တမန်တော်ဝတ္ထု 13:2 - Garrad Bible2 အ ရှင် ဘု ရား ထံ ဝတ် ပြု လျက် အ စာ ရှောင် ကြ စဉ် ငါ ခန့် ထား သော အ မှု အ ဖို့ ဗာ န ဗ နှင့် ရှော လု ကို သန့် ခြား ကြ လော့ ဟု ဝိ ညာဉ် တော် အ မိန့် ရှိ သည့် အ တိုင်း၊ အခန်းကိုကြည့်ပါ။Common Language Bible2 ထိုသူတို့သည်သခင်ဘုရား၏အမှုတော် ကိုဆောင်ရွက်၍ အစာရှောင်လျက်နေကြစဉ် သန့်ရှင်းသောဝိညာဉ်တော်ကသူတို့အား ``ရှောလု နှင့်ဗာနဗတို့ကို ငါ၏အမှုတော်ဆောင်ရန် အတွက်သီးသန့်ရွေးချယ်ကြလော့'' ဟုမိန့် တော်မူ၏။ အခန်းကိုကြည့်ပါ။Judson Bible2 ထိုသူတို့သည် သခင်ဘုရားဝတ်ကိုပြု၍ အစာကိုရှောင်ကြစဉ်၊ သန့်ရှင်းသောဝိညာဉ်တော်က၊ ငါခန့်ထားသောအမှုကို ဆောင်ရွက် စေခြင်းငှာ ဗာနဗနှင့်ရှောလုတို့ကို ရွေးချယ်ခွဲထားကြလော့ဟု မိန့်တော်မူသည်အတိုင်း၊- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း2 သူတို့သည် သခင်ဘုရားကိုဝတ်ပြုလျက် အစာရှောင်နေကြစဉ် သန့်ရှင်းသောဝိညာဉ်တော်က “ဗာနဗနှင့်ရှောလုတို့ကို သူတို့အတွက်ငါသတ်မှတ်ထားသောအမှုကိုဆောင်ရွက်စေရန် ငါ့အတွက် သီးသန့်ရွေးချယ်ထားကြလော့”ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း2 ထိုသူတို့သည် သခင်ဘုရားကိုဝတ်ပြု၍ အစာရှောင်နေကြစဉ် သန့်ရှင်းသောဝိညာဉ်တော်က “ငါခန့်အပ်သောအမှုကို ဆောင်ရွက်ရန် ဗာနဗနှင့် ရှောလုတို့ကို သီးသန့်ရွေးချယ်ကြလော့” ဟု ဆို၏။ အခန်းကိုကြည့်ပါ။ |
ထို နောက် ထာ ဝ ရ ဘု ရား ၏ သေ တ္တာ တော် ရှေ့ တွင် ဣ သ ရေ လ လူ မျိုး၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား၏ ကျေး ဇူး တော် ဂုဏ် တော် ကို ချီး မွမ်း၍ ထော မ နာ ပြု ကြ စေ ရန် လေ ဝိ ဂိုဏ်း သား တို့ အ နက် ခွက် ကွင်း ကို ခြိမ့် ခြိမ့် မွမ်း တီး ရ သော အ ကြီး အ ကဲ အာ သပ်၊ စောင်း၊ တ ယော တီး ရ သော လက် အောက် ဇာ ခ ရိ၊ ယေ လ၊ ရှေ မိ ရာ မုတ်၊ ယေ ဟေ လ၊ မ တ္တိ သိ၊ ဧ လျာ ဘ၊ ဗေ နာ ယ၊ သြ ဗေ ဒေ ဒုံ၊ ယေ လ တို့ နှင့် တံ ပိုး မှုတ် ရ သော ပ ရော ဟိတ် ဗေ နာ ယ၊ ယ ဟာ ဗေ လ တို့ ကို ဘု ရား သ ခင့် ပ ဋိ ညာဉ် တော် သေ တ္တာ ရှေ့၊ အ မှု တော် ဆောင် အ ဖြစ် ဖြင့် ဒါ ဝိဒ် မင်း ခန့် ထား လေ ၏။