သုတ္တံကျမ်း။ 1:23 - Garrad Bible23 ငါ့ ဆုံး မ ပဲ့ ပြင် ခြင်း ကြောင့် ပြောင်း လဲ ကြ လော့။ ငါ့ ဝိ ညာဉ် ကို သင် တို့ အ ပေါ် သို့ သွန်း လောင်း သ ဖြင့်၊ ငါ့ စ ကား များ ကို နား လည် စေ မည်။ အခန်းကိုကြည့်ပါ။Common Language Bible23 ငါဆုံးမသော စကားကို နားထောင်၍ ပြောင်း လဲကြလော့။ ငါ့ဝိညာဉ်ကို သင်တို့အပေါ်သို့ ငါသွန်း လောင်း၍၊ ငါ့စကား၏အနက်အဓိပ္ပါယ်ကို နားလည် စေမည်။ အခန်းကိုကြည့်ပါ။Judson Bible23 ငါဆုံးမသော စကားကို နားထောင်၍ ပြောင်းလဲကြလော့။ ငါ့ဝိညာဉ်ကို သင်တို့အပေါ်သို့ ငါသွန်းလောင်း၍၊ ငါ့စကား၏ အနက်အဓိပ္ပာယ်ကို နားလည်စေမည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း23 ငါဆိုဆုံးမသောစကားကို လိုက်နာကြလော့။ ကြည့်ရှုလော့။ ငါသည် ငါ၏ဝိညာဉ်ကို သင်တို့အပေါ်သို့သွန်းလောင်းမည်။ ငါ၏စကားများကို သင်တို့အား သိစေမည်။ အခန်းကိုကြည့်ပါ။ |
အ ရှင် ထာ ဝ ရ ဘု ရား က၊ လူ ဆိုး သေ ဒဏ် ခံ ရ သည် ကို ငါ မ နှစ် သက်၊ ကိုယ့် အ လေ့ အ လာ မှ လူ ဆိုး ကြဉ် ရှောင်၍၊ အ သက် ချမ်း သာ ရ သည် ကို ငါ နှစ် သက်၏။ အို ဣ သ ရေ လ အ မျိုး သား တို့၊ သေ ဒဏ် ကို အ ဘယ့် ကြောင့် ခံ ကြ မည် နည်း။ ဆိုး သွမ်း သော အ လေ့ အ လာ မှ ကြဉ် ရှောင် လျက်၊ ပြန် လာ ကြ လော့ ဟု၊ အ သက် တော် ကို တိုင် တည်၍ မိန့် တော် မူ ကြောင်း ဆင့် ဆို ရ မည်။
ဒါ ဝိဒ် မင်း မျိုး မှ စ သော၊ ယေ ရု ရှ လင် မြို့ သူ မြို့ သား တို့ အ ပေါ်၌၊ ကျေး ဇူး တော် ရ လို၍၊ အ သ နား တော် ခံ သော သ ဘော ကို သွန်း လောင်း သ ဖြင့်၊ ၎င်း တို့ သည်၊ ထိုး ဖောက် ခဲ့ သော သူ့ ကို ရှု မြော်၍ ဧ က ပု တ္တ သား အ တွက် မြည် တမ်း သ ကဲ့ သို့ လည်း ကောင်း၊ သား ဦး အ တွက် ကြင် နာ သ ကဲ့ သို့လည်း ကောင်း၊ မြည် တမ်း ကြင် နာ ကြ လ တ္တံ့။