သုတ္တံကျမ်း။ 8:17 - မြန်မာ့စံမီသမ္မာကျမ်း17 ငါ့ကိုချစ်သောသူတို့ကို ငါချစ်၏။ ငါ့ကိုကြိုးစား၍ရှာသောသူတို့သည် ငါ့ကိုတွေ့ကြလိမ့်မည်။ အခန်းကိုကြည့်ပါ။Common Language Bible17 ငါ့ကိုချစ်သော သူတို့ကို ငါချစ်၏။ ငါ့ကိုကြိုးစား ၍ ရှာသောသူတို့သည် တွေ့တတ်ကြ၏။ အခန်းကိုကြည့်ပါ။Garrad Bible17 ငါ့ အား ချစ် ခင် သူ တို့ ကို ငါ ချစ် ခင် လျက်၊ စိတ် ဇော နှင့် ရှာ ဖွေ သူ တို့ သည် ငါ့ ကို တွေ့ ရ ကြ၏။ အခန်းကိုကြည့်ပါ။Judson Bible17 ငါ့ကိုချစ်သော သူတို့ကို ငါချစ်၏။ ငါ့ကိုကြိုးစား၍ ရှာသောသူတို့သည် တွေ့တတ်ကြ၏။ အခန်းကိုကြည့်ပါ။ |
ထို့ကြောင့် အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားက ‘သင့်အမျိုးအနွယ်နှင့်သင့်ဘိုးဘေး၏အမျိုးအနွယ်သည် ငါ့ရှေ့၌ အစဉ်ဝင်ထွက်သွားလာရမည်’ဟူ၍ ငါအမှန်ဆိုခဲ့၏။ ယခုမှာ ထာဝရဘုရားက ‘ထိုမိန့်ဆိုချက်သည် ငါနှင့်ဝေးပါစေ။ ငါ့ကိုဂုဏ်ပြုချီးမြှောက်သောသူကို ငါဂုဏ်ပြုချီးမြှောက်မည်။ ငါ့ကိုမထီမဲ့မြင်ပြုသောသူတို့သည် မထီမဲ့မြင်ပြုခြင်းခံရမည်။
ယောရှိမင်းကြီး နန်းစံရှစ်နှစ်၊ အသက်အရွယ်နုနယ်နေသေးစဉ်တွင်ပင် ဘိုးဘေးဒါဝိဒ်မင်းကြီး၏ဘုရားသခင်ကို စတင်ရှာခဲ့၏။ သက်တော်တစ်ဆယ့်နှစ်နှစ်တွင် ဂျေရုဆလင်မြို့အပါအဝင်ယုဒပြည်ရှိ အထွတ်အမြတ်ထားရာနေရာများ၊ အာရှရနတ်ဘုရားမတံခွန်တိုင်များ၊ ထုလုပ်သောရုပ်တုများ၊ သွန်းလုပ်သောရုပ်တုများကို စတင်ဖယ်ရှားပစ်၏။