Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -

သုတ္တံကျမ်း။ 4 - Garrad Bible

1 ငါ့ သား တို့၊ ဉာဏ် ပ ဋိ ဘာန် ကို ရ ရန်၊ အ ဘ၏ ဆုံး မ ခြင်း ကို နာ ခံ နာ ယူ ကြ လော့။

2 ကောင်း မွန် သော ဩ ဝါ ဒ ကို ငါ ပေး သည် ဖြစ်၍၊ ငါ ပြ သော တ ရား ကို မ စွန့် ပယ် ကြ နှင့်။

3 ငါ မူ ကား၊ အ ဘ၏ ရင် နှစ်၊ အ မိ၏ မျက် ချယ်၊ နူး ညံ့ သော ဧ က ပု တ္တ ဖြစ်၏။

4 ငါ့ အား၊ အ ဘ သွန် သင် မြွက် ဆို သည် မှာ၊ ငါ့ စ ကား ကို နှ လုံး ပိုက် ပ ညတ် များ ကို လည်း စောင့် ရှောက် သ ဖြင့်၊ အ သက် ချမ်း သာ ရ လိမ့် မည်။

5 ဉာဏ် ပ ညာ ကိုလည်း‌ ကောင်း၊ ဉာဏ် ပ ဋိ ဘာန် ကိုလည်း‌ ကောင်း၊ သ တိ မ လစ် ဘဲ ဆည်း ပူး လော့။ ငါ နှုတ် မြွက် သော စ ကား ကို မ လွှဲ မ ပယ် နှင့်။

6 ဉာဏ် ပ ညာ ကို မ စွန့် နှင့်။ သင့် အား စောင့် ရှောက် လိမ့် မည်။ ချစ် လော့။ စောင့် ထိန်း လိမ့် မည်။

7 ဉာဏ် ပ ညာ သည် အ ထွဋ် အ မြတ် ဖြစ် သ ဖြင့်၊ ဆည်း ပူး လော့။ ဆည်း ပူ အပ် သ မျှ တွင်၊ ဉာဏ် ပ ဋိ ဘာန် ကို အ ထူး ဆည်း ပူး လော့။

8 ဉာဏ် ပ ညာ ကို မြတ် နိုး လော့။ သင့် ကို ချီး မြှောက် လိမ့် မည်။ ဖက် ယမ်း လော့။ ဂုဏ် တင် လိမ့် မည်။

9 ဉာဏ် ပ ညာ သည် သင့် ကို တင့် တယ် သော ဦး ရစ် နှင့် ဆင် ယင်၍၊ ကျက် သ ရေ သ ရ ဖူ ဖြင့် ဖုံး လွှမ်း လိမ့် မည် ဟု မြွက် ဆို၏။

10 ငါ့ သား၊ ငါ့ စ ကား ကို နာ ခံ နာ ယူ လော့။ နှစ် ပေါင်း များ စွာ အ သက် ရှင် လိမ့် မည်။

11 ဉာဏ် ပ ညာ လမ်း ကို၊ သင့် အား ငါ ပြ သ ပြီ။ ဖြောင့် မတ် သော လမ်း ခ ရီး ဖြင့် လည်း၊ ငါ ပို့ ဆောင် ပြီ။

12 လျှောက် သွား သော အ ခါ ခြေ လှမ်း မ ကျဉ်း ရ။ ပြေး လျှင် လည်း မ လဲ ရ။

13 ဆုံး မ သွန် သင် ခြင်း ကို စွဲ ကိုင် လော့။ သင့် အ သက် ရှင် ရာ ရှင် ကြောင်း ဖြစ် သော ကြောင့်၊ မ စွန့် ဘဲ စောင့် ထိန်း လော့။

14 လူ ဆိုး တို့၏ လမ်း ထဲ သို့ မ ဝင် နှင့်။ ဆိုး သွမ်း သူ တို့ လမ်း တွင် မ လျှောက် မ လိုက် ရ။

15 မ သီ မ သန်း ဘဲ လွှဲ ရှောင် လျက်၊ ကြဉ် ဖယ်၍ လှည့် သွား လော့။

16 ထို သူ တို့ သည် အ ဆိုး မ ပြု ဘဲ အိပ် ပျော် လေ့ မ ရှိ ကြ။ သူ တစ် ထူး ကို မ ထိ မ လဲ စေ ရ လျှင်၊ အိပ် ပျက် ခြင်း ဖြစ် ရာ ၏။

17 ဒု စ ရိုက် နှင့် ဆိုင် ရာ အ စာ ကို စား ၍၊ အ ဓ မ္မ နှင့် ဆိုင် ရာ အ ရက် ကို သောက် တတ် ကြ ၏။

18 ဖြောင့် မတ် သူ တို့၏ လမ်း သည်၊ နေ့ ခင်း တိုင် အောင် တိုး တက် ၍၊ ထွန်း တောက် သော အ လင်း သ ဖွယ် ဖြစ် ၏။

19 လူ ဆိုး တို့၏ လမ်း မူ ကား၊ မှောင် မိုက် သ ဖွယ် ဖြစ်၍၊ ကိုယ် ကို လဲ စေ သော အ ရာ ကို မျှ မ သိ မ မြင် ကြ။

20 ငါ့ သား၊ ငါ မြွက် ဆို သော စ ကား ကို နား ထောင် နာ ယူ လော့။

21 ထို စ ကား သည် တွေ့ ခွင့် ရ ရှိ သူ တို့ အ သက် ရှင် ခြင်း၊ ကိုယ် ခ န္ဓာ သန် မာ ခြင်း ဖြစ်၍၊

22 သင့် မျက် မှောက် နှင့် မ ကွာ စေ ဘဲ၊ စိတ် နှ လုံး အ တွင်း သွင်း စောင့် လော။

23 သင့် အ သက် တည် ရာ ချုပ် ရာ ဖြစ် သော နှ လုံး ကို၊ အ ထူး သ ဖြင့် စောင့် ရှောက် လော့။

24 ကောက် ကျစ် သော နှုတ် ကို စွန့် ပယ် လျက်၊ လိမ် လည် သော နှုတ် ခမ်း ကို ဝေး စွာ ခွာ လော့။

25 သင်၏ မျက် စိ သည် တည့် မတ် စွာ ရှု ကြည့်၍၊ မျက် ခမ်း လည်း တူ ရူ ရှေ့ ရှု လော့။

26 ခြေ ကြွ ရာ လမ်း ကို ညီ ညွတ် စွာ ပြု၍၊ အ လေ့ အ လာ ရှိ သ မျှ ကို လည်း တည် ကြည် ပါ စေ။

27 ဝဲ ယာ သို့ မ တိမ်း မ ယိမ်း ဘဲ၊ ဆိုး သွမ်း ခြင်း မှ လည်း ခြေ ဦး လှည့် လော့။

Garrad Holy Bible © Bible Society of Myanmar, 1928.

Bible Society of Myanmar
ကြှနျုပျတို့နောကျလိုကျပါ:



ကြော်ငြာတွေ