ငါ့သိုးတို့သည်ငါ့စကားသံကိုကြားနာ၍ လိုက်တတ်ကြ၏။ ငါလည်းသူတို့ကိုသိ၍ ထာဝရအသက်ပေးသဖြင့် မည်သည့်ကာလမျှ သူတို့ပျက်စီးမည်မဟုတ်။ ငါ့လက်တွင်းမှ မည်သူမျှမလုမယူရ။
ထွက်၍၊ ထာ ဝ ရ ဘု ရား ရှေ့၊ တောင် ပေါ် တွင် ရပ် နေ လော့ ဟု မိန့် တော် မူ ၏။ ထာ ဝ ရ ဘု ရား ကြွ ချီ တော် မူ ရာ ပြင်း ထန် သော လေ မုန် တိုင်း သည် ရှေ့ တော် မှ တောင် များ ကို ခွဲ၍ ကျောက် ငူ များ ကို ချိုး ဖဲ့၏။ သို့ ရာ တွင် မုန် တိုင်း ၌ ထာ ဝ ရ ဘု ရား ပါ တော် မ မူ၊ မုန် တိုင်း နောက် မြေ လှုပ် ၏။ မြေ လှုပ် ခြင်း၌ လည်း ထာ ဝ ရ ဘု ရား ပါ တော် မ မူ။
မြေ လှုပ် ခြင်း နောက် မီး လျှံ ပေါ် ၏။ မီး လျှံ ၌ လည်း ထာ ဝ ရ ဘု ရား ပါ တော် မ မူ။ မီး လျှံ နောက် သဲ့ သဲ့ အ သံ ထွက် သည် ကို ဧ လိ ယ ကြား လျှင်
သင် ဟစ် ခေါ် လျှင်၊ ငါ ထူး ၍ ကြီး မြတ် သော အ ရာ၊ သင် မ သိ သေး သော ထိမ် ချန် ရာ များ ကို ဖော် ပြ မည် ဟု ကတိ ထား ၏။
ငြိမ် ဝပ် စွာ နေ ကြ စေ။ ငါ သည် ဘု ရား သ ခင် ဖြစ် ကြောင်း သိ မှတ် ကြ စေ။ လူ မျိုး ခြား တို့ တွင် ဘုန်း ပွင့် မည်။ မြေ ကြီး ပေါ် မှာ ဘုန်း ပွင့် မည်။
ထာ ဝ ရ ဘု ရား ကို စိတ် နှ လုံး အ ကြွင်း မဲ့ ကိုး စား လျက်၊ ကိုယ့် ဉာဏ် ကို တံ ကဲ မ ပြု နှင့်။
ကျင့် ကြံ သ မျှ ၌ ကိုယ် တော် ကို အာ ရုံ ပြု လျှင်၊ သင် သွား ရာ လမ်း ကို ညီ ညွတ် စေ တော် မူ မည်။
ဝဲ ယာ ယိမ်း ယိုင် မိ လျှင်၊ ဤ လမ်း မှန် သည်၊ လျှောက် လိုက် လော့ ဟု နောက် က တိုက် တွန်း သံ ကို ဒိ ဋ္ဌ ကြား ခွင့် ရ လျက်၊
ဘုရားသခင့်ထံမှဖြစ်ပွားသူသည် ဘုရားသခင့်ဗျာဒိတ်တော်ကိုနာယူတတ်၏။ သင်တို့သည် ဘုရားသခင့်ထံမှမဖြစ်ပွားသောကြောင့် မနာမယူကြချေဟု မိန့်တော်မူ၏။
ငါ သည် တံ ခါး အ နီး ရပ်၍ ခေါက် လျက် နေ၏။ မည် သူ မ ဆို ငါ့ အ သံ ကို ကြား၍ ဖွင့် လျှင် ငါ ဝင် လျက် ထို သူ နှင့် အ တူ သုံး ဆောင် မည်။ သူ လည်း ငါ နှင့် သုံး ဆောင် ခွင့် ရ လိမ့် မည်။
ထို ကြောင့် သန့် ရှင်း သော ဝိ ညာဉ် တော် ဆင့် ဆို တော် မူ သည့် အ တိုင်း ယ နေ့ ဗျာ ဒိတ် တော် သံ ကို ကြား ရ စဉ်၊
သင် တို့ ဘို့ ဘေး များ သည် ငါ့ ကို စီ စစ် စုံ စမ်း၍ နှစ် ပေါင်း လေး ဆယ် ပတ် လုံး ငါ့ အ မှု များ ကို သိ မြင် လျက် သဲ တော တွင် စုံ စမ်း၍ အ မျက် တော် တိုက် ကြ သော အ ခါ ကဲ့ သို့ သင် တို့ စိတ် မ ခဲ ယဉ်း စေ ကြ နှင့်။ ထို ကြောင့် ထို လူ မျိုး အ ပေါ် တွင် ငါ့ နှ လုံး မ သာ ဖြစ်၍ သူ တို့ သည် အ စဉ် စိတ် နှ လုံး မှောက် မှား သ ဖြင့် ငါ့ နည်း လမ်း များ ကို မ သိ ကြ ဟု ဆို လျက် ငါ့ ငြိမ် ဝပ် ရာ ချမ်း သာ ကို ဝင် စား ကြ ရ မည် မ ဟုတ် ဟု အ မျက် တော် ထား၍ ငါ ဓိ ဋ္ဌာန်၏။
ငါ သည်၊ သင့် ကို ရှု ကြည့် လျက်၊ သွား အပ် သော လမ်း ၌ လိ မ္မာ ရန်၊ သွန် သင် ၍ အ ကြံ ပေး မည်။
သင် တို့ အ နက် တစ် ယောက် ယောက် ၌ ဉာဏ် ပ ညာ ယုတ် လျော့ လျှင် အ ပြစ် မ တင် ဘဲ သူ ခပ် သိမ်း တို့ အား ကြွယ် ဝ စွာ သ နား တော် မူ သော ဘု ရား သ ခင့် ထံ တောင်း လျှောက် စေ။ သ နား တော် မူ လိမ့် မည်။
သို့ နှင့် အ ညီ ယုံ ကြည် ခွင့် သည် ကြား နာ ခြင်း ကြောင့်၊ ကြား နာ ခွင့် လည်း ခ ရစ် တော် သ တင်း ကြောင့် သာ ဖြစ် ၏။
အို ထာ ဝ ရ ဘု ရား၊ နည်း တော် များ ကို ညွှန် ပြ၍၊ လမ်း တော် များ ကို သွန် သင် တော် မူ ပါ။
ကိုယ် တော် သည်၊ အ ကျွန်ုပ် ကို ကယ် တင် သော ဘု ရား သ ခင် ဖြစ် တော် မူ သည့် အ လျောက်၊ နေ့ ရှိ သ မျှ အ ကျွန်ုပ် စောင့် မျှော် သော ကြောင့်၊ သ စ္စာ တော် နှင့် ပို့ ဆောင်၍၊ သွန် သင် တော် မူ ပါ။
သမ္မာတရားဆိုင်ရာဝိညာဉ်တော်ကြွရောက်တော်မူလျှင်ကား ကိုယ့်အလိုအလျောက်မဟောဘဲ ကြားနာသမျှကိုဟောလျက် နောင်အမှုအရေးများကိုလည်းညွှန်ပြသဖြင့် သမ္မာတရားအလုံးစုံသို့ပို့ဆောင်တော်မူလိမ့်သတည်း။
နား စိုက် လျက် တိုး ဝင် ကြ လော့။ နား ထောင် လျှင် အ သက် တည် ခွင့် ရ ကြ လိမ့် မည်။ ငါ သည် ဒါ ဝိဒ် နှင့် ဖွဲ့ ခဲ့ သော အ မြဲ မေ တ္တာ ကျေးဇူး ပ ဋိ ညာဉ် ကို၊ သင် တို့ နှင့် ဖွဲ့ ဦး မည်။
ထို့ ကြောင့် မည် သူ မ ဆို ငါ ယ ခု ဟော ပြော ချက် ကို ကြား၍ လိုက် နာ လျှင် ကျောက် ပေါ် တွင် အိမ် ဆောက် သော ပ ညာ ရှိ နှင့် ငါ ပုံ နှိုင်း မည်။
နှုတ် က ပတ် တော် သည်၊ အ ကျွန်ုပ် ခြေ ဦး မှာ မီး ခွက် သ ဖွယ်၊ အ ကျွန်ုပ် လမ်း မှာ အ လင်း သ ဖွယ် ဖြစ် ပါ ၏။
ပင် ပန်း သူ တို့ အား၊ စ ကား ဖြင့် ထောက် ခံ နိုင် စေ ရန်၊ အ ရှင် ထာ ဝ ရ ဘု ရား သည် တ ပည့် ရင်း တို့ ၏ နှုတ် သ တ္တိ ကို၊ ငါ့ အား ပေး တော် မူ ပြီ။ တ ပည့် ရင်း တို့ ဘာ ဝ နာ ခံ စေ ခြင်း ငှာ၊ နံ နက် တိုင်း ငါ့ နား ကို နှိုး ဆော် တော် မူ ၏။
ငါ့ တံ ခါး အ နီး တံ ခါး တိုင် နား မှာ၊ နေ့ စဉ် စောင့် မျှော် လျက်၊ ငါ့ စ ကား ကို နား ထောင် သော သူ၌ မင်္ဂ လာ ရှိ၏။
ကိုယ် တော် က ဘု ရား သ ခင့် တ ရား တော် ကို ကြား နာ စောင့် ရှောက် သူ တို့၌ သာ၍ မင်္ဂ လာ ရှိ သည် ဟု မိန့် တော် မူ၏။
တ ရား တော်၌ အံ့ ဖွယ် ရာ များ ကို သိ မြင် ရ စေ ရန်၊ အ ကျွန်ုပ် မျက် စိ များ ကို ပွင့် လင်း စေ တော် မူ ပါ။
သင် တို့ သည် ကိုယ့် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား၏ ဗျာ ဒိတ် တော် သံ ကို နာ ခံ နာ ယူ လျက်၊ ယ နေ့ ငါ ဆင့် ဆို သ မျှ သော ပ ညတ် တော် များ ကို စောင့် ရှောက် လိုက် နာ ကြ လျှင်၊ မြေ ပေါ် ရှိ လူ မျိုး တ ကာ ထက် သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ချီး မြှင့် တော် မူ လိမ့် မည်။
ထာ ဝ ရ ဘု ရား၏ နာ မ တော် ဖြင့် သ မုတ် ခံ ကြ သည် ကို ထောက်၍၊ မြေ ပေါ် ရှိ လူ အ မျိုး မျိုး တို့ သည် သင် တို့ ကို ကြောက် ရွံ့ ကြ လ တ္တံ့။
ပေး မည် ဟူ၍ ဘိုး ဘေး တို့ အား ထာ ဝ ရ ဘု ရား သ စ္စာ ဆို တော် မူ ခဲ့ သော ပြည် တွင် သား သ မီး တို့ မှ စ သော တိ ရ စ္ဆာန်၏ သား ငယ် နှင့် မြေ အ သီး အ နှံ၊ စည်း စိမ် ချမ်း သာ အ များ အ ပြား ကို ပေး တော် မူ လ တ္တံ့။
ထာ ဝ ရ ဘု ရား သည်၊ မိုး ကောင်း ကင် ဘ ဏ္ဍာ တိုက် မြတ် ကို ဖွင့် ထား လျက်၊ ရာ သီ အ လျောက် မိုး ရွာ စေ၍၊ ပြု လေ ရာ ရာ ကောင်း ကြီး မင်္ဂ လာ ပေး တော် မူ သ ဖြင့်၊ သင် တို့ သည်၊ မြောက် မြား သော လူ မျိုး တို့ ထံ ချေး ယူ ခြင်း ကင်း လျက်၊ ချေး ငှါး ရ ကြ လ တ္တံ့။
ယ နေ့ ငါ ဆင့် ဆို သော အ ချက် များ မှ ဝဲ ယာ သို့ ယိမ်း ယိုင် ခြင်း၊ အ ခြား ဘု ရား များ နောက် လိုက် လျှောက် ဝတ် ပြု ခြင်း မ ရှိ ဘဲ ယ နေ့ ငါ ဆင့် ဆို သော သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား၏ ပ ညတ် တော် များ ကို နား ထောင် စောင့် ရှောက် လိုက် နာ ကြ သော်၊ သြ ဇာ မ လျော့၊ တိုး တက် အောင် အ မြီး မ ဟုတ်၊ ဦး ခေါင်း အ ဖြစ် ထာ ဝ ရ ဘု ရား ထား တော် မူ လ တ္တံ့။
သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား၏ ဗျာ ဒိတ် တော် သံ ကို နား မ ထောင်၊ ယ နေ့ ငါ ဆင့် ဆို သ မျှ သော မိန့် မှာ ထုံး ဖွဲ့ တော် မူ ချက် များ ကို မ စောင့် ရှောက် မ လိုက် နာ ကြ လျှင်၊ ထက် ကြပ် သင့် ရောက် လ တ္တံ့ သော အ မင်္ဂ လာ များ ကား၊
မြို့ တွင်း မြို့ ပြင် အ နှံ့ အ ပြား၌၊ အ မင်္ဂ လာ ရှိ လိမ့် သ တည်း။
တင်း တောင်း၊ အိုး ခွက် များ၌ အ မင်္ဂ လာ ရှိ လိမ့် သ တည်း။
သား သ မီး တို့ မှ စ၍၊ မြေ အ သီး အ နှံ နှင့် နွား၊ သိုး၊ ဆိတ်၊ သား ငယ် များ၌ အ မင်္ဂ လာ ရှိ လိမ့် သ တည်း။
ချီ ဝင် ခြင်း၊ ချီ ထွက် ခြင်း၌ အ မင်္ဂ လာ ရှိ လိမ့် သ တည်း။
သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား၏ ဗျာ ဒိတ် တော် သံ ကို ထို သို့ နာ ခံ ကြ လျှင်၊ ထက် ကြပ် သက် ရောက် လ တ္တံ့ သော မင်္ဂ လာ များ ကား
ထာ ဝ ရ အ ရှင် ဘု ရား သ ခင် မိန့် တော် မူ ကြောင်း ကြား ပါ ရ စေ။ မိုက် မဲ ရာ သို့ နောင် မ ပြန် ကြ လျှင်၊ ကြည် ညို သော လူ မျိုး တော် အား၊ ငြိမ် သက် ခြင်း သ တင်း ကို မိန့် တော် မူ လိမ့် မည်။
ထာ ဝ ရ ဘု ရား ကြွ ရောက် တည် နေ၍ ရှ မွေ လ၊ ရှ မွေ လ ဟု အ ထက် နည်း တူ ခေါ် တော် မူ လျှင် ရှ မွေ လ က၊ အ မိန့် ရှိ တော် မူ ပါ။ ကျွန် တော် မျိုး နာ ခံ လျက် ရှိ ပါ သည် ဟု ပြန် လျှောက် ရာ
ငါ့ သား၊ သင် သည် ဉာဏ် ပ ညာ ကို နာ ယူ ၍၊ ဉာဏ် ပ ဋိ ဘာန် ကို စွဲ လမ်း သည့် တိုင် အောင်၊ ငါ့ စ ကား ကို နာ ခံ လျက်၊ ငါ ပ ညတ် များ ကို ပိုက် ကျုံး လျှင် လည်း ကောင်း၊
အ သို့ ဆို သော်၊ ဉာဏ် ပ ညာ သည် သင့် နှ လုံး ထဲ သို့ ဝင်၍၊ အ သိ ပ ညာ ကို လည်း သင် နှစ် သက် သ ဖြင့်၊
ဆိုး သော လမ်း မှ ကယ် လွှတ် သည့် ပြင်၊ ကောက် ကျစ် သော စ ကား ကိုပြော သော သူ၊ မှောင် သော လမ်း သို့ လိုက် ရန် ဖြောင့် သော လမ်း ကို စွန့် သော သူ၊ စဉ်း လဲ သော အ ကျင့် နှင့် လိမ် လည် သော အ လေ့ အ လာ ရှိ သ ဖြင့်၊ အ ဆိုး ပြု၍ ရွှင် လန်း လျက်၊ ဆိုး သွမ်း ကောက် ကျစ် ခြင်း၌ မွေ့ လျော် သော သူ တို့ မှလည်း ကောင်း၊ ငယ် ပေါင်း ကြီး ဖော် ကို စွန့်၍ ကိုယ့် ဘု ရား သ ခင်၏ ပ ဋိ ညာဉ် ကို မေ့ လျော့ သော မိန်း မ ပေါ့၊ စ ကား ဖြင့် မြှောက် ပင့် တတ် သော မိန်း မ ရွှင် မှလည်း ကောင်း၊ ကယ် လွှတ် စေ ရန်၊ ပ ညာ သ တိ သည် သင့် ကို စောင့် ရှောက် ၍၊ ဉာဏ် ပ ဋိ ဘာန် လည်း ကွယ် ကာ စောင့် ထိန်း လိမ့် မည်။
ထို မိန်း မ ၏ အိမ် သည် သေ ခြင်း သို့ လည်း ကောင်း၊ အ လေ့ အ လာ များ သည် သုဿာန် သို့ လည်း ကောင်း၊ ရောက် စေ တတ် ၏။
ထို သူ့ ထံ ဝင် ရောက် သော သူ မည် သည် ကား၊ မ ပြန် မ လာ။ အ သက် လမ်း ကို မ မှီ ရ။
သင် သည် သူ တော် ကောင်း တို့ လမ်း သို့ လိုက် ၍၊ ဖြောင့် မတ် သူ တို့ အ လေ့ အ လာ များ ကို စောင့် ရှောက် ရ လိမ့် မည်။
ဖြောင့် မှန် သော သူ တို့ သည်၊ နေ ပြည် တွင် တည် လျက်၊ စုံ လင် သူ တို့ လည်း၊ မြဲ ကြ လိမ့် မည်။
လူ ဆိုး တို့ မူ ကား၊ ထို ပြည် မှ ပယ် ရှား ခြင်း ခံ ရ၍၊ သ စ္စာ မဲ့ သော သူ တို့ လည်း၊ နုတ် ပယ် ခြင်း ကို ခံ ရ ကြ လိမ့် မည်။
ဉာဏ် ပ ဋိ ဘာန် နှင့် အ သိ ဉာဏ် ကို တ သ ဟစ် ခေါ် လျှင် လည်း ကောင်း၊
သိုက် ကို စူး စမ်း ၍ ငွေ ကို ရှာ ဖွေ သ ကဲ့ သို့၊ ပ ညာ ကို ရှာ ဖွေ လျှင် လည်း ကောင်း၊
သင် သည် ထာ ဝ ရ ဘု ရား အား ခန့် ညား ရ ခြင်း ကို လည်း နား လည် ၍၊ ဘု ရား သ ခင် အား သိ ကျွမ်း ရ ခြင်း ကို တွေ့ ခွင့် ရှိ လိမ့် မည်။
ငါ့နာမ၌ ခမည်းတော်စေလွှတ်တော်မူမည့် သန့်ရှင်းသောဝိညာဉ်တော်တည်းဟူသော အမှုဆောင်လည်း သင်တို့အားစုံလင်စွာသွန်သင်လျက် ငါဟောခဲ့သမျှကို သတိရစေတော်မူလိမ့်မည်။
ငါ တို့ အ ရှင် ယေ ရှု ခ ရစ်၏ ဘု ရား သ ခင်၊ ဘုန်း ကြီး တော် မူ သော အ ဘ ခ မည်း တော် သည် ခေါ် ထား တော် မူ ခြင်း ဆိုင် ရာ မျှော် လင့် ခြင်း၊ သီး သန့် ထား တော် မူ သူ တို့ ခံ စား ရ သော ပိုင် စု ဆိုင် ရာ ဘုန်း အ သ ရေ ကြွယ် ဝ ခြင်း၊ ယုံ ကြည် သူ ငါ တို့ အ ပေါ်၌ တည် သော တန် ခိုး တော့် ဆိုင် ရာ ကြီး မြတ် လွန် ကဲ ခြင်း များ ကို သိ မြင် ကြ စေ ရန် မ နော စ က္ခု ပွင့် လင်း စေ လျက် ကိုယ် တော် ကို သိ ကျွမ်း ရာ၌ ဗျာ ဒိတ် တော် နှင့် ဉာဏ် ပ ညာ သ ဘော ကို ပေး သ နား တော် မူ ပါ မည့် အ ကြောင်း ပ ဌ နာ ပြု ၏။
အ သို့ ဆို သော် ဘု ရား သ ခင်၏ တ ရား တော် သည် ရှင် လျက်၊ ပြု ပြင် လျက်၊ သန် လျက် ဟူ သ မျှ ထက် ထက်၍ အ သက် နှင့် ဝိ ညာဉ် ကို လည်း ကောင်း၊ အ ရိုး အ ဆစ် နှင့် ခြင် ဆီ ကိုလည်း ကောင်း ထုတ် ချင်း ခွင်း သည့် ပြင် စိတ် အ ကြံ အ စည် အ ထင် အ မြင် များ ကို စီ ရင် ဆုံး ဖြတ် တတ်၏။
ဘု ရား သ ခင်၏ နက် နဲ ရာ များ တိုင် အောင် အ ရာ ခပ် သိမ်း ကို ဝိ ညာဥ် တော် စီ စစ် တော် မူ သည့် အ လျောက် ဆို ခဲ့ သည့် အ ရာ များ ကို ငါ တို့ အား ဝိ ညာဥ် တော် ဖြင့် ဘု ရား သ ခင် ဖွင့် ပြ တော် မူ ၏။
လူ၏ အ ဇ္စျ တ္တ အ ကြောင်း အ ရာ များ ကို သူ၌ ရှိ သော ဝိ ညာဥ် မှ တစ် ပါး မည် သူ မျှ မ သိ သည့် နည်း တူ ဘု ရား သ ခင်၏ အ ဇ္စျ တ္တ အ ကြောင်း အ ရာ များ ကို ဘု ရား သ ခင့် ဝိ ညာဉ် တော် မှ တစ် ပါး မည် သူ မျှ မ သိ။
ထာ ဝ ရ ဘု ရား ကို စောင့် စား သူ တို့ ကား၊ အား တိုး သ ဖြင့် ရွှေ လင်း တ ကဲ့ သို့ ပျံ တက် ခွင့်၊ မ ပင် မ ပန်း လျင် မြန် ခွင့်၊ မ မော မ ဟိုက် သွား လာ ခွင့် ရ ကြ လိမ့် သ တည်း။
အ ချင်း သူ ငယ် တို့၊ လာ ရောက် နား ထောင် ကြ။ ထာ ဝ ရ ဘု ရား အား ခန့် ညား ခြင်း ဝတ် ကို၊ ငါ သွန် သင် မည်။
ဘု ရား သ ခင့် ဗျာ ဒိတ် တော် ကျမ်း ဂန် ရှိ သ မျှ သည် ဘု ရား သ ခင့် လူ ယုံ တော် စုံ လင်၍ ကောင်း မှု အ မျိုး မျိုး အ ဖို့ အ သင့် ရှိ စေ အံ့ သော ငှါ သင် ကြား ခြင်း၊ အ ပြစ် ဖော် ပြ ခြင်း၊ ပဲ့ ပြင် ခြင်း၊ ဖြောင့် မတ် အောင် ဆုံး မ ခြင်း များ၌ အ ကျိုး ရှိ၏။
သင်တို့သည်ငါ့ကိုချစ်လျှင် ငါ့ပညတ်များကိုစောင့်ရှောက်ကြလိမ့်မည်။
ငါလည်း ခမည်းတော်ထံ တောင်းလျှောက်၍ သင်တို့နှင့်အစဉ်တည်နေစေရန် သမ္မာတရားဆိုင်ရာဝိညာဉ်တော်တည်းဟူသော အမှုဆောင်တစ်ပါးကို သနားတော်မူလိမ့်မည်။ ထိုဝိညာဉ်တော်ကို ဤလောကသားတို့သည်မမြင်မသိသောကြောင့် မခံမယူနိုင်ကြ။ သင်တို့မူကား သင်တို့နှင့်ကိန်းဝပ်၍အတွင်း၌ တည်နေတော်မူမည်ဖြစ်သောကြောင့် သိရကြသတည်း။
လူ သ တိ မ မူ သော် လည်း၊ ဘု ရား သ ခင် သည် တစ် နည်း မ က၊ နှစ် နည်း အား ဖြင့် ဗျာ ဒိတ် ပေး တော် မူ၏။
အိပ် ရာ ပေါ် တွင် လူ တို့ ငိုက် မျဉ်း လျက်၊ အိပ် မော ကျ ရာ ညဉ့် အ ခါ။ ရူ ပါ ရုံ အိမ် မက်၌၊
သင် တို့ သည် ငါ့ ထံ ချဉ်း ကပ် ဟစ် ခေါ် တောင်း လျှောက် ကြ သော အ ခါ၊ ငါ နား ညောင်း သည် နှင့် အ ညီ၊
စိတ် ပါ ကိုယ် ရောက် ငါ့ ကို လိုက် စစ် ရှာ ဖွေ သော ကြောင့်၊ တွေ့ ကြ လိမ့် မည်။
သင် မူ ကား ပ ဌ နာ ပြု သည့် ကာ လ အ တွင်း ခန်း ထဲ သို့ ဝင်၍ တံ ခါး ပိတ် ထား ပြီး လျှင် မ ထင် မ ရှား စံ နေ သော ကိုယ့် အ ဘ အား ပ ဌ နာ ပြု လော့၊ မ ထင် ရှား ရာ ကို ရှု မြင် တော် မူ သော သင့် အ ဘ သည် အ ကျိုး ဆက် ကို သ နား တော် မူ လိမ့် မည်။
ထို့ ကြောင့် မည် သို့ ကြား နာ သည် ကို သ တိ ပြု ကြ လော့။ ရ ရှိ သော သူ့ အား ထပ်၍ ပေး လိမ့် မည်။ မ ရ မ ရှိ သော သူ မှ မူ ကား ရှိ သည် ဟူ၍ ထင် သ မျှ ကို ပင် နုတ် ယူ လိမ့် မည် ဟု မိန့် တော် မူ ၏။
မျက် မ မြင် တို့ ကို၊ မ သိ မ ကျွမ်း ကြ သော လမ်း ခ ရီး တွင် လမ်း ပြ ပို့ ဆောင် လျက်၊ ၎င်း တို့ ရှေ့ အမှောင် ကို အ လင်း၊ မောက် ရာ ကို လွင် ပြင် ဖြစ် စေ လိမ့် မည်။ ထို အ မှု အ ရေး များ ကို အ ကြံ မ လျော့ ဘဲ၊ ငါ စီ ရင် လိမ့် မည် ဟူ၍ တည်း။
သင် တို့ ဘု ရား သ ခင် ငါ ထာ ဝ ရ ဘု ရား၏ ဗျာ ဒိတ် တော် သံ ကို နာ ခံ နာ ယူ၍ မျက် မှောက် တော် တွင် သင့် လျော် စွာ ပြု ကျင့် လျက် မိန့် မှာ တော် မူ ချက် များ ကို နား ထောင် ခြင်း၊ ထုံး ဖွဲ့ တော် မူ သ မျှ ကို စောင့် ရှောက် ခြင်း ပြု ကြ လျှင် ငါ သည် အိ ဂျစ် လူ တို့ အ ပေါ် တွင် သင့် ရောက် စေ ခဲ့ သော ရော ဂါ တစ် စုံ တစ် ခု ကို မျှ သင် တို့ အ ပေါ် တွင် သင့် ရောက် စေ မည် မ ဟုတ်။ ငါ သည် သင် တို့ ကို ကျန်း မာ စေ သော ထာ ဝ ရ ဘု ရား ပေ တည်း ဟု မိန့် တော် မူ ၏။
ကိုယ် တော်၌ အ ကျွန်ုပ် ကိုး စား သော ကြောင့်၊ မေ တ္တာ ကျေး ဇူး တော် သံ ကို နံ နက် ယံ၌ ကြား နာ ခွင့်၊ ကိုယ် တော် အား စွဲ လမ်း သော ကြောင့်၊ သွား ရာ လမ်း ကို သိ မြင် ခွင့် ပေး တော် မူ ပါ။
မော ရှေ သည် ဣ သ ရေ လ တစ် မျိုး လုံး ကို ခေါ်၍ မိန့် ဆို သည် မှာ၊ အို ဣ သ ရေ လ လူ မျိုး၊ ယ နေ့၌ ပင် သင် တို့ အား ငါ ဆင့် ဆို သော ထုံး ဖွဲ့ ဆုံး ဖြတ် ချက် များ ကို နာ ခံ သင် ကြား လျက် စောင့် ရှောက် လိုက် နာ ကြ လော့။
ငါ့ နာ မ ဖြင့် သ မုတ် ခံ ရ သော လူ မျိုး တော် သည် စိတ် နှိမ့် ချ စွာ ပ ဌ နာ ပြု၍ ငါ့ မျက် နှာ ကို လိုက် ရှာ လျက် ဒု စ ရိုက် လမ်း ကို ကြဉ်ရှောင် လျှင် ကောင်း ကင် ဘုံ မှ ငါ နား ညောင်း၍ အ ပြစ် ကို လွှတ် သည့် ပြင်၊ နေ ပြည် ကို လည်း ချမ်း သာ စေ မည်။
ထာ ဝ ရ ဘု ရား ၏ တ ရား တော် စုံ လင်၍၊ အ သက် ဝိ ညာဉ် ကို အား ဖြည့် တတ်၏။ ထာ ဝ ရ ဘု ရား၏ သက် သေ တော် ဟုတ် မှန်၍၊ မ လိမ္မာ သူ့ ကို လိမ္မာ စေ တတ်၏။
ထာ ဝ ရ ဘု ရား၏ နည်း လမ်း တော် များ ဖြောင့် မတ် ၍၊ စိတ် နှ လုံး ကို ရွှင် လန်း စေ တတ် ၏။ ထာ ဝ ရ ဘု ရား ၏ ပ ညတ် တော် စင် ကြယ် ၍၊ စ က္ခု အာ ရုံ ကို လင်း စေ တတ် ၏။
ငါ့ ဆုံး မ ပဲ့ ပြင် ခြင်း ကြောင့် ပြောင်း လဲ ကြ လော့။ ငါ့ ဝိ ညာဉ် ကို သင် တို့ အ ပေါ် သို့ သွန်း လောင်း သ ဖြင့်၊ ငါ့ စ ကား များ ကို နား လည် စေ မည်။
ငါဧကန်အမှန်ဆိုသည်ကား၊ ငါ့စကားကိုကြားနာ၍ စေလွှတ်တော်မူလိုက်သောအရှင်ကိုယုံကြည်သူသည် ထာဝရအသက်ကိုရသဖြင့် စီရင်ဆုံးဖြတ်မခံရ။ သေခြင်းအနေမှ ရှင်ခြင်းအနေသို့ကူးပြောင်းပြီးသူဖြစ်၏။
သို့ နှင့် အ ညီ အ ချိန် တန် သော် ဘု ရား သ ခင် သည် သင် တို့ ကို ချီး မြှောက် တော် မူ စေ ရန် တန် ခိုး ကြီး သော လက် တော့် အောက် ကိုယ် ကို နှိမ့် ချ လျက်၊
သင် တို့ အ တွက် ကြောင့် ကြ တော် မူ သော ကြောင့် သင် တို့ စိုး ရိမ် ခြင်း ရှိ သ မျှ ကို ကိုယ် တော့် အ ပေါ် သို့ လွှဲ တင် ကြ လော့။
ငါ့ ထံ လာ၍ ငါ ဟော ပြော ချက် ကို ကြား လျက်၊ လိုက် နာ သူ တိုင်း မှာ မည် သူ နှင့် တူ ကြောင်း ဖော် ပြ မည်။
အိမ် ဆောက် သည့် ကာ လ နက် စွာ တူး၍ ကျောက် ပေါ် တွင် အ မြစ် ချ သော သူ နှင့် တူ၏။ ရေ ကြီး တက် စီး၍ ထို အိမ် ကို တိုက် ခတ် သော် လည်း ခိုင် စွာ တည် ထား သော ကြောင့် မ လှုပ် ရှား နိုင်။
ငါ့ သား၊ ငါ မြွက် ဆို သော စ ကား ကို နား ထောင် နာ ယူ လော့။
ထို စ ကား သည် တွေ့ ခွင့် ရ ရှိ သူ တို့ အ သက် ရှင် ခြင်း၊ ကိုယ် ခ န္ဓာ သန် မာ ခြင်း ဖြစ်၍၊
ဝိ ညာဉ် တော် အား ဖြင့် အ ခါ ခပ် သိမ်း တောင်း လျှောက် ပ ဌ နာ ပြု လျက် ရပ် ခံ ကြ လော့။ ငါ အ တည့် အ လင်း ကြား ပြော သင့် သည် နှင့် အ ညီ သ တင်း တော် မြတ် နက် နဲ ရာ ကို အ တည့် အ လင်း ဖော် ပြ ရန် ဟော ပြော ခြင်း နှုတ် သ တ္တိ ကို သ နား တော် မူ စေ ခြင်း ငှါ ထို သ တင်း တော် မြတ် ကြောင့် အ ကျဉ်း ခံ ရ သော သံ တ မန် ဖြစ် သူ ငါ့ အ ဖို့လည်း ကောင်း၊ သီး သန့် ထား တော် မူ သူ အ ပေါင်း တို့ အ ဖို့လည်း ကောင်း ထို သို့ ပ ဌ နာ ပြု မြဲ ပြု လျက် စောင့် နေ ကြ လော့။
ဣ သ ရေ လ လူ မျိုး၏ သန့် ရှင်း သော အ ရှင်၊ သင့် ကို ရွေး နုတ် တော် မူ သော ထာ ဝ ရ ဘု ရား မိန့် တော် မူ သည် ကား၊ ငါ သည် အ ကျိုး ရှိ စေ ရန် သင့် ကို သွန် သင်၍၊ သွား လာ အပ် သော လမ်း ဖြင့် ပို့ ဆောင် သော သင်၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ဖြစ် ၏။
သင် သည် ငါ့ ပ ညတ် များ ကို စောင့် ရှောက် ခဲ့ ပါ စေ တော့။ သို့ ပြု ခဲ့ လျှင် သင့် ချမ်း သာ သည် မြစ် ရေ နှင့် အ မျှ၊ အောင် မြင် ခွင့် လည်း သ မု ဒ္ဒ ရာ လှိုင်း တံ ပိုး နှင့် အ မျှ ဖြစ် လျက်၊ အ မျိုး အ နွယ် သား မြေး မြစ် တို့ သည်၊
ဘု ရား သ ခင့် ဝိ ညာဉ် တော် အ ပို့ အ ဆောင် ခံ ရ သ မျှ သော သူ တို့ သည် ဘု ရား သ ခင့် သား များ ဖြစ် ကြ၏။
ငါ့ အ သက် ဝိ ညာဉ် ကို အား ဖြည့် လျက်၊ နာ မ တော် အ တွက် လမ်း ဖြောင့် များ၌ ဆောင် ယူ တော် မူ၏။
ငါ တို့ မှာ မူ ဘု ရား သ ခင် သ နား တော် မူ သော ဆု တော် များ ကို သိ မှတ် ခွင့် ရှိ စေ ရန် ဤ လော က ဆိုင် ရာ ဝိ ညာဉ် ကို မ ဟုတ်။ ဘု ရား သ ခင့် အ ထံ တော် မှ သက် ရောက် သော ဝိ ညာဥ် တော် ကို ခံ ရ ကြ၏။
ထို ဆု တော် များ အ ကြောင်း ငါ တို့ ပြော ဆို ရာ လူ့ ပ ညာ သွန် သင် သည့် အ လျောက် မ ဟုတ်။ ဝိ ညာဉ် တော် သွန် သင် သည့် အ လျောက် ကြား ပြော လျက် ဝိ ညာဉ် ဆိုင် ရာ များ ကို ဝိ ညာဉ် သက် ဝင် သူ တို့ နှင့် စေ့ ဆော် တတ် ကြ၏။
ငါ့ သား၊ ထာ ဝ ရ ဘု ရား၏ ဆုံး မ ခြင်း ကို ပေါ့ ပေါ့ ဆ ဆ မ ပြု ဘဲ၊ ပဲ့ ပြင် ခြင်း ကို လည်း၊ ရွံ့ ရှာ ဖွယ် မ မှတ် နှင့်။
အ ဘ သည် နှစ် သက် သော သား ကို ဆုံး မ သည့် နည်း တူ ပင်၊ ထာ ဝ ရ ဘု ရား လည်း၊ ချစ် တော် မူ သော သူ့ ကို ဆုံး မ တော် မူ၏။
အ သို့ ဆို သော်၊ ဣ သ ရေ လ အ မျိုး ၏ သန့် ရှင်း သော အ ရှင် ထာ ဝ ရ ဘု ရား သ ခင် က၊ သင် တို့ ပြောင်း လဲ၍ နား နေ သ ဖြင့် ဘေး လွတ် ခွင့်၊ ငြိမ် သက် စွာ စိတ် ချ သ ဖြင့် ခွန် အား ကြီး ခွင့် ရ ကြ လိမ့် မည် ဟု မိန့် တော် မူ ခဲ့ သော် လည်း အ လို မ ရှိ ဘဲ၊
တစ် ရံ တစ် ခါ၌ ဂ င်္နေ သ ရက် အိုင် နား တွင် ရပ် နေ တော် မူ သော ကိုယ် တော့် ထံ ဘု ရား သ ခင့် တ ရား တော် ကို ကြား နာ ရန်၊ လူ အ မြောက် အ မြား တို့ တိုး လာ ကြ စဉ်၊
ကောင်း သော မြေ တွင် ကြဲ ထား သော သူ မူ ကား တ ရား တော် ကို ကြား နာ၍ နား လည် သော ကြောင့် အ သီး သီး သ ဖြင့် အ ဆ တစ် ရာ၊ အ ဆ ခြောက် ဆယ်၊ အ ဆ သုံး ဆယ် ထွက် သော သူ ဖြစ် သ တည်း ဟု ဖွင့် ပြ တော် မူ၏။
အို ဘု ရား သ ခင်၊ အ ကျွန်ုပ် ဘု ရား သ ခင် ဖြစ် သော ကိုယ် တော် ကို စိတ် ဇော နှင့် ရှာ ဖွေ ပါ မည်။ ရေ မဲ့၍ သွေ့ ခြောက် နွမ်း ရိ သော ပြည် တွင်၊ အ သက် ဝိ ညာဉ် သည် ကိုယ် တော် ကို ငတ် မွတ် လျက်၊ ကိုယ် ခ န္ဓာ လည်း မော ဟိုက် တ သ သည် နှင့် အ ညီ၊
စိုး စဉ်း မျှ မ စိုး ရိမ် ပဲ ကျေး ဇူး တော် ကို ချီး မွမ်း လျက် တောင်း လျောက် ပ ဌာ နာ ပြု ချက် များ ဖြင့် လို လေ ရာ ရာ ကို ဘု ရား သ ခင် ရှေ့ ဖော် ပြ ကြ လော့။
သို့ ပြု လျင် ဉာဏ် ဟူ သ မျှ ထက် လွန် ကဲ သော ဘု ရား သ ခင် ငြိမ် သက် ခြင်း သည် ခ ရစ် တော် ယေ ရှု အား ဖြင့် သင် တို့၏ စိတ် နှ လုံး နှင့် အ ကြံ အ စည် များ ကို ကွယ် ကာ စောင့် ရှောက် လိမ့် မည်။
ထာ ဝ ရ ဘု ရား ကို ငါ စောင့် နေ မျှော် လင့် ရာ ကိုယ် တော် သည် ငါ့ ဘက် သို့ ငဲ့၍၊ အော် ဟစ် သံ ကို ကြား လျက်၊
ဖြောင့် မတ် တော် မူ ခြင်း ကို၊ စိတ် နှ လုံး အ တွင်း ကွယ် ဝှက် ခြင်း၊ မေ တ္တာ ကျေး ဇူး တော် နှင့် သ စ္စာ တော် ကို၊ ပ ရိ သတ် တော် ကြီး ထံ မှ ထိမ် ချန် ခြင်း မ ပြု ဘဲ၊ သ စ္စာ တော် နှင့် ကယ် တင် တော် မူ ခြင်း အ ကြောင်း ကို ဖော် ပြ ခဲ့ ပါ ပြီ။
အို ထာ ဝ ရ ဘု ရား၊ ကိုယ် တော် လည်း၊ က ရု ဏာ တော် များ ကို၊ အ ကျွန်ုပ် ထံ မှ ချုပ် ချယ်၍ ထား တော် မူ မည် မ ဟုတ် ပါ။ မေ တ္တာ ကျေး ဇူး တော် နှင့် သ စ္စာ တော် သည်၊ အ စဉ် ထိမ်း သိမ်း ပါ လိမ့် မည်။
မ ရေ မ တွက် နိုင် သော ဘေး ဥ ပဒ် များ သည်၊ အ ကျွန်ုပ် ကို ဝန်း ရံ လျက်၊ အ ကျွန်ုပ်၏ ဒု စ ရိုက် များ သည်၊ ကိုယ် ကို အုပ် မိ သ ဖြင့် မျှော် ၍ မျှ မ ကြည့် နိုင် ပါ။ အ ကျွန်ုပ် ဆံ ပင် ထက် များ ပြား၍၊ စိတ် ပျက် လျက် ရှိ နေ ပါ၏။
အို ထာ ဝ ရ ဘု ရား၊ အ ကျွန်ုပ် ကို သ နား၍ ကယ် လွှတ် တော် မူ ပါ။ အို ထာ ဝ ရ ဘု ရား၊ အ မြန် ကြွ၍ မ စ တော် မူ ပါ။
အ ကျွန်ုပ် အ သက် ကို ဖျက် ဆီး ရန် ရှာ ကြံ သူ တို့ သည်၊ တစ် လုံး တည်း အ ရှက် ကွဲ၍၊ ကျိုး ယုတ် ကြ ပါ စေ သော။ ဘေး အ န္တ ရာယ် ကို ရှာ ကြံ သူ တို့ လန်၍၊ အ သ ရေ ပျက် ကြ ပါ စေ သော။
ဟေ့ ဟေ့ ဟု ဆို တတ် သူ တို့ သည်၊ အ ရှက် ကွဲ၍ ထိတ် လန့် ကြ ပါ စေ သော။
ကိုယ် တော် ကို လိုက် ရှာ သူ ရှိ သ မျှ တို့ မှာ၊ ကိုယ် တော်၌ ရွှင် လန်း ဝမ်း မြောက် လျက်၊ ကယ် တင် ရာ အ ကြောင်း ကို နှစ် သက် သ မျှ သူ တို့ လည်း၊ ထာ ဝ ရ ဘု ရား သည် ကြီး မြတ် တော် မူ စေ သ တည်း ဟု၊ အ စဉ် မ ပြတ် မြွက် ဆို ကြ ပါ စေ သော။
အ ကျွန်ုပ် မူ ကား၊ ဆင်း ရဲ နွမ်း ပါး လျက် ရှိ နေ ရ သော် လည်း၊ အ ရှင် ဘု ရား သ တိ ရ တော် မူ၏။ ကိုယ် တော် သည်၊ အ ကျွန်ုပ် ကို ထောက် မ ကယ် လွှတ် သော အ ရှင် ဖြစ် တော် မူ ပါ၏။ အို အ ကျွန်ုပ်၏ ဘု ရား သ ခင်၊ ဆိုင်း လင့် တော် မ မူ ပါ နှင့်။
ရွှံ့ နွံ နှင့် ကြောက် မက် ဖွယ် ဗွက် ထဲ မှ ဆယ် ယူ ပြီး လျှင်၊ ကျောက် တောင် ပေါ်၌ ရပ် စေ၍၊ ခြေ ရာ များ ကို မြဲ စေ တော် မူ၏။
ငါ့ မိန့် မှာ ချက် ကို ဆင် ခြင် လော့။ အ ရာ ရာ၌ ဉာဏ် ကို အ ရှင် ဘု ရား သ နား တော် မူ လိမ့် မည်။
ငါ့ သား၊ အ ဘ၏ ပ ညတ် ကို စောင့် ထိန်း ၍၊ အ မိ ၏ တ ရား ကို မ စွန့် ဘဲ နေ လော့။
နှ လုံး ပေါ် တွင် အ စဉ် ချည်၍၊ လည်၌ ပတ် ရစ် လော့။
ထို ပ ညတ် တ ရား သည်၊ သင် သွား လာ သော အ ခါ လမ်း ပြ လျက်၊ အိပ် သော အ ခါ စောင့် ရှောက် ပြီး လျှင်၊ နိုး သော အ ခါ လည်း နှုတ် ဆက် လိမ့် မည်။
မည်သူမဆို ငါ့အစေကိုခံလျှင် ငါ့နောက်လိုက်စေ။ ငါ့စံရာ၌ ငါ့အစေခံလည်းရှိလိမ့်မည်။ မည်သူမဆိုငါ့အစေကိုခံလျှင် ထိုသူ့ကို ခမည်းတော်ချီးမြှောက်တော်မူလိမ့်မည်။
မိုး သား ပေါ် မှာ ထာ ဝ ရ ဘု ရား၏ အ သံ တော် ရှိ လျက်၊ ဘုန်း ကြီး တော် မူ သော ဘု ရား သ ခင် သည်၊ မိုး ချုန်း သံ ပြု တော် မူ၏။ မိုး သား များ ပေါ် တွင် ထာ ဝ ရ ဘု ရား စံ တော် မူ ၏။
ထာ ဝ ရ ဘု ရား ၏ အ သံ တော် သည်၊ တန် ခိုး နှင့် လည်း ကောင်း၊ အာ နု ဘော် နှင့် လည်း ကောင်း၊ ပြည့် စုံ ၏။
ဘု ရား သ ခင့် အ ပါး တော် သို့ ချဉ်း ကပ် ကြ လော့။ သို့ မှ သင် တို့ ထံ ချဉ်း ကပ် တော် မူ လိမ့် မည်။ အ ချင်း အ ပြစ် သား တို့၊ သင် တို့ လက် များ ကို စင် ကြယ် စေ ကြ လော့။ စိတ် ဒွိ ဟ ရှိ သူ တို့၊ သင် တို့ စိတ် နှ လုံး ကို သန့် ရှင်း စေ ကြ လော့။
ဘု ရား သ ခင့် ထံ ချဉ်း ကပ် လို သူ သည် ကိုယ် တော် ရှိ တော် မူ ကြောင်း ကိုလည်း ကောင်း၊ လိုက် ရှာ သူ တို့ အား အ ကျိုး ပေး တော် မူ ကြောင်း ကိုလည်း ကောင်း ယုံ ကြည် ရ မည်။ ယုံ ကြည် ခြင်း မ ရှိ လျှင် စိတ် တော် နှင့် တွေ့ ရာ မ ရောက် နိုင် ချေ။
ထာ ဝ ရ ဘု ရား ကို တွေ့ ကြုံ ခွင့် ရ သည့် အ ခိုက်၊ ရှာ ဖွေ ကြ လော့။ နီး စပ် တော် မူ သည့် အ ခိုက်၊ ပ ဌ နာ ပြု ကြ လော့။
လူ ဆိုး သည် ကိုယ့် နည်း လမ်း ကို လည်း ကောင်း၊ မ တ ရား သူ လည်း ကိုယ့် အ ကြံ အ စည် များ ကို လည်း ကောင်း၊ စွန့် ပယ်၍ က ရု ဏာ သက် လ တ္တံ့ သော ထာ ဝ ရ ဘု ရား၊ ကြွယ် ဝ စွာ ချမ်း သာ ပေး လ တ္တံ့ သော ငါ တို့ ဘု ရား သ ခင် ထံ တော် သို့၊ ပြန် လာ ကြ စေ။
အ ကြံ ပေး တော် မူ သော ထာ ဝ ရ ဘု ရား ကို ဩ ဘာ ပြု ပါ မည်။ ညဉ့် တိုင်း၊ ငါ့ နှ လုံး ကျောက် ကပ် ဆုံး မ ပါ၏။
အသက်ရှင်ရာရှင်ကြောင်းကား နာမ်တည်း။ ရုပ်မှာမူမည်သည့်အကျိုးကိုမျှမပေးနိုင်။ သင်တို့အား ငါပြောသောစကားသည် နာမ်နှင့်အသက်ဖြစ်၏။
ထာ ဝ ရ ဘု ရား သည်၊ ခန့် ညား သူ တို့ အား ကိုယ် တော် နှင့် အ ကျွမ်း ဝင် ခွင့်၊ ပ ဋိ ညာဉ် တ ရား တော် ကို သိ မြင် ခွင့် ပြု တော် မူ မည်။
အ ရှင် ဘု ရား ထံ ဝတ် ပြု လျက် အ စာ ရှောင် ကြ စဉ် ငါ ခန့် ထား သော အ မှု အ ဖို့ ဗာ န ဗ နှင့် ရှော လု ကို သန့် ခြား ကြ လော့ ဟု ဝိ ညာဉ် တော် အ မိန့် ရှိ သည့် အ တိုင်း၊
ဆွေး နွေး ငြင်း ခုန် ချက် များ မှ စ၍ ဘု ရား သ ခင် နှင့် ကျွမ်း ဝင် ခြင်း ကို က တုတ် သ ဖွယ် ဆီး တား လေ ရာ ရာ ဖြို လဲ ခြင်း၊ ခ ရစ် တော့် အောက် လိုက် နာ ရန် အ ဖြစ် အ ကြံ အ စည် ရှိ သ မျှ ကို သုံ့ ဘမ်း ခြင်း ပြု သည့် ပြင် သင် တို့ စုံ လင် စွာ လိုက် နာ ကြ သည့် ကာ လ၊
သင် တို့၌ ကိုယ် တော့် ထံ မှ ခံ ရ သော ဘိ သိက် တော် တည် ရှိ သ ဖြင့် မည် သူ သွန် သင် ရန် မျှ မ လို။ မု သာ ကင်း၍ ဟုတ် မှန် သော ဘိ သိက် တော် သည် အ ရာ ရာ ကို သွန် သင် သည့် ပြင် သွန် သင် တော် မူ ခဲ့ သည့် အ တိုင်း သင် တို့ တည် နေ ကြ ပြီ။
ငါ့ ကို ခေါ် သော အ ခါ၊ တုံ့ ပြန်၍၊ ဒု က္ခ ရောက် သော အ ခါ၊ အ တူ စံ နေ လျက်၊ ကယ် လွှတ် ပြီး လျှင်၊ ဂုဏ် ရောက် စေ မည်။
လူ မိုက် သည် ကိုယ့် အ လေ့ လာ မှန် သည် ဟု ထင် မြင် တတ်၏။ ပ ညာ ရှိ မူ ကား၊ အ ကြံ ပေး ရာ ကို ဆင် ခြင် လိမ့် မည်။
သို့ သော် လည်း၊ ထို အ ရပ်၌ ပင် သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ကို ရှာ ဖွေ သော အ ခါ၊ စိတ် နှ လုံး၊ အ သက် ဝိ ညာဉ် အ ကြွင်း မဲ့ လိုက် ရှာ လျှင်၊ တွေ့ ကြ လိမ့် မည်။
ကိုယ် တော် က လူ သည် မုန့် ဖြင့် သာ အ သက် မွေး ရ မည် မ ဟုတ်။ ဘု ရား သ ခင့် နှုတ် တော် ထွက် ဗျာ ဒိတ် တော် ရှိ သ မျှ ဖြင့် အ သက် မွေး ရ မည် ဟူ သော ကျမ်း ချက် ရှိ သည် ဟု ပြန်၍ မိန့် တော် မူ၏။
အ သက် ဆိုင် ရာ ပဲ့ ပြင် ခြင်း ကို နာ ခံ သော သူ သည်၊ ပ ညာ ရှိ တို့ ဘောင် တွင်၊ တည်း ခို ခွင့် ရှိ လိမ့် မည်။
ထို ကြောင့် သင် တို့ သည် ငါ့ ဗျာ ဒိတ် သံ ကို နာ ခံ နာ ယူ၍ ပ ဋိ ညာဉ် တော် ကို လည်း စောင့် ရှောက် လျှင်၊ မြေ တစ် ပြင် လုံး ငါ ပိုင် ဖြစ် ရာ၌ သင် တို့ သည် လူ မျိုး တ ကာ ထက် ငါ ပိုင် ဆိုင် ရာ အ ထူး ဖြစ် ကြ လိမ့် မည်။
ငါ သည် စိတ် ပါ ကိုယ် ရောက် ထာ ဝ ရ ဘု ရား ကို စောင့် မျှော် တ သ လျက်၊ က တိ တော် ကို မျှော် လင့် ပါ ၏။
ယ ခု ခေတ် ကာ လ နှင့် အ သွင် တူ ခြင်း မ ရှိ ဘဲ မည် သည့် အ ရာ မှာ ဘု ရား သ ခင့် အ လို တော် အ တိုင်း ကောင်း မွန် စုံ လင်၍ နှစ် သက် တော် မူ ရာ ဖြစ် ကြောင်း ပိုင်း ခြား သိ မြင် ရ အံ့ သော ငှါ စိတ် သ ဘော အ သစ် ရ လျက် ပုံ သ ဏ္ဌာန် ပြောင်း ခြင်း ရှိ ကြ လော့။
ကိုယ်ပိုင်သိုးရှိသမျှကိုထုတ်ပြီးနောက် ဦးတည်လျက်သွားရာစကားသံကို သိုးတို့သိသောကြောင့်လိုက်တတ်ကြ၏။
ထိုနောက်ကိုယ်တော်သည် ယော်ဒန်မြစ်တစ်ဖက်ရှိ ယောဟန်ဦးစွာဗတ္တိဇံမင်္ဂလာပေးရာအရပ်သို့ တစ်ဖန်ကြွ၍နေထိုင်တော်မူစဉ်၊
အများတို့သည်ကိုယ်တော့်ထံရောက်လာ၍ ယောဟန်သည်မည်သည့်နိမိတ်လက္ခဏာကိုမျှ ပြသည်မဟုတ်။ ဤသူနှင့်စပ်၍ ယောဟန်ဖော်ပြသမျှကား မှန်ပေသည်ဟုဆိုကြသည့်အတိုင်း၊
ထိုအရပ်တွင် ကိုယ်တော်ကိုလူအများတို့ယုံကြည်ကြ၏။
သူစိမ်းတို့စကားသံကိုကားမသိသောကြောင့် သူစိမ်းနောက်မလိုက်ဘဲ ထွက်ပြေးကြလိမ့်မည်ဟု ပုံဆောင်၍ ယေရှုမိန့်တော်မူရာ၊
ထာ ဝ ရ ဘု ရား ကို စောင့် မျှော် လျက်၊ အား ယူ၍ ရဲ ရင့် သော စိတ် ရှိ လော့။ ထာ ဝ ရ ဘု ရား ကို စောင့် မျှော် ဦး လော့။
ရှေ့ တော် တွင် ငါ တို့ ရ ရှိ သော ရဲ ရင့် ခြင်း မှာ အ လို တော် နှင့် အ ညီ ငါ တို့ တောင်း လျှောက် လေ ရာ ရာ၌ နား ညောင်း တော် မူ ကြောင်း တည်း။
ငါ တို့ တောင်း လျှောက် သ မျှ နား ညောင်း တော် မူ သည် ဟု သိ ရ သည် မှာ တောင်း လျှောက် သည့် ဆု များ ကို ရ ရှိ ပြီ ဟု သိ ရ ကြ၏။
ခဲ ဖွယ် မူ ကား ကိုယ့် အာ ရုံ များ ကို အ သုံး ပြု သ ဖြင့် ကောင်း မ ကောင်း ကို ပိုင်း ခြား သိ မြင် တတ် သော အ ရွယ် ရောက် သူ တို့ အ ဖို့ ဖြစ် ၏။
သ ဘော ပေါက်၍ ဆောင် ရွက် ကြ စေ ခြင်း ငှါ သင် တို့ စိတ် ထဲ၌ စေ တ နာ တော် အ လျောက် ပြု ပြင် တော် မူ သော အ ရှင် ကား ဘု ရား သ ခင် ပေ တည်း။
ကိုယ် တော်၌ ကား၊ ဉာဏ် ပ ညာ၊ တန် ခိုး တော် ရှိ၍၊ အ ကြံ အ စည်၊ ဉာဏ် ပ ဋိ ဘာန် ကို လည်း ပိုင် တော် မူ၏။
သင့် အ မှု ကို ထာ ဝ ရ ဘု ရား အား လွှဲ အပ်၍ ကိုး စား လျှင်၊ ကိုယ် တော် သည် စီ ရင် ရာ၊
သင်၏ ဖြောင့် မတ် ခြင်း ကို အ လင်း ရောင် ကဲ့ သို့လည်း ကောင်း၊ တ ရား သ ဖြင့် စောင့် ခြင်း ကို မွန်း တည့် ရောင် ခြည် ကဲ့ သို့လည်း ကောင်း၊ ထင် ပေါ် စေ တော် မူ လိမ့် မည်။
ထာ ဝ ရ ဘု ရား ရှေ့၊ ဆိတ် ဆိတ် နေ၍ စောင့် မျှော် လော့။ မ ကောင်း သော အ ကြံ အောင်၍ အ မှု ထ မြောက် ရ သူ ကြောင့် စိတ် မျက် ခြင်း မ ရှိ လင့်။
ငါ ချစ် သော ညီ အစ် ကို တို့၊ သင် တို့ သည် ဤ အ ကြောင်း အ ရာ များ ကို သိ ကြ၏။ သို့ ရာ တွင် အ သီး အ သီး ကြား နာ ရန် လျင် မြန် ကြ စေ။ ပြော ဆို ရန် နှင့် အ မျက် ထွက် ရန် နှောင့် နှေး ကြ စေ။
အ ဆုံး၌ ပ ညာ ရ စေ ခြင်း ငှာ၊ အ ကြံ ပေး ရာ ကို ဆင် ခြင်၍၊ ဆုံး မ သွန် သင် ခြင်း ကို လည်း၊ နာ ယူ လော့။
လူ၏ စိတ် နှ လုံး၌ အ ကြံ အ စည် များ သော် လည်း၊ ထာ ဝ ရ ဘု ရား အ ကြံ တော် သာ လျှင် တည် လိမ့် မည်။
သက် သေ ခံ တော် မူ ချက် များ ကို စောင့် ထိန်း လျက်၊ ကိုယ် တော် ကို စိတ် နှ လုံး အ ကြွင်း မဲ့ ရှာ ဖွေ သူ တို့ သည် မင်္ဂ လာ ရှိ ကြ၏။
ပ ညာ ရှိ တို့၏ စ ကား ကို၊ နား ထောင် နာ ခံ လော့။ ငါ၏ အ သိ ပ ညာ ကို လည်း၊ စိတ် စွဲ လမ်း လော့။
၎င်း နှစ် မျိုး ကို၊ အ တွင်း သ ဘော၌ စောင့် ရှောက်၍၊ နှုတ် တွင် တည် ရှိ လျှင် သင့် လျော် ၏။
ငါ ထာ ဝ ရ ဘု ရား သည် သင့် ကို အ စဉ် လမ်း ပြ ခြင်း၊ ရေ ခေါင် သော ကာ လ၊ အာ ရုံ ပြေ ခြင်း၊ အ ရိုး သန် မာ စေ ခြင်း များ ကို ပြု သ ဖြင့်၊ ရေ သွင်း သော ဥ ယျာဉ် ကဲ့ သို့ လည်း ကောင်း၊ မ ကုန် မ ခန်း နိုင် သော စမ်း ရေ ကဲ့ သို့ လည်း ကောင်း သင် ဖြစ် လိမ့် မည်။
သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား နောက် တော် သို့ လိုက် လျှောက် ၍၊ ကိုယ် တော် ကို ခန့် ညား စွာ ဝတ် ပြု ဆည်း ကပ် လျက်၊ မိန့် မှာ တော် မူ ချက် များ ကို လည်း နာ ယူ စောင့် ရှောက် ကြ လော့။
လူ ဆိုး တို့ အ ကြံ ပေး ရာ သို့ မ လျှောက် မ လိုက်၊ အ ပြစ် သား တို့ လမ်း၌ မ ရပ် မ နေ။ မ ထီ လေး စား ပြု သူ တို့ နေ ထိုင် ရာ တွင် မ နေ မ ထိုင်။
ထာ ဝ ရ ဘု ရား၏ တ ရား တော်၌ မွေ့ လျော်၍၊ ထို တ ရား တော် ကို နေ့ ညဉ့် မ ပြတ် စဉ်း စား ဆင် ခြင် သော သူ သည် မင်္ဂ လာ ရှိ၏။
သင် တို့၏ မျက် စိ များ မူ ကား မြင် သည် ဖြစ်၍ မင်္ဂ လာ ရှိ၏။ နား များ လည်း ကြား သည် ဖြစ်၍ မင်္ဂ လာ ရှိ၏။
ပ ညာ ရှိ၏ ဆုံး မ စ ကား သည်၊ နာ ခံ တတ် သူ၌၊ ရွှေ နား ကွင်း၊ ရွှေ လည် ဆွဲ ကဲ့ သို့ ဖြစ် ၏။
ထို ကြောင့် ငါ တို့ မျော ပါ မည် စိုး၍ ကြား နာ ခဲ့ သော အ ရာ များ ကို အ ထူး ဂ ရု ပြု သင့် ကြ၏။
ရေး နှင့် သ မျှ ကျမ်း ချက် သည် ငါ တို့ တည် ကြည် ခြင်း အား ဖြင့် လည်း ကောင်း၊ ကျမ်း ဂန် တော် ကြောင့် ရ သော နှစ် သိမ့် ခြင်း အား ဖြင့် လည်း ကောင်း၊ မျှော် လင့် ခွင့် ရှိ ကြ စေ ရန် သွန် သင် ခြင်း အ ဖို့ ရေး ထား လျက် ရှိ ၏။
အို ဘု ရား သ ခင်၊ အ ကျွန်ုပ် ကို စိ စစ် လျက် စိတ် နှ လုံး ကို သိ မှတ် တော် မူ ပါ။ စစ် ဆေး လျက် အ ကြံ အ စည် များ ကို သိ မှတ် တော် မူ ပါ။
ဆိုး သွမ်း သော အ လေ့ အ လာ တစ် စုံ တစ် ရာ ရှိ မ ရှိ ကို ရှု ကြည့် ၍၊ ထာ ဝ ရ လမ်း တော် ထဲ ၌ လမ်း ပြ တော် မူ ပါ။
ငါမူကား ခမည်းတော်သည်ငါ့ကိုသိတော်မူ၍ ငါလည်းခမည်းတော်ကိုသိသည့်နည်းတူပင်၊ ငါ့ကိုကိုယ်ပိုင်သိုးတို့သိ၍ ကိုယ်ပိုင်သိုးတို့ကိုသိသောသိုးထိန်းမြတ်ဖြစ်လျက် သိုးတော်တို့အတွက်အသက်စွန့်၏။
လူ့ ခြေ ရာ များ ကို၊ ထာ ဝ ရ ဘု ရား တည် စေ လျက်၊ လျှောက် လိုက် ရာ လမ်း ကို နှစ် သက် ရာ၊
သူ့ လက် ကို ထာ ဝ ရ ဘု ရား ကိုင် ဆွဲ တော် မူ သ ဖြင့်၊ ခ လုတ် တိုက် မိ သော် လည်း လဲ ကျ တော့ မည် မ ဟုတ်။
ထာ ဝ ရ ဘု ရား ၏ ပြ ဋ္ဌာန်း တော် မူ ချက် ကား၊ အ စဉ် မြဲ လျက်၊ နှ လုံး တော် အ ကြံ အ စည် များ လည်း၊ လူ မျိုး အ ဆက် ဆက် တည် ၏။
သင် တို့ နှုတ် မှ အ လ ဇ္ဇီ စ ကား မ ထွက် စေ ဘဲ၊ ကြား နာ သူ တို့၌ အ ကျိုး ကျေး ဇူး ဖြစ် စေ ရန်၊ ဆောက် တည် ဖွယ် ကောင်း သော စ ကား ကို သာ ထွက် စေ ကြ လော့။
ရွေး နုတ် တော် မူ မည့် နေ့ အ ဖို့ သင် တို့ ကို တံ ဆိပ် ခတ် ထား ရာ ဘု ရား သ ခင်၏ သန့် ရှင်း သော ဝိ ညာဉ် တော် ကို မ ပူ ပန် စေ ကြ နှင့်။
ထာ ဝ ရ ဘု ရား နှင့် တန် ခိုး တော် ကို လိုက် ရှာ လျက်၊ မျက် နှာ တော် ကို ကာ လ အ စဉ် ရှာ ဖွေ ကြ လော့။
မ စွန့် မ ပယ် ဘဲ ငါ ရွေး ချယ် သည့် အ လျောက်၊ သင် နှင့် အ တူ ငါ ရှိ သ ဖြင့်၊ မ ကြောက် လင့်။ ငါ သည် သင်၏ ဘု ရား သ ခင် ဖြစ် သော ကြောင့်၊ မ စိုး ရိမ် နှင့်။ သင့် ကို ခိုင် ခံ့ စွာ ထောက် မ မည့် ပြင်၊ အောင် ပွဲ ရ ညာ လက် ရုံး ဖြင့် ထောက် ပင့် လိမ့် မည်။
တ ရား တော် ကို နှစ် သက် သူ တို့ သည်၊ ခ လုတ် မ တိုက် ရ ဘဲ၊ ကြီး စွာ သော ငြိမ် သက် ခြင်း ရှိ၏။
ရှ မွေ လ က လည်း၊ အ မိန့် တော် အ တိုင်း လိုက် နာ ခြင်း ကို ထာ ဝ ရ ဘု ရား နှစ် သက် တော် မူ သည့် နည်း တူ မီး ရှို့ ရာ သ က္ကာ မှ စ၍ သ က္ကာ အ မျိုး မျိုး ကို နှစ် သက် တော် မူ သ လော။ လိုက် နာ ခြင်း သည် ပူ ဇော် ခြင်း ထက်လည်း ကောင်း၊ နား ထောင် ခြင်း သည် သိုး ထီး ဆီ ဥ ထက် လည်း ကောင်း မြတ် လှ ၏။
အ သို့ ဆို သော်၊ ထာ ဝ ရ ဘု ရား သည် ဉာဏ် ပ ညာ ကို သ နား တော် မူ၏။ အ သိ ပ ညာ နှင့် ဉာဏ် ပ ဋိ ဘာန် သည် နှုတ် တော် မှ ထွက် ၏။
တ ရား နည်း လမ်း ကို ကြည့် ရှု၍၊ ကြည် ညို သူ တို့၏ အ လေ့ အ လာ ကို စောင့် ထိန်း ရန်၊ ဖြောင့် မှန် သူ တို့ အ ဖို့ အ မျှော် အ မြင် ပညာ ကို သိမ်း ဆည်း လျက်၊ ရိုး သား သူ တို့ အ တွက် ဒိုင်း လွှား သ ဖွယ် ဖြစ် တော် မူ၏။
ယခုတိုင် ငါ့နာမ၌မတောင်းမလျှောက်ကြသေး။ သင်တို့ဝမ်းမြောက်ခြင်းပြည့်စုံရန် တောင်းလျှောက်ကြလော့။ ရကြလိမ့်မည်။
တ ပည့် တော် တို့၊ အ စည်း အ ဝေး ခပ် သိမ်း တွင် ရှိ သည့် နည်း တူ ဘု ရား သ ခင် သည် ဘက် ပြိုင် ခြင်း အ ရှင် မ ဟုတ်။ ငြိမ် သက် ခြင်း အ ရှင် ဖြစ် တော် မူ၏။
ငါ မူ ကား၊ ဘု ရား သ ခင့် အ ထံ တော် သို့ ချဉ်း ကပ် ၍ အ ကျိုး ရှိ ၏။ အ ရှင် ထာ ဝ ရ ဘု ရား၌ ခို လှုံ လျက် နေ ရ သ ဖြင့်၊ အ မှု တော် ရှိ သ မျှ ကို ကြား ပြော ခွင့် ရ ပါ ၏။
ပင် ပန်း သူ ဝန် လေး သူ အ ပေါင်း တို့၊ ငါ့ ထံ လာ ကြ လော့။ ငါ သည် ချမ်း သာ စေ မည်။
ငါ့ ထမ်း ပိုး ကို ထမ်း၍ ငါ့ ထံ မှ သင် ကြ လော့။ ငါ သည် သိမ် မွေ့ နှိမ့် ချ သော စိတ် ရှိ၏။ အ သက် ဝိ ညာဉ် ချမ်း သာ ရာ ကို လည်း သင် တို့ တွေ့ ကြ လိမ့် မည်။
ကိုယ် တော် သည် ကြွ လာ ရ မည့် အ ရှင် လော။ အ ခြား မျှော် လင့် ရ ဦး မည် လော့ ဟု မေး လျှောက် စေ သည့် အ တိုင်း
ငါ့ ထမ်း ပိုး သည် ထမ်း လွယ် လျက် ငါ့ ဝန် လည်း ပေါ့ သည် ဟူ၍ မိန့် တော် မူ၏။
ငါ့ မျက် နှာ ကို ရှာ ကြ လော့ ဟူ သော ဗျာ ဒိတ် တော် အ တိုင်း၊ အ ကျွန်ုပ် စိတ် နှ လုံး က၊ အို ထာ ဝ ရ ဘု ရား၊ မျက် နှာ တော် ကို အကျွန်ုပ် ရှာ ဖွေ ပါ မည် ဟု အောက် မေ့၍ ဆို၏။
ငါ့ သား၊ အ မျှော် အ မြင် ပ ညာ နှင့် ကြံ စည် သော ဉာဏ် ကို စောင့် ထိန်း၍၊ သင့် မျက် မှောက် နှင့် မ ကွာ စေ လင့်။
သို့ ပြု လျှင်၊ သင့် ဝိ ညာဉ်၌ အ သက်၊ လည်၌ အ ဆင် တန် ဆာ ဖြစ် လိမ့် မည်။
ခ ရစ် တော်၏ တ ရား တော် ကို သင် တို့ တွင် ကြွယ် ဝ စွာ တည် နေ စေ ပြီး လျှင် ခပ် သိမ်း သော ဉာဏ် ပ ညာ နှင့် ကျူး ဧ ချက်၊ ထော မ နာ ပြု ချက်၊ ဓ မ္မ ဂီ တ အ မျိုး မျိုး အား ဖြင့် တစ် ဦး ကို တစ် ဦး သင် ကြား ပဲ့ ပြင် လျက် ကျေး ဇူး တော် ကို ချီး မွမ်း၍ ဘု ရား သ ခင် အား စိတ် မ နော တွင် သီ ဆို ကြ လော့။
စိတ် နှ လုံး တည် ကြည် သော သူ့ ကို၊ ကိုယ် တော် ၌ ကိုး စား သည် နှင့်၊ လုံ ခြုံ စွာ စောင့် ထိန်း တော် မူ၏။
ဆိုး သွမ်း သော သြ တ္တ ပ္ပ စိတ် ကင်း သည့် တိုင် အောင် နှ လုံး၌ ဖျန်း ခြင်း သန့် သော ရေ နှင့် ကိုယ် ခ န္ဓာ၌ ဆေး ကြော ခြင်း ကို ခံ ပြီး သည့် အ လျောက် ဖြောင့် မှန် သော စိတ် သ ဘော နှင့် ယုံ ကြည် စိတ် ချ စွာ တိုး ဝင် ချဉ်း ကပ် ကြ ကုန် အံ့။
သုံး ရက် ကြာ ပြီး နောက် ဗိ မာန် တော့် အ တွင်း ဆ ရာ တော် တို့ ထံ နာ ခံ လျက် မေး မြန်း လျက်၊ အ လယ် တွင် ထိုင် နေ သည် ကို တွေ့ ကြ ၏။
ကြား ရ သူ ရှိ သ မျှ တို့ သည် ဖြေ ဆို ရာ၌ ထိုး ထွင်း ခြင်း ဉာဏ် တော် ကို အံ့ သြ ကြ ၏။
ထို သို့ မ ဖြစ် စေ ရာ။ အ ကြင် တ ရား ထံ လိုက် နာ ရန် ကျွန် အ ဖြစ် ကိုယ် ကို ဆက် သ လျှင် သေ စေ တတ် သော ပြစ် မှား ခြင်း တ ရား ဖြစ် စေ၊ ဖြောင့် မတ် စေ တတ် သော နာ ခံ ခြင်း တ ရား ဖြစ် စေ၊ လိုက် နာ ကြ သော ထို တ ရား၏ ကျွန် ဖြစ် သည် ကို သင် တို့ မ သိ ကြ လော။
ချစ် ခြင်း မေ တ္တာ ကို လိုက် ရှာ ကြ လော့။ ဝိ ညာဉ် တော့် ဆု ကျေး ဇူး များ ကို စွဲ လမ်း ရာ တွင် လည်း ဟော ပြော ခွင့် ကို အ ထူး စွဲ လမ်း ကြ လော့။
ထာ ဝ ရ ဘု ရား သည်၊ ကိုယ် တော် ကို သ စ္စာ နှင့် ဟစ် ခေါ် သူ၊ ပ ဌ နာ ပြု သူ အ ပေါင်း တို့ အ နီး အ ပါး ၌ ရှိ နေ တော် မူ၏။
အ ထက် မှ ဆင်း သက် သော ဉာဏ် ပ ညာ မူ ကား ဦး စွာ သန့် စင်၍ နောက် သင့် တင့် နူး ညံ့ လိုက် နာ လျက် မျက် နှာ ရွေး ခြင်း၊ ဟန် ဆောင် ခြင်း မဲ့ လျက် က ရု ဏာ နှင့် လည်း ကောင်း၊ ကောင်း ကျိုး များ နှင့် လည်း ကောင်း ပြည့် စုံ ၏။
အို ထာ ဝ ရ ဘု ရား၊ အ ဆုံး တိုင် အောင် စောင့် ထိန်း ရ စေ ရန်၊ ထုံး ဖွဲ့ တော် မူ သော နည်း လမ်း ကို သွန် သင် တော် မူ ပါ။
တ ရား တော် ကို စောင့် ထိန်း၍၊ စိတ် နှ လုံး အ ကြွင်း မဲ့ စောင့် ရှောက် ပါ မည် အ ကြောင်း၊ နား လည် ခြင်း ကို သ နား တော် မူ ပါ။
နား ထောင် ကြ။ ထူး မြတ် သော စ ကား ကိုငါ ကြော် ငြာ လျက်၊ တော် မှန် ညီ ညွတ် ခြင်း ကို လည်း ငါ နှုတ် မြွက် မည်။
အ ထုံး အ ဖွဲ့ တော် များ ကို သင် ကြား ရ စေ ရန်၊ ဒု က္ခ ရောက် ရ ခြင်း သည် အ ကျွန်ုပ် အ ဖို့ ကောင်း ပါ ၏။
ထောင် လွှား သော စိတ် အား ဖြင့်၊ ရန် ပွား ခြင်း သက် သက် ဖြစ်၏။ အ ကြံ ပေး ရာ လိုက် နာ သူ တို့၌ မူ ကား၊ ဉာဏ် ပ ညာ ရှိ၏။
ငါ့ သား၊ ငါ ပြ သော တ ရား ကို မ မေ့ မ လျော့ ဘဲ၊ ပ ညတ် များ ကို လည်း စိတ် နှ လုံး ၌ စောင့် ရှောက် လော့။
ထို နည်း တူ မည် သို့ ပ ဌ နာ ပြု သင့် သည် ကို ငါ တို့ မ သိ ကြ သ ဖြင့် ဝိ ညာဉ် တော် လည်း ငါ တို့၏ အား နည်း ခြင်း ကို လုပ် ဆောင် ဘက် ပြု လျက် မြွက် သံ မ ပြု သော ညည်း တွား ခြင်း များ ဖြင့် ငါ တို့ အ ဖို့ အ သ နား ခံ တော် မူ ရာ၊
မြင့် မြတ် သော ဘု ရား၏ အ တွင်း ဌာ န တော်၌ နေ ထိုင် သော သူ သည်၊ အ န န္တ တန် ခိုး ရှင်၏ အ ရိပ် ကို ခို လှုံ ရ လိမ့် မည်။
သင့် ထံ ဘေး တစ် မျိုး မျှ မ ချဉ်း၊ နေ ထိုင် ရာ သို့ ကပ် ရော ဂါ တစ် မျိုး မျှ မ သင့် ရ။
သွား လေ ရာ ရာ၌ သင့် ကို စောင့် ထိန်း ကြ စေ ရန်၊ စေ တ မန် တော် တို့ အား မှာ ထား တော် မူ သည့် အ တိုင်း၊
ကျောက် ခဲ နှင့် ခြေ ကို မ ခိုက် မိ စေ ရန်၊ ချီ ပင့် ရ ကြ လိမ့် မည်။
သင် သည် ခြင်္သေ့ နှင့် မြွေ ဆိုး များ ကို နင်း၍၊ ခြင်္သေ့ ပျို နှင့် န ဂါး တို့ ကို ကျော် ရ လိမ့် မည်။
ငါ၌ စွဲ လမ်း သော ကြောင့်၊ သူ့ ကို ငါ ကယ် လွှတ်၍၊ ငါ့ နာ မ ကို သိ ကျွမ်း သော ကြောင့်၊ ချီး မြှောက် မည်။
ငါ့ ကို ခေါ် သော အ ခါ၊ တုံ့ ပြန်၍၊ ဒု က္ခ ရောက် သော အ ခါ၊ အ တူ စံ နေ လျက်၊ ကယ် လွှတ် ပြီး လျှင်၊ ဂုဏ် ရောက် စေ မည်။
တင်း တိမ် ဖွယ် အ သက် ရှည် စွာ သ နား ၍၊ ငါ၏ ကယ် တင် ရာ ကယ် တင် ကြောင်း ကို ဖော် ပြ မည်။
ငါ၏ ခို လှုံ ရာ၊ ငါ၏ ခံ တပ်၊ ငါ ကိုး စား ရာ ဘု ရား သ ခင် ပေ တည်း ဟု၊ ထာ ဝ ရ ဘု ရား အား ငါ ဝန် ခံ မည်။
သို့ ဖြစ်၍ ငါ တို့ ရှိ သ မျှ သည် အ ရှင် ဘု ရား၏ ဘုန်း တော် ကို ဝိ ညာဉ် တော် အ ရှင် ဘု ရား အ ထံ တော် မှ ခံ ရ သည့် အ လျောက် အ ဖုံး မ ဆင် ယင် သော မျက် နှာ များ ဖြင့် မှန် ရိပ် သ ဖွယ် ပြ လျက် ဘုန်း တော် အ ဆင့် ဆင့် သို့ ရောက်၍ ပုံ သ ဏ္ဌာန် တော် အ လိုက် အ ဆင်း ပြောင်း ရ ကြ ၏။
ကောင်း သော မြေ တွင် ကျ သည့် အ စေ့ မူ ကား၊ ရိုး ဖြောင့် ကောင်း မွန် သော စိတ် နှ လုံး နှင့် တ ရား တော် ကို ကြား နာ စွဲ ကိုင် လျက် တည် ကြည် စွာ အ သီး သီး သူ များ ဖြစ်၏။
ငါ့ အား ချစ် ခင် သူ တို့ ကို ငါ ချစ် ခင် လျက်၊ စိတ် ဇော နှင့် ရှာ ဖွေ သူ တို့ သည် ငါ့ ကို တွေ့ ရ ကြ၏။
ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား သ ခင်၊ အ ကျွန်ုပ် ပ ဌ နာ ကို နာ ခံ တော် မူ ပါ။ ယာ ကုပ်၏ ဘု ရား သ ခင်၊ နား ညောင်း တော် မူ ပါ။
ဆို သူ မှာ သင် တို့ မ ဟုတ်။ သင် တို့ အ တွင်း၌ မိန့် တော် မူ သော သင် တို့ အ ဘ၏ ဝိ ညာဉ် တော် တည်း။
သူ က လည်း ငါ တို့ ဘိုး ဘေး များ၏ ဘု ရား သ ခင် သည် အ လို တော် ကို သိ ရ စေ ရန် လည်း ကောင်း၊ ဖြောင့် မတ် သော အ ရှင် ကို ဖူး မြင်၍ နှုတ် တော် ထွက် ဗျာ ဒိတ် တော် ကို ကြား နာ ရ စေ ရန် လည်း ကောင်း ခန့် ထား တော် မူ ပြီး သည့် အ လျောက်၊