Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တော​လည် 35:34 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

34 ငါ​ထာဝရဘုရား​သည် အစ္စရေး​အမျိုးသား​တို့​အလယ်​၌​ကိန်းဝပ်​သည်​ဖြစ်၍ ငါ​ကိန်းဝပ်​ရာ​ဖြစ်​သည့် သင်​တို့​နေထိုင်​သော​ပြည်​ကို မ​ညစ်ညူး​စေ​ရ​”​ဟု မိန့်​တော်မူ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

34 ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​၍ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​တွင်​ကျိန်း​ဝပ်​တော်​မူ​သ​ဖြင့် ပြည်​တော်​ကို​မ​ညစ်​ညမ်း​စေ​ရ'' ဟု​မိန့် တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

34 ငါ ထာ ဝ ရ ဘု ရား သည် ဣ သ ရေ လ အ မျိုး သား တို့ ဘောင် တွင် ကိန်း ဝပ် သည့် အ လျောက် ငါ စံ နေ သော သင် တို့ နေ ပြည် ကို မ သန့် အောင် မ ပြု ကြ ရ မည့် အ ကြောင်း ဆင့် ဆို လော့ ဟု မိန့် တော် မူ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

34 ငါ​ကျိန်း​ဝပ်၍ သင်​တို့​နေ​သော​ပြည်​ကို မ​ညစ်​ညူး​စေ​ရ။ ငါ​ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​တွင် ကျိန်း​ဝပ်​သည်​ဟု မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




တော​လည် 35:34
20 ပူးပေါင်းရင်းမြစ်များ  

အစ္စရေး​အမျိုးသား​တို့​၌ ငါ​ကိန်းဝပ်​မည်​။ ငါ့​လူမျိုး​တော်​အစ္စရေး​ကို ငါ​မ​စွန့်ပစ်​”​ဟု မိန့်​တော်မူ​၏​။


“​ထို​အရပ်​သည် ငါ​၏​ငြိမ်ဝပ်​ရာ​အရပ် အစဉ်​ဖြစ်​၏​။ ထို​အရပ်​ကို ငါ​နှစ်သက်​သည်​ဖြစ်၍ ထို​အရပ်​၌ ငါ​ကိန်းဝပ်​မည်​။


ဂျေရုဆလင်​မြို့​တွင် ကိန်းဝပ်​တော်မူ​သော​ထာဝရဘုရား​သည် ဇိအုန်​၌ မင်္ဂလာရှိ​တော်မူ​၏​။ ဟာလေလုယ​။


သူ​တို့​အလယ်​၌ ငါ​ကိန်းဝပ်​ဖို့​ရန် သူ​တို့​သည် ငါ့​အဖို့ သန့်ရှင်းရာဌာန​ကို​လုပ်​ကြ​စေ​။


မြင့်မြတ်​၍​ချီးမြှောက်​ခြင်း​ခံ​တော်မူ​သော​၊ ထာဝရ​အသက်ရှင်​တော်မူ​သော​၊ သန့်ရှင်း​ခြင်း​ဟု နာမ​ရှိ​တော်မူ​သော​အရှင်​က “​ငါ​သည် စိတ်နှလုံး​ကျိုးပဲ့ကြေမွ​သော​သူ​၊ စိတ်နှိမ့်ချ​သော​သူ​တို့​နှင့်အတူ အထွတ်အမြတ်​ထား​ရာ​အရပ်​၊ သန့်ရှင်း​သော​အရပ်​၌ ကိန်းဝပ်​၏​။ စိတ်အားငယ်​သော​သူ​၊ စိတ်နှလုံး​ကျိုးပဲ့ကြေမွ​သော​သူ​တို့​ကို အားဖြည့်ပေး​ရန် သူ​တို့​တွင် ငါ​ကိန်းဝပ်​၏​။


“​လျှို့ဝှက်ကြံစည်မှု​ပါ​တကား​ဟု ဤ​လူမျိုး​တို့​ပြောဆို​တိုင်း လျှို့ဝှက်ကြံစည်မှု​ပါ​တကား​ဟု သင်​တို့​လိုက်​မ​ပြော​ကြ​နှင့်​။ သူ​တို့​ကြောက်ရွံ့​သော​အရာ​ကို မ​ကြောက်ရွံ့​ကြ​နှင့်​။ မ​ထိတ်လန့်​ကြ​နှင့်​။


ငါ​၏​ပြည်​ကို ရွံရှာဖွယ်​လူသေကောင်​ဖြင့် ညစ်ညူး​စေ​၍ ငါ​၏​အမွေမြေ​ကို စက်ဆုပ်ရွံရှာဖွယ်​ရာ​များ​ဖြင့် ပြည့်​စေ​သော သူ​တို့​၏​ဒုစရိုက်​၊ သူ​တို့​၏​အပြစ်​များ​ကြောင့် ငါ​သည် သူ​တို့​ကို နှစ်ဆ​တုံ့ပြန်​မည်’​ဟူ၍ မိန့်​တော်မူ​သည်”​ဟု မိန့်ဆို​၏​။


ထို​အရပ်​တွင် ထာဝရဘုရား​ရှိ​လျက်​နှင့် သင်​တို့​က ဤ​ပြည်​နှစ်​ပြည်​၊ ဤ​လူမျိုး​နှစ်​မျိုး​ကို ငါ​တို့​သိမ်းပိုက်​၍ ငါ​တို့​အပိုင်​ဖြစ်​မည်​ဟု ဆို​သောကြောင့်


သူ​တို့​သည် ထာဝရဘုရား​၏​ပြည်​တွင် နေ​ရ​တော့​မည်​မ​ဟုတ်​။ ဧဖရိမ်​သည် အီဂျစ်​ပြည်​သို့​ပြန်သွား​ရ​လိမ့်မည်​။ အဆီးရီးယား​ပြည်​တွင် မစင်ကြယ်​သော​အစာ​ကို စား​ရ​လိမ့်မည်​။


ထို​သူ​တို့​သည် စုရုံး​၍ မောရှေ​နှင့်​အာရုန်​အား “​သင်​တို့ တရားလွန်​နေ​ပြီ​။ လူထု​အပေါင်း​တို့​သည် တစ်ယောက်မကျန် သန့်ရှင်း​ကြ​၏​။ ထာဝရဘုရား​သည်​လည်း သူ​တို့​နှင့်အတူ​ရှိ​တော်မူ​၏​။ ထာဝရဘုရား​၏​လူအစုအဝေး​အပေါ် သင်တို့ကိုယ်သင်တို့ အဘယ်ကြောင့် ချီးမြှောက်​ရ​သနည်း​”​ဟု ဆို​လေ​၏​။


သူ​တို့​နှင့်အတူ ငါ​ကိန်းဝပ်​ရာ သူ​တို့​၏​တပ်စခန်း​ကို မ​ညစ်ညူး​စေ​မည့်​အကြောင်း ထိုသို့သော​သူ ယောက်ျား​၊ မိန်းမ​ဟူသမျှ​ကို တပ်စခန်း​အပြင်​သို့ ထွက်သွား​စေ​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။


အလောင်း​ကို သစ်တိုင်​၌ တစ်ညလုံး​မ​ထား​ရ​။ ထို​နေ့​၌ပင် မဖြစ်မနေ​သင်္ဂြိုဟ်​ရ​မည်​။ အကြောင်းမူကား ချိတ်ဆွဲ​ထား​ခြင်း​ခံရ​သော​သူ​သည် ဘုရားသခင်​ကျိန်​တော်မူ​ခြင်း​ကို​ခံရ​သော​သူ​ဖြစ်​၏​။ သင်​၏​ဘုရားသခင်​ထာဝရဘုရား သင့်​အား အမွေ​အဖြစ်​ပေး​တော်မူ​သော​ပြည်​ကို မ​ညစ်ညူး​စေ​ရ​။


အို ထာဝရဘုရား​၊ ကိုယ်တော်​ရွေးနုတ်​တော်မူ​သော ကိုယ်တော်​၏​လူမျိုး​တော်​အစ္စရေး​တို့​၏​အပြစ်​ကို​ဖြေလွှတ်​တော်မူ​ပါ​။ အပြစ်မဲ့​သော​သူ​အား​သတ်​သော​အပြစ်​ကို ကိုယ်တော်​၏​လူမျိုး​တော်​အစ္စရေး​တို့​အပေါ် ကျရောက်​စေ​တော်​မ​မူ​ပါ​နှင့်​’​ဟု လျှောက်ဆို​ရ​မည်​။ ထိုအခါ ကိုယ်တော်​သည် လူသတ်​သော​အပြစ်​ကို ဖြေလွှတ်​တော်မူ​မည်​။


သင်​တို့​နှင့်အတူ​ရှိ​တော်မူ​သော သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် သဝန်တို​တတ်​သော​ဘုရား​ဖြစ်​တော်မူ​၏​။ ထို့ကြောင့် သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် သင်​တို့​အပေါ်​အမျက်ထွက်​၍ သင်​တို့​ကို မြေကြီး​ပေါ်​မှ ဖျက်ဆီး​တော်မူ​မည်​ကို စိုးရိမ်​ရ​၏​။


မစင်ကြယ်​သော​အရာ​တစ်စုံတစ်ခု​မျှ ထို​မြို့​ထဲသို့​ဝင်​ရ​လိမ့်မည်​မ​ဟုတ်။ ရွံရှာ​ဖွယ်​သော​အမှု​နှင့်​လိမ်လည်​မှု​တို့​ကို​ပြုကျင့်​သော​သူ​သည်​လည်း ဝင်ရ​လိမ့်မည်​မဟုတ်။ သိုးသငယ်​တော်​၏​အသက်​စာစောင်​တွင် စာရင်း​ဝင်​သော​သူ​တို့​သာ ဝင်​ရ​ကြ​လိမ့်မည်။


ထို့နောက် ပလ္လင်​တော်​မှ​ကျယ်လောင်​သော​အသံ​က “ကြည့်ရှု​လော့။ ဘုရားသခင်​စံရာ​တဲ​တော်​သည် လူ​တို့​တွင်​ရှိ​၍ ကိုယ်တော်​သည် သူ​တို့​နှင့်အတူ​စံမြန်း​တော်မူ​မည်။ သူ​တို့​သည်​လည်း ကိုယ်တော်​၏​လူမျိုး​တော်​ဖြစ်​ကြ​ပြီး ဘုရားသခင်​ကိုယ်တော်​တိုင် သူ​တို့​နှင့်အတူ​ရှိ​၍ သူ​တို့​၏​ဘုရားသခင်​ဖြစ်​တော်မူ​မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ