။ လိမ်လည်လှည့်ဖြား​ခြင်း​မ​ရှိ​သော အကျွန်ုပ်​၏​နှုတ်​မှ​ဆုတောင်းချက်​ကို စူးစိုက်​နားထောင်​တော်မူ​ပါ​။


သို့သော် ဘုရားသခင်​သည် ဆိုးယုတ်​သော​သူ​အား “​ငါ​၏​ပြဋ္ဌာန်းချက်​များ​ကို​ပြောကြား​၍ ငါ​၏​ပဋိညာဉ်​ကို​နှုတ်​၌​ဆောင်​ထား​ခြင်း​သည် သင်​နှင့်​မည်သို့​ဆိုင်​သနည်း​။


ကိုယ်တော်​၏​နှုတ်ကပတ်တော်​တို့​အပေါ် ထပ်မံ​၍​မ​ဖြည့်စွက်​နှင့်​။ ဖြည့်စွက်​လျှင် ကိုယ်တော်​သည် သင့်​ကို​ဆုံးမ​သဖြင့် သင်​သည် လိမ်လည်​သော​သူ​ဖြစ်သွား​လိမ့်မည်​။


သူ့​ကို ဘုရားတရားမဲ့​သော​လူမျိုး​ထံသို့ ငါ​စေလွှတ်​မည်​။ ငါ​အမျက်​ထွက်​သော​လူ​တို့​တိုက်ယူ​ထား​သော​ပစ္စည်း​ကို လုယက်​သိမ်းယူ​၍ လမ်း​ပေါ်မှ​ရွှံ့​ကို​နင်း​သကဲ့သို့ သူ​တို့​ကို​နင်းချေ​ရန် ငါ​မိန့်မှာ​ထား​၏​။


အရေလ​မြို့​၊ အရေလ​မြို့​၊ ဒါဝိဒ်​မင်းကြီး​စခန်းချ​ရာ​မြို့​သည် အမင်္ဂလာ​ရှိ​၏​။ တစ်​နှစ်​ပြီး​တစ်​နှစ် ထပ်၍​ထပ်၍ ပွဲ​တို့​ကို အလှည့်ကျ​ကျင်းပ​ကြ​ပါစေ​ဦး​။


ထို​စာလိပ်​ကို စာ​မ​ဖတ်တတ်​သော​သူ​အား​ပေး​၍ “​ဤ​စာ​ကို ဖတ်​ပါ​လော့​”​ဟု ဆို​လျှင် ထို​သူ​က “​ငါ စာ​မ​ဖတ်တတ်​ပါ​”​ဟု ပြန်ပြော​လိမ့်မည်​။


ဤ​လမ်း​မှ ထွက်သွား​ကြ​ပါ​။ ဤ​လမ်း​မှ ရှောင်သွား​ကြ​ပါ​။ အစ္စရေး​လူမျိုး​၏​သန့်ရှင်း​သော​အရှင်​ကို ငါ​တို့​ရှေ့​မှ ကွယ်ပျောက်​စေ​ကြ​ပါ​”​ဟု ဆို​တတ်​ကြ​၏​။


ထို့ကြောင့် ကိုယ်တော်​သည် ပြင်းစွာ​သော​အမျက်​တော်​၊ ပြင်းထန်​သော​စစ်ပွဲ​ကို သူ​တို့​အပေါ် ကျရောက်​စေ​တော်မူ​သဖြင့် သူ​တို့​ပတ်လည်​၌ မီး​တောက်လောင်​သော်လည်း သူ​တို့​မ​သိမှတ်​ကြ​။ သူ​တို့​ကို​မီးလောင်ကျွမ်း​သော်လည်း သူ​တို့​နှလုံး​မ​သွင်း​ကြ​။


အို ထာဝရဘုရား​၊ ကိုယ်တော်​သည် ကျွန်ုပ်​တို့​ကို အဘယ်ကြောင့် လမ်း​တော်​မှ​လမ်းလွဲ​စေ​သနည်း​။ ကိုယ်တော်​ကို မ​ကြောက်ရွံ့​စေရန် ကျွန်ုပ်​တို့​၏​စိတ်​ကို အဘယ်ကြောင့် ခိုင်မာ​စေ​သနည်း​။ ကိုယ်တော်​၏​အစေအပါး​၊ ကိုယ်တော်​၏​အမွေ​တော်​လူမျိုးစု​အတွက် ပြန်လာ​တော်မူ​ပါ​။


ကိုယ်တော်​သည် သူ​တို့​ကို စိုက်ပျိုး​တော်မူ​သဖြင့် သူ​တို့​သည် အမြစ်စွဲ​၍​ကြီးထွား​လျက် အသီး​သီး​ကြ​ပါ​၏​။ သို့သော် သူ​တို့​သည် ကိုယ်တော့်​ကို နှုတ်​ဖြင့်​သာ ချဉ်းကပ်​၏​။ သူ​တို့​၏​အတွင်းသဘော​မူကား ကိုယ်တော်​နှင့် ဝေးကွာ​လျက်​နေ​၏​။


ထို​အမှု​အလုံးစုံ​တို့​ကို​ပြု​သော်လည်း သူ​၏​ညီမ​ဖြစ်​သော သစ္စာဖောက်​ယုဒ​အမျိုး​သည် စိတ်နှလုံး​အကြွင်းမဲ့ ငါ့​ထံသို့​ပြန်​မ​လာ​။ ပြန်လာ​ဟန်ဆောင်​သည်​”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။


သင်​တို့​က ‘​အကျွန်ုပ်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ထံ ဆုတောင်း​ပေး​ပါ​လော့​။ အကျွန်ုပ်​တို့​၏​ဘုရားသခင်​ထာဝရဘုရား မိန့်​တော်မူ​သမျှ​ကို ပြောပြ​ပါ​လော့​။ အကျွန်ုပ်​တို့ လိုက်နာ​ပါ​မည်​’​ဟု ငါ့​အား သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ထံ တောင်းလျှောက်​စေ​သည်​မှာ လိမ်လည်​ခြင်း​သာ​ဖြစ်​၏​။


သူ​တို့​က ‘ထာဝရဘုရား​အသက်ရှင်​တော်မူ​သည်’​ဟု ဆို​ကြ​လျက်ပင် မဟုတ်မမှန်​ကျိန်ဆို​တတ်​ကြ​၏”​ဟု မိန့်​တော်မူ​၏​။


အစ္စရေး​သက်ကြီးဝါကြီး​အချို့​တို့​သည် ငါ့​ထံသို့​လာ​၍ ငါ့​ရှေ့​တွင် ထိုင်​နေ​ကြ​စဉ်


အချင်း​လူသား​၊ သင့်​အမျိုးသားချင်း​တို့​က နံရံ​များ​၊ အိမ်​တံခါး​များ​အနီး​တွင် သင့်​ကို​ရည်မှတ်​၍ ‘​ထာဝရဘုရား​ထံ​မှ မည်သည့်​သတင်း​ကြား​ရ​မည်​ကို သွား​၍​နားထောင်​ကြ​စို့​’​ဟု အချင်းချင်း​ပြောဆို​တတ်​ကြ​၏​။


အိပ်ရာ​ထက်​တွင် ညည်းတွားမြည်တမ်း​ကြ​သော်လည်း စိတ်နှလုံး​ပါ​လျက် ငါ့​ထံ​ဆု​မ​တောင်း​ကြ​။ ကောက်ပဲသီးနှံ​နှင့် စပျစ်ဝိုင်​အသစ်​ရရှိ​ရန် စုရုံး​ကြ​ပြီး ငါ့​ကို ကျောခိုင်း​သွား​ကြ​ပြီ​။


ထို​အရာ​အားလုံး​တို့​သည် လူ​တို့​၏​ပညတ်ချက်​နှင့်​သွန်သင်​ချက်​များ​ဖြစ်​ကြ​သည်​နှင့်အညီ အသုံးပြု​ရင်း ပျက်စီး​သွား​မည့်​အရာ​များ​ဖြစ်​ကြ​၏။


သို့သော် သူ​က “​အကျွန်ုပ်​ပြစ်မှား​မိ​ပါ​ပြီ​။ သို့သော် ယခု အကျွန်ုပ်​၏​လူမျိုး သက်ကြီးဝါကြီး​တို့​ရှေ့​၊ အစ္စရေး​လူမျိုး​တို့​ရှေ့​တွင် အသရေ​မ​ပျက်​ရ​ပါစေ​နှင့်​။ အကျွန်ုပ်​သည် အရှင်​၏​ဘုရားသခင်​ထာဝရဘုရား​ကို ရှိခိုးကိုးကွယ်​ရ​ပါ​မည့်​အကြောင်း အကျွန်ုပ်​နှင့်အတူ ပြန်လိုက်​ခဲ့​ပါ​”​ဟု ဆို​ပြန်​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ