ဘုရားသခင်က အနန္တတန်ခိုးရှင်ဖြစ်ပြီး သင့်အနားမှာ အမြဲရှိနေမယ်လို့ ကတိပေးထားပါတယ်။ သူ့ကို ယုံကြည်ကိုးစားလိုက်ပါ။ ဘုရားသခင်က အံ့ဖွယ်အမှုတွေကို ပြုလုပ်နိုင်တဲ့အပြင် သင့်ကိုလည်း ဂရုစိုက်ပေးပါတယ်။ သင့်ရဲ့အပြစ်တွေအတွက် သားတော်တစ်ပါးတည်းကို စွန့်လွှတ်လိုက်တဲ့ ဘုရားသခင်ဟာ သင့်ရဲ့ကယ်တင်ရှင်ပါ။ ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်၌ အရာခပ်သား ဖြစ်နိုင်ပါတယ်။ ဘုရားသခင်ကို သိကျွမ်းချင်ရင် ဆုတောင်းခြင်းနဲ့ သူ့ရဲ့နှုတ်ကပတ်တော်ကို ဖတ်ရှုရှုခြင်းအားဖြင့် သူ့ထံ ချဉ်းကပ်ရမှာပါ။ ထာဝရဘုရားက သင့်ကို သူ့ထံ ချဉ်းကပ်လာစေချင်တယ်လို့ တောင့်တနေပါတယ်။ (၂ ဓမ္မရာဇဝင် ၂၂:၃၁) "ဘုရားသခင်၏လမ်းတော်သည် စုံလင်ပေ၏။ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် စစ်ကြောပြီးဖြစ်၏။ ထာဝရဘုရားသည် မိမိကို ကိုးစားသောသူအပေါင်းတို့အား အကွယ်အကာ ဖြစ်တော်မူ၏။"
မ စွန့် မ ပယ် ဘဲ ငါ ရွေး ချယ် သည့် အ လျောက်၊ သင် နှင့် အ တူ ငါ ရှိ သ ဖြင့်၊ မ ကြောက် လင့်။ ငါ သည် သင်၏ ဘု ရား သ ခင် ဖြစ် သော ကြောင့်၊ မ စိုး ရိမ် နှင့်။ သင့် ကို ခိုင် ခံ့ စွာ ထောက် မ မည့် ပြင်၊ အောင် ပွဲ ရ ညာ လက် ရုံး ဖြင့် ထောက် ပင့် လိမ့် မည်။
သို့ ဖြစ်၍ ငါ့ ဘု ရား သ ခင် သည် ဘုန်း တော် ကြွယ် ဝ တော် မူ သည့် အ တိုင်း သင် တို့ အ လို ရှိ သ မျှ ကို ခ ရစ် တော် ယေ ရှု အား ဖြင့် ပြည့် စုံ စေ တော် မူ လိမ့် မည်။
၎င်း ပြင် အ ကြံ တော် နှင့် အ ညီ ခေါ် ထား တော် မူ သူ၊ ဘု ရား သ ခင် ကို ချစ် ကြည် မြတ် နိုး သူ တို့ ကောင်း ကျိုး အ လို့ ငှါ အ ရာ ခပ် သိမ်း ဝိုင်း ညီ ပြု စု လျက် ရှိ ကြောင်း၊
ထာ ဝ ရ ဘု ရား သည်၊ ငါ့ အ ပေါ် တွင် အ ထိန်း အ ကျောင်း ဖြစ် တော် မူ ၍၊ ငါ၌ လို လေ သေး မ ရှိ ရ။
ပင် ပန်း သူ ဝန် လေး သူ အ ပေါင်း တို့၊ ငါ့ ထံ လာ ကြ လော့။ ငါ သည် ချမ်း သာ စေ မည်။ငါ့ ထမ်း ပိုး ကို ထမ်း၍ ငါ့ ထံ မှ သင် ကြ လော့။ ငါ သည် သိမ် မွေ့ နှိမ့် ချ သော စိတ် ရှိ၏။ အ သက် ဝိ ညာဉ် ချမ်း သာ ရာ ကို လည်း သင် တို့ တွေ့ ကြ လိမ့် မည်။ကိုယ် တော် သည် ကြွ လာ ရ မည့် အ ရှင် လော။ အ ခြား မျှော် လင့် ရ ဦး မည် လော့ ဟု မေး လျှောက် စေ သည့် အ တိုင်းငါ့ ထမ်း ပိုး သည် ထမ်း လွယ် လျက် ငါ့ ဝန် လည်း ပေါ့ သည် ဟူ၍ မိန့် တော် မူ၏။
လော ဘ ကင်း၍ ကိုယ် ပိုင် ပ စ္စည်း နှင့် ရောင့် ရဲ ကြ လော့။ အ သို့ ဆို သော် ငါ သည် သင့် ကို မည် သည့် အ ခါ မျှ စွန့် ထား မည် မ ဟုတ် ဟု မိန့် တော် မူ ချက် ရှိ သ ဖြင့်၊
ထာ ဝ ရ ဘု ရား ကို စောင့် စား သူ တို့ ကား၊ အား တိုး သ ဖြင့် ရွှေ လင်း တ ကဲ့ သို့ ပျံ တက် ခွင့်၊ မ ပင် မ ပန်း လျင် မြန် ခွင့်၊ မ မော မ ဟိုက် သွား လာ ခွင့် ရ ကြ လိမ့် သ တည်း။
သင် တို့ အ တွက် ကြောင့် ကြ တော် မူ သော ကြောင့် သင် တို့ စိုး ရိမ် ခြင်း ရှိ သ မျှ ကို ကိုယ် တော့် အ ပေါ် သို့ လွှဲ တင် ကြ လော့။
ငြိမ်သက်ခြင်းကို သင်တို့နှင့်ငါထားခဲ့၏။ လောကသားတို့ပေးကြသည့်နည်းတူမဟုတ်။ ကိုယ့်ငြိမ်သက်ခြင်းကို သင်တို့အားငါပေး၏။ နှလုံးမသာခြင်း၊ ကြောက်ရွံ့ခြင်း မရှိကြနှင့်။
ငါ၏ ခို လှုံ ရာ၊ ငါ၏ ခံ တပ်၊ ငါ ကိုး စား ရာ ဘု ရား သ ခင် ပေ တည်း ဟု၊ ထာ ဝ ရ ဘု ရား အား ငါ ဝန် ခံ မည်။ကိုယ် တော် သည် ငှက် ခတ် သ မား၏ ညွှတ် ကွင်း မှ လည်း ကောင်း၊ သေ စေ တတ် သော ကပ် ရော ဂါ မှလည်း ကောင်း၊ သင့် ကို ကယ် လွှတ် လျက်၊အ တောင် တော် နှင့် ဖုံး အုပ်၍၊ တောင် ပံ အောက် ခို လှုံ ခွင့် ပြု တော် မူ သည့် အ တိုင်း၊ သ စ္စာ တော် သည် ဒိုင်း ရှည် နှင့် ဒိုင်း လုံး ဖြစ် ၏။
မြစ် များ ကို ကူး သွား ရ လျှင် လွှမ်း မိုး ခြင်း၊ မီး၌ သွား ရ လျှင် ပူ လောင် ခြင်း၊ မီး လျှံ သင့် ခြင်း များ ကို ခံ ရ မည် မ ဟုတ်။
သေ ခြင်း နှင့် ရှင် ခြင်း သော် လည်း ကောင်း၊ စေ တ မန် တော် နှင့် နတ် မင်း များ သော် လည်း ကောင်း၊ ပ စ္စု ပ္ပန် နှင့် အ နာဂတ် အ ရာ များ သော် လည်း ကောင်း၊ တန် ခိုး ရှင် များ သော် လည်း ကောင်း၊ ဘ ဝဂ် နှင့် အ ဝီ စိ သော် လည်း ကောင်း၊ဖန် ဆင်း ထား သော အ ရာ မည် သည် မ ဆို ငါ တို့ ကို အ ရှင် ခ ရစ် တော် ယေ ရှု၌ ရှိ သော ဘု ရား သ ခင်၏ မေ တ္တာ တော် မှ မ ကွာ စေ နိုင် ဟူ၍ ငါ စိတ် ချ သ တည်း။
ဘုရားသခင်သည် သားတော်ကိုယုံကြည်သူတိုင်းမပျက်စီးဘဲ ထာဝရအသက်ရစေခြင်းငှာ၊ ဧကပုတ္တသားတော်ကိုအပ်ပေးသည့်တိုင်အောင် ဤလောကသားတို့အား မေတ္တာသက်တော်မူ၏။
ဘု ရား သ ခင့် နိုင် ငံ တော် နှင့် ဖြောင့် မတ် ခြင်း တ ရား တော် ကို ဦး စွာ ရှာ ကြ လော့၊ ထို အ ရာ အ လုံး စုံ ကို ထပ် မံ သ နား တော် မူ လိမ့် မည်။
ထာ ဝ ရ ဘု ရား သည် ဘေး ဟူ သ မျှ မှ ကွယ် ကာ ၍၊ သင့် အ သက် ကို စောင့် ထိန်း တော် မူ လိမ့် မည်။ထာ ဝ ရ ဘု ရား သည် သင့် ထွက် သွား ခြင်း နှင့် ဝင် လာ ခြင်း ကို၊ ယ ခု မှ စ၍ ကာ လ အ စဉ်၊ စောင့် ထိန်း တော် မူ လိမ့် မည်။
အ ပြစ် ဝန် ချ ကြ လျှင် မူ ကား ကိုယ် တော် သည် သ စ္စာ စောင့်၍ ဖြောင့် မတ် တော် မူ သ ဖြင့် ထို အ ပြစ် များ ကို ဖြေ လွတ် လျက် ဒု စ ရိုက် အ မျိုး မျိုး နှင့် စင် ကြယ် စေ တော် မူ မည်။
သို့ ဖြစ်၍ သင့် တစ် ဘက်၌ လုပ် သော လက် နက် အ ထ မ မြောက်၊ သင် နှင့် တ ရား ဆိုင်၍ သက် သေ ခံ သော လျှာ တိုင်း ကို၊ သင် သည် အ ပြစ် စီ ရင် ရ လိမ့် မည်။ ထာ ဝ ရ ဘု ရား၏ ကျွန် ရင်း တို့ သည်၊ ထို သို့ သော အ မွေ ကို ခံ ရ သည့် အ လျောက်၊ ငါ့ ထံ မှ ရ သော အောင် မြင် ခွင့် လည်း၊ ထို သို့ ပင် တည်း ဟု ထာ ဝ ရ ဘု ရား မိန့် တော် မူ ၏။
ယေ ရှု သည် အ ရှင် ဖြစ် တော် မူ ကြောင်း နှုတ် ဖြင့် ဝန် ခံ လျက် ထို အ ရှင် ကို သူ သေ တို့ အ ထဲ မှ ဘု ရား သ ခင် ရှင် ပြန် ထ မြောက် စေ တော် မူ ကြောင်း နှ လုံး ဖြင့် ယုံ ကြည် လျှင် သင် သည် ကယ် တင် ခြင်း သို့ ရောက် ရ လိမ့် မည်။
ထာ ဝ ရ ဘု ရား ကို စိတ် နှ လုံး အ ကြွင်း မဲ့ ကိုး စား လျက်၊ ကိုယ့် ဉာဏ် ကို တံ ကဲ မ ပြု နှင့်။ကျင့် ကြံ သ မျှ ၌ ကိုယ် တော် ကို အာ ရုံ ပြု လျှင်၊ သင် သွား ရာ လမ်း ကို ညီ ညွတ် စေ တော် မူ မည်။
ဘု ရား သ ခင် သည်၊ ငါ တို့ ခို လှုံ ရာ၊ ငါ တို့ စွမ်း အား ဖြစ် လျက်၊ ဒု က္ခ ရောက် သည့် ကာ လ၊ တွေ့ လွယ် သော အ ထောက် အ မ ဖြစ် တော် မူ ပါ ၏။
စိတ် နှ လုံး တည် ကြည် သော သူ့ ကို၊ ကိုယ် တော် ၌ ကိုး စား သည် နှင့်၊ လုံ ခြုံ စွာ စောင့် ထိန်း တော် မူ၏။
သင်တို့သည်ငါ၌တည်၍ ငါ့ဒေသနာလည်းသင်တို့၌တည်လျှင် လိုသမျှကိုတောင်းလျှောက်ကြလော့။ ရကြလိမ့်မည်။
ငါ့ နာ မ ဖြင့် သ မုတ် ခံ ရ သော လူ မျိုး တော် သည် စိတ် နှိမ့် ချ စွာ ပ ဌ နာ ပြု၍ ငါ့ မျက် နှာ ကို လိုက် ရှာ လျက် ဒု စ ရိုက် လမ်း ကို ကြဉ်ရှောင် လျှင် ကောင်း ကင် ဘုံ မှ ငါ နား ညောင်း၍ အ ပြစ် ကို လွှတ် သည့် ပြင်၊ နေ ပြည် ကို လည်း ချမ်း သာ စေ မည်။
ယုံ ကြည် ခြင်း သည် မျှော် လင့် ရာ များ၌ စိတ် ချ ခြင်း၊ မျက် ကွယ် ရာ များ ကို မျက် မှောက် ပြု ခြင်း ဖြစ်၏။
ဖြောင့် မတ် သူ တို့ အော် ဟစ် ရာ၊ ထာ ဝ ရ ဘု ရား သည် နား ညောင်း လျက်၊ ဒု က္ခ ရှိ သ မျှ မှ ကယ် လွှတ် တော် မူ၏။
အ ပြစ် တ ရား ပေး သော အ ခ သည် သေ ခြင်း ဖြစ်၏။ ဘု ရား သ ခင် သ နား တော် မူ သော ဆု တော် ကား ငါ တို့ အ ရှင် ခ ရစ် တော် ယေ ရှု ၌ ထာ ဝ ရ အ သက် ပင် တည်း။
သူခိုးဖြစ်သူသည် ခိုးယူသတ်ဖြတ်ဖျက်ဆီးရန်သာ လာရောက်တတ်၏။ ငါမူကား အသက်ကိုရစေ၍ ကြွယ်ဝစေခြင်းငှါရောက်လာခဲ့ပြီ။
ထာ ဝ ရ ဘု ရား သည် သင် တို့ အ ဖို့ စစ် တိုက် တော် မူ မည် ဖြစ်၍ သင် တို့ ဆိတ် ဆိတ် နေ ကြ ရ မည် ဟု လူ မျိုး အား ဆို ၏။
ငါ သည်၊ သင့် ကို ရှု ကြည့် လျက်၊ သွား အပ် သော လမ်း ၌ လိ မ္မာ ရန်၊ သွန် သင် ၍ အ ကြံ ပေး မည်။
နှုတ် က ပတ် တော် သည်၊ အ ကျွန်ုပ် ခြေ ဦး မှာ မီး ခွက် သ ဖွယ်၊ အ ကျွန်ုပ် လမ်း မှာ အ လင်း သ ဖွယ် ဖြစ် ပါ ၏။
အ တူ ကြွ လျက် ဦး ဆောင် တော် မူ သော ထာ ဝ ရ ဘု ရား သည် သင့် ကို မည် သည့် အ ခါ မျှ စွန့် ထား တော် မ မူ သော ကြောင့် ကြောက် ရွံ့ တုန် လှုပ် ခြင်း ကင်း လော့ ဟူ၍ တည်း။
ငါ့ ကို ခေါ် သော အ ခါ၊ တုံ့ ပြန်၍၊ ဒု က္ခ ရောက် သော အ ခါ၊ အ တူ စံ နေ လျက်၊ ကယ် လွှတ် ပြီး လျှင်၊ ဂုဏ် ရောက် စေ မည်။တင်း တိမ် ဖွယ် အ သက် ရှည် စွာ သ နား ၍၊ ငါ၏ ကယ် တင် ရာ ကယ် တင် ကြောင်း ကို ဖော် ပြ မည်။
လူ တို့ ခံ ရ သော စုံ စမ်း ခြင်း မျိုး မှ တစ် ပါး သင် တို့ မ ခံ ခဲ့ ရ။ ဘု ရား သ ခင် သည် သ စ္စာ နှင့် ပြည့် စုံ သည့် အ လျောက် သင် တို့ ခံ ရပ် နိုင် သည် ထက် စုံ စမ်း စေ ခွင့် ပြု တော် မ မူ မည့် ပြင် စုံ စမ်း ခံ ရာ တွင် ခံ ရပ် နိုင် ကြ စေ ရန် လွတ် ရာ လွတ် ကြောင်း ကို ပြု ပြင် တော် ဦး မည်။
ဒု က္ခ ရောက် သည့် ကာ လ ငါ့ ကို ပ ဌ နာ ပြု လျှင်၊ ငါ ကယ် လွှတ် သ ဖြင့်၊ ဘုန်း တော် ကို ချီး မြှောက် ခွင့် ရ လိမ့် မည်။
က တိ ထား သော အ ရှင် သည် သ စ္စာ တည် တော် မူ သော ကြောင့် ငါ တို့ ဝန် ခံ ရာ မျှော် လင့် ခွင့် ကို မ ယိမ်း မ ယိုင် စွဲ မြဲ ခြင်း၊
နှုတ် တော် ထွက် ဗျာ ဒိတ် တော် လည်း အ လို တော် ရှိ ရာ ဖြစ် ထွန်း စေ ၍၊ ခိုင်း စေ သည့် အ တိုင်း အ ထ မ မြောက် ဘဲ၊ ငါ့ ထံ သို့ အ ကျိုး မဲ့ မ ပြန် ရ ဟု မိန့် တော် မူ ၏။
စိုး စဉ်း မျှ မ စိုး ရိမ် ပဲ ကျေး ဇူး တော် ကို ချီး မွမ်း လျက် တောင်း လျောက် ပ ဌာ နာ ပြု ချက် များ ဖြင့် လို လေ ရာ ရာ ကို ဘု ရား သ ခင် ရှေ့ ဖော် ပြ ကြ လော့။သို့ ပြု လျင် ဉာဏ် ဟူ သ မျှ ထက် လွန် ကဲ သော ဘု ရား သ ခင် ငြိမ် သက် ခြင်း သည် ခ ရစ် တော် ယေ ရှု အား ဖြင့် သင် တို့၏ စိတ် နှ လုံး နှင့် အ ကြံ အ စည် များ ကို ကွယ် ကာ စောင့် ရှောက် လိမ့် မည်။
ထာ ဝ ရ ဘု ရား သည်၊ ကိုယ် တော် ကို သ စ္စာ နှင့် ဟစ် ခေါ် သူ၊ ပ ဌ နာ ပြု သူ အ ပေါင်း တို့ အ နီး အ ပါး ၌ ရှိ နေ တော် မူ၏။ခန့် ညား သူ တို့ အ လို ဆ န္ဒ ကို ပြည့် စေ လျက်၊ ဟစ် ခေါ် သံ ကို ကြား နာ၍ ကယ် လွှတ် တော် မူ လိမ့် မည်။
မျှော် လင့် ခြင်း အ ရှင် ဘု ရား သ ခင် သည် သန့် ရှင်း သော ဝိ ညာဉ် တော်၏ တန် ခိုး အား ဖြင့် မျှော် လင့် ခြင်း ကြွယ် ဝ စေ ရန် ယုံ ကြည် ခြင်း တ ရား၌ ရွှင် လန်း ခွင့်၊ ငြိမ် သက် ခွင့် အ မျိုး မျိုး နှင့် သင် တို့ ကို ဖြည့် တော် မူ ပါ စေ သော။
ငါ့ခမည်းတော်ဘုံဗိမာန်တော်တွင် နေထိုင်ရာအများရှိ၏။ မရှိခဲ့လျှင် သင်တို့နေရာဌာနကိုပြင်ဆင်ရန် ငါသွားသည်ဟုဆိုမည်လော။ထိုနေ့ရက်ကာလတွင် ခမည်းတော်၌ငါတည်သည်ကိုလည်းကောင်း၊ ငါ၌သင်တို့တည်ကြသည်ကိုလည်းကောင်း၊ သင်တို့၌ ငါတည်သည်ကိုလည်းကောင်း၊ သင်တို့သိကြလိမ့်မည်။ငါ့ပညတ်များကိုရ၍စောင့်ရှောက်သူသည် ငါ့ကိုချစ်သောသူဖြစ်၏။ ငါ့ကိုချစ်သောသူ့အား ငါ့ခမည်းတော်မေတ္တာသက်တော်မူသည့်ပြင် ငါလည်းမေတ္တာသက်၍ ထင်ရှားမည်ဟုမိန့်တော်မူ၏။ထိုအခါ ယုဒဣရှကာရုတ်မဟုတ်၊ အခြားယုဒက အရှင်ဘုရား၊ ကိုယ်တော်သည်တပည့်တော်တို့အား ထင်ရှား၍ လောကသားတို့အားမထင်ရှားမည်မှာ မည်သည့်အဖြစ်အပျက်ကြောင့်ပါနည်းဟုမေးလျှောက်သော်၊ယေရှုက မည်သူမဆိုငါ့ကိုချစ်လျှင် ငါ့တရားကိုစောင့်ရှောက်လိမ့်မည်။ ငါ့ခမည်းတော်လည်း ထိုသူ့ကိုမေတ္တာသက်တော်မူ၍ သူ့ထံငါတို့ကြွပြီးလျှင်အတူကိန်းဝပ်မည်။ငါ့ကိုမချစ်သောသူမူကား ငါ့တရားကိုမစောင့်ရှောက်တတ်။ သင်တို့ကြားရသောတရားမှာ ငါ့တရားမဟုတ်။ စေလွှတ်တော်မူလိုက်သောခမည်းတော်၏တရားတော်တည်း။ငါသည် သင်တို့နှင့်ရှိနေစဉ် ထိုသို့ဟောခဲ့ပြီ။ငါ့နာမ၌ ခမည်းတော်စေလွှတ်တော်မူမည့် သန့်ရှင်းသောဝိညာဉ်တော်တည်းဟူသော အမှုဆောင်လည်း သင်တို့အားစုံလင်စွာသွန်သင်လျက် ငါဟောခဲ့သမျှကို သတိရစေတော်မူလိမ့်မည်။ငြိမ်သက်ခြင်းကို သင်တို့နှင့်ငါထားခဲ့၏။ လောကသားတို့ပေးကြသည့်နည်းတူမဟုတ်။ ကိုယ့်ငြိမ်သက်ခြင်းကို သင်တို့အားငါပေး၏။ နှလုံးမသာခြင်း၊ ကြောက်ရွံ့ခြင်း မရှိကြနှင့်။ငါသည်ထွက်သွားပြီးလျှင်လာဦးမည်ဟူ၍ ငါပြောသည်ကို သင်တို့ကြားကြပြီ။ သင်တို့သည်ငါ့ကိုချစ်ခဲ့လျှင် ငါ့ထက်ခမည်းတော်ကြီးမြတ်သောကြောင့်ခမည်းတော်ထံ ငါသွားသည်ကိုထောက်၍ ဝမ်းမြောက်ကြလေပြီ။ထိုသို့ဖြစ်ပျက်သည့်ကာလ၊ သင်တို့ယုံကြည်ကြစေရန် ယခုကငါပြောဆိုနှင့်ခဲ့ပြီ။ထိုသို့သွား၍ သင်တို့နေရာဌာနကိုပြင်ဆင်သော် ငါ့စံရာ၌ရှိနေကြစေရန် တစ်ဖန်လာ၍ သင်တို့ကိုသိမ်းဆည်းမည်။
ငါ တို့၌ ပြု ပြင် သော တန် ခိုး တော် နှင့် အ ညီ၊ ငါ တို့ ထင် မြင် တောင်း လျှောက် သ မျှ ထက် ကြွယ် ဝ စွာ သ နား တော် မူ နိုင် သော အ ရှင် သည် အ သင်း တော်၌ လည်း ကောင်း၊ ခ ရစ် တော် ယေ ရှု၌ လည်း ကောင်း၊ လူ မျိုး အ ဆက် ဆက် ကာ လ အ စဉ် ဘုန်း တော် ကြီး ပါ စေ သ တည်း။ အာ မင်။
ဝဲ ယာ ယိမ်း ယိုင် မိ လျှင်၊ ဤ လမ်း မှန် သည်၊ လျှောက် လိုက် လော့ ဟု နောက် က တိုက် တွန်း သံ ကို ဒိ ဋ္ဌ ကြား ခွင့် ရ လျက်၊
အ သို့ ဆို သော် ထာ ဝ ရ ဘု ရား ၏ ဗျာ ဒိတ် တော် မှန် ကန် ၍၊ အ မှု တော် ရှိ သ မျှ လည်း၊ သ စ္စာ နှင့် ညီ ညွတ် ၏။
ရှေ့ တော် တွင် ငါ တို့ ရ ရှိ သော ရဲ ရင့် ခြင်း မှာ အ လို တော် နှင့် အ ညီ ငါ တို့ တောင်း လျှောက် လေ ရာ ရာ၌ နား ညောင်း တော် မူ ကြောင်း တည်း။ငါ တို့ တောင်း လျှောက် သ မျှ နား ညောင်း တော် မူ သည် ဟု သိ ရ သည် မှာ တောင်း လျှောက် သည့် ဆု များ ကို ရ ရှိ ပြီ ဟု သိ ရ ကြ၏။
ထို မျှ မ က ဒု က္ခ ရောက် ခြင်း ဖြင့် တည် ကြည် ခွင့်၊ တည် ကြည် ခြင်း ဖြင့် စံ တော် မီ ခွင့်၊ စံ တော် မီ ခြင်း ဖြင့် စောင့် မျှော် ခွင့် ဖြစ် ပွား သည် ကို သိ မှတ် သည် နှင့် ဒု က္ခ ရောက် ရာ၌ လည်း ငါ တို့ ရွှင် လန်း ရ ကြ၏။ငါ တို့ ခံ ရ သည့် သန့် ရှင်း သော ဝိ ညာဉ် တော် အား ဖြင့် ဘု ရား သ ခင့် မေ တ္တာ တော် ကို ငါ တို့ စိတ် နှ လုံး ထဲ၌ သွန်း လောင်း ပြီး ဖြစ်၍ ထို စောင့် မျှော် ခြင်း ကြောင့် စိတ် ပျက် ရ တော့ မည် မ ဟုတ်။
အ သို့ ဆို သော် မ ကြောက် လင့်။ ငါ ထောက် မ မည် ဟု မိန့် ဆို သော သင်၏ ဘု ရား သ ခင် ငါ ထာ ဝ ရ ဘု ရား သည် သင့် ညာ လက် ကို ကိုင် ဆွဲ လိမ့် မည်။
ငါ သည် တောင် တန်း သို့ မျှော် ကြည့် လျက် နေ၏။ မ စ ခြင်း ကို မည် သည့် အ ရပ် မှ ရ ပါ အံ့ နည်း။မိုး မြေ ကို ဖန် ဆင်း တော် မူ သော ထာ ဝ ရ ဘု ရား အ ထံ တော် မှ၊ မ စ ခြင်း ကို ရ ပါ လိမ့် မည်။
ထာ ဝ ရ ဘု ရား သည် ငါ့ အ မှု ထ မြောက် စေ တော် မူ လိမ့် မည်။ အို ထာ ဝ ရ ဘု ရား၊ က ရု ဏာ တော် သည် ကာ လ အ စဉ် တည် သည့် အ လျောက်၊ လက် တော် ဖြင့် စီ ရင် သော အ မှု အ ရာ များ ကို စွန့် ပစ် တော် မ မူ ပါ နှင့်။
ငါ ထာ ဝ ရ ဘု ရား သည် သင့် ကို အ စဉ် လမ်း ပြ ခြင်း၊ ရေ ခေါင် သော ကာ လ၊ အာ ရုံ ပြေ ခြင်း၊ အ ရိုး သန် မာ စေ ခြင်း များ ကို ပြု သ ဖြင့်၊ ရေ သွင်း သော ဥ ယျာဉ် ကဲ့ သို့ လည်း ကောင်း၊ မ ကုန် မ ခန်း နိုင် သော စမ်း ရေ ကဲ့ သို့ လည်း ကောင်း သင် ဖြစ် လိမ့် မည်။
ယ ခု မှာ ခ ရစ် တော် ယေ ရှု၌ တည် နေ သူ တို့ အ ပေါ် တွင် အ ပြစ် စီ ရင် ချက် သင့် ရောက် သည် မ ဟုတ်။
မြင့် မြတ် သော ဘု ရား၏ အ တွင်း ဌာ န တော်၌ နေ ထိုင် သော သူ သည်၊ အ န န္တ တန် ခိုး ရှင်၏ အ ရိပ် ကို ခို လှုံ ရ လိမ့် မည်။သင့် ထံ ဘေး တစ် မျိုး မျှ မ ချဉ်း၊ နေ ထိုင် ရာ သို့ ကပ် ရော ဂါ တစ် မျိုး မျှ မ သင့် ရ။သွား လေ ရာ ရာ၌ သင့် ကို စောင့် ထိန်း ကြ စေ ရန်၊ စေ တ မန် တော် တို့ အား မှာ ထား တော် မူ သည့် အ တိုင်း၊ကျောက် ခဲ နှင့် ခြေ ကို မ ခိုက် မိ စေ ရန်၊ ချီ ပင့် ရ ကြ လိမ့် မည်။သင် သည် ခြင်္သေ့ နှင့် မြွေ ဆိုး များ ကို နင်း၍၊ ခြင်္သေ့ ပျို နှင့် န ဂါး တို့ ကို ကျော် ရ လိမ့် မည်။ငါ၌ စွဲ လမ်း သော ကြောင့်၊ သူ့ ကို ငါ ကယ် လွှတ်၍၊ ငါ့ နာ မ ကို သိ ကျွမ်း သော ကြောင့်၊ ချီး မြှောက် မည်။ငါ့ ကို ခေါ် သော အ ခါ၊ တုံ့ ပြန်၍၊ ဒု က္ခ ရောက် သော အ ခါ၊ အ တူ စံ နေ လျက်၊ ကယ် လွှတ် ပြီး လျှင်၊ ဂုဏ် ရောက် စေ မည်။တင်း တိမ် ဖွယ် အ သက် ရှည် စွာ သ နား ၍၊ ငါ၏ ကယ် တင် ရာ ကယ် တင် ကြောင်း ကို ဖော် ပြ မည်။ငါ၏ ခို လှုံ ရာ၊ ငါ၏ ခံ တပ်၊ ငါ ကိုး စား ရာ ဘု ရား သ ခင် ပေ တည်း ဟု၊ ထာ ဝ ရ ဘု ရား အား ငါ ဝန် ခံ မည်။
သင် တို့ ကို ခေါ် ထား တော် မူ သော အ ရှင် သည် သ စ္စာ တည် တော် မူ သည့် အ လျောက် ထို သို့ ပင် ပြု တော် မူ လိမ့် မည်။
မေ လ ခိ ဇေ ဒက် နည်း တူ ထာ ဝ ရ ပ ရော ဟိတ် မင်း ဖြစ် ပြီး လျှင် ငါ တို့ ရှေ့ ဆောင် ဖြစ် သော ယေ ရှု ဝင် ရောက် တော် မူ နှင့် ရာ ကန့် လန့် ကာ အ တွင်း ငါ တို့ စိတ် ဝိ ညာဉ်၏ ကျောက် ဆူး အ ဖြစ် ငါ တို့ ရ ရှိ သည့် မြဲ မြံ တည် ကြည် သော ထို မျှော် လင့် ရာ လည်း ဝင် ရောက် လျက် ရှိ၏။
သင် တို့ သည် ယုံ ကြည် ခြင်း အား ဖြင့် ကျေး ဇူး တော် ကြောင့် ကယ် တင် ရာ ရောက် ခဲ့ ကြ သည် မှာ ကိုယ့် အ စွမ်း ကြောင့် မ ဟုတ်။ ကိုယ့် အ ကျင့် ကြောင့် လည်း မ ဟုတ်။ မည် သူ မျှ ဂုဏ် မ တင် မိ စေ ရန် ဘု ရား သ ခင့် ဆု ကျေး ဇူး တော် ကြောင့် တည်း။
သွား လေ ရာ ရာ၌ သင့် ကို စောင့် ထိန်း ကြ စေ ရန်၊ စေ တ မန် တော် တို့ အား မှာ ထား တော် မူ သည့် အ တိုင်း၊ကျောက် ခဲ နှင့် ခြေ ကို မ ခိုက် မိ စေ ရန်၊ ချီ ပင့် ရ ကြ လိမ့် မည်။
သူ ငယ် တို့၊ ဘု ရား သ ခင့် ဘက် တော် သား ဖြစ် သော သင် တို့၌ တည် တော် မူ သော အ ရှင် သည် ဤ လော က၌ တည် သော အ ရှင် ကြီး ထက် ကြီး မြတ် တော် မူ သော ကြောင့် ထို သူ တို့ ကို သင် တို့ အောင် ကြ လေ ပြီ။
ကျမ်း ချက် အ ရ ဘု ရား သ ခင် ကို ချစ် ကြည် မြတ် နိုး သူ တို့ အ ဖို့ ပြင် ဆင် တော် မူ သော အ ရာ၊ လူ့ မျက် စိ ဖြင့် မ မြင်၊ နား ဖြင့် မ ကြား၊ စိတ် ဖြင့် မ ထင် စ ဘူး သော အ ရာ များ ဖြစ် သော် လည်း၊
မိ ခင် သည် ရင် သွေး ဖြစ် သော နို့ စို့ သူ ငယ် ကို၊ က ရု ဏာ ကင်း သည့် တိုင် အောင်၊ အ မှတ် မ ရ ဘဲ နေ နိုင် သ လော။ အ မှတ် မ ရ ဘဲ နေ နိုင် စေ ကာ မူ၊ ငါ ကား သင့် ကို အ မှတ် မ ရ ဘဲ မ နေ နိုင်။ကိုယ့် လက် ဝါး ပြင် ဝယ် မြို့ ပုံ ကို ရေး သား လျက်၊ မြို့ ရိုး ကို လည်း အ စဉ် မျက် မှောက် ပြု၏။
ထာ ဝ ရ ဘု ရား သည်၊ တ ရား သ ဖြင့် စောင့် ခြင်း ကို၊ နှစ် သက်၍၊ ကြည် ညို သူ တို့ ကို စွန့် ထား တော် မ မူ။ ကာ လ အ စဉ် ထိန်း သိမ်း တော် မူ၏။ လူ ဆိုး၏ သား မြေး တို့ မူ ကား၊ ပယ် ရှား ခံ ရ ကြ လိမ့် မည်။
သင်တို့သည် ငါ၌ငြိမ်သက်ခြင်းရှိကြစေရန် ထိုသို့ငါဟောခဲ့ပြီ။ ဤလောက၌ ဆင်းရဲဒုက္ခရောက်သော်လည်းအားယူကြလော့။ ငါသည် ဤလောကကိုအောင်ပြီဟု မိန့်တော်မူ၏။
သင် ဟစ် ခေါ် လျှင်၊ ငါ ထူး ၍ ကြီး မြတ် သော အ ရာ၊ သင် မ သိ သေး သော ထိမ် ချန် ရာ များ ကို ဖော် ပြ မည် ဟု ကတိ ထား ၏။
သား တော် ရင်း ကို မ ငြင်း ဘဲ ငါ တို့ ရှိ သ မျှ အ ဖို့ အပ် တော် မူ လိုက် သော အ ရှင် သည် သား တော့် ပြင် အ ရာ ရာ ကို မ ပေး ဘဲ မည် သို့ နေ တော် မူ အံ့ နည်း။
စေ တ မန် တော် မင်း ဟစ် သံ၊ ဘု ရား သ ခင့် တံ ပိုး တော် မှုတ် သံ တည်း ဟူ သော ကြွေး ကြော် သံ နှင့် အ ရှင် ဘု ရား ကိုယ် တော် တိုင် ကောင်း ကင် ဘုံ မှ ဆင်း သက် တော် မူ သည့် ကာ လ၊ ခ ရစ် တော်၌ သေ လွန် သူ တို့ သည် ဦး စွာ ရှင် ပြန် ထ မြောက် ကြ လိမ့် မည်။ထို့ နောက် အ သက် ရှင် လျက် ကျန် ကြွင်း သော ငါ တို့ သည် အာ ကာ သ၌ အ ရှင် ဘု ရား ကို ကြို ဆို ခြင်း ငှါ၊ ထို သူ တို့ နှင့် အ တူ တိမ် တိုက် ဖြင့် ယူ ဆောင် ခံ ရ၍ အ ရှင် ဘု ရား နှင့် ကာ လ အ စဉ် စံ နေ ကြ လိမ့် မည်။
ငါ တို့ လွန် ကျူး မှု များ ကြောင့် ထိ ရှ ခြင်း၊ ငါ တို့ ဒု စ ရိုက် များ ကြောင့် နှိပ် ကွပ် ခြင်း ခံ ရ၍၊ ငါ တို့ ချမ်း သာ ရာ ချမ်း သာ ကြောင်း အ ဆုံး အ မ သင့် ရောက် သည် နှင့် သူ ဒဏ် ချက် များ ကြောင့် ငါ တို့ သက် သာ ရ ကြ ၏။
ငါ၌ စွဲ လမ်း သော ကြောင့်၊ သူ့ ကို ငါ ကယ် လွှတ်၍၊ ငါ့ နာ မ ကို သိ ကျွမ်း သော ကြောင့်၊ ချီး မြှောက် မည်။
သင် တို့ အ နက် တစ် ယောက် ယောက် ၌ ဉာဏ် ပ ညာ ယုတ် လျော့ လျှင် အ ပြစ် မ တင် ဘဲ သူ ခပ် သိမ်း တို့ အား ကြွယ် ဝ စွာ သ နား တော် မူ သော ဘု ရား သ ခင့် ထံ တောင်း လျှောက် စေ။ သ နား တော် မူ လိမ့် မည်။
ငါလည်း ခမည်းတော်ထံ တောင်းလျှောက်၍ သင်တို့နှင့်အစဉ်တည်နေစေရန် သမ္မာတရားဆိုင်ရာဝိညာဉ်တော်တည်းဟူသော အမှုဆောင်တစ်ပါးကို သနားတော်မူလိမ့်မည်။ ထိုဝိညာဉ်တော်ကို ဤလောကသားတို့သည်မမြင်မသိသောကြောင့် မခံမယူနိုင်ကြ။ သင်တို့မူကား သင်တို့နှင့်ကိန်းဝပ်၍အတွင်း၌ တည်နေတော်မူမည်ဖြစ်သောကြောင့် သိရကြသတည်း။
ကိုယ် တော် သည် သင့် ခြေ ကို ချော် စေ ခြင်း၊ သင့် ကို စောင့် ထိန်း သော အ ရှင် သည် ငိုက် မျည်း ခြင်း ပြု တော် မ မူ စေ လင့်။ကြည့် လော့။ ဣ သ ရေ လ လူ မျိုး ကို စောင့် ထိန်း သော အ ရှင် သည်၊ ငိုက် မျည်း ခြင်း၊ ကျိန်း စက် ခြင်း ရှိ တော် မူ သည် မ ဟုတ်။
မြေ ကြီး ထက် မိုး ကောင်း ကင် မြင့် သည် နှင့် အ မျှ၊ ငါ၏ နည်း လမ်း သည် သင် တို့ နည်း လမ်း ထက် လည်း ကောင်း၊ ငါ၏ အ ကြံ အ စည် သည် သင် တို့ အ ကြံ အ စည် ထက် လည်း ကောင်း၊ မြင့် မြတ်၏။
မည် မျှ လောက် များ သော ဘု ရား သ ခင့် ဂ တိ တော် နှင့် စပ် လျဉ်း၍ ခ ရစ် တော်၌ ဧ ကန် သာ ရှိ သည့် အ လျောက် ကိုယ် တော် ကို အ မှီ ပြု လျက် အာ မင် ဟု ငါ တို့ ဝန် ခံ ကြ သ ဖြင့် ဘုန်း တော် ထင် ရှား လေ ၏။
ဘု ရား သ ခင့် သား သ မီး များ ဟု ငါ တို့ အ ခေါ် ခံ ရ စေ ရန် ခ မည်း တော် သည် ငါ တို့ အ ပေါ်၌ မည် မျှ မေ တ္တာ ရှိ တော် မူ ကြောင်း ဆင် ခြင် ကြ လော့။ သား သ မီး များ မု ချ ဖြစ် သော ကြောင့် ဤ လော က သား တို့ သည် ကိုယ် တော် မှန်း မ သိ၍ ငါ တို့ ကို မ သိ မ မှတ် ကြ။
ဆန့် တန်း သော လက် ရုံး တော် အား ဖြင့်၊ မိုး မြေ ကို ဖန် ဆင်း ၍၊ အ လုံး စုံ ကို တတ် နိုင် တော် မူ ထ သော၊
ထို နည်း တူ မည် သို့ ပ ဌ နာ ပြု သင့် သည် ကို ငါ တို့ မ သိ ကြ သ ဖြင့် ဝိ ညာဉ် တော် လည်း ငါ တို့၏ အား နည်း ခြင်း ကို လုပ် ဆောင် ဘက် ပြု လျက် မြွက် သံ မ ပြု သော ညည်း တွား ခြင်း များ ဖြင့် ငါ တို့ အ ဖို့ အ သ နား ခံ တော် မူ ရာ၊ဘု ရား သ ခင့် သ ဘော တော် အ တိုင်း သီး သန့် ထား တော် မူ သူ တို့ အ ဖို့ ဝိ ညာဉ် တော် အ သ နား ခံ လျက် စွဲ လမ်း ကြောင်း စိတ် နှ လုံး များ ကို စီ စစ် သော အ ရှင် သိ မှတ် တော် မူ ၏။
က ရု ဏာ တော် ကို ခံ လျက် ထောက် မ သင့် သော အ ချိန်၌ ကျေး ဇူး တော် ကို ရ ခြင်း ငှာ ကျေး ဇူး ရာ ဇ ပ လ္လင် တော် သို့ ရဲ ရင့် စွာ ချဉ်း ကပ် ကြ ကုန် အံ့။
ငါ့ ကို ခွန် အား နှင့် ပြည့် စေ တော် မူ သော အ ရှင်၌ ငါ သည် အ ရာ ခပ် သိမ်း ကို စွမ်း ဆောင် နိုင်၏။
ဘု ရား သ ခင် သည် ကြောက် ရွံ့ စေ သော ဝိ ညာဉ် ကို မ ဟုတ်။ အ စွမ်း သ တ္တိ၊ ချစ် ခြင်း မေ တ္တာ၊ ဆုံး မ သော သ တိ ရှိ စေ သော ဝိ ညာဉ် ကို ငါ တို့ အား သ နား တော် မူ၏။
ထာ ဝ ရ ဘု ရား၏ က ရု ဏာ တော် သက် ခြင်း နှင့်၊ ဖြောင့် မတ် တော် မူ ခြင်း မှာ မူ၊ ကိုယ် တော် ကို ခန့် ညား လျက်၊ ပ ဋိ ညာဉ် တော် ကို စောင့် ထိန်း လျက်၊ ဥ ပ ဒေ သ တော် များ ကို သ တိ ရ၍ လိုက် နာ သူ တို့ အ ပေါ်၌၊ သား စဉ် မြေး ဆက်၊ ရှေး ကာ လ က နောင် ကာ လ တိုင် အောင်၊ တည် လျက် ရှိ ပေ ၏။
ငါ သည် အ မှု သစ် ကို စီ ရင် ပြီ တ ကား။ ယ ခု ပင် ပေါ် ပေါက် တော့ မည်။ မ သိ မ မှတ် ကြ လော။ သဲ တော၌ လမ်း ကိုလည်း ကောင်း၊ ဆိတ် ညံ ရာ အ ရပ်၌ မြစ် များ ကိုလည်း ကောင်း၊ ငါ စီ မံ၏။
တ ရား ခွင် သို့ ဖြောင့် မတ် ခြင်း မ ပြန် မ ရောက်၊ သ ဘော ဖြောင့် သူ အ ပေါင်း တို့ မ လိုက် မ လျှောက် မီ အ တွင်း၊ ထာ ဝ ရ ဘု ရား သည် လူ မျိုး တော် ကို ပစ် ပယ် ခြင်း၊ ပိုင် တော် မူ ရာ ကို စွန့် ထား ခြင်း ပြု တော် မူ မည် မ ဟုတ်။
ဤ သို့ လူ မ တတ် နိုင်။ ဘု ရား သ ခင် မူ ကား အ ရာ ခပ် သိမ်း ကို တတ် နိုင် တော် မူ သည် ဟု ဖြေ ဆို တော် မူ ၏။
သင်တို့သည်ငါ့ကိုရွေးချယ်ကြသည်မဟုတ်။ ငါကသာသင်တို့ကိုရွေးချယ်သည့်အလျောက်သွားကြပြီးလျှင် တည်မြဲသောအသီးကိုသီးလျက်၊ ခမည်းတော်ထံ ငါ့နာမ၌တောင်းလျှောက်သမျှကိုရကြစေရန် ငါခန့်ထား၏။
အ ကျွန်ုပ် အ သွေး အ သား နှင့် နှ လုံး ယို ယွင်း ရ သော် လည်း၊ ဘု ရား သ ခင် သည်၊ အ ကျွန်ုပ် စိတ် နှ လုံး ၏ ကျောက် တောင်၊ အကျွန်ုပ် ၏ ဝေ ပုံ၊ အ စဉ် ဖြစ် တော် မူ ၏။
ထာ ဝ ရ ဘု ရား မ စ တော် မူ သည့် အ လျောက် ငါ မ ကြောက် မ ရွံ့။ လူ သည် ငါ့ ကို မည် သို့ ပြု နိုင် အံ့ နည်း ဟု ရဲ ရင့် စွာ ငါ တို့ ဆို ရ ကြ ၏။
ငါ တို့ အ ရှင် တည်း ဟူ သော သား တော် ယေ ရှု ခ ရစ် နှင့် ပေါင်း သင်း ဆက် ဆံ ခွင့် ရှိ စေ ခြင် ငှာ သင် တို့ ကို ခေါ် ထား တော် မူ ခဲ့ သော ဘု ရား သ ခင် သည် သ စ္စာ စောင့် တော် မူ၏။
အ ကျွန်ုပ် သည်၊ ကြောက် ရွံ့ နေ ရ သော ကာ လ တွင်၊ ကိုယ် တော်၌ ကိုး စား ပါ မည်။ဘု ရား သ ခင် ကို အ မှီ ပြု၍၊ က တိ တော် ကို ချီး မွမ်း မည်။ ကြောက် ရွံ့ ခြင်း ကင်း လျက်၊ ဘု ရား သ ခင်၌ ကိုး စား ပြီး ဖြစ် သူ ငါ့ ကို၊ လူ တို့ မည် သို့ ပြု နိုင် သ နည်း။
သင် တို့ ဘု ရား သ ခင် ငါ ထာ ဝ ရ ဘု ရား၏ ဗျာ ဒိတ် တော် သံ ကို နာ ခံ နာ ယူ၍ မျက် မှောက် တော် တွင် သင့် လျော် စွာ ပြု ကျင့် လျက် မိန့် မှာ တော် မူ ချက် များ ကို နား ထောင် ခြင်း၊ ထုံး ဖွဲ့ တော် မူ သ မျှ ကို စောင့် ရှောက် ခြင်း ပြု ကြ လျှင် ငါ သည် အိ ဂျစ် လူ တို့ အ ပေါ် တွင် သင့် ရောက် စေ ခဲ့ သော ရော ဂါ တစ် စုံ တစ် ခု ကို မျှ သင် တို့ အ ပေါ် တွင် သင့် ရောက် စေ မည် မ ဟုတ်။ ငါ သည် သင် တို့ ကို ကျန်း မာ စေ သော ထာ ဝ ရ ဘု ရား ပေ တည်း ဟု မိန့် တော် မူ ၏။
အ န္တိ မ ကာ လ၌ ထင် ရှား ရန် အ သင့် ရှိ သော ကယ် တင် တော် မူ ခြင်း ခံ စား ကြ စေ ရန်၊ ယုံ ကြည် သူ သင် တို့ ကို လည်း တန် ခိုး တော် အား ဖြင့် ဘု ရား သ ခင် ကွယ် ကာ စောင့် ရှောက် တော် မူ လေ ပြီ။
အ ရှင် ထာ ဝ ရ ဘု ရား သည်၊ သေ ခြင်း တ ရား ကို အ စဉ် အ မြဲ ပယ် ဖျက် လျက်၊ လူ ရှိ သ မျှ တို့၏ မျက် နှာ မှ မျက် ရည် ကို သုတ်၍၊ လူ မျိုး တော် ခံ ရ သော ကဲ့ ရဲ့ ခြင်း ကို၊ မြေ တစ် ပြင် လုံး၌ ကင်း ရှင်း စေ တော် မူ လိမ့် မည်။ ထို သို့ ထာ ဝ ရ ဘု ရား မိန့် မြွက် တော် မူ သ တည်း။
ထာ ဝ ရ ဘု ရား သည် နှောင့် နှေး တော် မူ သည် ဟု အ ချို့ တို့ မှတ် ယူ ကြ သည့် အ တိုင်း က တိ တော် ကို ဖြည့် ရန် နှောင့် နှေး တော် မူ သည် မ ဟုတ်။ မည် သူ မျှ မ ပျက် စီး ဘဲ ရှိ သ မျှ တို့ နောင် တ ရ ခွင့် ရှိ စေ ရန် သင် တို့ အ ပေါ် တွင် စိတ် ရှည် တော် မူ ၏။
သင် တို့ အား ငါ ပ ညတ် သ မျှ ကို စောင့် ရှောက် စေ ရန် သွန် သင် ကြ လော့။ ယ ခု ခတ် ကာ လ အ ဆုံး တိုင် အောင် သင် တို့ နှင့် အ တူ နေ့ စဉ် မ ပြတ် ငါ ရှိ သည် ဟု မိန့် တော် မူ၏။
ကိုယ် တော် အား ဖြင့် ဘု ရား သ ခင့် ထံ ချဉ်း ကပ် သူ တို့ အ တွက် အ သ နား တော် ခံ ရန် အ စဉ် ရှင် နေ သည့် အ လျောက် ထို သူ တို့ ကို အ ဆုံး တိုင် ကယ် တင် တော် မူ နိုင်၏။
တ ရား တော် ကို နှစ် သက် သူ တို့ သည်၊ ခ လုတ် မ တိုက် ရ ဘဲ၊ ကြီး စွာ သော ငြိမ် သက် ခြင်း ရှိ၏။
အ သို့ ဆို သော်၊ တ ရား စောင့် ခြင်း၊ ဖြောင့် မတ် ခြင်း များ ဖြင့် ယ ခု မှ စ၍ က မ္ဘာ အ ဆက် ဆက် ဒါ ဝိဒ် မင်း၏ ရာ ဇ ပ လ္လင် တော်၊ နိုင် ငံ တော် ခိုင် ခံ့ တည် မြဲ လျက်၊ အာ ဏာ တော် တိုး တက် လျက်၊ ငြိမ် သက် ခြင်း မ ဆုံး မ ကုန် စေ ခြင်း ငှာ၊ ငါ တို့ အ ဖို့ သူ ငယ် ကို ဖွား စေ၍ သား ကို ပေး သ နား တော် မူ သ ဖြင့်၊ ထို သူ ငယ် သည်၊ အာ ဏာ စက် ကို ထမ်း ဆောင် လျက်၊ အ မည် ကား၊ အံ့ ဖွယ် သော တိုင် ပင် ရှင်၊ တန် ခိုး ကြီး သော ဘု ရား၊ ထာ ဝ ရ အ ဖ၊ ငြိမ် သက် ခြင်း မင်း ဟု ခေါ် ဝေါ် ကြ လ တ္တံ့။ ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား၏ စေ တ နာ ထက် သန် တော် မူ ခြင်း အား ဖြင့် ထို သို့ ပြီး မြောက် လိမ့် သ တည်း။
ရေး နှင့် သ မျှ ကျမ်း ချက် သည် ငါ တို့ တည် ကြည် ခြင်း အား ဖြင့် လည်း ကောင်း၊ ကျမ်း ဂန် တော် ကြောင့် ရ သော နှစ် သိမ့် ခြင်း အား ဖြင့် လည်း ကောင်း၊ မျှော် လင့် ခွင့် ရှိ ကြ စေ ရန် သွန် သင် ခြင်း အ ဖို့ ရေး ထား လျက် ရှိ ၏။
ယေရှုက ငါသည်အသက်စာဖြစ်၏။ ငါ့ထံလာရောက်သူသည် ဆာမွတ်ခြင်း၊ ငါ့ကိုယုံကြည်သူလည်း ရေငတ်ခြင်းမရှိရ။
သို့ ဖြစ်၍ ငါ ချစ် သော ညီ အစ် ကို တို့ သင် တို့ ဆောင် ရွက် မှု သည် အ ရှင် ဘု ရား၌ အ ကျိုး မဲ့ မ ဟုတ် ကြောင်း ကို သိ သ ဖြင့် တည် ကြည် လျက်၊ ခိုင် ခံ့ လျက်၊ အ ရှင် ဘု ရား အ မှု တော် ကို အ စဉ် ကြိုး စား လျက် နေ ကြ လော့။
ထာ ဝ ရ ဘု ရား မွန် မြတ် တော် မူ၍၊ က ရု ဏာ တော် သည် ကာ လ အ စဉ်၊ သ စ္စာ တော် လည်း လူ မျိုး အ ဆက် ဆက် တည် မြဲ သ တည်း။
လိုက် ရှာ သူ မ ရှိ ဘဲ၊ နှင် ထုတ် ခံ ရ သော ဇိ အုန် မြို့ ပေ တည်း ဟု ခေါ် ဝေါ် လေ့ ရှိ ကြ သည် ကို ထောက် လျက်၊ ငါ သည် ကျန်း မာ ခြင်း သို့ ရောက် အောင်၊ အ နာ ကု သ မည် ဟူ ၍ ထာ ဝ ရ ဘု ရား မိန့် တော် မူ ၏။
တောင် များ ရွှေ့ ၍၊ ကုန်း များ လှုပ် ရှား ရ သော် လည်း၊ ငါ၏ မေ တ္တာ ကျေး ဇူး သည်၊ သင် မှ မ ရွှေ့။ မ ဟာ မိတ် ပ ဋိ ညာဉ် တော် လည်း၊ မ လှုပ် မ ရှား ရ ဟု သင့် အား က ရု ဏာ သက် တော် မူ သော ထာ ဝ ရ ဘု ရား မိန့် တော် မူ ၏။
သို့ ဖြစ်၍ လည်း မည် သူ မ ဆို ခ ရစ် တော်၌ ရှိ တည် လျှင် လူ သစ် ဖြစ် လျက် ဟောင်း သော အ ရာ များ ပျောက် လွင့်၍ အ သစ် ဖြစ် လေ ပြီ။
သို့ နှင့် အ ညီ၊ သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား သည် ကိုယ် တော် ကို ချစ် ကြည် မြတ် နိုး၍၊ ပ ညတ် တော် များ ကို လည်း စောင့်ရှောက် သူ တို့၏ အ မျိုး အ စဉ်၊ အ ထောင် အ သောင်း အ ဆက် တိုင် အောင်၊ ပ ဋိ ညာဉ် နှင့် က ရု ဏာ တော် ကို စောင့် သ ဖြင့် သ စ္စာ တော် မဖျက် သော ဘု ရား၊
သင် တို့ လည်း ကိုယ်၏ ကယ် တင် ခြင်း သ တင်း တော် မြတ် တည်း ဟူ သော သ မ္မာ တ ရား တော် ကို ကြား နာ ရ ပြီး နောက် ထို အ ရှင် ကို ယုံ ကြည် ကြ သည် ဖြစ်၍ ပိုင် ဆိုင် တော် မူ ရာ ကို ရွေး နုတ် တော် မူ သ ဖြင့် ဘုန်း တော် ကို ချီး မွမ်း ကြ စေ ခြင်း ငှါ ငါ တို့ ပိုင် နက် စ ရန် ဖြစ် သော က တိ တော် ထား ပြီး သန့် ရှင်း သော ဝိ ညာဉ် တော် နှင့် တံ ဆိပ် ခတ် တော် မူ ခြင်း ခံ ရ ကြ လေ ပြီ။
ငါ့ နာ မ ကို ထောက်၍ နှစ် ဦး သုံး ဦး တို့ စည်း ဝေး လျှင် စည်း ဝေး ရာ ထို သူ တို့ အ လယ် တွင် ငါ ရှိ သည် ဟု မိန့် တော် မူ၏။
ထာ ဝ ရ ဘု ရား ဘက် တော် သို့ စုံ လင် သော စိတ် ရှိ သူ တို့ အ ဖို့ တန် ခိုး ပြ ခြင်း ငှာ၊ မြေ တစ် ပြင် လုံး နှံ့ စ က္ခု တော် လှည့် လှည် ကြည့် ရှု ၏။ ဤ အ ရေး ၌ ဘု ရင် မင်း မိုက် မဲ စွာ ပြု လေ စွ တ ကား။ ယ ခု မှ စ၍ စစ် ရေး ပေါ် ထွက် ရ လ တ္တံ့ ဟု ဆင့် ဆို လေ ၏။
ထာ ဝ ရ ဘု ရား သည်၊ ငါ့ အ လင်း၊ ငါ့ ကယ် တင် ရာ ကယ် တင် ကြောင်း ဖြစ် တော် မူ သ ဖြင့်၊ မည် သူ့ ကို ကြောက် ရ အံ့ နည်း။ ထာ ဝ ရ ဘု ရား သည်၊ ငါ့ အ သက် ၏ ခို လှုံ ရာ ဖြစ် တော် မူ သ ဖြင့်၊ မည် သူ့ ကို ရွံ့ ရ အံ့ နည်း။
ငါပေးမည့်ရေကိုသောက်သူတိုင်းမူကား ကာလအစဉ်ရေငတ်တော့မည်မဟုတ်။ ငါပေးသောရေသည် ထိုသူ၌ ထာဝရအသက်အဖို့ထွက်သောစမ်းရေဖြစ်လိမ့်မည်ဟု ပြန်၍မိန့်တော်မူသည့်ကာလ၊
အ ခြင်း အ ရာ ဟောင်း များ လွင့် သွား ပြီ ဖြစ် သော ကြောင့် သေ ခြင်း မှ စ၍ မြည် တမ်း ခြင်း၊ ဟစ် ကြွေး ခြင်း၊ နာ ကျင် ခြင်း ရှိ ရ တော့ မည် မ ဟုတ် ဟု မြွက် ဆို သည် ကို ငါ ကြား ရ ၏။
ထာ ဝ ရ ဘု ရား သည်၊ ငါ့ ဘက်၌ ရှိ နေ တော် မူ သည့် အ လျောက်၊ ငါ မ ကြောက် မ ရွံ့၊ လူ သည် ငါ့ ကို မည် သို့ ပြု နိုင် အံ့ နည်း။
အ သို့ ဆို သော် ထာ ဝ ရ ဘု ရား သည် ငါ တို့၏ တ ရား မင်း၊ ထာ ဝ ရ ဘု ရား သည် ငါ တို့၏ ဥ ပ ဒေ ရှင်၊ ထာ ဝ ရ ဘု ရား သည် ငါ တို့၏ ဘု ရင် ဖြစ်၍၊ ကယ် တင် တော် မူ လိမ့် မည်။
အို သိုး အုပ် ငယ်၊ မ ကြောက် နှင့်။ သင် တို့ အ ဘ သည် နိုင် ငံ တော် ကို ပေး ခြင်း ငှာ အ လို ရှိ တော် မူ၏။
အ သို့ ဆို သော် ခ ရစ် တော် ကို ယုံ ကြည် ခွင့် သာ မ ဟုတ်။ ငါ၌ မြင် ရ ဖူး သည့်၊ ယ ခု လည်း ကြား ရ သည့် တိုက် လှန် ခြင်း မျိုး ကို တွေ ကြုံ လျက် ခ ရစ် တော် အ တွက် ကြောင့် ဒု က္ခ ခံ ခွင့် ကို သင် တို့ အား ပေး သ နား တော် မူ လေ ပြီ။
ငါ တို့ အ သက် ရှင် သည် မှာ အ ရှင် ဘု ရား အ ဖို့ ရှင်၏။ သေ သည် မှာ လည်း အ ရှင် ဘု ရား အ ဖို့ သေ၏။ ရှင် သည် ဖြစ် စေ၊ သေ သည် ဖြစ် စေ အ ရှင် ဘု ရား ပိုင် ဆိုင် တော် မူ ရာ ဖြစ် ကြ၏။
ကိုယ် တော် သည် သင့် ဒု စ ရိုက် ရှိ သ မျှ ကို ဖြေ လွှတ်၍၊ အ နာ ရော ဂါ ရှိ သ မျှ ကို ကင်း ပျောက် စေ ခြင်း၊
သင့် ကို ထာ ဝ ရ မေ တ္တာ နှင့် မြတ် နိုး သည့် အ လျောက်၊ မေ တ္တာ ကျေး ဇူး ဖြင့် ဆွဲ ခဲ့ ပြီ ဟု၊ မိန့် တော် မူ သော ထာ ဝ ရ ဘု ရား သည်၊ ဝေး ကွာ ရာ မှ အကျွန်ုပ် အား ထင် ရှား တော် မူ ကြောင်း၊ သင် ဝန် ခံ သည် နှင့် အ ညီ၊
ခ ရစ် တော် အား ဖြင့် ထာ ဝ ရ ဘုန်း တော် ကို ဝင် စား စေ ရန် သင် တို့ ကို ခေါ် ထား တော် မူ သော ကျေး ဇူး အ မျိုး မျိုး အ ရှင် ဘု ရား သ ခင် သည် တစ် ခ ဏ မျှ ဒု က္ခ ခံ ပြီး သော သင် တို့ ကို ကိုယ် တော် တိုင် စုံ လင် တည် ကြည် စေ၍ အား ဖြင့် တည် ထောင် တော် မူ လိမ့် မည်။
ထာ ဝ ရ ဘု ရား သည် အ ရာ ခပ် သိမ်း တို့ အား ကောင်း မွန် လျက်၊ အ မှု အ ရာ တော် ဟူ သ မျှ အ ပေါ် တွင် က ရု ဏာ သက် တော် မူ ၏။
အ သို့ ဆို သော်၊ ဣ သ ရေ လ အ မျိုး ၏ သန့် ရှင်း သော အ ရှင် ထာ ဝ ရ ဘု ရား သ ခင် က၊ သင် တို့ ပြောင်း လဲ၍ နား နေ သ ဖြင့် ဘေး လွတ် ခွင့်၊ ငြိမ် သက် စွာ စိတ် ချ သ ဖြင့် ခွန် အား ကြီး ခွင့် ရ ကြ လိမ့် မည် ဟု မိန့် တော် မူ ခဲ့ သော် လည်း အ လို မ ရှိ ဘဲ၊
ယေရှုက ငါသည် ရှင်ပြန်ထမြောက်ခြင်းဖြစ်၏။ ဇီဝအသက်လည်းဖြစ်၏။ ငါ့ကိုယုံကြည်သူသည် သေသော်လည်းရှင်လိမ့်မည်။မည်သူမဆိုအသက်ရှင်လျက် ငါ့ကိုယုံကြည်လျှင် အဘယ်ကာလမျှသေတော့မည်မဟုတ်။ ဤစကားကို ယုံသလောဟုမေးတော်မူရာ၊
အို ယာ ကုပ် အ မျိုး၊ ဣ သ ရေ လ အ နွယ်၊ သင့် ကို ဖန် ဆင်း ပြု ပြင် တော် မူ သော ထာ ဝ ရ ဘု ရား မိန့် တော် မူ သည် ကား၊ မ ကြောက် လင့်၊ သင့် ကို ငါ ရွေး နုတ် ပြီ၊ အ မည် ဖြင့် ခေါ် ပြီ၊ သင် သည် ငါ ပိုင် ဆိုင် ရာ ဖြစ် သည် နှင့် အ ညီ ရေ ဘေး အ တွင်း ကူး သွား ရ လျှင် ငါ ပါ ရှိ မည်။
အ ဆုံး စ ကား မှာ ညီ အ ကို တို့ မှန် ကန် သော အ ရာ၊ ကြည် ညို ဖွယ် သော အ ရာ၊ သင့် လျော် သော အ ရာ၊ စင် ကြယ် သော အ ရာ၊ နှစ် သက် ဖွယ် သော အ ရာ၊ အ သ ရေ ရှိ သော အ ရာ များ ကို၄င်း၊ ပါ ရ မီ အ ပါး ပါး ဂုဏ် အ ပါး ပါး ကို၄င်း၊အ လေး ဂ ရု ပြု ကြ လော့ ငါ့ ထံ သင် ကြား မှတ် ယူ နာ ခံ သိ မြင် ခဲ့ သော အ ရာ များ ကို ပြု ကျင့် ကြ လော့။ သို့ ပြု လျင် ငြိမ် သက် ခြင်း အ ရှင် ဘု ရား သ ခင် သည် သင် တို့ နှင့် အ တူ ရှိ တော် မူ လိမ့် မည်။
ဖြောင့် မတ် ခြင်း ကြောင့် ညှဉ်း ပန်း ခံ ရ သော သူ တို့၌ မင်္ဂ လာ ရှိ၏၊ ကောင်း ကင် နိုင် ငံ တော် သည် ထို သူ တို့ နိုင် ငံ ဖြစ် ၏။ငါ့ အ တွက် ကြောင့် ကဲ့ ရဲ့ ညှဉ်း ပန်း ခြင်း နှင့် မု သာ ပြစ် တင် ခြင်း၊ အ မျိုး မျိုး ကို ခံ ရ ကြ သော အ ခါ သင် တို့၌ မင်္ဂ လာ ရှိ၏။ကောင်း ကင် ဘုံ၌ စံ စား ရ မည့် အ ကျိုး ဆက် ကြီး မြတ် ကြောင်း ပွင့် ခဲ့ ပြီး သော ပ ရော ဖက် တို့ ကို ထို သို့ ညှဉ်း ပန်း ခဲ့ ကြ ကြောင်း များ ကို ထောက်၍ အား ရ ရွှင် လန်း ကြ လော့။
သို့ ရာ တွင် ငါ တို့ အ ရှင် ယေ ရှု ခ ရစ် အား ဖြင့် ငါ တို့ အား အောင် မြင် ခွင့် သ နား တော် မူ သော ဘု ရား သ ခင်၏ ကျေး ဇူး တော် သည် ကြီး လှ ပေ ၏။
သို့ ရာ တွင် အ ရှင် ဘု ရား သည် သ စ္စာ ရှိ တော် မူ သည့် အ လျောက် သင် တို့ ကို တည် ကြည် စေ လျက် အ ဆိုး ကို ကွယ် ကာ တော် မူ လိမ့် မည်။
သူ တို့၏ ဒု စ ရိုက် ကို ငါ သ နား၍ အ ပြစ် ကို လည်း မှတ် ထား တော့ မည် မ ဟုတ် ဟု မိန့် တော် မူ၏။
နှ လုံး ကြေ ကွဲ သော သူ တို့ ကို နှစ် သိမ့် စေ လျက်၊ သူ တို့ ဒဏ် ရာ များ ကို ပတ် စည်း တော် မူ၏။
အို ထာ ဝ ရ ဘု ရား၊ အ ကျွန်ုပ် တို့၏ အ မှု ရှိ သ မျှ ကို၊ ကိုယ် တော် တိုင် စီ ရင် တော် မူ သည့် အ လျောက်၊ အ ကျွန်ုပ် တို့ အား ငြိမ် သက် ခြင်း ကို စီ မံ တော် မူ ပါ။
ခ ရစ် တော် မူ ကား အ ပြစ် သား ဖြစ် လျက် နေ သေး သော ငါ တို့ အ ဖို့ အ သေ ခံ တော် မူ ရာ၌ ငါ တို့ အ ပေါ် တွင် မေ တ္တာ တော် ရှိ ကြောင်း ဘု ရား သ ခင် ထင် ရှား စေ တော် မူ သ တည်း။
ထာ ဝ ရ ဘု ရား သ ခင် သည်၊ နေ နှင့် ဒိုင်း လွှား ဖြစ် တော် မူ ၏။ ထာ ဝ ရ ဘု ရား သည်၊ ကျေး ဇူး တော် နှင့် ဘုန်း အ သ ရေ ကို သ နား၍၊ စုံ လင် စွာ ကျင့် ကြံ သူ တို့ အား၊ ကောင်း သော အ ရာ ကို ငြင်း တော် မူ မည် မ ဟုတ်။
သူတို့ကို ငါ့အားသနားတော်မူသောခမည်းတော်သည် သူခပ်သိမ်းထက်ကြီးမြတ်တော်မူ၍ လက်တော်တွင်းမှမည်သူမျှမလုမယူနိုင်။သူ့စကားသံကိုသိုးတို့ကြားနာ၍ သူသည်ကိုယ်ပိုင်သိုးများကိုအမည်ဖြင့်ခေါ်ပြီးလျှင် ထုတ်တတ်၏။ငါနှင့်ခမည်းတော်သည် တစ်လုံးတစ်ဝတည်းဖြစ်သည်ဟု ပြန်၍မိန့်တော်မူ၏။
လူ့ ခြေ ရာ များ ကို၊ ထာ ဝ ရ ဘု ရား တည် စေ လျက်၊ လျှောက် လိုက် ရာ လမ်း ကို နှစ် သက် ရာ၊သူ့ လက် ကို ထာ ဝ ရ ဘု ရား ကိုင် ဆွဲ တော် မူ သ ဖြင့်၊ ခ လုတ် တိုက် မိ သော် လည်း လဲ ကျ တော့ မည် မ ဟုတ်။
ကြောက် ရွံ ခြင်း၊ အံ့ အား သင့် ခြင်း ကင်း လျက်၊ အား ယူ၍ ရဲ ရင့် ကြ လော့။ အ တူ ချီ ကြွ တော် မူ သော သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား သည် သင် တို့ ကို မည် သည့် အ ခါ မျှ စွန့် ထား တော် မူ မည် မ ဟုတ် ဟု မိန့် ဆို ပြီး နောက်
ဒု က္ခ ရောက် သည့် ကာ လ၊ ချမ်း သာ ရ ရန် အ ကြောင်း မှာ၊ ဗျာ ဒိတ် တော် ကြောင့် အ သက် ရှင် ခွင့် ရ ခြင်း တည်း။
မျက် မ မြင် တို့ ကို၊ မ သိ မ ကျွမ်း ကြ သော လမ်း ခ ရီး တွင် လမ်း ပြ ပို့ ဆောင် လျက်၊ ၎င်း တို့ ရှေ့ အမှောင် ကို အ လင်း၊ မောက် ရာ ကို လွင် ပြင် ဖြစ် စေ လိမ့် မည်။ ထို အ မှု အ ရေး များ ကို အ ကြံ မ လျော့ ဘဲ၊ ငါ စီ ရင် လိမ့် မည် ဟူ၍ တည်း။
ငါ တို့ မူ ကား ကောင်း ကင် ပြည် တော် သား များ ဖြစ် ကြ သည့် အ လျောက် သက် ကြွ တော် မူ မည့် အ ရှင် ယေ ရှု ခ ရစ် တည်း ဟူ သော ကယ် တင် ရှင် ကို စောင့် မျှော် လျက် နေ ကြ၏။ထို အ ရှင် သည် အ ရာ ခပ် သိမ်း ကို ကိုယ် တော် အောက် ချ ထား နိုင် သော တန် ခိုး တော် ဖြင့် ငါ တို့၏ နိမ့် ကျ သော ကိုယ် ခ န္ဓာ ကို ဘုန်း ကြီး သော ခ န္ဓာ တော် နှင့် တူ အောင် ပြောင်း လဲ စေ တော် မူ လိမ့် မည်။
အို ငါ့ အ သက် ဝိ ညာဉ်၊ ကျေး ဇူး တော် အ ပေါင်း ကို မ မေ့ ဘဲ၊ ထာ ဝ ရ ဘု ရား ကို ဩ ဘာ ဆက် လော့။မိန့် တော် မူ သံ ကို နာ ခံ၍၊ အ မိန့် တော် မြတ် အ တိုင်း ဆောင် ရွက် သော သူ ရဲ ကောင်း စေ တ မန် တော် တို့၊ ထာ ဝ ရ ဘု ရား ကို ဩဘာ ဆက် ကြ လော့။အ လို တော် ကို ဆောင် ရွက် သော အ မှု တော် ထမ်း ဗိုလ် ခြေ တော် အ ပေါင်း တို့၊ ထာ ဝ ရ ဘု ရား ကို ဩ ဘာ ဆက် ကြ လော့။နိုင် ငံ တော် အ ရပ် ရပ် ၌ ဖန် ဆင်း ထား တော် မူ လေ သ မျှ တို့၊ ထာ ဝ ရ ဘု ရား ကို ဩ ဘာ ဆက် ကြ လော့။ အို ငါ့ အ သက် ဝိ ညာဉ်၊ ထာ ဝ ရ ဘု ရား ကို ဩ ဘာ ဆက် လော့။ကိုယ် တော် သည် သင့် ဒု စ ရိုက် ရှိ သ မျှ ကို ဖြေ လွှတ်၍၊ အ နာ ရော ဂါ ရှိ သ မျှ ကို ကင်း ပျောက် စေ ခြင်း၊သင့် အ သက် ကို ပျက် စီး ရာ မှ ရွေး နုတ်၍၊ မေ တ္တာ ကျေး ဇူး တော်၊ က ရု ဏာ တော် နှင့် ဆင် ယင် ခြင်း၊ ကောင်း သော အ ရာ များ နှင့် ရောင့် ရဲ စေ ၍၊ပျို ရွယ် စဉ် ကို လင်း ယုန် ကဲ့ သို့ တိုး စေ ခြင်း ပြု တော် မူ ၏။