သုတ္တံကျမ်း။ 25 - Garrad Bible1 ယု ဒ လူ မျိုး ဘု ရင်၊ ဟေ ဇ ကိ မင်း ကူး ရေး စေ သော ရှော လ မုန် မင်း၏ န ယ ပုံ ပြင် နောက် ဆက် ကျမ်း။ 2 ဘု ရား သ ခင်၏ ဘုန်း ကား၊ အ မှု တော် ကို ဝှက် ကွယ် ခြင်း၊ ဘု ရင် မင်း တို့၏ ဘုန်း ကား၊ အ မှု အ ရေး ကို စီ စစ် ခြင်း ပေ တည်း။ 3 မိုး ကောင်း ကင်၏ အ မြင့်၊ မြေ ပ ထ ဝီ၏ အ နက်၊ ဘု ရင် မင်း တို့ နှ လုံး ကို၊ စီ စစ်၍ မ ရ နိုင်။ 4 ငွေ ထဲ မှ ချော် ကို ထုတ် လျှင်၊ ပန်း ထိမ် သည့် အ ဖို့ ငွေ ထည် ဖြစ်၏။ 5 ဘု ရင် မင်း မျက် မှောက် တော် မှ လူ ဆိုး ကို နှင် ထုတ် လျှင် လည်း၊ ဖြောင့် မတ် ခြင်း အား ဖြင့် ရာ ဇ ပ လ္လင် တည်၏။ 6 ဘု ရင် မင်း၏ မျက် မှောက် တော် တွင် ဂုဏ် မ လုပ် နှင့်။ အ ကြီး အ ကဲ တို့ နေ ရာ၌ လည်း၊ မ ရပ် မ နေ နှင့်။ 7 သင် ဖူး မြင် ရာ မင်း ရှေ့ မှာ၊ အ နိမ့် အ ကျ ခံ ရ သည် ထက်၊ ဤ အ ရပ် သို့ တက် လော့ ဟု အ ခေါ် ခံ ရ ခြင်း သည်၊ သာ၍ ကောင်း၏။ 8 ရန် တွေ့ ခြင်း ငှာ ခ ရီး မ လွန် နှင့်။ လွန် လျှင်၊ နောက်၌ အ ပေါင်း အ ဖော် သည်၊ သင့် ကို အ ရှက် ကွဲ စေ သော ကာ လ၌၊ မည် သို့ ပြု လုပ် နိုင် မည် နည်း။ 9 သင့် အ မှု ကို အ ပေါင်း အ ဖော် နှင့် ဆွေး နွေး တိုင် ပင် လော့။ သူ တစ် ပါး နှင့် ဆိုင် ရာ လျှို့ ဝှက် အပ် သော အ မှု ကို မ ဖော် မ ပြ နှင့်။ 10 ဖော် ပြ လျှင်၊ ကြား ရ သော သူ သည်၊ သင့် ကို အ ရှက် ခွဲ၍ သ ရေ ပျက် ရခြင်း နှင့် သင် မ လွဲ နိုင်။ 11 သင့် လျော် စွာ ပြော ဆို သော စ ကား သည်၊ ငွေ ပန်း ထည်၌ ချယ် သော ရွှေ သီး ကဲ့ သို့ ဖြစ် ၏။ 12 ပ ညာ ရှိ၏ ဆုံး မ စ ကား သည်၊ နာ ခံ တတ် သူ၌၊ ရွှေ နား ကွင်း၊ ရွှေ လည် ဆွဲ ကဲ့ သို့ ဖြစ် ၏။ 13 ရိတ် သိမ်း ချိန် တွင် မိုး ပွင့် ကြောင့် ချမ်း အေး သ ကဲ့ သို့၊ သ စ္စာ စောင့် သော တ မန် သည်၊ စေ ခိုင်း သော သ ခင်၏ စိတ် ကို အေး ချမ်း စေ တတ်၏။ 14 ပေး ကမ်း သည် ဟု လိမ် လည် ဝါ ကြွား တတ် သူ သည်၊ ရေ မ ပါ သည့် မိုး တိမ် နှင့် လေ သ ဖွယ် ဖြစ်၏။ 15 စိတ် ရှည် လျှင်၊ မင်း ကို ဖျောင်း ဖျ၍ ရ၏။ ချို သာ သော လျှာ လည်း၊ အ ရိုး ကို ပင် ကျိုး စေ နိုင်၏။ 16 ပျား ရည် ကို တွေ့ လျှင်၊ သင့် ရုံ သာ စား လော့။ စား ကြူး လျှင်၊ အန် လိမ့် မည်။ 17 အ ပေါင်း အ ဖော်၏ အိမ်၌ ခြေ ရာ မ များ စေ နှင့်။ များ လျှင်၊ ညီး ငွေ့၍ သင့် ကို မုန်း ထား လိမ့် မည်။ 18 အ ပေါင်း အ ဖော် တစ် ဘက်၌ မ မှန် သော သက် သေ သည်၊ တင်း ပုတ်၊ သန် လျက်၊ စဉ်း မြှား သ ဖွယ် ဖြစ် ၏။ 19 သ စ္စာ မဲ့ သော သူ၌ အား ကိုး ရာ အ ကြောင်း သည်၊ ဒု က္ခ ရောက် သည့် ကာ လ၊ ကျိုး သော သွား၊ အ ဆစ် လွဲ သော ခြေ သ ဖွယ် ဖြစ်၏။ 20 စိတ် ဒု က္ခ ရောက် သူ့ ထံ၊ သီ ချင်း ဆို သူ သည်၊ ဆောင်း ကာ လ တွင် အ ဝတ် ချွတ် သော သူ၊ ယမ်း စိမ်း ပေါ် တွင် ပုံး ရည် လောင်း သော သူ နှင့် တူ ၏။ 21 သင်၏ ရန် သူ သည် ဆာ မွတ် လျှင်၊ ကျွေး မွေး လော့။ ငတ် လျှင် လည်း၊ တိုက် လော့။ 22 ထို သို့ ပြု ခြင်း အား ဖြင့်၊ သူ့ ဦး ခေါင်း ပေါ် မှာ မီး ကျီး ပုံ သ ကဲ့ သို့ ဖြစ် စေ သည့် ပြင်၊ ထာ ဝ ရ ဘု ရား သည်၊ သင့် အား ဆပ် ပေး တော် မူ လိမ့် မည်။ 23 မြောက် လေ သည်၊ မိုး ရေ ကို ဆောင် တတ် သ ကဲ့ သို့၊ ကုန်း ချော တတ် သော လျှာ သည်၊ မျက် နှာ ထား ခြင်း ကို ဆောင် တတ်၏။ 24 ကြီး ကျယ် သော အိမ် တွင်၊ ရန် ပြု တတ် သော မိန်း မ နှင့် အ တူ နေ သည် ထက်၊ အိမ် မိုး ပျဉ် တွင် နေ ရ သော်၊ သာ၍ ကောင်း၏။ 25 ဝေး ကွာ သော ပြည် မှ ကောင်း မွန် သော သ တင်း သည်၊ ရေ ငတ် သူ၌ အေး သော ရေ ကဲ့ သို့ ဖြစ်၏။ 26 လူ ဆိုး ရှေ့ တွင် မှား ယွင်း မိ သော သူ တော် ကောင်း သည်၊ နောက် သော စမ်း၊ ပုပ် သော ရေ ကန် နှင့် တူ၏။ 27 ပျား ရည် ကို စား ကြူး ခြင်း သည် မ လျော် သည့် နည်း တူ၊ ကိုယ် ကို ဂုဏ် လုပ် ခြင်း သည် မ တင့် တယ်။ 28 စိတ် ကို ချုပ် တည်း ခြင်း ကင်း သော သူ သည်၊ ရင် တား မဲ့ လျက်၊ ပေါက် ပျက် သော မြို့ ကဲ့ သို့ ဖြစ်၏။ |
Garrad Holy Bible © Bible Society of Myanmar, 1928.
Bible Society of Myanmar