၂ ရာချုပ် 15:2 - မြန်မာ့စံမီသမ္မာကျမ်း2 သူသည် အာသမင်းကြီးထံသွားကာ “အို အာသမင်းကြီးနှင့် ယုဒအမျိုး၊ ဗင်္ယာမိန်အမျိုးအပေါင်းတို့၊ ငါ့စကားကို နားထောင်ကြပါလော့။ သင်တို့သည် ထာဝရဘုရားနှင့်အတူရှိလျှင် ထာဝရဘုရားသည်လည်း သင်တို့နှင့်အတူ ရှိလိမ့်မည်။ ကိုယ်တော်ကိုရှာလျှင် အတွေ့ခံတော်မူမည်။ ကိုယ်တော်ကို စွန့်ပစ်လျှင် ကိုယ်တော်သည်လည်း သင်တို့ကို စွန့်ပစ်တော်မူမည်။ အခန်းကိုကြည့်ပါ။Common Language Bible2 အာဇရိသည်အာသမင်းထံသို့သွားပြီးလျှင်``အို အာသမင်းနှင့်တကွယုဒနှင့်ဗင်္ယာမိန်အနွယ် ဝင်တို့၊ ငါ၏စကားကိုနားထောင်ကြလော့။ သင် တို့သည်ထာဝရဘုရား၏ဘက်၌ရှိနေသမျှ ကာလပတ်လုံး ကိုယ်တော်သည်သင်တို့နှင့်အတူ ရှိတော်မူမည်။ သင်တို့သည်ကိုယ်တော်အားရှာ ကြလျှင် ကိုယ်တော်သည်သင်တို့အားအတွေ့ ခံတော်မူလိမ့်မည်။ သို့ရာတွင်သင်တို့သည် ကိုယ်တော်အားကျောခိုင်းကြပါကကိုယ် တော်သည်လည်းသင်တို့အားစွန့်ပယ်တော် မူလိမ့်မည်။- အခန်းကိုကြည့်ပါ။Garrad Bible2 အာ ဇ ရိ သည် အာ သ မင်း ကို ခ ရီး ဦး ကြို ဆို လျက် ဆင့် ဆို သည် မှာ၊ အို အာ သ မင်း မှ စ၍၊ ယု ဒ၊ ဗင်္ယာ မိန် လူ မျိုး အ ပေါင်း တို့၊ နား ထောင် ကြ လော့။ သင် တို့ သည် ထာ ဝ ရ ဘု ရား ဘက် တော်၌ နေ သ မျှ ကာ လ ပတ် လုံး၊ သင် တို့ နှင့် အ တူ ရှိ တော် မူ လိမ့် မည်။ သင် တို့ ရှာ ဖွေ လျှင် အ တွေ့ ခံ တော် မူ လိမ့် မည်။ စွန့် ခွာ လျှင် မူ ကား၊ စွန့် ခွာ တော် မူ လိမ့် မည်။ အခန်းကိုကြည့်ပါ။Judson Bible2 အာဇရိသည် အာသမင်းကို ကြိုဆိုခြင်းငှာ သွားလျက်၊ အိုအာသမင်း၊ အိုယုဒအမျိုးနှင့် ဗင်္ယာမိန် အမျိုးသားအပေါင်းတို့၊ ငါ့စကားကို နားထောင်ကြလော့။ သင်တို့သည် ထာဝရဘုရားဘက်၌နေလျှင်၊ နေစဉ်ကာလ၊ ထာဝရဘုရားသည် သင်တို့နှင့်အတူ ရှိတော်မူမည်။ ထာဝရဘုရားကိုရှာလျှင် အတွေ့ခံတော်မူမည်။ စွန့်လျှင်သင်တို့ကို စွန့်တော်မူမည်။ အခန်းကိုကြည့်ပါ။ |
ငါ့သားရှောလမုန်၊ သင့်ခမည်းတော်ကိုးကွယ်သောဘုရားသခင်နှင့် သိကျွမ်းအောင်ပြုလော့။ စိတ်နှလုံးအကြွင်းမဲ့၊ စိတ်ဆန္ဒရှိသမျှနှင့် အစေခံလော့။ ထာဝရဘုရားသည် စိတ်နှလုံးရှိသမျှကို စစ်ဆေး၍ တွေးတောကြံစည်သမျှတို့ကို သိနားလည်တော်မူ၏။ သင်သည် ကိုယ်တော်ကိုရှာလျှင် အတွေ့ခံတော်မူမည်။ ကိုယ်တော်ကို စွန့်ပယ်လျှင်မူကား သင်လည်း ထာဝစဉ်အစွန့်ပယ်ခံရမည်။
ထိုအခါ ရှိရှက်မင်းကြီးကြောင့် ဂျေရုဆလင်မြို့တွင် စုဝေးနေကြသော ရောဗောင်မင်းကြီးနှင့် ယုဒခေါင်းဆောင်များထံသို့ ပရောဖက်ရှေမာယရောက်လာ၍ သူတို့အား “ ‘သင်တို့သည် ငါ့ကိုစွန့်ပယ်ခဲ့သောကြောင့် ငါသည်လည်း သင်တို့ကိုစွန့်ပြီး ရှိရှက်မင်းကြီးလက်သို့ အပ်လိုက်ပြီ’ဟူ၍ ထာဝရဘုရားမိန့်တော်မူပြီ”ဟု ဆင့်ဆိုလေ၏။
ဘုရားသခင်သည် ငါတို့နှင့်အတူ ရှိတော်မူသော ငါတို့၏ခေါင်းဆောင် ဖြစ်၏။ ယဇ်ပုရောဟိတ်များသည်လည်း သင်တို့နှင့်တိုက်ခိုက်ရန် တံပိုးခရာမှုတ်၍စစ်ငြာသံပေးလျက် ရှိ၏။ အို အစ္စရေးအမျိုးတို့၊ သင်တို့ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားနှင့် စစ်မတိုက်ကြနှင့်။ သင်တို့အောင်နိုင်မည်မဟုတ်”ဟု အော်ပြော၏။
ဤတိုက်ပွဲကို သင်တို့တိုက်စရာမလို။ ခိုင်မာစွာရပ်တည်၍ ထာဝရဘုရား သင်တို့ကိုမည်သို့ ကယ်တင်မည်ကို စောင့်ကြည့်ကြလော့။ အို ယုဒပြည်သူ ဂျေရုဆလင်မြို့သားတို့၊ မကြောက်နှင့်။ စိတ်မပျက်နှင့်’ဟု မိန့်တော်မူ၏။ မနက်ဖြန်နေ့တွင် သူတို့နှင့် ရင်ဆိုင်တိုက်ခိုက်ဖို့ စစ်ချီထွက်လော့။ ထာဝရဘုရားသည် သင်တို့နှင့်အတူ ရှိတော်မူ၏”ဟု မိန့်ဆို၏။
သူတို့သည် နောက်တစ်နေ့မနက်စောစောထပြီး တေကောတောကန္တာရဘက်သို့ ချီသွားကြ၏။ ထိုသို့ သူတို့ထွက်သွားချိန်တွင် ယောရှဖတ်မင်းကြီးသည် ရပ်လျက် “ယုဒပြည်သူ ဂျေရုဆလင်မြို့သားတို့၊ နားထောင်ကြပါလော့။ သင်တို့၏ဘုရားသခင်ထာဝရဘုရားကို ယုံကြည်ကြလော့။ သို့မှ သင်တို့ခံရပ်နိုင်မည်။ ကိုယ်တော်၏ပရောဖက်တို့ကိုလည်း ယုံကြည်ကြလော့။ သို့မှ သင်တို့ အောင်နိုင်မည်”ဟု မိန့်မှာ၏။
ထိုစဉ်က ဘုရားသခင်၏ဝိညာဉ်တော်သည် ယဇ်ပုရောဟိတ်ယောယဒ၏သားဇာခရိထံသက်ရောက်သဖြင့် သူသည် လူတို့ရှေ့တွင်ရပ်ပြီး “ဘုရားသခင်က ‘သင်တို့ အဘယ်ကြောင့် ထာဝရဘုရား၏ပညတ်တော်များကို ချိုးဖောက်ကြသနည်း။ သင်တို့အောင်မြင်ကြီးပွားမည်မဟုတ်။ သင်တို့သည် ထာဝရဘုရားကို စွန့်ပယ်သည်ဖြစ်၍ ကိုယ်တော်သည်လည်း သင်တို့ကို စွန့်ပယ်ပြီ’ဟူ၍ မိန့်တော်မူသည်”ဟု ဆင့်ဆိုလေ၏။
ယောရှိမင်းကြီး နန်းစံရှစ်နှစ်၊ အသက်အရွယ်နုနယ်နေသေးစဉ်တွင်ပင် ဘိုးဘေးဒါဝိဒ်မင်းကြီး၏ဘုရားသခင်ကို စတင်ရှာခဲ့၏။ သက်တော်တစ်ဆယ့်နှစ်နှစ်တွင် ဂျေရုဆလင်မြို့အပါအဝင်ယုဒပြည်ရှိ အထွတ်အမြတ်ထားရာနေရာများ၊ အာရှရနတ်ဘုရားမတံခွန်တိုင်များ၊ ထုလုပ်သောရုပ်တုများ၊ သွန်းလုပ်သောရုပ်တုများကို စတင်ဖယ်ရှားပစ်၏။
အကြောင်းမှာ “ငါတို့ဘုရားသခင်၏လက်တော်သည် ကိုယ်တော်ကိုရှာသောသူတို့ ကောင်းစားဖို့ဖြစ်၏။ ကိုယ်တော်ကိုစွန့်သောသူတို့၌ကား ကိုယ်တော်၏ကြီးမားသောအမျက်တော် တည်လျက်ရှိ၏”ဟု ရှင်ဘုရင်ကို ငါတို့ ပြောထားနှင့်ပြီဖြစ်၍ လမ်းခရီးတွင် ရန်သူလက်မှကာကွယ်ပေးရန် ရှင်ဘုရင်ထံ စစ်သည်နှင့် မြင်းစီးသူရဲများ တောင်းဆိုရမည်ကို ငါရှက်လှ၏။
ထိုနေ့ရက်၌ ငါသည် သူတို့ကိုအမျက်ထွက်၍ စွန့်ပစ်မည်။ သူတို့ထံမှ မျက်နှာလွှဲမည်။ သူတို့သည် ဝါးမျိုခြင်းခံရမည်။ ဘေးအန္တရာယ်နှင့်ဆင်းရဲဒုက္ခများစွာတို့နှင့် ကြုံတွေ့ရမည်။ သို့ဖြစ်၍ ထိုနေ့ရက်၌ သူတို့က ‘ငါတို့၏ဘုရားသခင်သည် ငါတို့နှင့်အတူမရှိသောကြောင့် ဤဘေးအန္တရာယ်များနှင့် ငါတို့ကြုံတွေ့ရသည်မဟုတ်လော’ဟု ဆိုကြလိမ့်မည်။
ယဇ်ပုရောဟိတ်ဧလာဇာ၏သား ဖိနဟတ်ကလည်း ရုဗင်သားမြေး၊ ဂဒ်သားမြေးနှင့် မနာရှေသားမြေးတို့အား “ထာဝရဘုရားသည် ငါတို့နှင့်အတူရှိတော်မူကြောင်းကို ယနေ့ ငါတို့သိရပြီ။ အကြောင်းမူကား သင်တို့သည် ထာဝရဘုရားကိုမပြစ်မှားခဲ့ကြပေ။ ယခု သင်တို့သည် အစ္စရေးအမျိုးသားတို့ကို ထာဝရဘုရားလက်တော်မှကယ်နုတ်လေပြီ”ဟု ဆိုလေ၏။